Covid ကာလကိုUp-skillingအတွက်အကောင်းဆုံးအသုံးချပါ
Covid ကြောင့် သင့် ရည်မှန်းချက် တွေ နှောင့်နှေးကုန်လို့ စိတ်ညစ်နေပြီလား .. ❓
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
မညစ်ပါနဲ့ အခက်အခဲတစ်ခုကိုအခွင့်အရေးတစ်ခု ဖြစ်လာအောင် သင်ကိုယ်တိုင် ဖန်တီးနိုင်ပါတယ် .. 💪
သင်က လှပတဲ့အိပ်မက်တွေဆီ လျှောက်လမ်းနေတဲ့လူငယ်တစ်ယောက် ဆိုရင်တော့ သင့် အိပ်မက်တွေကို ဘယ်လိုအကြောင်းကြောင့်နဲ့မှ အရှုံးမပေးပါနဲ့။ 🔛
အခု Covid ကာလမှာ သင်ဖမ်းဆုပ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိပါတယ်။ အဓိကက သင်ကိုယ်တိုင် အဲဒီ အခွင့်အရေးတွေကို အသုံးချတတ်ဖို့ပါ😇
ကဲ ဒါဆို အခု အားလုံးအတွက် အခွင့်အရေးတစ်ခုကို မျှဝေပေးမယ်နော် ။💌
အဲ့အခွင့်အရေးကတော့...
🕰️ သင့်ရဲ့အရည်အချင်းတွေကို မြှင့်တင်နိုင်ဖို့ အချိန်တစ်ခု ကို ပိုင်ဆိုင်လိုက်ရခြင်းပါပဲ။
✅ဟုတ်ပါတယ် COVID is the best period for upskilling ပါ။
ကဲ သင့်အရည်အချင်းတွေကို ဘယ်လိုမြှင့်တင်မှာလဲ .. ? 🤔
နည်းလမ်း (၃) နည်း ရှိပါတယ်။🤩
1. Train up your Digital Muscles🏋️♂️
ခုလို ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ Digital Tools တွေနဲ့ သင် ရင်းနှီးဖို့လိုပါတယ်။ အရင်က သင် မရင်းနှီးခဲ့ရင် အခု ရင်းနှီးဖို့ ကြိုးစားကြည့်ပါ ။ သင် ဒီအရာတွေမှာ ထူးချွန််ဖို့မလိုပါဘူး ။ဒါပေမဲ့ သင် ဒီအရာတွေနဲ့ ရင်းနှီးကျွမ်းဝင်ရပါမယ် ။🔧
ဥပမာ - ခုလို ဒစ်ဂျစ်တယ်အစွမ်းနဲ့ စီးပွားရေးပြိုင်ဆိုင်မှုတွေ များပြားနေတဲ့ခေတ်မှာ သေချာပေါက် သင့်လုပ်ငန်းခွင်မှာလည်း ဒစ်ဂျစ်တယ် အကူအညီကိုလိုအပ်လာပါလိမ့်မယ် ။✅
အဲ့ဒီလိုအပ်မှုက သင့်အတွက် မဟာအခွင့်အရေးဖြစ်လာဖို့ အတွက် သင့်မှာ Digital skill ရှိရပါမယ်။ မဟုတ်ရင်တော့ ဒါက သူများအတွက် အခွင့်အရေးဖြစ်သွားပါလိမ့်မယ် ။
2. Don’t go soft on your soft skill 👥
သင်သိပါသလား ? ၅၇ ရာခိုင်နှုန်းသော ခေါင်းဆောင်စီနီယာ တွေဟာ Hard Skill ထက် Soft Skill ပိုသာတယ် လို့ Linkedin က ဆိုထားပါတယ် ။ ☑️
ဟုတ်ပါတယ်. နည်းပညာခေတ်မို့ နည်းပညာက အရေးပါတယ်ဆိုပေမဲ့
🔹communication skills(ပေါင်းသင်းဆက်ဆံမှုစွမ်းရည်)
🔹leadership skills(ခေါင်းဆောင်မှုစွမ်းရည်)
🔹collaboration skills(ပူပေါင်းဆောင်ရွက်မှုစွမ်းရည်) ..
စတဲ့ အရည်အချင်းတွေက ပိုအရေးကြီးပါတယ် ။
ဆိုတော့ဒီ soft skill ပိုင်းကိုလည်း ထိထိမိမိ သင်ယူလိုက်နာရပါမယ် ။ ဒါဟာ တစ်ချိန်မှာ သင့် career အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်လာမှာပါ ။⛳
ဥပမာ - ကိုယ့်ထုတ်ကုန် ရဲ့ အားသာချက်၊ အားနည်းချက် အားလုံးကို ခရေစေ့တွင်းကျ သိတဲ့ အရောင်းဝန်ထမ်းတစ်ဦးက သူ့ရဲ့ဝယ်သူတွေကို ထိန်းမထားနိုင်ဘူး။ ဒါဘာကြောင့်လဲ။ သေချာပါတယ်။ သူ soft skill ပိုင်း အားနည်းလို့ပဲဖြစ်ပါတယ်။💁♀️
3. Learn to learn 🏆
ဒါကတော့ နောက်ဆုံးအချက်ဖြစ်သလို အရေးကြီးဆုံးအချက် လည်း ဖြစ်ပါတယ် ။
👀အရင်ကဆို သင်ယူဖို့အတွက် ၃ နာရီလောက် စာသင်ခန်းထဲမှာ ထိုင်နေကြရတယ် ။ မရေတွက်နိုင်တဲ့ အိမ်စာတွေကို လုပ်ခဲ့ကြတယ်၊ ဆိုတော့ ဒါတွေက သူများက သင့်ကိုသတ်မှတ်ပေးတဲ့အရာတွေပါ။💁♀️
👩🎓အခု Pandemic မှာ သင့်အနေနဲ့ သင်ယူလိုတဲ့ အရာတွေကို သင့် စည်းကမ်းတွေနဲ့ စိတ်ကြိုက် သင်ယူနိုင်ပါပြီ ။
❎Pandemic က သင့်ဆီ သယ်ဆောင်လာပေးတဲ့ သင်ယူမှုစနစ် က သင်ယူမှုတစ်ခုတည်းအတွက် မဟုတ်ပါဘူး။
✅သူ သင့်ကို တကယ်ပေးလိုတဲ့ အကြောင်းအရာ က သင့်အရည်အချင်း ကို သင်ကိုယ်တိုင်မြှင့်တင်ခြင်း ပါ။
🔶ဆိုလိုတာက Learning ထက် Skill Development ကို ပိုသာစေချင်တာပါ ။
ဥပမာ - သင် က ဒစ်ဂျစ်တယ်မားကတ်တင်း ကို စိတ်ဝင်စားတယ် ဆိုကြပါစို့ ။ ဒီတော့...
🔹ပထမဆုံးအဆင့်အနေနဲ့ သင် Youtube Video တွေရှာကြည့်မယ် ။ Online မှာ ဟိုရှာဒီရှာလုပ်မယ် ။
🔹သင် တီးမိခေါက်မိရှိသွားတဲ့အခါ တတ်ကျွမ်းတဲ့ ဆရာသမားတွေဆီက သင်ယူမယ်။ သူတို့ရဲ့အကူအညီတွေ တောင်းခံမယ်။ ဒါက ဒုတိယအဆင့်ပေါ့။
🔹တတိယ အဆင့်အနေနဲ့ သင် လေ့လာထားသမျှအရာတွေကို လက်တွေ့အသုံးချရပါမယ် ။ လူအားလုံးဆီက ဝေဖန်မှုတွေကို နားထောင်ရပါမယ် ။ အလီလီ ပြင်ဆင်ရပါမယ် ။
✴️သင် ဒစ်ဂျစ်တယ်မားကတ်တင်းနယ်ပယ် မှာ သင်လိုချင်တဲ့ ပန်းတိုင်မရောက်မချင်း ဒီအချက် ၃ ချက် နဲ့ ယှဉ်တွဲနေရပါမယ် ။ ဒါဟာ သင့်ကို skill development ဖြစ်စေပါလိမ့်မယ် ။🏅
ကဲ အထက်မှာ ပြောခဲ့တဲ့ နည်းလမ်း ( ၃ ) နည်း က သင် နဲ့ လက်တစ်ကမ်းမှာပါ ။ 🎉
အိမ်မှာပဲနေရတာကို ဘယ်ကသင်ရမှာလဲ❓ .. ဆိုရင်တော့ အရာအားလုံးက သင့်လက်တစ်ဖဝါးစာသာရှိတဲ့ Smart Phone လေးထဲမှာပါ။📱
ဒါကြောင့် ဒီ Covid ကာလ မှာ သင့်အရည်အချင်းတွေကို မြှင့်တင်ဖို့အတွက် သင့်မှာသာ တာဝန်ရှိပါတယ် ။🙋♂️
ဒီတော့ သင် ဘာကိုစောင့်နေဦးမှာလဲ❓
ရရှိလာတဲ့ အခွင့်အရေး ကို အမိအရ ဖမ်းဆုပ်လိုက်ပါ❗
STOP WAITING! MAKE CHANGING!
https://content.mycareersfuture.gov.sg/new-skills-new-normal-upskill-now-beyond/
Written By
Khine

Comments
Post a Comment