“Mental illness အမျိုးအစားများ နှင့် သူတို့ရဲ့ Symptom များ ... " 👁
အားလုံးပဲမင်္ဂလာပါရှင်။ ဒီနေ့မှာတော့ ပြည့်က လူတိုင်းနဲ့ဆိုင်တဲ့ လူတိုင်းသိထားသင့်တဲ့ စိတ်နဲ့ဆိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ mental illness လို့ခေါ်တဲ့ စိတ်နဲ့ဆိုင်တဲ့ရောဂါပေါင်း ၃၀၀ နီးပါးရှိပါတယ်။ အဲ့အထဲကမှ အဖြစ်များတဲ့ ရောဂါအကြောင်းတွေကို sharing လုပ်ပေးသွားမယ်နော်။ ဒီတော့ ပထမဆုံး mental illness ဆိုတာဘာလဲ လူတွေက စိတ်ရောဂါ၊ စိတ်ကျန်းမာရေးလို့ပြောလိုက်တာနဲ့ စိတ်မနှံ့ဘဲ ရူးနေတာလို့ အထင်မှားတတ်ကြပါတယ်။ အဲ့ဒါလုံးဝ လုံးဝ မဟုတ်ပါဘူးနော်။ စိတ်ကျန်းမာရေးဆိုတာ လူတိုင်းနဲ့ဆိုင်ပြီး တကယ်ကိုအရေးကြီးတဲ့ အရာတစ်ခုပါ။ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ခံစားချက်တွေ၊ အတွေးအမြင်တွေ၊ နေ့စဉ်ကြုံတွေ့ရတဲ့ ပြဿနာတွေ မတူကြတဲ့အတွက်ကြောင့် အဲ့ဒီအပေါ်လိုက်ပြီး အပြောင်းအလဲတွေကလည်း ဖြစ်နေပါတယ်။ အလုပ်မှာပဲဖြစ်ဖြစ်၊ မိသားစုမှာပဲဖြစ်ဖြစ်၊ relationship တွေမှာပဲဖြစ်ဖြစ် ကြုံတွေ့ရတဲ့ ပြဿနာတွေနဲ့ ဆက်နွှယ်ပြီးတော့ ကိုယ့်ရဲ့ အတွေးအခေါ်၊ ခံစားချက် ပြောင်းလဲတာတွေဖြစ်လာတဲ့ ကျန်းမာရေးအခြေအနေမျိုးကို mental illness လို့ခေါ်ပါတယ်။ mental illness ကိုဖြစ်စေတာကတော့ ကိုယ့...