Posts

Showing posts from October, 2020

DIGITAL MARKETING ဆိုတာဘာလဲ?

Image
  DIGITAL MARKETINGဆိုတာဘာလဲ?   Stellaတို့ အခုခေတ်မှာဆိုရင် ဖုန်းမကိုင်တဲ့သူဆိုတာ အရမ်းရှားသွားပါပြီ။ လူတွေဟာအင်တာနက်ပေါ်ကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် စီးပွါးရေးလုပ်ငန်း တွေကလည်း အရင်တုန်းက Traditional Marketingလိုမျိုး လက်ကမ်းစာစောင်လေးတွေဝေ၊ ကြော်ညာဘုတ်ကြီးတွေ ထောင်လိုက်ရုံနှင့် စီးပွားရေးဟာ မတိုးတက်လာတော့ပါဘူး။   ဒါကြောင့်  customersတွေရဲ့ needs and wantsတွေကို ဖြည့်ဆည်းနိုင်အောင်၊ ကုန်ပစ္စည်းတွေ servicesတွေကို upgradeဖြစ်နိုင်အောင် digital toolsတွေနဲ့ အတူ အမှီလိုက်ရပါတော့တယ်။ ⚙️📱   တကယ်တမ်းဟာ Digital Marketingက ရိုးရိုး marketingလိုပါပဲ။ Traditional Marketingနဲ့ ကွဲသွားရခြင်းက Internetကို အဓိကထားပြီး digital toolsတွေနဲ့ သုံးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။   အဲ့ဒီနည်းလမ်းသုံးလိုက်ခြင်းဟာ စျေးကွက်ကို ထိုးဖောက်တဲ့ နေရာမှာလည်း အရမ်းကို မြန်ဆန်ပါတယ်။📈   Digital Marketingဟာ အရမ်းကိုကျယ်ပြန့်ပါတယ်။ Digital Marketingလို့ ပြောလိုက်တာနဲ့ Facebook Marketingတစ်ခုတည်း  မဟုတ်ပါဘူး။   သူ့မှာ အခွဲတွေ အများကြီးရှိပါတယ်။ ဒါ​ဆို သူ့မှာ ယေဘုယျအားဖြင့် ဘာတွေပါလဲ...

ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုဘာလို့ဂရုစိုက်ဖို့လိုတာလဲ🌻

Image
  ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဘာလို့ ဂရုစိုက်ဖို့လိုတာလဲ🌻 Beatrix စာဖတ်ပရိသတ်ကြီးတို့ရေ.... စိတ်ကျန်းမာရေးက သင်တို့ရဲ့ နေ့စဉ်ဘဝမှာ အရေးပါတယ်လို့ထင်ပါသလား ❓ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာဆိုရင် အခြားသော ခန္ဓာကိုယ်ကျန်းမာရေးတွေလို လူတိုင်းအတွက်အထူးဂရုပြုရမယ့် အရာပဲဖြစ်ပါတယ်။  စာရေးသူတို့အများစုဟာဆိုရင် ကိုယ့်ရဲ့ မျက်နှာအလှအပ၊ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်အတွက်ပဲ ငွေတွေရင်းနှီး၊ အချိန်တွေပေးပြီး ပြုပြင်ဂရုစိုက်တတ်ကြပေမယ့် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုတော့ လျစ်လျူရှုထားတတ်ကြပါတယ်။🤷‍♀️ အထူးသဖြင့် အခုလို ကပ်ရောဂါကြီးဖြစ်တဲ့ကာလမှာဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ပိုပြီးတော့ ဂရုစိုက်ပေး သင့်ပါတယ်။ ကပ်ရောဂါကဖြစ်၊ ကုန်စျေးနှုန်းတွေ ကလည်းတက်၊ အလုပ်အကိုင်တွေ ကလည်းပျက်၊ အလုပ်ရှာမရတော့ လူတွေရဲ့စိတ်တွေက စိတ်ပျက် အားလျော့တာတွေဖြစ်လာပါတော့တယ်။ အဲ့ဒီကနေမှတဆင့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်တာတွေ အစပြုလာပါတယ်။😞 Beatrix စာဖတ်ပရိသတ်ကြီးတို့ စာရေးသူတို့ရဲ့ စိတ်ကျန်းမာရေးဟာဆိုရင် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကောင်းမွန်ခြင်း၊ စိတ်ခံစားချက်ကောင်းမွန်ခြင်းနဲ့ လူနေမှုဘဝကောင်းမွန်မျှတခြင်းတွေအပေ...

“ဆယ်ကျော်သက်များနှင့် တည်ငြိမ်ရင့်ကျက်မှု”🧐

Image
“ဆယ်ကျော်သက်များနှင့် တည်ငြိမ်ရင့်ကျက်မှု”🧐   အခုခေတ်ဆယ်ကျော်သက်အရွယ်တွေ၊ လူငယ်တွေကို ကြည့်လိုက်မယ်ဆိုရင် အရင်ကထက်အများကြီး ပိုတော်တာ၊ ပိုထက်မြက်တာ၊ အများကြီးပိုသိကြတာကို သတိထားမိပါလိမ့်မယ်။ 🙇🏻‍♀️   📌အင်တာနက်နဲ့ အခြားနည်းပညာပိုင်းဆိုင်ရာတိုးတက်မှု တွေကြောင့် လူငယ်တွေရဲ့ ဦးနှောက်ဟာ အချက်အလက်တွေ၊ ဗဟုသုတတွေနဲ့ ပြည့်စုံလျက်ရှိပါတယ်။💁‍♀️   ဒါပေမယ့် လေ့လာတွေ့ရှိချက်တွေအရ ဆယ်ကျော်သက်တွေ ဟာစိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပိုင်းမှာ အားနည်းနေကြပါတယ်။ အခုခေတ် ဆယ်ကျော်သက်တွေဟာဆိုရင် အသက် အရွယ်အရ သိသင့်သိထိုက်တာထက် အများကြီး ပိုသိနေတာ၊ ကြိုသိနေတာ ဖြစ်ပါတယ်။ ဒါဟာကောင်းတယ်ထင်ရ ပေမယ့် ဒီဘက်ပိုင်းမှာ အာရုံစိုက်ဖြစ်နေတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးတဲ့ အပိုင်းမှာ လစ်ဟာနေတာတွေ့ရပါတယ်။😨   📌သင်ဘယ်လောက်ရင့်ကျက်လည်းမရင့်ကျက်ဘူးလည်းဆိုတာ အသက်အရွယ်ထက်စာရင် ကိုယ့်ပတ်ဝန်းကျင်ရယ်၊ ကိုယ်ထမ်းဆောင် ရတဲ့တာဝန်တွေနဲ့ အများကြီးပိုဆိုင်ပါတယ်။ သိပ္ပံသဘောအရကြည့်မယ်ဆိုရင် လူ့ဦးနှောက်ဟာ ကလေးငယ်တစ်ယောက် ဦးနှောက်အသွင်ကနေ လူကြီးတစ်ယောက်ရဲ့  ဦးနှောက်အသွင်ပြောင်းတဲ့အခါမှာ ဦးနှောက်ရဲ့ အားနည်းန...

သင့် career အတွက် Networking က ဘာလို့အရေးကြီးတာလဲ❓…..🤔

Image
သင့် career အတွက်  Networking က ဘာလို့အရေးကြီးတာလဲ❓…..🤔 အားလုံးပဲ မင်္ဂလာပါ။🎉 🔹 ပထမဆုံးအနေ နဲ့ Beatrixer ‌တွေကို မေးခွန်းလေးတစ်ခုမေးချင်ပါတယ်။ 💁‍♂️ သူငယ်ချင်းတို့ရော Network က သူငယ်ချင်းတို့ အတွက် အရေးကြီးတယ် ထင်လား .. ?  ‼️ဘယ်လောက်အထိ အရေးကြီးသလဲ ဆိုတာကို 1-10 အတွင်း rating လေးပေးခဲ့ပေးနော် ။🤗 🔸🔸 အားလုံးသိကြတဲ့ မြန်မာ့ထိပ်သီး စီးပွားရေးပညာရှင်ကြီး ဦးဇော်ဇော် ကတော့ “Businessman တစ်ယောက်ဟာ Network မရှိရင်ဘာမှလုပ်လို့မရဘူး” လို့တောင် ပြောထားပါတယ် ။ ဒီတော့ ဘာလို့ Network က သင့် career အတွက် အရေးကြီးလဲဆိုတဲ့ မေးခွန်းကို အချက် ( ၅ ) ချက်နဲ့ ဖြေပေးမယ်နော် ။🤘 1️⃣အတွေးအခေါ်ကောင်းတွေ ကို ဖလှယ်ဖို့ အခွင့်အရေးတစ်ခု ဖြစ်တာကြောင့်မလို့ပါ။👨‍💼 အကယ်၍ သူငယ်ချင်း က သူများပြောတာတွေကို နားမထောင်ပေးဘူးဆိုရင် သူငယ်ချင်း ဘယ်လောက်သိလဲ ဆိုတဲ့ အကြောင်းကိုလည်း ပြောဖို့ အခွင့်အရေးရမှာမဟုတ်ပါဘူး ။ လုပ်ငန်းတစ်ခုမှာ အောင်မြင်ဖို့အတွက်ဆိုရင်  အရင်က ရှာဖွေခဲ့တဲ့ အချက်အလက်တွေ ၊ အကြံဉာဏ်ကောင်းတွေ ၊ ဒါတွေအားလုံး ကို ပေါင်းစပ်အသုံးချတတ်ဖို့ လိုပါတယ်။  တကယ်လို့ သူငယ်ချင်းမှာသာ ခိုင်မာတဲ့ Networ...

Curriculum Vitae ကိုအထာကျကျရေးမယ်✍️

Image
Curriculum Vitae( CV) ကိုအထာကျကျရေးမယ်✍️ အခုခေတ်မှာCVတစ်စောင်ကို သေချာရေးတတ်ဖို့က အရမ်းကို အရေးကြီးလာပါတယ်။ နေရာတိုင်းလိုလိုမှာ CVကို ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်မှ Volunteer ပဲဖြစ်ဖြစ် Internship(အလုပ်သင်) ပဲဖြစ်ဖြစ် လျှောက်ရင် ပိုလွယ်ကူမယ်။ အလုပ်ရဖို့၊  Career moveလုပ်ဖို့လည်း အခွင့်အလမ်းပိုများပါလိမ့်မယ်။🎯   ဒါကြောင့်မလို့ Stellaက ဒီနေ့မှာ လူငယ်တွေအတွက် CVတစ်စောင် ကို သေသေချာချာ ဘယ်လို ပြင်ဆင်ရမလဲ ဆိုတာကို သေချာပြောပြပေးသွားပါမယ်။🙋🏻‍♀️    ✅ နာမည်၊အလုပ်အကိုင်၊နေရပ်လိပ်စာ (Name,Professional Title & Contact details)   ဒီအချက် သုံးချက်က CVတစ်ခုကို ဖတ်လိုက်တဲ့အခါ တန်းမြင်နိုင်တဲ့ ထိပ်ဆုံးမှာရှိနေတဲ့အတွက် သေချာဂရုစိုက်ဖို့ လိုပါတယ်။🔝   ကိုယ့်ရဲ့ နာမည်၊ professional title - ကျောင်းသားဆိုရင် (ကိုယ်တက်နေတဲ့ကျောင်း၊ First year or Second year…) အလုပ်လုပိနေတဲ့သူ ၊ရာထူးရှိပြီးသားသူဆိုရင် (Marketing Assistant or Coordinator…) စသဖြင့်ကို ရှင်းလင်း ပီသစွာ ရေးပါ။✒️   Contact detailsမှာ ကိုယ်နေထိုင်ရာနေရာ၊ ကိုယ်သေချာသုံးတဲ့ Email addressနှင့် Phone numberကို ထည...

TYPES OF WORKPLACE CULTURE🤝

Image
  Types of Workplace Culture🤝 အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက် လုပ်ငန်းခွင်တွင်းမှာ လုပ်ဖော်ဆောင်ဖက်အကြား လူမှုဆက်ဆံရေးကောင်းဖို့က အလွန်အရေးကြီးပါတယ်။ လုပ်ငန်းခွင်ဟာဆိုရင် အနယ်နယ် အရပ်ရပ်က ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း မတူညီတဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့နေရာပဲဖြစ်ပါတယ်။ 👭👫 လုပ်ငန်းတစ်ခုမှာ ပါဝင်တဲ့သူအားလုံးဟာဆိုရင် တူညီတဲ့ ပန်းတိုင်တစ်ခုကို ရောက်အောင် အတူတကွ လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။ မတူညီတဲ့ သူတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက်စီကလာတဲ့ အတွေးအခေါ်တွေ၊ အကြံဉာဏ်တွေဟာလည်း မတူညီနိုင်ပါဘူး။👥 ဒါကြောင့်မလို့ ကိုယ့်ရဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေဖြစ်အောင်၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း သဟဇာတ ဖြစ်အောင်နေဖို့က အရမ်းအရေးကြီးပါတယ်။ Culture ဟာဆိုရင် လုပ်ငန်းတစ်ခုရဲ့ ရှုထောင့်ပေါင်းစုံကနေ အရေးပါပြီးတော့ အောင်မြင်မှုအပေါ် များစွာ သက်ရောက်မှုရှိပါတယ်။ လုပ်ငန်းရဲ့ culture ဟာဆိုရင် management လို့ခေါ်တဲ့ စီမံခန့်ခွဲမှုပေါ်မှာ အရင်းခံပါတယ်။  ဒီတစ်ခါမှာဆိုရင်တော့ လုပ်ငန်းတွေမှာ culture များစွာရှိတဲ့အထဲကမှ ထိရောက်တဲ့ workplace culture အချို့ကိုဖော်ပြလိုက်ပါတယ်။💁🏻‍♀️...

လူငယ်တွေနဲ့ 21st Century Skills 🥳

Image
လူငယ်တွေနဲ့ 21st Century Skills 🥳   ခေတ်ကာလတိုးတက်ပြောင်းလဲလာတာနဲ့ အမျှ ကျွန်မတို့လူငယ်တွေရဲ့ အနာဂတ်ဟာ ထင်တာထက်အများကြီး ပိုမိုကောင်းမွန် တိုးတက်မယ်လို့ ခန့်မှန်းလာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ လူငယ်တွေအနေနဲ့ ရင်ဆိုင်ရမယ့် ပြဿနာတွေ၊ စိန်ခေါ်မှုတွေ လည်းများသထက်များလာပြီး ရှေးရိုး နည်းလမ်းအတိုင်း ဖြေရှင်းဖို့ရာ မလွယ်ကူတော့ပါဘူး။🙅🏻‍♀️   အဲ့ဒါကြောင့် အချိန်နှင့်တပြေးညီတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကျွန်မတို့ နေ့စဥ်ဘဝမှာပဲဖြစ်ဖြစ်၊အောင်မြင်မှုပန်းတိုင် တွေကို ဆွတ်ခူးနိုင်ဖို့ အတွက် ခေတ်မှီတဲ့ ကျွမ်းကျင်မှု skill တွေ၊ ၂၁ ရာစုမှာ မရှိ မဖြစ်ထားသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကိုယ့်ကိုယ်ကို ပြည့်စုံ အောင်လုပ်နိုင်ဖို့ အရမ်း အရေးကြီး ပါတယ်နော်‼️   ဒီတော့ ၂၁ ရာစုလူငယ်တစ်ယောက်အနေနဲ့ ဘယ်လို skill တွေတတ်မြောက်ဖို့လိုလဲ?🤔   ✅(1) Technical Skills (နည်းပညာပိုင်း ဆိုင်ရာကျွမ်းကျင်မှု) 📱 အခုခေတ်မှာနည်းပညာဟာအရမ်းကို ကျယ်ပြန့်လာပြီဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်ကနည်းပညာပိုင်းကိုအထူးပြုသူမဟုတ်ရင်တောင် နေ့စဥ်ဘဝမှာမဖြစ်မနေလိုအပ်တဲ့ အခြေခံလောက်တော့ကျွမ်းကျ...