ဘယ်လုပ်ငန်းအမျိုးအစားမဆို ​အောင်မြင်ဖို့အတွက် သိထားရမယ့် အရေးပါဆုံး Service Management အကြောင်း🏆

 

မင်္ဂလာပါ။ 🎉

ဒီအပတ်မှာတော့ Small business ​တွေကစပြီး လုပ်ငန်းအကြီးကြီးတွေအထိ အောင်မြင်စွာရပ်တည်နိုင်ဖို့ အလိုအပ်ဆုံးအရာဖြစ်တဲ့ Service Management အကြောင်းကို ဆွေးနွေးပေးချင်ပါတယ်။

Service Management ဟာ လုပ်ငန်းတစ်ခုရပ်တည်ဖို့ ဘာလို့အရေးကြီးတာလဲ❓❓

🔹 လုပ်ငန်းတစ်ခုအောင်မြင်စွာ ရပ်တည်နိုင်ဖို့ဆိုတာ နာမည်ကောင်းရရှိဖို့က အရေးကြီးဆုံးပါ။ 
🔹 လုပ်ငန်းနာမည်ကောင်းကို ထိန်းထားနိုင်ပြီး ပိုမိုအရှိန်အဟုန်ကောင်းစေဖို့ Service Management ကောင်းဖို့ လိုအပ်ပါတယ်။

အဲ့တော့ အရေးကြီးဆုံး Service Management ဆိုတာကို ဆက်​လေ့လာကြည့်ရ​အောင်👇




Service Management ဆိုတာ Customer-focus ဖြစ်ပြီး ဝယ်ယူသူတွေစိတ်ကျေနပ်စေဖို့ကိုပဲ အဓိကဦးစားပေးတာဖြစ်ပါတယ်။ Customer satisfaction ဖြစ်စေဖို့ဆိုတာ ဝယ်ယူသူ​တွေမျှော်လင့်ထားတဲ့ Expectation နဲ့ ကိုက်ညီဖို့လည်း လိုအပ်ပါတယ်။

Customer တစ်ဦးက မိမိဆီက ပစ္စည်းတစ်ခု၊ ဝန်ဆောင်မှုတစ်ခုကို စတင်လာဝယ်တဲ့ချိန်ကစပြီး စိတ်ကျေနပ်မှု (satisfaction) ရသွားတဲ့အထိ သေချာစီမံပြီး ဝန်​ဆောင်မှု​ပေးခြင်း ဖြစ်ပါတယ်။




Service ဆိုတာကို

Customer 
Feedback
Support
Innovative
Quality
Excellent
Friendly စတဲ့အချက်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ 💡

🔸 Customer - Service ဆိုတာဟာ Customer ရဲ့ လိုချင်မှုနဲ ကိုက်ညီရပါမယ်။

🔸 အဲ့ဒီလို ကိုက်ညီဖို့အတွက် အမြဲ Feedback တောင်းပေးရပါတယ်။

🔸 လစ်ဟာမှု​တွေမရှိအောင် အမြဲပြန်ပြီး support လုပ်ပေးရပါတယ်။

🔸 သူများနဲ့မတူတဲ့ ဆန်းကြယ်တဲ့ innovative idea ​တွေလည်း ရှိနေရပါမယ်။

🔸 Customer က ပေးလိုက်ရတဲ့ အချိန်၊ ငွေကြေး၊ ခွန်အားတွေနဲ့ တန်အောင်ပြန်ပေးနိုင်မယ်ဆို Quality service ဖြစ်နေမှာပါ။

🔸 Customer မျှော်မှန်းထားတာထက် သာလွန်နေရင်တော့ Excellent Service ဖြစ်နေမှာဖြစ်ပါတယ်။

🔸️ပြီး​တော့ customer ​တွေဟာကိုယ့်အတွက် ဘယ်​လောက်အ​ရေးကြီး​ကြောင်းကို သူတို့သိ​သွားအောင် ယဥ်​ကျေးပျူငှာတဲ့နည်းလမ်း​တွေ၊ ရင်းနှီး​ဖော်​ရွေတဲ့နည်းလမ်း​တွေနဲ့ ဝန်​ဆောင်မှု​ပေးရမှာဖြစ်ပါတယ်။





Service Life-cycle ဆိုတာ ဘာလဲ?

Service Life-cycle ကို အလွယ်နည်းနဲ့ မှတ်ကြရအောင်။🤗

Plan-do-check-act လို့ မှတ်ထားလို့ရပါတယ်။

🔸 ပထမဆုံး ဝန်​ဆောင်မှု​​ပေးမယ့်အစီအစဥ် အစအဆုံးကို Plan ဆွဲမယ်။

🔸 ဒုတိယကတော့ Plan အတိုင်း လုပ်ဆောင်မယ်။

🔸 Quality Service ဖြစ်မဖြစ် လစ်ဟာမှုမရှိအောင် စစ်ဆေးမယ်။

🔸 နောက်ဆုံးတစ်ချက်ကတော့ Quality Service ဖြစ်စေအောင် Feedback တောင်းတာ၊ Review တောင်းတာ စသဖြင့် ပြုမူမယ်။

ရလာတဲ့ Feedback တွေထဲမှာမှ ကိုယ့်ရဲ့ဝန်ဆောင်မှုအပိုင်းရဲ့အားနည်းချက်ကို ပြန်ရှာပြီး ပိုမို​ကောင်းမွန်​အောင် ထပ်ပြီး Plan ချရမှာဖြစ်ပါတယ်။ ✅




Service တစ်ခုကောင်းမွန်ပြီး Customer စိတ်ထဲမှာ ​​ကောင်းမွန်တဲ့ Image တစ်ခုရနိုင်ဖို့ System ရယ်၊ Benefit ဆိုပြီး နှစ်ပိုင်းခွဲပြီး စီမံခန့်ခွဲနိုင်ပါတယ်။ 💫

System မှာ ဘာတွေပါမလဲ?❗

🔹 ပစ္စည်းရဲ့ တန်ဖိုး

စျေးကြီးပြီး Quality မကောင်းရင် Service Failure ဖြစ်နိုင်ပါတယ်။

🔹 ထောက်ပံ့ပေးနိုင်တဲ့ ပစ္စည်းအရေအတွက်

Customer က သင့်ရဲ့ မားကတ်တင်းမှာ ကြွေဆင်းပြီး ဝယ်ချင်စိတ်ဖြစ်လာတော့မှ ပစ္စည်ကုန်နေလို့ဆိုရင် Bad Image ရစေပါလိမ့်မယ်နော်။

🔹 စွမ်းဆောင်ရည်

ဘယ်နှစ်လ ခံမှာလဲ? ဘယ်လောက်ထိ အများဆုံးသုံးနိုင်မှာလဲ စတဲ့အချက်တွေ ကြိုတင်အသိပေးထားသင့်ပါတယ်။

Benefits ပိုင်းမှာ​ရော ဘာ​တွေပါမလဲ? ❗

🔸 ချက်ချင်းတုန့်ပြန်နိုင်မှုစွမ်းရည်

Customer က လာရောက်စုံစမ်းတဲ့အခါမျိုးမှာ ချက်ချင်းဖြေပေးတာက first impression ကောင်းသွားစေပါတယ်။

🔸 ဦးစားပေးခြင်း

Customer တိုင်းက ဦးစားပေးတာကို လိုချင်ကြပါတယ်။ ဝန်​ဆောင်မှု​ကောင်းတယ်ဆိုတဲ့ ခံစားချက်ကို သူတို့ ရရှိပါစေ။

🔸 အကောင်းမြင်သွားစေခြင်း

ကိုယ်ဝန်​ဆောင်မှု ​ပေးလိုက်ပြီး Customer ကိုရောင်းပြီး ပြီးရောဆိုပြီး မပစ်ထားပါနဲ့။ Feedback or Review တောင်းပေးပါ။ ဒါဟာ ကိုယ့်ပစ္စည်းလိုအပ်ချက်အကြောင်းပိုသိနိုင်သလို၊ Customer တွေရဲ့ လိုအပ်ချက်တွေကို ပိုမိုသိလာပါ့လိမ့်မယ်။

Customer ​တွေရဲ့ လိုအပ်ချက် (Needs) နဲ့ မျှော်မှန်းချက် (Wants) နဲ့ ကိုက်ညီတဲ့ Service တစ်ခုကိုပေးနိုင်ပြီဆို Customer satisfaction ကို ရရှိ အောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာမှာ အမှန်ပါပဲနော်။ 🤩

Ref link: https://www.mindtools.com/pages/article/newPPM_89.htm

Written_by_KTDA











Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱