BCG Matrix ဆိုတာ ကြားဖူးကြပါသလား .. 🙆🏻‍♀️

Boston Consulting Group ရဲ့ ဒီ BCG Matrix ဇယားကွက်ဟာ လုပ်ငန်းတွေရဲ့ ဗဟာဗျူဟာရေးဆွဲခြင်းကို အထောက်ပြုရန် အတွက်ဖန်တီးထားတာဖြစ်ပါတယ်။ 🙌🏻

ဒီဇယားကွက်ကိုကြည့်ပြီး မိမိရဲ့လုပ်ငန်းဟာ ဘယ်အပိုင်းမှာ ရှိနေပြီး ဆက်လက်ရင်း နှီးမြှုပ်နှံသင့်လား? 🤔
ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ရပ်တန့်သင့်လား? 🤔
ဆိုတာတွေကို သုံးသပ်ရနိုင်မှာပါ။

တစ်နည်းအားဖြင့် Growth /Share Matrix လို့လည်းခေါ်ကြပါတယ်။

BCG Matrix မှာ အကွက်လေးကွက်ပါဝင်ပြီး

📌X ဝင်ရိုးကြောင်းက Relative Market Share (စျေးကွက် ပိုင်ဆိုင်မှု အခြေအနေ) ကိုပြပြီး၊

📌Y ဝင်ရိုးကြောင်းက Growth (စျေးကွက် ကြီးပွားမှုနှုန်း) ကို ကိုယ်စားပြုပါတယ်။

ဒါကို 1970 မှာ ဘော်စတွန် အကြံပေးအဖွဲ့ ကနေ ရေးဆွဲခဲ့တာဖြစ်ပါတယ်။

ဒီစနစ်က လုပ်ငန်းတွေကို
Question Marks
🌟 Stars
🐮Cash Cows
🐶Dogs

ဆိုပြီး အမျိုးအစား၄ မျိုး ခွဲခြမ်းပေးပါတယ်။

တစ်ခုချင်းစီက ဘာကို ရည်ညွှန်းလဲ ဆိုတာ အောက်မှာ ဆက် ဖတ်ကြည့်ရအောင်👇🏻

📍Question Mark (မေးခွန်းသင်္ကေတ)

Question Mark လုပ်ငန်းအများစုတွေက question mark အနေနဲ့စတင်ကြပါတယ်။

ဆိုလိုတာက စျေးကွက်ကိုအခုမှစတင်တဲ့အသေးစားလုပ်ငန်းဆို တော့ ယှဉ်ပြိုင်ရမဲ့ လုပ်ငန်းအရေအတွက်က နည်းပြီး စျေးကွက်ထိုးဖောက်ဖို့အလာအလာများပါတယ်။

သေချာ စီမံကွပ်ကဲပြီး အရင်းအနှီးများများထည့်မယ်သွားမယ် ဆိုရင် နောက်ဆုံးမှ star အကွက်ထဲကို ရောက်နိုင်မဲ့ လုပ်ငန်းတစ်ခုဖြစ်နိုင်ပါတယ်။

အကယ်ရျ် ဒီအဆင့်မှာသာမအောင်မြင်ဖူးဆိုရင် dogs အကွက်ထဲကို ရောက်သွားမှာဖြစ်ပါတယ်.ဒါကြောင့် ကိုယ့်လုပ်ငန်းအခြေအနေပေါ်မူတည်ပြီး ရင်းနှီးမြုုပ်နှံမှုထည့်သင့်လား ဆိုတာ သေချာ စဉ်းစားဖို့လိုပါတယ်။ 🧐

📍 Star (ကြယ်ပွင့်) ⭐️

ကြယ်ပွင့်တွေကတော့ စျေးကွက်ဦးဆောင်နိုင်တဲ့ ကုန်ပစ္စည်းမျိုးတွေဖြစ်ပါတယ်။

ဒီလို ထုတ်ကုန်တွေ က စျေးကွက်ရှယ်ယာမြင့်မားမှုကြောင့် ငွေအေမြာက်အများ ထုတ်ပေးနိုင်ပေမဲ့လည်း စျေးကွက်ပြိုင်ဆိုင်သူတွေကို ခုခံရမှာ ဖြစ်တာကြောင့် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုတွေလိုပါတယ်။

ကုမ္ပဏီတွေဟာ အနာဂတ်ဝင်ငွေစီးကြောင်းသေ ချာစေ ရန် ကြယ်ပွင့်လို ကုန်ပ္စည်းအချို့ရှိသင့်တယ်လို့လည်း စီးပွားရေးသမားအချို့က ပြောကြပါတယ်.။🙌🏻

📍Cash Cow (ငွေသား နွား) 🐮

စျေးကွက်ပိုင်ဆိုင်မှု ကြီးမားပြီး စျေးကွက်တိုးတက်မှုနှုန်းနိမ့်ကျတဲ့ ကုန်ပစ္စည်တွေ ကို cash cow လို့သတ်မှတ်ပါတယ်။

market share ကြီမားတဲ့ အတွက် ဒီပစ္စည်းမျိုးက ဝင်ငွေများစေပါတယ်။ ဒါပေမဲ့လည်း market growth နည်းပါးတဲ့အတွက် ကြောင့် ရင်းနှီးမြှုပ်နှံမှုတွေအများကြီးတော့ မထည့်သင့်ပါဖူး။

နှစ်အ တော်များစွာ လုပ်ငန်းကို လည်ပတ်ပြီး နောက် မှာ စျေးကွက်ကြီးထွားမှုလည်း ကျဆင်းလာပြီး ဝင်ငွေဘည်း ရပ်တန့်သွားနိုင်ပါတယ်။

Stars အကွက်မှာရှိတဲ့ ကုန်စည်တွေက ဒီအဆင့်မှာ cash cow အသွင်ပြောင်းသွားဖွယ်ရှိသည်။ ဒီအကွက်ရဲ့ သဘောတရားကတော့ နွားနို့ကိုသာများများယူ နွားကိုတော့မလဲစေနဲ့ဆိုတာမျိုးပါ။ 🙆🏻‍♀️

📍Dogs or Pets (အိမ်မွေးတိရစ္ဆာန်)🐶

ဇယားကွက်ရဲ့ ညာဘက်အောက် ရှိတဲ့ dog သင်္ကေတ က ကုမ္ပဏီတစ်ခုမှာရှိတဲ့ စျေးကွက်ပိုင်ဆိုင်မှု အခြေအနေနနည်းပြီး စျေးကွက်တိုးတက်မှုနှုန်းလည်း နိမ့်ကျတဲ့ ကုန်ပစ္စည်းတွေကို ဆိုလိုတာပဲဖြစ်ပါတယ်။

ဒီအကွက်ထဲမှာရှိတဲ့ ကုန်စည်တွေကို ကိုရောင်းချခြင်း ဒါမှမဟုတ် ဖျက်သိမ်းခြင်း သို့မစဟုတ် အနေအထားပြန်ပြောင်းခြင်း တွေလုပ်သင့်ပါတယ်။

ဘာလို့လဲ ဆို ဒီလိုပစ္စည်းတွေက ကုမ္ပဏီ အတွက် ဝင်ငွေ မထုတ်လုပ်ပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။

ဒါဆိုရင်တော့ BCG Matrix အကြောင်း နားလည်သဘောပေါက်နိုင်ပြီ လို့မျှော်လင့်ပါတယ်။ 🥳

Written By
Thiri Yadanar

Reference: https://www.business-to-you.com/bcg-matrix/

Image may contain: text


Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱