“First Impression and its importances”
“First Impression and its importances”
သူငယ်ချင်းတို့အတွက်ဒီနေ့ Topic ကတော့ လူလူချင်း ပထမစစချင်းတွေ့တဲ့အခါ ထားရှိလိုက်တဲ့ အမြင်၊ အတွေးဖြစ်တဲ့ First Impression အကြောင်းပဲဖြစ်ပါတယ်။
🔹First Impression က ဘာလို့ အရေးကြီးသလဲ ... ? 🤔
လူတစ်ယောက်ကို စမြင်ပြီးပြီးချင်း ၇ စက္ကန့် အတွင်းမှာ ဒီလူကဘယ်လိုလူမျိုးလည်း ဆိုတာကို ဝေဖန်သွားလေ့ရှိပါတယ်။ ကိုယ်က ဘယ်လောက်ပဲ ဝေဖန်တတ်လေ့မရှိဘူး ပြောပါစေ လူ့ရဲ့ထိန်းထားနိုင်စွမ်းမရှိတဲ့ မသိစိတ်ကနေတစ်ဆင့် ဝေဖန်သွားပါတယ် လို့ စိတ်ပညာရှင်တွေကဆိုကြပါတယ်။
🔹ဘာလို့ကိုယ့် first impression ကို ဂရုတစိုက်နဲ့ ထားသင့်သလဲ?🤔
First Impression ဆိုတဲ့အရာက နှစ်ခါ ပြန်မရနိုင်တဲ့ အရာမျိုးဖြစ်ပါတယ်။ကိုယ့်အိမ်ကနေ လမ်းထိပ်လောက်ထွက်တဲ့ အခါမျိုးမှာတောင် ကိုယ့်ကို ပထမဆုံး အကြိမ်တွေ့တဲ့လူ အနည်းဆုံး ၁၅ ယောက်လောက် ရှိနေပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်ဘယ်သွားသွား ဘယ်လာလာ ကိုယ့်အဝတ်အစားတွေကို သန့်သန့်ပြန့်ပြန့်နဲ့ ကိုယ်လက်အမူအရာ အထားအသိုတို့ကို အစဥ်အမြဲသတိထား သင့်ပါတယ်။ တချို့သော အနောက်နိုင်ငံတွေမှာဆိုရင် pyjamas လို အိမ်နေရင်းဝတ်စုံဝတ်ဆင်ပြီး အပြင်ထွက်တဲ့လူတွေကို လိုက်ဖမ်းတယ်လို့ တောင်ကြားသိရပါတယ်။ 🤣
🔹First Impression နဲ့စီးပွားရေးလောက
💼စီးပွားရေးနယ်ပယ်မှာဆိုရင် interview သွားဖြေတဲ့အခါမျိုးမှာ tips အနေနဲ့ အမြဲပြောလေ့ရှိတာက စောစောသွားပါ၊သပ်သပ်ရပ်ရပ် ဝတ်ပါ၊ ပြုံးပါ၊ လက်ဆွဲနှုတ်ဆက်တဲ့အခါ ကိုယ့်မှာ ယုံကြည်ချက် အပြည့်ရှိနေပါတယ် ဆိုတဲ့အကြောင်းပေါ်လွင်အောင် ခိုင်ခိုင်မာမာ နှုတ်ဆက်ပါ၊ အဲ့သလိုဆိုကြပါတယ်။ Interview တစ်ခုမှာကိုယ့် first impression ကကိုယ်ဒီအလုပ်ရခြင်း၊ မရခြင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ထိကို အကျိုးသက်ရောက်စေပါတယ်။
👩💼Business Meeting တို့၊ Conference တို့၊ Networking Events တွေတက်တဲ့ အခါမှာလည်း ကိုယ့်ပုံစံအနေအထား၊ စကားပြောပုံ၊ ပြောနည်း စတာတွေကိုကြည့်ပြီး ကိုယ့်ဆီ ချဉ်းကပ်လာကြမှာပဲဖြစ်ပါတယ်။
🔹First Impression က ဒီလောက် အရေးကြီးနေမှတော့ ကိုယ့် first impression ကို ကောင်းအောင်၊ အခုထက် ပိုတိုးတက်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတာကိုမျှဝေပေးချင်ပါတယ်။
👉လူတစ်ယောက်ကိုယ့်ကိုပထမစစချင်း တွေ့တဲ့အခါ သူ့စိတ်ထဲမှာ ကိုယ်နဲ့ ပတ်သက်ပြီး ဘယ်လိုထင်သွားစေချင်လဲ စဥ်းစားကြည့်ပါ။ ဥပမာ ကိုယ့်ကို smart ဖြစ်တယ်လို့ထင်စေချင်လား၊ ချစ်စရာကောင်း တယ်လို့ထင်စေချင်လားဆိုတာမျိုးပေါ့။
👉နောက်ပြီးတော့ကိုယ်အခုလက်ရှိ အပြင်ထွက်တဲ့အခါဖြစ်နေတဲ့ပုံစံမျိုးနဲ့ သူများကိုတွေးစေချင်တဲ့ အတွေးပုံစံမျိုးနဲ့ ကိုက်ညီနေလားယှဥ်ကြည့်ပါ။
👉မကိုက်ညီဘူးဆိုရင် ဘာတွေပြောင်းလဲဖို့ လိုမလဲဆိုတာကို သေချာစဉ်းစားပြီးတော့ ပြောင်းလဲအောင် အခုချိန်ကစပြီး ပြင်ကြည့်ပါ။ ဒီလိုသာပြင်သွားမယ်ဆိုရင် ကိုယ့်ပုံစံကိုသူများမျက်လုံးထဲမှာ မြင်စေချင်တဲ့ ပုံစံအတိုင်းဖြစ်နေမယ်ဆိုတာ သေချာပါတယ်။👀
ဒီတော့ သူငယ်ချင်းတို့အားလုံးလည်း first impression ရဲ့အရေးကြီးပုံကို သေချာသဘောပေါက်ပြီး အခုလက်ရှိ အခြေအနေထက် ကိုယ့် impression ကိုကောင်းလာအောင် လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Reference: https://www.youtube.com/watch?v=2l8Ekp0oPrs&feature=share
Written by
အလှလေး

Comments
Post a Comment