သင့် career အတွက် Networking က ဘာလို့အရေးကြီးတာလဲ❓…..🤔

သင့် career အတွက်  Networking က ဘာလို့အရေးကြီးတာလဲ❓…..🤔



အားလုံးပဲ မင်္ဂလာပါ။🎉


🔹 ပထမဆုံးအနေ နဲ့ Beatrixer ‌တွေကို မေးခွန်းလေးတစ်ခုမေးချင်ပါတယ်။


💁‍♂️ သူငယ်ချင်းတို့ရော Network က သူငယ်ချင်းတို့ အတွက် အရေးကြီးတယ် ထင်လား .. ? 


‼️ဘယ်လောက်အထိ အရေးကြီးသလဲ ဆိုတာကို 1-10 အတွင်း rating လေးပေးခဲ့ပေးနော် ။🤗


🔸🔸 အားလုံးသိကြတဲ့ မြန်မာ့ထိပ်သီး စီးပွားရေးပညာရှင်ကြီး ဦးဇော်ဇော် ကတော့ “Businessman တစ်ယောက်ဟာ Network မရှိရင်ဘာမှလုပ်လို့မရဘူး” လို့တောင် ပြောထားပါတယ် ။


ဒီတော့ ဘာလို့ Network က သင့် career အတွက် အရေးကြီးလဲဆိုတဲ့ မေးခွန်းကို အချက် ( ၅ ) ချက်နဲ့ ဖြေပေးမယ်နော် ။🤘


1️⃣အတွေးအခေါ်ကောင်းတွေ ကို ဖလှယ်ဖို့ အခွင့်အရေးတစ်ခု ဖြစ်တာကြောင့်မလို့ပါ။👨‍💼


အကယ်၍ သူငယ်ချင်း က သူများပြောတာတွေကို နားမထောင်ပေးဘူးဆိုရင် သူငယ်ချင်း ဘယ်လောက်သိလဲ ဆိုတဲ့ အကြောင်းကိုလည်း ပြောဖို့ အခွင့်အရေးရမှာမဟုတ်ပါဘူး ။ လုပ်ငန်းတစ်ခုမှာ အောင်မြင်ဖို့အတွက်ဆိုရင်  အရင်က ရှာဖွေခဲ့တဲ့ အချက်အလက်တွေ ၊ အကြံဉာဏ်ကောင်းတွေ ၊ ဒါတွေအားလုံး ကို ပေါင်းစပ်အသုံးချတတ်ဖို့ လိုပါတယ်။ 


တကယ်လို့ သူငယ်ချင်းမှာသာ ခိုင်မာတဲ့ Network တစ်ခုရှိမယ် ဆိုရင် မတူညီတဲ့ အကြံဉာဏ်ကောင်းတွေနဲ့ အတူ ရင်းနှီးမှုတစ်ခု ၊ ယုံကြည်မှုတစ်ခု ကို တစ်ထိုင်တည်းမှာ သူငယ်ချင်း ရရှိနိုင်မှာ ဖြစ်ပါတယ် ။တခြားလူတွေဆီကရတဲ့ အကြံဉာဏ်ကောင်းတွေက သူငယ်ချင်းရဲ့ Career အတွင်းသာမက ပြင်ပမှာပါ အသုံးဝင်လာမှာဖြစ်ပါတယ် ။ ဒါကြောင့် Network တစ်ခုက ရတဲ့ အတွေးအခေါ်ကောင်းတွေက သူငယ်ချင်း ရဲ့ career အတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်လာမှာပါ။💁‍♀️


2️⃣သူငယ်ချင်းရဲ့ တီထွင်ဆန်းသစ်တဲ့ဉာဏ်ရည် ကိုပိုမြင့်မားလာစေပါတယ်။ 👨‍💻👩‍💼


တီထွင်ဆန်းသစ်မှုတိုင်း ဟာ လူသားတွေ အချိန်တော်တော်ကြာ သတိမထားမိခြင်းတွေအပေါ် အခြေခံပြီးပေါ်ပေါက်လာတာပါ ။ ပညာရှင်ကြီးတွေက လူတစ်ယောက်ရဲ့ ဦးနှောက်စွမ်းရည်ဟာ အဲ့ဒီလူတည်ဆောက်ထားတဲ့ network ပေါ်မူတည်ပြီး သိသိသာသာ တိုးတက်လာတတ်ပါတယ် လို့ ဆိုကြပါတယ် ။ လူတစ်ယောက်နဲ့ ခဏတာ သဘောထားတိုက်ဆိုင်ပြီးစကားဝိုင်းတစ်ခု ဖြစ်တာက သူငယ်ချင်း တစ်နှစ်စာ research လုပ်ရမဲ့ အချက်အလက်တွေကို  ရရှိစေနိုင်ပြီး တကယ်ကို မထင်ထားတဲ့ အဖြေတွေကိုဖော်ထုတ်နိုင်ပါတယ် ။ 


စိတ်တူသဘောတူလူတစ်ယောက်ဆီ က ရလာတဲ့ အကြံဉာဏ် ဟာ သင့်ရဲ့ Career လမ်းကြောင်းအတွက် ဆန်းသစ်တဲ့ အကြံဉာဏ်တွေ ဖြစ်နိုင်ဖို့ က 100 % ပဲမလို့ network က အရေးကြီးပါတယ်။💁‍♀️


3️⃣ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုလာပါလိမ့်မယ်။ 💃🕺


Network ကျယ်လာလေ ဗဟုသုတများလာလေမလို့

ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုလာလေဖြစ်ပါတယ်။ အချိန်အကြာကြီးတည်ဆောက်ခဲ့တဲ့ ယုံကြည်မှုတစ်ခုဟာ လူတွေနဲ့ဆက်သွယ်ပြောဆိုတဲ့အခါမှာ သူငယ်ချင်းကို ကောင်းမွန်တဲ့ အထောက်အပံ့ကောင်းတွေ ဖြစ်လာစေမှာပါ ။ ဒါ့အပြင် ယုံကြည်မှုပိုလာလေ လုပ်ငန်းခွင်မှာ သင့်အတွက် အခွင့်အရေးတွေပိုများလာလေမလို့ Networking က အရေးကြီးပါတယ်။💁‍♀️


4️⃣အသစ်အသစ်သော အခွင့်အလမ်းတွေကို ရရှိပိုင်ဆိုင်လာနိုင်မှာပါ။🥇🎖


လူတွေက သူငယ်ချင်းကို သတိထားမိလာတဲ့အခါ သူငယ်ချင်းအတွက် အခွင့်အရေးတံခါးအသစ်တွေက ပွင့်လာစမြဲပါပဲ။ အချိန်ကာလတစ်ခုအထိ ခိုင်မာတဲ့ Network ရှိလာတဲ့ စီးပွားရေးသမားတစ်ယောက်ဟာ လုပ်ငန်းတိုးချဲ့နိုင်စွမ်းတွေ ၊ လုပ်ငန်းပေါင်းစပ်နိုင်မှုတွေ အတွက် အခွင့်အရေးကောင်းတွေ ရလာနိုင်ပါတယ်။💁‍♀️


👉ဥပမာ-သင်က ပြည်မှာ အာလူးကြော်ရောင်းနေပါတယ် ဆိုပါစို့...

ဒါပေမဲ့ သင်က ရန်ကုန်မှာပါ သင့် အာလူးကြော် ကို ရောင်းချချင်တယ်။ အရင်းငွေ ကလည်း သင့်မှာ အလုံအလောက် မရှိဘူး။ ဒီတော့ သင့်မှာ ရန်ကုန်မှာ အသိမိတ်ဆွေရှိရင် သူတို့နဲ့စပ်ပြီး သင့် လုပ်ငန်းတိုးချဲ့နိုင်ပါတယ် ။ အကယ်၍ အသိမိတ်ဆွေ မရှိဘူးဆိုရင်တော့ ဘဏ်ကချေးငွေယူရင်ယူ၊ မဟုတ်ရင် တခြားနည်းကိုစဉ်းစားရတော့မှာပါ။ ဒါကြောင့် network က သင့် career အတွက် အရေးကြီးပါတယ်။🤗


5️⃣အောင်မြင်နေတဲ့ လူတွေရဲ့ အထောက်အပံ့ ကို ရလာနိုင်ပါတယ်။ 🕺🤝


လူတိုင်းမှာ သူတို့လုပ်ငန်းနဲ့ ပတ်သက်ပြီး အခက်အခဲတစ်ခုမဟုတ်တစ်ခု ရှိလာနိုင်ပါတယ် ။ အဲ့ဒီလိုအခက်အခဲရှိလာတဲ့အချိန်မှာ ကိုယ့် ကို အားပေးကူညီပေးမဲ့ ကိုယ် အားကိုးနိုင်တဲ့ မိတ်ဆွေ လိုကိုလိုအပ်ပါတယ်။ ကိုယ့်မှာ Network ကျယ်ကျယ်ရှိလေ ကိုယ့်ကို ကူညီပေးနိုင်မဲ့လူက များလေမလို့ သင့် အတွက် အကြံဉာဏ်ကောင်းတွေကိုသာမက ငွေကြေးအထောက်အပံ့ ၊ အကြံဉာဏ်အထောက်အပံ့တွေကိုပါ ဆောင်ကျဉ်းလာပေးနိုင်မှာပါ။💁‍♀️


ဒါဆို သူငယ်ချင်းတို့ career အတွက် networking က ဘာလို့အရေးကြီးလဲဆိုတာ ကို သူငယ်ချင်းတို့ သိလောက်ပြီထင်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက Network တည်ဆောက်တဲ့အခါ ကိုယ်နဲ့ Career Pathတူတဲ့လူ၊ ကိုယ့်ကို အထောက်အပံ့ကောင်းပေးနိုင်တဲ့လူတွေကို ရွေးချယ်ရမယ် ဆိုတာ မမေ့ပါနဲ့နော်။☺️


💁 တရုတ်စကားပုံတစ်ခုရှိပါတယ်။ “သူဌေးဖြစ်ချင်ရင် သူဌေးရပ်ကွက်မှာ နေရပါမယ်တဲ့”

 

ဒါနဲ့ Beatrixer တို့အတွက် Network က ဘယ်လောက်အရေးကြီးလဲ Rating လေးတွေပေးခဲ့ဖို့မမေ့ပါနဲ့နော်။😉


အားလုံးပဲ ကောင်းသောညပါ။🥰🌃


Ref: https://www.forbes.com/sites/biancamillercole/2019/03/20/why-networking-should-be-at-the-core-of-your-career/#4b1c11041300


Written By 

Khine T.D

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱