Empowerment (လုပ်ပိုင်ခွင့်လွဲအပ်ခြင်း) ဆိုတာ ဘာလဲ ..🤔
အားလုံးဘဲ မင်္ဂလာပါခင်ဗျာ 
ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့မိတ်ဆွေတွေကို မေးစရာလေးရှိပါတယ်။
ဝန်ထမ်းတွေနဲ့ မိတ်ဆွေရဲ့ ဆက်ဆံရေးက ပြေလည်မှုရှိလား ..
ဝန်ထမ်းတွေက မိမိလုပ်ငန်းပေါ်မှာကြာကြာမနေကြဘဲ ထွက်သွားတတ်ကြလား ...
ကိုယ့်လုပ်ငန်းအပေါ်ထားတဲ့ ဝန်ထမ်းတွေရဲ့စိတ်ကဘယ်လိုလည်း အကောင်း ဒါမှမဟုတ် မကောင်းဘူးလား ....
Ok ဒီနေ့မှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြတဲ့ မိတ်ဆွေတွေအနေနဲ့ ကိုယ့်ဝန်ထမ်းတွေကို လုပ်ငန်းနဲ့ပတ်သက်လို့ ဘယ်လိုမျိုးလုပ်ပိုင်ခွင့်တွေပေးသင့်တယ်၊ ကိုယ့်ဝန်ထမ်းတွေ အလုပ်ပေါ် အစေးကပ် သံယောဇဥ်တွယ်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေနဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။
အဲ့ဒါကတော့ Scientific Management လို့ခေါ်တဲ့ အလွန်ကျပ်တည်းတဲ့အုပ်ချုပ်မှုပုံစံပဲဖြစ်တယ်။ အဲ့ဒီအုပ်ချုပ်မှုပုံစံဟာ လူတွေကို စက်ရုပ်တွေလိုသဘောထား ၊ တွေးခေါ်နိုင်စွမ်းမရှိသူတွေလို သဘောထားစေခိုင်းတဲ့ အုပ်ချုပ်မှုပုံစံဖြစ်ပါတယ်။
ဒါကတော့အခုကျွန်တော်တို့ပြောမယ့် Empowerment နဲ့တော့တခြားစီပါပဲ။
ကဲ...ဒါဆို Empowerment -လုပ်ပိုင်ခွင့်လွဲအပ်ခြင်းဆိုတာ ဘာလည်းကြည့်ရအောင်..
ဒီနေ့ခေတ်မှာတော့ အလုပ်ပေါ်စီမံခန့်ခွဲခွင့်များများပေးလေလေ၊ ဝန်ထမ်းတွေပိုပြီးထက်မြက်လာလေ၊ တီထွင်ဖန်တီးမှုတွေရှိလာလေ၊ လုပ်ငန်းတိုးတက်လာလေ အလုပ်နဲ့ဝန်ထမ်းရဲ့ အသားကျစေးကပ်မှုဟာ ပိုပြီးခိုင်မာလာလေဆိုပြီး လုပ်ပိုင်ခွင့်လွဲအပ်ခြင်းနှင့်အလုပ်ရဲ့တိုးတက်မှု ဆက်စပ်နေတာကို လုပ်ငန်းရှင်မိတ်ဆွေတွေ သိရှိပြီးဖြစ်ပါတယ်။
သူတို့ဟာ မိတ်ဆွေရဲ့လုပ်ငန်းကောင်းကြောင်းကိုပိုညွှန်းဆိုကြမယ်။ လုပ်ငန်းကို ပိုမိုအောင်မြင်ဖို့ ကိုယ်စွမ်းရှိသလောက် စိုက်ထုတ်လုပ်ကိုင်ပေးကြလိမ့်မယ်။ လုပ်ငန်းရဲ့ပြဿနာတွေအတွက် တီထွင်ဖန်တီးမှုတွေနဲ့ အဖြေထုတ်ဖို့ကိုလည်း ဝိုင်းဝန်းကူညီကြမှာပါ။
ဟုတ်ပြီ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ လုပ်ပိုင်ခွင့်လွဲအပ်ခြင်းနှင့် ဝန်ထမ်းတွေအလုပ်နဲ့အသားကျ အစေးကပ်ရင် လုပ်ငန်းအောင်မြင်နိုင်တယ်ဆိုတာတော့သိကြပြီ။
အဲ့လိုမျိုး အလုပ်နဲ့အသားကျအစေးကပ်တဲ့ ဝန်ထမ်းတွေဖြစ်အောင်ဘယ်လိုလုပ်ရမလဲ
ဟုတ်ကဲ့..အောက်မှာပါတဲ့အချက်ကလေး(၁၀)ကို မြင့်တင်ပေးနိုင်ရင်တော့ သေချာပေါက် ဝန်ထမ်းကောင်းတွေ ကိုရလာပါလိမ့်မယ်။
အလုပ်ရှင်(ခေါင်းဆောင်)နှင့်ဝန်ထမ်းကြား ကောင်းမွန်တဲ့ ဆက်သွယ်ချိတ်ဆက်မှုဟာ အလုပ်ခွင်တွင် ဝန်ထမ်းတွေ အသားကျမှုကို ကိုယ်စားပြုပါတယ်။ 
ဝန်ထမ်းတွေကို စိန်ခေါ်မှုရှိပြီး အဓိပ္ပါယ်နက်တဲ့ အလုပ်တာဝန်တွေလုပ်ဖို့ နှင့် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း ပညာကို တိုးတက်စေဖို့ အခွင့်အရေးတွေပေးသင့်ပါတယ်။
ဝန်ထမ်းတွေကို လုပ်ငန်းရဲ့ အနာဂတ်ရည်မှန်းချက်က ဘာလည်းဆိုတာ ရှင်းရှင်းလင်းလင်းပြောပြထား သင့်တယ်။ ဝန်ထမ်းတွေဟာ သူတို့အပေါ်အုပ်ချုပ်ရေးပိုင်းက လူတွေရဲ့ ရည်ရွယ်ချက်နဲ့အစီအစဥ်တွေကို သိလိုကြတယ်။
ရှင်းလင်းမှုနဲ့အတူ ဝန်ထမ်းတွေရဲ့လုပ်ဆောင်ချက်တွေနှင့်လုပ်ကိုင်ဆောင်ပုံတွေအပေါ် မှတ်ချက်တွေ ပြန်လည်အသိပေးရပါမယ်။
ကျရှုံးခဲ့တဲ့ ဆောင်ရွက်ချက်တွေအပေါ်ဆူဖို့ဝန်မလေးကြသလို အောင်မြင်အထမြောက်ခဲ့တဲ့ လုပ်ဆောင်ချက်တွေအတွက်လည်း ချီးမွမ်းပေးဖို့မမေ့ပါနဲ့။
ဝန်ထမ်းတွေက သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ လုပ်ငန်းတွက်ဘယ်လောက်အရေးပါလည်းဆိုတာကို သိချင်ကြပြန်တယ်။ဒါကိုလည်းချိတ်ဆက်ပြဖို့ မမေ့ပါစေနဲ့။
ဝန်ထမ်းတွေဟာ သူတို့အလုပ်နဲ့လုပ်ငန်းစဥ်တွေအပေါ် သူတို့ထိန်းချုပ်စီမံနိုင်ခြင်းရှိတာကို လိုလားကြတယ်။ ဒါကိုလည်း လုပ်ငန်းရှင်တွေအနေနဲ့ သင့်တော်မှုရှိတဲ့ လုပ်ပိုင်ခွင့်လွဲအပ်ခြင်းတခုကို ပြုလုပ်ပေးသင့်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ယုံကြည်မှုရှိဖို့ကိုလည်း လုပ်ငန်းရှင်တွေအနေနဲ့ အထူးဂရုပြုလုပ်ပေးသင့်ပါတယ်။
ဝန်ထမ်းတွေကို သူတို့အလုပ်နဲ့ပတ်သက်လို့အမြဲဂုဏ်ယူနေစေသင့်အောင် သူတို့လုပ်ငန်းဆောင်ရွက်ချက် စတာတွေအပေါ် ဂုဏ်ယူတတ်တဲ့စိတ်ရှိအောင်လည်း လုပ်ငန်းရှင်တွေကလည်း လုပ်ငန်းအပေါ် သေချာစီမံခန့်ခွဲ ဆောင်ရွက်သင့်ပါတယ်။
ဝန်ထမ်းတွေရဲ့ ဒီအလုပ်ကိုသူတို့လုပ်နိုင်ပါတယ်ဆိုတဲ့ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းအတွက်လည်း လုပ်ငန်းရှင်တွေက စိတ်ဓာတ်မြင့်တင်ရေးတွေလုပ်ပေးသင့်ပါတယ်။
အပေါ်မှာပြောခဲ့တဲ့ လုပ်ငန်းရဲ့တာဝန်လွဲအပ်တယ်ဆိုတာဟာ တကယ်တော့ လုပ်ပိုင်ခွင့်လွဲအပ်တာပါပဲ။
ခိုင်းတတ်နေရုံနဲ့ ဝန်ထမ်းတွေရဲ့လုပ်ဆောင်ချက်တွေတိုးတက်လာမှာမဟုတ်သလို အလွန်အမင်းမျက်နှာလွဲထား ခြင်းဟာလည်း ပျက်ကွက်မှုတွေ ၊လစ်ဟင်းမှုတွေကိုပိုမိုတိုးပွားစေနိုင်ပါတယ်။
ဒါကြောင့် လုပ်ငန်းတွေမှာ ဟန်ချက်ညီညီနဲ့ကြီးကြပ်စောင့်ကြည့်ရေးနည်းစနစ်တွေဟာ အရေးပါလှပါတယ်။
ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေကြတဲ့ မိတ်ဆွေတွေအနေနဲ့ လုပ်ပိုင်ခွင့်တာဝန်ဝတ္တရားနဲ့အတူ တိုးမြင့်လာတဲ့ တာဝန်ခံရမယ့် အရာတွေကိုပါ နားလည်အောင် ဝန်ထမ်းတွေကို အသိပြောကြားရမှာပဲ ဖြစ်ပါတယ်။
Kyaw Nyein( YAU)
Reference:
..50 Management Ideas You Really Need To Know..
By Edward Russell Walling

Comments
Post a Comment