lewin's leadership styles နောက်ထပ် (၅) မျိုး 🥳
မင်္ဂလာပါ Beatrix ကနေပြန်လည်ကြိုဆိုပါတယ်။ 🥳 အရင်နေ့က lewin's leadership styles (၃)မျိုးကို တင်ပြခဲ့ပြီးပါပြီ။ ဒီနေ့မှာလည်း အဖွဲ့အစည်းတွေအတွက် အကျိုးသက်ရောက်မှုရှိတဲ့ နောက်ထပ် (၅) မျိုးကို ဆက်လက်ပြောပြသွားပါမယ်။ 🙋 သင်ရော ဘယ်လို ခေါင်းဆောင်မျိုးထဲ ပါမလဲ ကြည့်လိုက်ရအောင်နော် ... 💫 Transformational leadership ဒီလိုခေါင်းဆောင်တွေက လက်အောက်ငယ်အားတွေကို တီထွင်ဆန်းသစ်မှုတွေများလာအောင်၊ ပြောင်းလဲမှုတွေ ဖြစ်လာအောင် လှုံ့ဆော်အားပေးတဲ့ ပုံစံမျိုးပါ။ 🗣️ အသင်းအဖွဲ့နဲ့အလုပ်လုပ်တာကို ဦးစားပေးပြီးတော့ အဖွဲ့ဝင်တွေ အကောင်းဆုံးလုပ်နိုင်မယ်လို့လည်း မျှော်လင့်ကြတဲ့သူတွေပါ။ဝန်ထမ်းတွေကို ကောင်းကောင်သင်ကြားပေးတယ်။အဖွဲ့အစည်းအတွက်သာမက ဝန်ထမ်းတွေအတွက် လုပ်နေကျထက် ပိုကောင်းတဲ့နည်းလမ်းအသစ်သစ်တွေကို ဖန်တီးပေးတဲ့သူတွေဖြစ်ပါတယ်။ 👏 ရည်မှန်းချက်အသစ်၊အလုပ်အသစ်တွေအတွက် စိတ်ခေါ်မှုဖြစ်တိုင်း ဝန်ထမ်းတွေကလည်း ပိုမိုသင်ယူနိုင်သလို ပြောင်းလဲမှုတွေနောက် အမှီလိုက်နိုင်ပါတယ်။ နောက်ပြီး ဝန်ထမ်းတွေကိုယ်တိုင် ပါဝင်ဆုံးဖြတ်ကြရတဲ့အတွက် သူတို့ကိုယ်တိုင် အရေးပါတဲ့သူတွေအဖြစ်ခံစားရပြီး စိတ်ကျေနပ်မှုရစေပါတယ်။...