Posts

Showing posts from July, 2020

Why should we take risks ?

Image
အားလုံးပဲမင်္ဂလာပါ Beatrix က ဒီနေ့မှာတော့ “လူတွေဟာ ဘဝမှာတစ်ခါလောက်ပဲဖြစ်ဖြစ် ဘာလို့စွန့်စားမှုတွေကို လုပ်သင့်တာလဲ” ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာပဲဖြစ်ပါတယ် လူတော်တော်များများက risk ယူရမှာကို ကြောက်လေ့ရှိကြပါတယ်၊ ကိုယ်အပါအဝင်ပေါ့။ riskယူခြင်းက ကိုယ့်ကိုတိုးတက်စေမှာလား ဒါမှမဟုတ် ပျက်စီးစေမှာလား ဆိုတာ ဘယ်သူမှမပြောနိုင်လို့ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် riskမယူ ခင်မှာ “ငါဒီဟာကို riskယူဖို့ ထိုက်တန်ရဲ့လား”ဆိုပြီး ဖြစ်နိုင်ခြေတွေအားလုံးကို ကြောင်းကျိုးဆက်စပ်စဉ်းစားဖို့ အလွန်ပဲအရေးကြီးပါတယ် ဒါပေမဲ့လည်း အလုပ်တစ်ခုက ကိုယ်ငယ်ငယ်တည်းက လုပ်ချင်နေခဲ့တာပဲဖြစ်ဖြစ်၊ ကိုယ့်ဘဝ ပြောင်းလဲဖို့ အတွက် ဆုံးဖြတ်ချက်ချရာပဲဖြစ်ဖြစ်၊ တိုးတက်ဖို့ကို ရည်မှန်းတယ် ဆိုရင် အဲ့အလုပ်အပေါ်မှာ risk ယူကြည့်လိုက်တာ အကောင်း ဆုံးပါ။ riskယူလိုက်ခြင်းအားဖြင့် ဆိုးကျိုးဖြစ်ကောင်းဖြစ် သွားနိုင်သော်လည်း ကောင်းကျိုးအများကြီးကို ခံစားရမှာ သေချာပါတယ် ဒါဆိုရင် ဘာလို့စွန့်စားမှုတွေကိုလုပ်သင့်တာလဲ၊တစ်ခုခုကို စွန့်စွန့်စားစား လုပ်ကြည့်လိုက်ခြင်းအားဖြင့် ကိုယ့်အတွက် ဘာတွေ အကျိုးရှိသွားနိုင်မလဲဆိုတာကို ကြည့်လိုက်ကြ ရအောင် 1. Generate new ...

Facebook က ကျွန်မတို့ကိုအဆိပ်သင့်စေနေပြီလား🙁

Image
မင်္ဂလာပါ။ Beatrix ရဲ့ စာဖတ်သူတွေထဲမှာ လူငယ်တွေလည်း ပါမယ်လို့ထင်ပါတယ်။ ဒီနေ့တော့ လူမှုကွန်ယက်က ကျွန်မတို့အတွက် အဆိပ်တစ်ခုလိုဖြစ်နေပြီလား.. ဒီလိုဆို ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ အကြောင်းကို ဆွေးနွေးကြရအောင် Social Media Platform က ကျွန်မတို့အတွက် အရမ်းကို တန်ဖိုးရှိပါတယ်။(သုံးတတ်ရင်ပေါ့လေ) ကျွန်မတို့ကို တိုးတက်လာအောင် ကြိုးစားလိုစိတ် ဖြစ်လာအောင် Motivation တွေပေးပါတယ်။ ဒါပေမယ့် အရာရာတိုင်းမှာ ကောင်းကျိုး ဆိုးကျိုးက ဒွန်တွဲနေလေတော့ လူမှုကွန်ယက်ရဲ့ဆိုးကျိုး တွေကိုပါ ခံစားလာရပါတော့တယ်။ အခုတလော Facebook မှာ noise pollution လေးတွေဖြစ်လာပါတယ်။ တဒင်္ဂ trend ဖြစ်တာတွေ ၊ Fake influencer တွေ ၊ body dysmorphia (အခြားသူတွေကို ကြည့်ပြီး ကိုယ့်ကိုကိုယ် အားမရမှု) တွေ၊ online shaming တွေ ရှိလာပါတော့တယ်။ Online shaming ဆိုတာက publicly humiliated လို့ခေါ်တဲ့ (လူသိရှင်ကြားလှောင်ပြောင်သရော်ခြင်း) ကို ဦးတည်ထားတာဘဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ private info ကိုထိခိုက်တာတွေ၊ negative reviewတွေ ရေးတာတွေ စသဖြင့်ပေါ့။ နောက်ပြီး ကိုယ်တင်လိုက်တဲ့ ပို့စ်တစ်ခုမှာ commentsတွေ like အရေအတွက်တွေ ဘယ်လောက်ရလဲ စသဖြင့်...

Empowerment (လုပ်ပိုင်ခွင့်လွဲအပ်ခြင်း) ဆိုတာ ဘာလဲ ..🤔

Image
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့မိတ်ဆွေတွေကို မေးစရာလေးရှိပါတယ်။ ဝန်ထမ်းတွေနဲ့ မိတ်ဆွေရဲ့ ဆက်ဆံရေးက ပြေလည်မှုရှိလား .. ဝန်ထမ်းတွေက မိမိလုပ်ငန်းပေါ်မှာကြာကြာမနေကြဘဲ ထွက်သွားတတ်ကြလား ... ကိုယ့်လုပ်ငန်းအပေါ်ထားတဲ့ ဝန်ထမ်းတွေရဲ့စိတ်ကဘယ်လိုလည်း အကောင်း ဒါမှမဟုတ် မကောင်းဘူးလား .... Ok ဒီနေ့မှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြတဲ့ မိတ်ဆွေတွေအနေနဲ့ ကိုယ့်ဝန်ထမ်းတွေကို လုပ်ငန်းနဲ့ပတ်သက်လို့ ဘယ်လိုမျိုးလုပ်ပိုင်ခွင့်တွေပေးသင့်တယ်၊ ကိုယ့်ဝန်ထမ်းတွေ အလုပ်ပေါ် အစေးကပ် သံယောဇဥ်တွယ်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒါတွေကိုမပြောခင် အခုပြောမယ့်အရာတွေနဲ့ဆန့်ကျင်ဖက်ဖြစ်နေတဲ့အရာကို အရင်ဆုံးပြောပြပေးပါမယ်။ အဲ့ဒါကတော့ Scientific Management လို့ခေါ်တဲ့ အလွန်ကျပ်တည်းတဲ့အုပ်ချုပ်မှုပုံစံပဲဖြစ်တယ်။ အဲ့ဒီအုပ်ချုပ်မှုပုံစံဟာ လူတွေကို စက်ရုပ်တွေလိုသဘောထား ၊ တွေးခေါ်နိုင်စွမ်းမရှိသူတွေလို သဘောထားစေခိုင်းတဲ့ အုပ်ချုပ်မှုပုံစံဖြစ်ပါတယ်။ ဒါကတော့အခုကျွန်တော်တို့ပြောမယ့် Empowerment နဲ့တော့တခြားစီပါပဲ။ ကဲ...ဒါဆို Empowerment -လုပ်ပိုင်ခွင့်...