Posts

Showing posts from September, 2020

ကျယ်ပြန့်လာတဲ့ Messenger Chat Bot အသုံးပြုမှုနဲ့ Online Business များ📲

Image
  Online Shop တွေမှာ စျေးဝယ်ရင် Messenger မှာ စကားသွား ပြောတဲ့အခါမှာ အလိုအလျောက် ပြန်ဖြေတာတွေကို တော်တော်များများ မှာတွေ့လာရတာကို အားလုံးလည်း သတိထားမိမှာပါ။  ဒါဟာဆိုရင် Messenger Chatbotစနစ်ကိုအသုံးပြုထား တာဖြစ်ပါတယ်။ 🤖Messenger bot  ဆိုတာက Artificial Intelligence(AI) စနစ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဝယ်ယူသူတွေကို အလိုအလျောက် စာပြန်ပေးတဲ့ software ပဲဖြစ်ပါတယ်။⚙️ Bot တွေဟာဆိုရင် လူတွေရဲ့ စွမ်းရည်တွေကို ကွန်ပြူတာစနစ်နဲ့ Program ထည့်ထားတာဖြစ်လို့ လူတွေမေးတဲ့ မေးခွန်းတွေအပေါ်လိုက်ပြီး အဖြေပေးတတ် ကြပါတယ်။  Chatbot တွေဟာဆိုရင် အခုမှရှိလာတာမဟုတ်ပါဘူး။ စာရေးသူတို့ ၈ တန်း ၉ တန်းလောက်တုန်းက SimSim ဆိုတဲ့ Bot စနစ်သုံး App ​လေးတစ်ခုခေတ်စားခဲ့ပါတယ်။👾 အဲ့ App လေးက ကိုယ်အထီးကျန်တဲ့အချိန်၊ ကိုယ်စကားပြောဖော်လိုအပ်နေတဲ့အချိန်မှာ ကိုယ်ရဲ့ ခံစားချက်ပေါ်လိုက်ပြီး အဖြေ​ ဖြေပေးတတ်ပါတယ်။ ဒီ App မှာ ဆိုရင် ဘာသာစကားပေါင်း ၈၀ ကျော်လောက် ပါဝင်ပါတယ်။🙀 အခြား Bot စနစ်သုံး App တွေလည်း အများကြီးရှိမှာပါ။ ဒါပေမယ့် အဲ့တုန်းက အခုလောက် Bot စနစ်တွေက မတွင်ကျယ်သေးပါဘူး။ ခုချိန်မှာဆိုရင်တော့ Bot စနစ်ကို တော်...

“First Impression and its importances”

Image
 “First Impression and its importances” သူငယ်ချင်းတို့အတွက်ဒီနေ့ Topic ကတော့ လူလူချင်း ပထမစစချင်းတွေ့တဲ့အခါ ထားရှိလိုက်တဲ့ အမြင်၊ အတွေးဖြစ်တဲ့ First Impression အကြောင်းပဲဖြစ်ပါတယ်။ 🔹First Impression က ဘာလို့ အရေးကြီးသလဲ ... ? 🤔 လူတစ်ယောက်ကို စမြင်ပြီးပြီးချင်း ၇ စက္ကန့် အတွင်းမှာ ဒီလူကဘယ်လိုလူမျိုးလည်း ဆိုတာကို ဝေဖန်သွားလေ့ရှိပါတယ်။ ကိုယ်က ဘယ်လောက်ပဲ ဝေဖန်တတ်လေ့မရှိဘူး ပြောပါစေ လူ့ရဲ့ထိန်းထားနိုင်စွမ်းမရှိတဲ့ မသိစိတ်ကနေတစ်ဆင့် ဝေဖန်သွားပါတယ် လို့ စိတ်ပညာရှင်တွေကဆိုကြပါတယ်။  🔹ဘာလို့ကိုယ့် first impression ကို ဂရုတစိုက်နဲ့ ထားသင့်သလဲ?🤔 First Impression ဆိုတဲ့အရာက နှစ်ခါ ပြန်မရနိုင်တဲ့ အရာမျိုးဖြစ်ပါတယ်။ကိုယ့်အိမ်ကနေ လမ်းထိပ်လောက်ထွက်တဲ့ အခါမျိုးမှာတောင် ကိုယ့်ကို ပထမဆုံး အကြိမ်တွေ့တဲ့လူ အနည်းဆုံး ၁၅ ယောက်လောက် ရှိနေပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်ဘယ်သွားသွား ဘယ်လာလာ ကိုယ့်အဝတ်အစား​တွေကို သန့်သန့်ပြန့်ပြန့်နဲ့ ကိုယ်လက်အမူအရာ အထားအသိုတို့ကို အစဥ်အမြဲ​သတိထား သင့်ပါတယ်။ တချို့သော အနောက်နိုင်ငံတွေမှာဆိုရင် pyjamas လို အိမ်နေရင်းဝတ်စုံဝတ်ဆင်ပြီး အပြင်ထွက်တဲ့လူတွေကို လိုက်ဖမ်းတယ်လို့ တ...

Covid ကာလကိုUp-skillingအတွက်အကောင်းဆုံးအသုံးချပါ

Image
 Covid ကြောင့် သင့် ရည်မှန်းချက် တွေ နှောင့်နှေးကုန်လို့ စိတ်ညစ်နေပြီလား .. ❓ 〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️ မညစ်ပါနဲ့ အခက်အခဲတစ်ခုကိုအခွင့်အရေးတစ်ခု ဖြစ်လာအောင် သင်ကိုယ်တိုင် ဖန်တီးနိုင်ပါတယ် .. 💪 သင်က လှပတဲ့အိပ်မက်တွေဆီ လျှောက်လမ်းနေတဲ့လူငယ်တစ်ယောက် ဆိုရင်တော့ သင့် အိပ်မက်တွေကို ဘယ်လိုအကြောင်းကြောင့်နဲ့မှ အရှုံးမပေးပါနဲ့။ 🔛 အခု Covid ကာလမှာ သင်ဖမ်းဆုပ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိပါတယ်။ အဓိကက သင်ကိုယ်တိုင် အဲဒီ အခွင့်အရေးတွေကို အသုံးချတတ်ဖို့ပါ😇 ကဲ ဒါဆို အခု အားလုံးအတွက် အခွင့်အရေးတစ်ခုကို မျှဝေပေးမယ်နော် ။💌 အဲ့အခွင့်အရေးကတော့... 🕰️ သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်နိုင်ဖို့ အချိန်တစ်ခု ကို ပိုင်ဆိုင်လိုက်ရခြင်းပါပဲ။ ✅ဟုတ်ပါတယ် COVID is the best period for upskilling ပါ။ ကဲ သင့်အရည်အချင်းတွေကို ဘယ်လိုမြှင့်တင်မှာလဲ .. ? 🤔 နည်းလမ်း (၃) နည်း ရှိပါတယ်။🤩 1. Train up your Digital Muscles🏋️‍♂️ ခုလို ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ Digital Tools တွေနဲ့ သင် ရင်းနှီးဖို့လိုပါတယ်။ အရင်က သင် မရင်းနှီးခဲ့ရင် အခု ရင်းနှီးဖို့ ကြိုးစားကြည့်ပါ ။ သင် ဒီအရာတွေမှာ ထူးချွန််ဖို့မလိုပါဘူး ။ဒါပ...

Design Thinking Process 💭

Image
Design Thinking ဟာဆိုရင် ခက်ခဲတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရသူ ဒါမှမဟုတ် တစ်ခုခုကို တီထွင်ဖို့ ပြုလုပ်တဲ့အခါမှာ အသုံးပြုသူရဲ့ အမြင်ဘက်ကနေ ချဉ်းကပ်ပြီး​တော့ ဖြေရှင်းတဲ့ နည်းတစ်ခုပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာဆိုရင် လူကို ဗဟိုပြု ဖြေရှင်းတာပဲဖြစ်ပါတယ်။ ပြဿနာဖြေရှင်းဖို့ နည်းလမ်းတွေအများကြီးရှိပါလျက် ဒီ Design Thinking process နဲ့ ဖြေရှင်းခြင်းဟာ အဓိကအားဖြင့် လူသားတွေရဲ့လိုအပ်ချက်တွေကို နားလည်ပြီး ဘယ်လိုမျိုးဖြေရှင်းပေးရမလဲဆိုတာကို စဥ်းစားအဖြေထုတ်တာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာဆိုရင် နိုင်ငံတကာက ထိပ်တန်း ဒီဇိုင်းနဲ့ စီးပွားရေးကျောင်းတွေမှာ သင်ကြားပေးနေတဲ့နည်းလမ်း တစ်ခုပါ။ ဒီနည်းနဲ့ စီးပွားရေးလုပ်တဲ့သူတွေကို ကြည့်လိုက်ရင် သူတို့ရဲ့ ဝယ်သူတွေဟာ စိတ်ကျေနပ်မှုတွေရရှိနေတာကို တွေ့ရပြီးတော့ စွန့်ဦးတီထွင်သူတွေအတွက်လဲ ဒီနည်းလမ်းက များစွာအထောက်အကူပြု​နေပါတယ်။ Design Thinking Process မှာဆိုရင် အဆင့် (၅) ဆင့် ရှိပါတယ်။ Empathize Define Ideate Prototype Test 1. Empathize (မျှ​ဝေခံစားကြည့်ပါ) ပထမဆုံးအဆင့်အနေနဲ့ နားထောင်ပါ။ လူတွေရဲ့လိုအပ်ချက်တွေ၊ ခံစားချက်တွေကို နားထောင်ပြီး ကိုယ်တိုင် မျှဝေခံစားကြည့်ပါ။ သူတို့ နေ့စ...

There is always one same thing behind every successful businessman/woman😮

Image
စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့ နယ်ပယ် (အလှကုန်ပစ္စည်း၊ စက်ပစ္စည်း၊ စားသောက်ကုန် စသည့်) အသီးသီးမှာ ကွဲပြားခြားနားစွာ အောင်မြင်ကျော်ကြားကြပေမယ့် ​နောက်ကွယ်မှာ​တော့ တူညီတဲ့အရာတစ်ခုဆိုတာ အမြဲရှိပါတယ်။ အဲ့ဒီအရာ​လေးဟာ သေးငယ်ပေမယ့် သူ့ရဲ့အကျိုး​တွေကို သိသူအများစုက​ အချိန်ပေးပြီးတော့ကို လုပ်ကြပါတယ်။ ဒါကတော့ .. . . . . . Meditation တရားထိုင်ခြင်းပဲဖြစ်ပါတယ်။ မိမိတို့ ပတ်ဝန်းကျင်မှာ ကြားဖူးနေကျစကားလုံး ဖြစ်တဲ့အတွက် မထူးဆန်းဘူးလို့ ထင်​လေ့ရှိပါတယ်။ ဒါပေမယ့် အချိန်လေး ခဏလောက် ပေးလိုက်တာနဲ့ မိမိအတွက် အများကြီး အထောက်အကူပြုပါတယ်။ ကဲဒါဆိုရင် ဘယ်လိုနည်း​တွေနဲ့ တရားအားထုတ်နိုင်လဲ ... ? ဒီမှာ အာလုံးသိသင့်တဲ့ အချက်တစ်ချက် ရှိပါတယ်။ တရားထိုင်ခြင်းဆိုတာ ဗုဒ္ဓဘာသာက​နေ ဆင်းသက်တဲ့ စကားလုံး ဖြစ်ပေမယ့် ဗုဒ္ဓဘာသာဝင်ဖြစ်မှ တရားထိုင်လို့ရတယ်ဆိုတာ မဟုတ်ပါဘူး။ ဒါကြောင့်မလို့ ဘယ်သူမဆို တရားအားထုတ်နိုင်တဲ့ ရိုးရိုးရှင်းရှင်း နည်းလမ်းလေးကို ဒီနေ့ ပြောပြပါမယ်။ 1. ဆိတ်ငြိမ်တဲ့နေရာတစ်ခုကို ရှာဖွေပါ။ (ကိုယ့်အခန်းမှာပဲ ဖြစ်ဖြစ်၊ ဘုရားခန်းပဲဖြစ်ဖြစ် ​အေးချမ်းတိတ်ဆိတ်တဲ့​နေရာဆို ပိုသင့်​တော်ပါတယ်) 2. အချိန်ကို သတ်မှတ...

Social Networkရဲ့သားကောင်တွေမဖြစ်စေလို

Image
                           မနက်အိပ်ရာထထချင်း သူငယ်ချင်းတို့ အရင်ဆုံးလုပ်တဲ့ အရာက ဘာလဲ? ညမအိပ်ခင် တစ်​​နေ့တာရဲ့ နောက်ဆုံးလုပ်တဲ့ အလုပ်ကဘာလဲ? လူကြီးလူငယ်မရွေး တော်တော်များများရဲအဖြေက … social media apps တွေဖြစ်တဲ့ Facebook, Instagram, Tik Tok, Snapchat တွေအပြင် တခြားနည်းပညာနဲ့ပတ်သက်တဲ့ tools တွေဖြစ်တဲ့ google tools တွေကို သုံးကြတယ်၊ စကားလှလှပြောမယ်ဆိုရင် updates ရှိတာတွေကို စစ်ဆေး ကြတယ်ပေါ့။ 📱 အခု​နောက်ပိုင်းမှာဆိုရင် နည်းပညာနဲ့ဆိုင်တဲ့ Tools တွေကို ထမင်းစားတဲ့အချိန်၊ အပြင်သွားလို့ ကားစီးတဲ့အချိန်၊ လမ်းလျှောက်နေတဲ့အချိန် မျိုးတွေမှာတောင် ကိုယ့်ဖုန်းနဲ့မျက်နှာနဲ့ မခွါနိုင်ပဲဖြစ်နေတာကို ကွက်ကွက်ကွင်းကွင်းမြင်နေရပါတယ်။💁🏻‍♀️   ဖုန်းအားကုန်နေတဲ့အခါမျိုး ဒါမှမဟုတ် တခြားကိစ္စ တစ်ခုခုလုပ်နေကြလို့ technology မသုံးရတဲ့အခါမျိုးမှာ လူက ဆေးလိပ်ဖြတ်နေတဲ့ လူတစ်ယောက်လို နေမရထိုင်မရ ဖြစ်နေတာမျိုးတွေ ကြုံရတတ်ပါတယ်။  ဒါကိုလူတော်တော်များများကတော့ ပုံမှန်လို့ပဲ တွေးမိကောင်း...