ကျယ်ပြန့်လာတဲ့ Messenger Chat Bot အသုံးပြုမှုနဲ့ Online Business များ📲
Online Shop တွေမှာ စျေးဝယ်ရင် Messenger မှာ စကားသွားပြောတဲ့အခါမှာ အလိုအလျောက် ပြန်ဖြေတာတွေကို တော်တော်များများ မှာတွေ့လာရတာကို အားလုံးလည်း သတိထားမိမှာပါ။ ဒါဟာဆိုရင် Messenger Chatbotစနစ်ကိုအသုံးပြုထားတာဖြစ်ပါတယ်။
🤖Messenger bot ဆိုတာက Artificial Intelligence(AI) စနစ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဝယ်ယူသူတွေကို အလိုအလျောက် စာပြန်ပေးတဲ့ software ပဲဖြစ်ပါတယ်။⚙️
Bot တွေဟာဆိုရင် လူတွေရဲ့ စွမ်းရည်တွေကို ကွန်ပြူတာစနစ်နဲ့ Program ထည့်ထားတာဖြစ်လို့ လူတွေမေးတဲ့ မေးခွန်းတွေအပေါ်လိုက်ပြီး အဖြေပေးတတ်
ကြပါတယ်။
Chatbot တွေဟာဆိုရင် အခုမှရှိလာတာမဟုတ်ပါဘူး။ စာရေးသူတို့ ၈ တန်း ၉ တန်းလောက်တုန်းက SimSim ဆိုတဲ့ Bot စနစ်သုံး App လေးတစ်ခုခေတ်စားခဲ့ပါတယ်။👾
အဲ့ App လေးက ကိုယ်အထီးကျန်တဲ့အချိန်၊
ကိုယ်စကားပြောဖော်လိုအပ်နေတဲ့အချိန်မှာ ကိုယ်ရဲ့
ခံစားချက်ပေါ်လိုက်ပြီး အဖြေ ဖြေပေးတတ်ပါတယ်။ ဒီ App မှာ ဆိုရင် ဘာသာစကားပေါင်း ၈၀ ကျော်လောက် ပါဝင်ပါတယ်။🙀
အခြား Bot စနစ်သုံး App တွေလည်း အများကြီးရှိမှာပါ။ ဒါပေမယ့် အဲ့တုန်းက အခုလောက် Bot စနစ်တွေက မတွင်ကျယ်သေးပါဘူး။ ခုချိန်မှာဆိုရင်တော့ Bot စနစ်ကို တော်တော်များများ အသုံးပြုလာကြပါပြီ။ Bot တွေကို App သတ်သတ်မဟုတ်ဘဲ စီပွါးရေးလုပ်တဲ့အခါမှာဆိုရင်လည်း
ဒီ Bot စနစ်နဲ့ပဲ လုပ်လာကြပါပြီ။
ဒီ ၂၁ ရာစုမှာဆိုရင် နည်းပညာတွေက
တိုးတက်လာတာနဲ့အမျှ လူသားတွေ ကိုယ်တိုင်ပါဝင်ရတဲ့ ကဏ္ဍတွေကလည်း လျော့နည်းလာပါတယ်။ 🙍♀️
Chatbot တွေဟာလည်း တဖြည်းဖြည်းနဲ့ အဆင့်မြင့်လာပါတယ်။
💁🏻♂️အဲ့ဒီတော့ စီးပွားရေးလုပ်တဲ့အခါမှာ ဘာလို့ Messenger Chatbot ကို သုံးတာလဲ?
🔘များသောအားဖြင့် လူတွေဟာ Online platform မှာဆိုရင် Facebook ကိုအသုံးပြုကြတာများပါတယ်။
စီးပွားရေးလုပ်တဲ့သူတွေကဆိုရင် သူတို့ရဲ့ ဝယ်သူတွေရှိမယ့် Facebook ကို အဓိကထားပြီးတော့ စီးပွားရေးလုပ်ကြပါတယ်။💸
🔘စာရေးသူတို့နိုင်ငံမှာဆိုရင်လည်း များသောအားဖြင့် Online Shopping လုပ်တဲ့အခါမှာဆိုရင် App တွေသုံးပြီး ဝယ်တာထက် Facebook ကနေပဲ မှာကြတာများတယ်။ ဆိုတော့ Chatbot တွေကို တခြား App တွေမှာသုံးတာထက် Facebook Messenger မှာ သုံးတာက ပိုပြီး ထိရောက်တယ်လို့ဆိုနိုင်ပါတယ်။
Online business တွေဟာဆိုရင် ကိုယ့်လုပ်ငန်း အောင်မြင်ဖို့အတွက် Chatbot တွေကို marketing နဲ့
communication ပိုင်းမှာ customers တွေရဲ့ အာရုံစိုက်မှုကိုရရှိအောင် အဓိကထား
အသုံးပြုလာပါတယ်။🗣
🔘Social Media မပါတဲ့ ဘယ် Marketing strategy မဆို ပြီးပြည့်စုံတယ်လို့ မရှိပါဘူး။ Chatbot တွေဟာဆိုရင် platform တစ်ခုထဲမှာ ပညာပေးနိုင်တယ်၊
အချက်အလက်တွေပေးနိုင်တယ်၊ဖျော်ဖြေမှုတွေလည်း ပေးနိုင်ပါသေးတယ်။
💁🏻♂️Chatbotတွေကသင့်စီးပွားရေးလုပ်ငန်းအတွက် ဘယ်လိုတွေကူညီပေးနိုင်တာလဲ?
🤖Chatbot ဟာဆိုရင် ၂၄နာရီလုံး အလိုအလျောက် တုံ့ပြန်ပေးနိုင်ခြင်းကြောင့် ဝယ်သူတွေလာမေးတဲ့အခါ service ပေးဖို့လူမရှိတဲ့ ပြဿနာတွေကို
ဖြေရှင်းပေးနိုင်ပါတယ်။
🤖Chatbot တွေက ကိုယ့်ရဲ့လုပ်ငန်းကို အချိန်တိုအတွင်းမှာ တိုးတက်ဖြစ်ထွန်းဖို့အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ်။🏦
🤖Chatbot ကို အသုံးပြုခြင်းအားဖြင့် သင့်လုပ်ငန်းမှာ ဝန်ဆောင်မှုပေးဖို့ ဝန်ထမ်း များများစားစား ခေါ်စရာမလိုတော့တဲ့အတွက်ကြောင့် သင့်ရဲ့ expense တွေကို လျော့ကျစေမှာပါ။📉
🤖လူသားတွေရဲ့ အလုပ်လုပ်နိုင်တဲ့ စွမ်းရည်က
အကန့်အသတ်ရှိပါတယ်။ လူတစ်ယောက်ဟာ တစ်ချိန်ထဲမှာ အများဆုံး အလုပ် ၄၊ ၅ ခုလောက် လုပ်နိုင်ပါလိမ့်မယ်။ ဒီထက်ပို အာရုံစိုက်လိုက်ရင် အလုပ်မှာ error တွေ ဖြစ်သွားပါလိမ့်မယ်။
Chatbot တွေကတော့ တစ်ချိန်ထဲမှာ ထောင်ပေါင်းများစွာသော customers တွေနဲ့ ဆက်ဆံနိုင်ပြီးတော့ task ပေါင်းများစွာကို error အရှင်းဆုံးနဲ့ လုပ်ဆောင်ပေးပါလိမ့်မယ်။
🤖Chatbot တွေကနေ booking လုပ်တာ၊ အော်ဒါတင်တာတွေကို Facebook ဒါမှမဟုတ် website တွေကနေ အလွယ်တကူလုပ်နိုင်ပါတယ်။ ပစ္စည်းတစ်ခုဝယ်တာမှာ အကြာကြီးစောင့်စရာမလိုပဲနဲ့ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်ပါတယ်။
🤖ကိုယ့်ရဲ့ လုပ်ငန်းကို ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဝယ်သူတွေနဲ့ ဆက်ဆံရေးထိန်းသိမ်းဖို့က
အရေးကြီးပါတယ်။ အဲ့လိုထိန်းသိမ်းဖို့ဆိုရင် ကိုယ့်ရဲ့ ဝန်ဆောင်မှုကို customer က စိတ်ကျေနပ်မှုရှိဖို့လိုပါတယ်။
Chatbot တွေကိုသုံးခြင်းကြောင့် Customer engagement ကို တိုးမြင့်ပေးနိုင်လေလေ ကိုယ့်ရဲ့ ရောင်းရနှုန်းကလည်း တက်လာလေလေပါပဲ။🔝📈
🤖စီးပွားရေးလုပ်တဲ့အခါမှာ အချိန်ဟာ ငွေပါဘဲ။ 💰
Chatbot ထည့်လိုက်ခြင်းကြောင့် ကိုယ်ဟာ online
ပေါ်မှာအချိန်ပြည့်ရှိနေစရာမလိုတော့ဘဲ တခြားလုပ်စရာရှိတာတွေပေါ်မှာ ပိုအာရုံစိုက်နိုင်ပါတယ်။ ထိုနည်းတူပဲ ကိုယ်ရဲ့ Team productivity ကိုလဲ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။🎳
ဒီအချက်တွေဟာဆိုရင် Online business တွေများပြားလာတာနဲ့အမျှ Chatbot တွေရဲ့ ကဏ္ဍဟာဆိုရင်လည်း အလွန်အရေးပါလာတာကို ဖော်ပြနေပါတယ်။🎯
Facebook Messenger bot ကိုပြုလုပ်ဖို့အတွက် Streamchat, Chatfuel, MobileMonkey, ManyChat စတဲ့ Tools တွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။👨💻
နိဂုံးချုပ်အနေနဲ့ နည်းပညာတွေကတော့ တစ်နှစ်ပြီး တစ်နှစ် ဆက်ပြီးတော့ တိုးတက်နေဦးမှာပါပဲ။ 🔝
ဒီ တိုးတက်လာတဲ့ နည်းပညာတွေကို ကိုယ်က ကောင်းမွန်စွာ အသုံးချတတ်မယ်ဆိုရင် အရာအားလုံးက ကိုယ့်အတွက် အကျိုးရှိမှာတွေချည်းပါပဲ။ 🤝
ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ
ကိုယ့်ရဲ့စီးပွါးရေးလုပ်ငန်းက သူများထက်ရှေ့ရောက်
နေဖို့အတွက်ဆို Digital နည်းပညာတွေကို ကျွမ်းကျင်စွာ အသုံးပြုတတ်ဖို့အဆက်မပြတ်လေ့လာဖို့ လိုအပ်ကြောင်း
ပြောရင်းနဲ့ ဒီနေရာမှာပဲ အဆုံးသတ်ပါရစေရှင်။💡
ဖတ်ရှုပေးသူတစ်ဦးစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ☺️
Reference
blog.hootsuite.comFacebook Messenger Bots for Business: A Guide for Marketers
www.revechat.com › blog › cha...9 Excellent Benefits of Using Chatbots in Your Business - REVE Chat
Written By,
Grace 🤖

Comments
Post a Comment