Posts

Showing posts from January, 2021

Study Smart, Study Hard

Image
  တစ်ခါတစ်လေ စာလုပ်နေရင်းနဲ့ energy ကုန်လာတာမျိုးတို့၊ တခြားအ ကြောင်းတွေးမိနေတာမျိုးတို့၊ စာလုပ်ရတာကို ပျင်းလာတာမျိုးတို့ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တာအဆန်းတော့ မဟုတ်ပါဘူး။ စာလေ့လာတဲ့သူတော်တော်များများမှာဖြစ်တတ်ပါတယ်။ အားလုံးသိကြတဲ့ အတိုင်းပဲတက္ကသိုလ်ဆိုတာ ကန်တင်းထိုင်လိုက်၊ အတန်းပြေးလိုက် အမြဲလုပ်လို့ကောင်းတဲ့နေရာတစ်ခုတော့မဟုတ်ပါဘူး၊ Semester တစ်ခုအောင်မြင်ဖို့အတွက်အချိန်တစ်ခု‌ ပေးပြီးတော့စာလုပ်ကိုလုပ်ရပါတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း စာကလုပ်လိုက်ပြန်မေ့လိုက်ဖြစ်၊ တစ်ဖက်ကလည်း သူငယ်ချင်းတွေနဲ့ အပြင်လည်ချင်တာကလည်းရှိတဲ့အခါမှာ တော်တော်များများက ဒုတိယတစ်ခုကိုပဲရွေးချယ်သွားကြပါတယ်။ ဒါကြောင့် ဒီနေ့ မှာ Beatrix ကနေပြီးတော့ သူငယ်ချင်းတို့အတွက် အသုံးဝင်နိုင်မယ့် study tips လေးတွေကိုပြောပြပေးသွားချင်ပါတယ်။ အခုပြောပြပေးသွားမယ့်အချက်တွေက ဘဝအောင်မြင်ရေး နည်းလမ်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဘာလို့ဆိုတော့ ကြိုးစားတယ်ဆိုကတည်းက ကိုယ့်ရဲ့လိုချင်စိတ်ကိုရှေ့တန်းတင်ပြီးတော့ လုပ်တာဖြစ်တဲ့အတွက်ကြောင့် ဘယ်အရာမဆို အောင်မြင်စေနိုင်တဲ့ အလေ့အကျင့်ကောင်းတွေဖြစ်စေနိုင်တာမို့ပါ။ ဒါဆို ဘယ်အချက်တွေဖြစ်မလဲ။ ၁။ မ...

Do and Don`t before blood donation

Image
  Hello! အားလုံးပဲ မင်္ဂလာပါရှင်။ Beatrixers တွေထဲမှာ အခုမှ ပထမဆုံး သွေးလှူမယ့် အလှူရှင်တွေရှိလား? သွေးတော့လှူချင်တယ် ဆောင်ရန်၊ ရှောင်ရန်တွေမသိဘူးဆိုတဲ့ သွေးလှူရှင်တွေအတွက် ဒီအပတ်မှာတော့ သွေးမလှူဒါန်းခင်နဲ့ သွေးလှူပြီး အချိန်တွေမှာ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေ၊သွေးလှူပြီးနောက် ဖြစ်လာနိုင်တဲ့ ခန္ဓာကိုယ်ကတုံ့ပြန်မှုတွေကို ဗဟုသုတရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ အားလုံးပဲ စိတ်ဝင်စားကြမယ်လို့ မျှော်လင့်ပါတယ်။ Written by Pyae   သွေးမလှူဒါန်းခင် ဘာတွေဆောင်သင့်/ ရှောင်သင့်လဲ သွေးမလှူခင် အင်အားပြည့်ပြည့်ဝဝနဲ့ လန်းဆန်းတက်ကြွမှုရှိစေရန် အိပ်ရေးဝဝအိပ်ဖို့ အရမ်းလိုအပ်ပါတယ်။ သွေးလှူတဲ့အခါ ခန္ဓာကိုယ်ကရေဓာတ်တွေဆုံးရှုံးစေနိုင်တဲ့အတွက် မလှူခင် ရေ 16oz (သို့မဟုတ်) ၂ ခွက်ခန့်သောက်သုံးပေးသင့်ပါတယ်။ အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့် သွေးမလှူခင် ၂၄ နာရီအတွင်း အရက်သေစာ မသောက်သုံးသင့်ပါဘူး။ အဆီများတဲ့ အစားအစာတွေဟာ သွေးကိုစစ်ဆေးတဲ့အခါမှာ အနှောင့်အယှက်ဖြစ်စေတာကြောင့် သွေးမလှူခင် အဲ့လိုအစားအစာတွေကို စားသုံးဖို့မသင့်ပါဘူး။ သွေးမလှူခင် ...