သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား
သင့်အချိန်တစ်နာရီက ဘယ်လောက်တန်သလဲ ဆိုတာစဉ်းစားမိကြရဲ့လား
ဒါပေမယ့် သင့်ရဲ့အချိန်တွေက တကယ်ရော ဘယ်လောက်ထိုက်တန်လဲ ဆိုတာကို ဒီ post မှာ ရှုထောင့်တစ်မျိုးကနေဖော်ပြလိုပါတယ်။ 💁🏻♀️
လူတွေကိုယ့်အချိန်ကိုသုံးပုံဖြုန်းပုံချင်း တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ အမြတ်များများရတဲ့အလုပ်ကို အချိန်ကြာကြာပေးရင် အမြတ်တွေ အများကြီးရမယ်။ ကိုယ့်မိတ်ဆွေသူငယ်ချင်း တွေနဲ့ အချိန်တွေများများကုန်ဆုံးတဲ့လူက ပိုမိုခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးတွေကို ရမယ်။ 👨🏿🤝👨🏼
ပေါ့ပေါ့ပါးပါးရှိတဲ့ အလုပ်ကိုလုပ်တဲ့လူက လွတ်လပ်မှုကို ပိုခံစားရမယ်။ ကိုယ်ကဘာလိုချင်လဲ ဘာဖြစ်ချင်လဲဆိုတဲ့အချက်ပေါ်မူတည်ပြီး ကိုယ့်အချိန်တွေကို အဲ့ဒီ့အပေါ်မှာများများ သုံးလေ လိုချင်တာများများရလေ ဖြစ်ပါတယ်။ ✔️
ကျွန်မတို့တော်တော်များများက ပြောရရင်အကုန်လုံးကို အကောင်းဆုံး ဖြစ်ချင်ကြတာများပြီးတော့ အရာအားလုံးကို ပြိုင်တူ အချိန်ပေး ပြိုင်တူအကုန်ရဖြစ်ချင်ကြတာများပါတယ်။ 🤷🏼♀️
တကယ့်လက်တွေ့ဘဝမှာ အကုန်လုံးကို လိုက်လုပ်ချင်နေမယ်၊ လောဘကြီးနေမယ်ဆိုရင် ဘယ်အရာကိုမှ တစိုက်မက်မက်မ လုပ်နိုင်တာမျိုးတွေဖြစ်နိုင်ပြီး စိတ်ဖိစီးမှုတွေများ လာတတ်ပါတယ်။😥
ဒီတော့ ကိုယ့်ဘဝမှာ ကိုယ်ကဘယ်အရာ အတွက်တော့ ဘယ်လောက်အချိန်ပေးမယ် ဆိုတဲ့ ဦးစားပေးမှု တွေထားတတ်ဖို့တော့လိုပါတယ်။
ဒါကြောင့် အချိန်က ဘယ်လောက် အတိုင်းအတာအထိ တန်ဖိုးရှိတယ်ဆိုတာကို အတိအကျသိိမယ် ဆိုရင် ကိုယ်တွေရဲ့အချိန်တွေကို ပိုပြီး အကျိူးရှိရှိ သုံးဖြစ်မယ်လို့မျှော်လင့်ပါတယ်။🤩
ဒီတော့အရင်ဦးဆုံး မိမိရဲ့အချိန်ကို ငွေရေးကြေးရေး အရဘယ်လောက် ထိုက်တန်လဲဆိုတာကို အသေးစိတ်တွက်ချက်ကြည့်ရအောင်။
Part-time jobs တွေလုပ်တဲ့အခါမှာ တစ်ရက်ကိုနှစ်နာရီပေးရတယ်ဆိုပါစို့။ တစ်နာရီအတွက် ၅၀၀ ပေးတယ်ဆိုရင် သင်လက်ခံချင်မှလက်ခံလိမ့်မယ်။ ၅၀၀၀၀ ဆိုရင်တော့လက်ခံမှာသေချာတယ်။ အဲ့ဒါသင့်အချိန်ကိုတန်ဖိုးသတ်မှတ်လိုက်တာနဲ့တူတူပါဘဲ။ သင့်ရဲ့တစ်နာရီဟာ ၅၀၀ ပဲတန်တယ်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်သလို အသက်အရွယ်အရဖြစ်ဖြစ် ကိုယ့်မှာရှိတဲ့ အလုပ်အတွေ့အကြုံ၊ ကိုယ့်လုပ်ရည်ကိုင်ရည် ပေါ်မူတည်ပြီး တန်ကြေး အမျိုးမျိုး သတ်မှတ် လို့ရပါတယ်။ 🙆🏼♀️
ဒီတော့ဒါကိုအတိအကျ တွက်ဖို့အတွက် ပထမဆုံးအဆင့်သိရမယ့် အချက်နှစ်ချက်ရှိမယ်။
(၁) ပိုက်ဆံရှာဖို့အတွက်သုံးတဲ့စုစုပေါင်းအချိန်
(၂)အဲ့ဒီ့အချိန်အတွင်းမှရှာတဲ့စုစုပေါင်းပိုက်ဆံပမာဏ 💰
✅Step 1: Tracking your time
ပထမအဆင့်အနေနဲ့သင်တို့ပိုက်ဆံရှာဖို့ အတွက်ပေးတဲ့အချိန်စုစုပေါင်းကို တွက်ပါ။
ဒီအချိန်ထဲမှာ ကိုယ်အလုပ်ခွင်ထဲမှာရှိနေတဲ့ အချိန်ပါတဲ့အပြင် ကိုယ်အိမ်ရောက်လို့ အလုပ်ဆက်လုပ်တယ်၊ internet က research တွေလုပ်တယ်အစရှိသဖြင့် အကုန်ပါဝင်တဲ့အချိန်စု စုပေါင်းကိုတွက်ပါ။ ➕➗
တွက်တဲအခါမှာလည်း တစ်ရက်အချိန်ကနေ စတွက်ပြီး နှစ်တစ်နှစ်မှာ အလုပ်လုပ်တဲ့ အချိန်စုစုပေါင်းကိုတွက်ပါ။ တွက်ရတာ ခက်နေတယ်၊ ရှုပ်နေတယ်ဆိုရင်တော့ တစ်နှစ်ကို နာရီပေါင်း ၂၅၀၀ ကို အကြမ်းဖျင်း ယူသုံးလို့ရပါတယ်။
✅Step 2: Tracking the money you earn
ဒါကတော့ရိုးရှင်းပါတယ်။ တစ်လရတဲ့လုပ်ခ ကို ၁၂ နဲ့မြှောက်တာဖြစ်ဖြစ်၊ part-time လုပ်တဲ့သူဆို တစ်နာရီအတွက်ရတဲ့ပိုက်ဆံကို တစ်နှစ်အလုပ်လုပ်တဲ့နာရီပေါင်းနဲ့မြှောက် လိုက်ရုံပါဘဲ။
✅Step 3: Calculate the value of your time
နောက်ဆုံးအနေနဲ့တော့ Step 2 ကို Step 1 နဲ့စားတာ၊ တစ်နည်းအားဖြင့် တစ်နှစ်စာရှာတဲ့ပိုက်ဆံပမာဏ စုစုပေါင်းကို တစ်နှစ် အလုပ်လုပ်ချိန်စုစု ပေါင်းနဲ့စားရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ တွက်ချက်မှုတွေ တိကျလေလေ ရတဲ့အဖြေက တိကျလေလေ ဖြစ်မှာပါ။ ဒီတော့ကိုယ့်တစ်နာရီက ဘယ်လောက်အထိထိုက်တန်လဲ၊ ငွေကြေး အားဖြင့် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို သိနိုင်ပါပြီ။🥳
အချိန်ဟာအင်မတန်မှတန်ဖိုးရှိပါတယ်။ စက္ကန့်တိုင်းစက္ကန့်တိုင်းက နှစ်ခါပြန်မရပါဘူး။ ဒါပေမယ့် အချိန်တိုင်းလိုလိုမှာလည်း အလုပ် ကြီးဘဲလုပ်ရင်လည်း ဘဝကတန်ဖိုးမရှိ ပါဘူး။ ဒါ့ကြောင့် အချိန်ကိုအကျိုးရှိရှိ အသုံးချကြပါလို့ မှာချင်ပါတယ်။🐝
Reference Link: https://jamesclear.com/value-of-time
Written by
အလှ

Comments
Post a Comment