Study Smart, Study Hard

 

📖တစ်ခါတစ်လေ စာလုပ်နေရင်းနဲ့ energy ကုန်လာတာမျိုးတို့၊ တခြားအ ကြောင်းတွေးမိနေတာမျိုးတို့၊ စာလုပ်ရတာကို ပျင်းလာတာမျိုးတို့ဖြစ်တတ်ပါတယ်။ 🤔
ဒီလိုဖြစ်တာအဆန်းတော့ မဟုတ်ပါဘူး။ စာလေ့လာတဲ့သူတော်တော်များများမှာဖြစ်တတ်ပါတယ်။ အားလုံးသိကြတဲ့ အတိုင်းပဲတက္ကသိုလ်ဆိုတာ ကန်တင်းထိုင်လိုက်၊ အတန်းပြေးလိုက် အမြဲလုပ်လို့ကောင်းတဲ့နေရာတစ်ခုတော့မဟုတ်ပါဘူး၊ Semester တစ်ခုအောင်မြင်ဖို့အတွက်အချိန်တစ်ခု‌ ပေးပြီးတော့စာလုပ်ကိုလုပ်ရပါတယ်။
ဒါပေမယ့် တစ်ဖက်ကလည်း စာကလုပ်လိုက်ပြန်မေ့လိုက်ဖြစ်၊ တစ်ဖက်ကလည်း သူငယ်ချင်းတွေနဲ့ အပြင်လည်ချင်တာကလည်းရှိတဲ့အခါမှာ တော်တော်များများက ဒုတိယတစ်ခုကိုပဲရွေးချယ်သွားကြပါတယ်။
ဒါကြောင့် ဒီနေ့ မှာ Beatrix ကနေပြီးတော့ သူငယ်ချင်းတို့အတွက် အသုံးဝင်နိုင်မယ့် study tips လေးတွေကိုပြောပြပေးသွားချင်ပါတယ်။ 🤗
အခုပြောပြပေးသွားမယ့်အချက်တွေက ဘဝအောင်မြင်ရေး နည်းလမ်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဘာလို့ဆိုတော့ ကြိုးစားတယ်ဆိုကတည်းက ကိုယ့်ရဲ့လိုချင်စိတ်ကိုရှေ့တန်းတင်ပြီးတော့ လုပ်တာဖြစ်တဲ့အတွက်ကြောင့် ဘယ်အရာမဆို အောင်မြင်စေနိုင်တဲ့ အလေ့အကျင့်ကောင်းတွေဖြစ်စေနိုင်တာမို့ပါ။ ဒါဆို ဘယ်အချက်တွေဖြစ်မလဲ။😗
၁။ မှတ်စုရေးပါ။📝
- ဒီစကား ကြားရဖန်များတော့ အပျော် ပြောတယ်ထင်ဦးမယ်။ မှတ်စုရေးတယ်ဆိုတာ တကယ်ကိုအရေးကြီးပြီးအသုံးဝင်တဲ့ အလေ့အကျင့် တစ်ခုပါ။❗
lecture တစ်ခုသင်တဲ့အခါမှာဆိုရင် key points လေးတွေ မှတ်ထားပြီးတော့ notes ထုတ်ထားဖို့က အရမ်းအရေးကြီးပါတယ်။ ဘာလို့ဆိုတော့ တက္ကသိုလ်မှာကအခြေခံပညာကျောင်းတွေထက် စာကအများကြီးပိုများပါတယ်။ ဒါကြောင့် lecture တစ်ခုစီတိုင်းရဲ့ အကြောင်းအရာတွေ၊ အဓိပ္ပာယ်တွေ ကို short and main point တွေ ထုတ်ထားဖို့လိုအပ်တာပါ။ အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ စာမေးပွဲဖြေရမယ့် အချိန်ကျရင် ဘာလေ့လာလို့လေ့လာရမှန်းမသိဘဲ တိုင်ပတ်နေမှာပါ။⛔
၂။ ပြန်စဉ်းစားခြင်း🤔
- ဒါကတော့ သင်ပြီးတဲ့စာကို ပြန်နွေးတာ review လုပ်တဲ့ ပုံစံနဲ့တော့မတူပါဘူး။🙅
ရေးထားတဲ့အတိုင်းပဲ ကိုယ်သင်ခဲ့ရတဲ့ စာတွေကို ပြန်ဆက်စပ်စဉ်းစားခိုင်းတဲ့သဘောပါ။ ဒါကို connecting လုပ်တယ်လို့လည်းခေါ်နိုင်ပါတယ်။ ဆိုလိုတာကစာတစ်ပုဒ်ရဲ့အဆက်အစပ်တွေကို စဉ်းစားခိုင်းတာပါ။ ဘာကြောင့်ဘာဖြစ်သွားတယ်ဆိုတာကို ကိုယ့်ရဲ့ အတွေးအခေါ်စဉ်းစားဉာဏ်နဲ့ ယှဉ်ပြီးတော့ စဉ်းစားလို့ရပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ မှားတဲ့အခါလည်း ရှိမယ်။ မရတဲ့အခါလည်းရှိမယ်။ သေချာတာကတော့ အဲ့ဒီစာနဲ့ ကိုယ်နဲ့ရင်းနှီးမှုရလာနိုင်တာပါပဲ။🥰
၃။ ပြန်လည်လေ့လာခြင်း🗒️🖊️
- student life မှာ မကြုံမဖြစ်ကြုံရမယ့်အခိုက်အတန့် လို့ပြောရပါမယ်။ အဲ့ဒါကတော့ ကိုယ်သင်ထားတဲ့စာတွေကိုတစ်ကျော့ ပြန်လည်လေ့လာမှတ်သား ခြင်းပါပဲ။ တစ်ခါပဲသင်ပြီးတော့ မှတ်မိသွားတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့် ပြန်လည်လေ့လာခြင်းက အရေးကြီးတာပါ။ 🔖 ဘယ်လောက်အရေးကြီးလဲဆိုရင် သင်ယူခြင်း နဲ့ ပြန်လည်လေ့လာခြင်းဟာ ထပ်တူကျနေတယ်လို့တောင်ပြောကြပါတယ်။
✔️ဒီလိုလုပ်တဲ့အခါမှာလည်း နည်းစနစ်ကျဖို့လိုအပ်ပါသေးတယ်။ ဖရိုဖရဲ စနစ်တကျမဟုတ်ဘဲ ကိုယ်ကြိုက်တဲ့အပုဒ်ကိုပဲ ပြန်နွေးတာမျိုးတို့၊ လွယ်တာလေးပဲ ကွက်ပြီး ပြန်ကျက်လိုက်တာမျိုးတို့ဆိုရင် ဘာမှ မလုပ်ဘဲ ကန်တင်းမှာသွားပျော်နေလိုက်တာပဲပိုကောင်းပါတယ်။ ဘာမှထူးလာမှာမဟုတ်လို့ပါ။❗
ဆိုတော့ revision လုပ်တဲ့အခါမှာဆိုရင် ဉပမာအနေနဲ့ ကျွန်တော့်မှာ lecture အခန်း20 လုပ်ရမယ်မယ်ဆိုပါစို့၊ အဲ့တာကိုကျွန်တော်လေးပိုင်းခွဲပြီးတော့ revision လုပ်မယ်ဆိုရင်-
✓ ပထမတစ်ခါ Lecture (1 to 5)
✓ ဒုတိယတစ်ခါ Lecture (1 to 10)
✓ တတိယတစ်ခါ Lecture (1 to 15)
✓ စတုတ္ထတစ်ခါ Lecture (1 to 20)
ဒီလိုလေးခါ ခွဲပြီးတော့ ‌ပြန်လုပ်လိုက်ရင် အားလုံးကို ခြုံငုံမိနေမှာ ဖြစ်ပါတယ်။🤗
၄။ နှစ်လယ်စာမေးပွဲအတွက်စာပိုလုပ်ပါ။
- တက္ကသိုလ်မှာ နှစ်လယ်စာမေးပွဲနဲ့ နှစ်ဆုံးစာမေးပွဲ နှစ်ခုရှိပါတယ်။✌️ ပြောချင်တာကတော့ နှစ်လယ်စာမေးပွဲအတွက်ကို စာပိုဖိလုပ်ပါ။
ဒါက စိတ်ပိုင်းဆိုင်ရာ နဲ့ဆိုင်တဲ့ Motivation or confidence တစ်ခုခုကိုတည်ဆောက်နိုင်ဖို့ပါ။ တကယ်လို့ ကိုယ်က နှစ်လယ်စာမေးပွဲမှာ စာလည်းမကြိုးစားဘူး၊ အမှတ်လည်းမကောင်းဘူး ဆိုရင် နောက်ဆုံးစာမေးပွဲကျရင် ငါဖြစ်ပါ့မလား ဆိုတဲ့အတွေးက ဝင်လာတတ်ပါတယ်။ အဲ့ဒါက ကိုယ့်ကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် မို့လို့ နှစ်လယ်ကတည်းက grade ကောင်းကောင်းရအောင်လုပ်ပြီး confidence level ကိုမြင့်တင်လိုက်ပါ။
၅။ ဘယ်သူမှ မလုပ်တဲ့အချိန်မှာလုပ်ပါ။
- ဒါက ထူးခြားတဲ့အချက်တော့မဟုတ်ပါဘူး။ တကယ်ကိုသူများတွေ မလုပ်တဲ့အချိန်မှာ လုပ်ခိုင်းတာပါ။ စာလုပ်တဲ့အခါမှာ တချို့က တိတ်တိတ်ဆိတ်ဆိတ် နဲ့ တစ်ယောက်တည်းလုပ်ရတာကိုကြိုက်ပါတယ်။ အဲ့လိုလုပ်တာကလည်း တကယ်ကိုအကျိုးရှိစေပါတယ်။
✔️ညဘက်ပါတီသွားမယ့်အစား အိမ်မှာ စာကျက်လိုက်တာမျိုး၊ သူများ တွေ အတန်းပြီးလို့ လစ်သွားတဲ့အချိန်မှာ ကိုယ်က ဆက်ပြီးတော့ လေ့လာနေတာမျိုး၊ library ကိုဘယ်သူမှ မလာတဲ့အချိန်မှ လာတာမျိုးတွေက ကိုယ့်ကိုတိုးတက်စေနိုင်တဲ့အကျင့်တစ်ခုလို့ပြောလို့ရပါတယ်။ 😊ဒါက ကိုယ့်ပျော်ရွှင်မှုအတွက်ပိတ်ပင်သလိုဖြစ်ပေမယ့် နောင်တစ်ချိန်အောင်မြင်ဖို့အတွက် ရင်းနှီးမြုပ်နှံထားတယ်လို့ပဲ သဘောထားပါ။😉
၆။ ကိုယ်နဲ့တူတဲ့စာကျက်ဖော်ရှာပါ။💁
- တက္ကသိုလ်တက်တဲ့ အခါမှာ စာလုပ်ဖော်ဆိုတာလည်း လိုအပ်ပါတယ်။ 🥰ဒါက ကိုယ်နဲ့ အခန်းတူတူ စားတူသွားတူ ဘော်ဒါတွေနဲ့လည်းမတူသေးပါဘူး၊ ကိုယ့်စာလုပ်ဖော်က ကိုယ်နဲ့ စာအပြိုင်လုပ်တဲ့သူ၊ ဆွေးနွေးတိုင်ပင်လို့ရနိုင်တဲ့သူ၊ အကြံကောင်းတွေ ပေးနိုင်တဲ့သူမျိုးကို ဆိုလိုတာပါ။ ကိုယ့် စာလုပ်ဖော်က စာမကျက်ဘဲ လေပေါနေတတ်တဲ့အကျင့်ရှိတဲ့သူဆိုရင် တော့လည်း အဆင်မပြေသေးပါဘူး။🙅
၇။ တသမတ်တည်းလုပ်ဆောင်ပါ။💪
- ဒါကို consistency လို့လည်းခေါ်ပါတယ်။ ဆိုလိုတာက စာလေ့လာရင် အဆက်ပြတ်သွားတာမျိုးမဟုတ်ဘဲနဲ့၊ ပုံမှန်နေ့တိုင်းနီးပါး လေ့လာနေတာမျိုးကိုဆိုလိုတာပါ။ 🧐
ဥပမာ- သောကြာ၊ စနေ၊ ‌တနဂ်နွေ သုံးရက်ဆက်လေ့လာပြီးတဲ့သူနဲ့ သောကြာလေ့လာတယ်၊ ပြီးတော့တင်္နလာ, အဂ်ါမှာ လေ့လာတဲ့သူနဲ့ဆိုရင် လေ့လာတာချင်းတူရင်တောင် ဆက်တိုက်လုပ်သွားနိုင်တဲ့သူက ပို သာပါတယ်။ ဒါကြောင့်မို့လို့ စာလုပ်တဲ့အခါမှာ ပုံမှန်လုပ်တတ်တဲ့အကျင့်ရှိဖို့လိုပါတယ်။✔️
📝ဒါဆိုရင်တော့ စာလေ့လာတဲ့အခါမှာရှိသင့်တဲ့အလေ့အကျင့်ကောင်းလေးတွေကိုသိသွားကြပြီထင်ပါတယ်။ ပြီးတော့တချို့အချက်တွေက တော့ ကိုယ်နဲ့ ရင်းနှီးပြီးသားအချက်လည်းဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ 🥳
ဆိုတော့ ဒီနေ့အတွက် sharing လုပ်သွားတဲ့အကြောင်းကို နှစ်သက်ကြမယ်လို့မျှော်လင့်မိတာကြောင့် နောက်တစ်ပတ်အတွက်လည်း Beatrixကိုဆက်လက်စောင့်ကြည့်ပေးကြပါလို့ပြောချင်ပါတယ်ဗျ။🙆May be an image of 2 people and text that says "BEATRIX Study Smart, Study Hard."

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱