Facebook က ကျွန်မတို့ကိုအဆိပ်သင့်စေနေပြီလား🙁
မင်္ဂလာပါ။ Beatrix ရဲ့ စာဖတ်သူတွေထဲမှာ လူငယ်တွေလည်း ပါမယ်လို့ထင်ပါတယ်။
ဒီနေ့တော့ လူမှုကွန်ယက်က ကျွန်မတို့အတွက် အဆိပ်တစ်ခုလိုဖြစ်နေပြီလား..
ဒီလိုဆို ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ အကြောင်းကို ဆွေးနွေးကြရအောင်
Social Media Platform က ကျွန်မတို့အတွက် အရမ်းကို တန်ဖိုးရှိပါတယ်။(သုံးတတ်ရင်ပေါ့လေ) ကျွန်မတို့ကို တိုးတက်လာအောင် ကြိုးစားလိုစိတ် ဖြစ်လာအောင် Motivation တွေပေးပါတယ်။
ဒါပေမယ့် အရာရာတိုင်းမှာ ကောင်းကျိုး ဆိုးကျိုးက ဒွန်တွဲနေလေတော့ လူမှုကွန်ယက်ရဲ့ဆိုးကျိုး တွေကိုပါ ခံစားလာရပါတော့တယ်။
အခုတလော Facebook မှာ noise pollution လေးတွေဖြစ်လာပါတယ်။
တဒင်္ဂ trend ဖြစ်တာတွေ ၊ Fake influencer တွေ ၊ body dysmorphia (အခြားသူတွေကို ကြည့်ပြီး ကိုယ့်ကိုကိုယ် အားမရမှု) တွေ၊ online shaming တွေ ရှိလာပါတော့တယ်။
Online shaming ဆိုတာက publicly humiliated လို့ခေါ်တဲ့ (လူသိရှင်ကြားလှောင်ပြောင်သရော်ခြင်း) ကို ဦးတည်ထားတာဘဲဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ private info ကိုထိခိုက်တာတွေ၊ negative reviewတွေ ရေးတာတွေ စသဖြင့်ပေါ့။
နောက်ပြီး ကိုယ်တင်လိုက်တဲ့ ပို့စ်တစ်ခုမှာ commentsတွေ like အရေအတွက်တွေ ဘယ်လောက်ရလဲ စသဖြင့် လူငယ်အများစုဟာ likeတွေ commentတွေ နဲ့ အသက်ဆက်နေရသလို ဖြစ်လာကြပါတော့တယ်။
Social Media Platform တွေဟာ များပြားလှစွာသော Facebook user တွေရဲ့ data (အချက်အလက်)တွေကို စုဆောင်းပြီး third party company တွေကို ရောင်းပါတယ်။ လူအများစုဟာ ကိုယ့်ရဲ့ data တွေဘယ်လောက်တန်ဖိုးရှိတယ် ကိုယ့်ဘဝလုံခြုံစွာနေထိုင်နိုင်ဖို့အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သတိမထားမိကြပါဘူး။
Check in places လုပ်တာတို့ #10 years Challenge လုပ်တာတို့ ကိုယ်အကြိုက်ဆုံးpage ကို likeလုပ်ထားတာတို့ စတဲ့လုပ်ရပ်လေးတွေကနေလည်း data တွေ စုဆောင်းခံထားရပါတယ်။
နောက်တစ်ခုကတော့.
*Facebook envy*လို့ခေါ်တဲ့ လူမှုကွန်ယက်ကနေ မနာလိုမှုတွေ ဖြစ်လာပါတော့တယ်။ ကိုယ့်သူငယ်ချင်းတွေရဲ့ လုပ်ဆောင်မှုတွေ ကြည့်ပြီး ကိုယ့်ကိုကိုယ် အားငယ်စိတ်တွေ အားမလိုအားမရတာတွေ စတင်ဖြစ်ပွားလာပါတော့တယ်။ စက်ရုံလုပ်ငန်းတွေကအစ သူက ဘယ်လောက် follower များတယ် စသဖြင့် အားပြိုင်လာကြပါတယ်။
နောက်တစ်ခုက Instagram သုံးကြပြီး Pop starsတွေ ၊ ကိုယ့်သူငယ်ချင်းပုံတွေ၊ popular ဖြစ်နေတဲ့သူရဲ့ပုံတွေကြည့်ပြီး ကိုယ့်ကိုကိုယ် မေးခွန်းထုတ်လာကြပါတော့တယ်။
စသဖြင့်ပေါ့။
တခြားသူတွေကိုကြည့်ပြီး ကိုယ်ကိုယ်တိုင်ရဲ့ အလှကို မမြင်နိုင်တာ တန်ရဲ့လား။
ဒီထဲမှာကျွန်မပြောချင်တာက နှိုင်းယှဥ်နေခြင်းဟာ ကိုယ့်အပျော်ကိုခိုးယူနေသူပါဘဲ။
သူတို့နောက်ကွယ်မှာ သင်မသိနိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိပါသေးတယ်။
ကိုယ်မြင်ရတဲ့အရာတိုင်းကိုမယုံကြည်ပါနဲ့။
လူ့ဘဝဆိုတာ နေတတ်ရင် ကျေနပ်စရာကြီးပါ။
ကဲ..ဒါဆိုရင်..
မိတ်ဆွေတို့အတွက် Facebook သုံးပြီး အားငယ်စိတ်တွေ ဝင်နေရမယ့်အစား ကိုယ့်ကိုစိတ်ခွန်အားပေးတဲ့ အရာတွေနဲ့ ပြည့်နေတဲ့ Facebook area ကို တူတူဖန်တီးကြရအောင်
၁# သင့်ကိုအမြဲစိတ်အနှောင့်အယှက်ဖြစ်စေသူ၊ အားငယ်စေသူ.အမြဲကြွားလုံးထုတ်နေသူတွေကို unfollow ဒါမှမဟုတ် unfriendလုပ်လိုက်ပါ။
ကိုယ့် accountမှာဖွင့်ကြည့်လိုက်တာနဲ့ ကိုယ့်ကိုစိတ်ဓါတ်ကျစေသူ မနာလိုဖြစ်စေသူကို သင်တွေ့လိုက်ပြီလား..??
It's ok
. တစ်ခါထဲ friend listကနေဖယ်လိုက်ပါ
။
သင့်accountထဲမှာ သင့်ဘဝတက်လမ်း အတွက် အထောက်အကူဖြစ်စေသူ၊ စိတ်ဓါတ်ခွန်အားပေးသူတွေသာ ထားပါ။ သင့်ဘဝရဲ့နေ့ရက်တိုင်းကို toxic people တွေနဲ့မဖြတ်သန်းသင့်ပါဘူး။
၂# Social Media နဲ့ တကယ် အပြင်လက်တွေ့ ခြားနားမှုတွေကိုသိပါစေ။
ကောင်မလေးလှလှလေးပုံမြင်တိုင်း smartကျ ပြီးစတိုင်လ်ပြည့်နေတဲ့သူမြင်တိုင်း ယုံပြီးအားတွေသိပ်မကျပါနဲ့။ တကယ်အပြင်မှာ အဲ့လိုဟုတ်ချင်မှလည်း ဟုတ်မှာပါ။ လူတိုင်းကကိုယ့်ရဲ့ အားနည်းချက်တွေကို ဖော်ပြချင်ကြတာ မဟုတ်ဘူးလေ။
၃# လူတိုင်းဟာ တစ်ယောက်တစ်မျိုးစီလှကြတယ် တော်ကြတယ်ဆိုတာ သတိထားမိပါစေ။
လူတစ်ယောက်ကို ကြည့်ပြီး "ဟာ..သူအရမ်းလှတာဘဲ. ခန္ဓါကိုယ်လေးက ချပ်ချပ်ရပ်ရပ်နဲ့ .အာ.ငါကတော့ဝက်လိုဘဲ " စသဖြင့် ကိုယ့်ကိုကိုယ်နှိုင်းယှဥ်ပြီး စိတ်ဓါတ်ကျနေမယ့်အစား သူ့လိုငါဖြစ်အောင် ကြိုးစားမယ်ဆိုပြီး စိတ်ဓါတ်ခွန်အားရယူပါ။
တကယ်လို့ ကိုယ်ကအစားမလျော့နိုင်ဘူးဆိုရင်လည်း.. ဘာဖြစ်လဲ..သူ့လောက်ပိန်နေစရာမှမလိုတာ လူ့ဘဝမှာ လူဖြစ်တုန်း ဝအောင်စား
အဝမလွန်အောင်တော့ ထိန်းပြီး ကျန်းမာအောင်နေပေါ့။
၄# ဖုန်းကို အချိန်ကန့်သတ်ပြီး သုံးပါ။
ကိုယ့်အတွက် ကိုယ်ရှင်သန်ပါ။ သူများအတွက် မရှင်သန်ပါနဲ့ ။ Facebookပေါ်ကနေ ကိုယ်မသိတဲ့သူတွေနဲ့ကိုယ့်ကိုကိုယ် နှိုင်းယှဥ်နေတာ ရပ်လိုက်ပါတော့။ Social Media ပေါ်မှာဘဲ အချိန်ဖြုန်းမနေပါနဲ့။ ကိုယ့်ကိုကိုယ်ချစ်ပါ။ အနားယူပါ။
#မိမိရဲ့ Facebookစာမျက်နှာမှာ စိတ်ဓါတ်ခွန်အားပေးသူတွေ၊ Motivation ပေးတဲ့ pageတွေ၊ ပညာပေးဆောင်းပါးတွေ၊ ဟာသတွေ၊ ကိုယ်ချစ်တဲ့ idol ပုံတွေနဲ့ဘဲ ပြည့်နေပါစေ။
ဒီစာလေးကိုဖတ်ပြီး Beatrixရဲ့ စာဖတ်သူလေးတွေ စိတ်ဓါတ်ခွန်အားပြည့်ဝအောင် ဘယ်လိုနေရမလဲဆိုတဲ့ အကြံကောင်းလေးတွေ ရသွားမယ်လို့ မျှော်လင့်ပါတယ်။
အားလုံးဘဲ ကျန်းမာချမ်းသာကြပါစေ

Comments
Post a Comment