Social Networkရဲ့သားကောင်တွေမဖြစ်စေလို

                         

မနက်အိပ်ရာထထချင်း သူငယ်ချင်းတို့ အရင်ဆုံးလုပ်တဲ့ အရာက ဘာလဲ?

ညမအိပ်ခင် တစ်​​နေ့တာရဲ့ နောက်ဆုံးလုပ်တဲ့ အလုပ်ကဘာလဲ?


လူကြီးလူငယ်မရွေး တော်တော်များများရဲအဖြေက …

social media apps တွေဖြစ်တဲ့ Facebook, Instagram, Tik Tok, Snapchat တွေအပြင် တခြားနည်းပညာနဲ့ပတ်သက်တဲ့ tools တွေဖြစ်တဲ့ google tools တွေကို သုံးကြတယ်၊ စကားလှလှပြောမယ်ဆိုရင် updates ရှိတာတွေကို စစ်ဆေး ကြတယ်ပေါ့။ 📱


အခု​နောက်ပိုင်းမှာဆိုရင် နည်းပညာနဲ့ဆိုင်တဲ့ Tools တွေကို ထမင်းစားတဲ့အချိန်၊ အပြင်သွားလို့ ကားစီးတဲ့အချိန်၊ လမ်းလျှောက်နေတဲ့အချိန် မျိုးတွေမှာတောင်

ကိုယ့်ဖုန်းနဲ့မျက်နှာနဲ့ မခွါနိုင်ပဲဖြစ်နေတာကို

ကွက်ကွက်ကွင်းကွင်းမြင်နေရပါတယ်။💁🏻‍♀️

 

ဖုန်းအားကုန်နေတဲ့အခါမျိုး ဒါမှမဟုတ် တခြားကိစ္စ တစ်ခုခုလုပ်နေကြလို့ technology မသုံးရတဲ့အခါမျိုးမှာ လူက ဆေးလိပ်ဖြတ်နေတဲ့ လူတစ်ယောက်လို နေမရထိုင်မရ ဖြစ်နေတာမျိုးတွေ ကြုံရတတ်ပါတယ်။ 

ဒါကိုလူတော်တော်များများကတော့ ပုံမှန်လို့ပဲ

တွေးမိကောင်းတွေးမိလိမ့်မယ်။တကယ်တော့ ဒါဟာ technology ရဲ့လွှမ်းမိုးခြင်းကိုခံနေရတာပဲ ဖြစ်ပါတယ်။🙇🏻‍♀️


⏺အဲ့ဒါဆိုဘာကြောင့် ဖုန်းတွေကို 

မသုံးဘဲမနေနိုင်ဖြစ်နေကြရတာလဲ?


Google လို ကုမ္ပဏီမှာ ထိုင်နေတဲ့ employees တွေရဲ့ ခလုတ်တစ်ခုက တစ်ကမ္ဘာလုံးက social media အသုံးပြုသူ 2 သန်းခန့်ကို လွှမ်းမိုးချုပ်ကိုင်ထားကြတယ်။။ ဒီလို ကုမ္ပဏီတွေ အနေနဲ့ ဒီနည်းပညာ tools တွေအပေါ်  စွဲလမ်းမှု ကိုလျော့နည်းသွားအောင် ထည့်ပြီးစဥ်းစားလေ့မရှိပါဘူး။❗️


နောက်တစ်ချက်အနေနဲ့ သတိထား မိစေချင် တာက Facebook, Instagram စတဲ့ apps တွေ တစ်နည်းအားဖြင့် products တွေကို သုံးဖို့အတွက် အင်တာနက် ရှိဖို့ပဲ

လိုအပ်ပြီးတော့ ထူးထူထွေထွေ အကုန်ကျခံစရာမလိုပါဘူး။ ဆိုတော့ကား အခုနေရာမှာ product ဆိုတဲ့အရာက ဒီ applications တွေမဟုတ်ဘဲ  social media သုံးနေတဲ့လူတိုင်းကသာ တကယ့် product တွေဖြစ်နေရတာပါ။😵


လူမှုကွန်ရက်စာမျက်နှာ ဖွင့်လိုက်ရင် တွေ့ရတဲ့ ကြော်ညာတွေက အလကား မြင်ရတာမဟုတ်ပါဘူး။🤷🏼‍♀️

Advertising ကုမ္ပဏီတွေကပေးထားတဲ့ ပိုက်ဆံတွေနဲ့ ကုမ္ပဏီတွေကလည်ပတ် နေတာဖြစ်ပြီး users တွေရဲ့ စိတ်ဝင်စားမှု၊ attention ကိုရနိုင်ဖို့အတွက် အားလုံးက ပြိုင်ဆိုင်နေကြတာဘဲ​​ဖြစ်ပါတယ်။🔍 ဒီစက်ဝန်းထဲမှာ ကိုယ်တွေ အားလုံးကို ရောက်အောင်ဆွဲခေါ်ထားနိုင်တဲ့ အတွက် Google တို့ Youtube တို့လို ကုမ္ပဏီတွေက သိပ်ကိုအောင်မြင်နေတာဖြစ် ပါတယ်။ 💁🏻‍♂️


သတိထားစေချင်တဲ့အချက်တစ်ခုက social media မှာကြည့်သမျှလုပ်သမျှ အရာအားလုံးဖြစ်တဲ့ ဘယ်ပုံကိုတော့ ဘယ်လောက်ကြာကြာကြည့်တယ်၊ ဘယ် page ထဲတော့ခဏခဏဝင်တယ်၊ ဘယ်သူနဲ့ အကြာဆုံး chat တယ်ဆိုတာတွေအားလုံး က စောင့်ကြည့် စစ်ဆေးခံနေရတယ်ဆိုတာ ပါပဲ။ 🤭


ဟုတ်ပါတယ်။You are being watched and trackedပါ။👀

ဒီလို information တွေရလာတဲ့အခါမှာ ဘာကိုတော့ newsfeed မှာများများပြရင် engagement များများ ရမယ်ဆိုတာမျိုးကို အမြဲ စောင့်ကြည့်နေတာဖြစ်တဲ့အတွက် သတိထားစေလိုပါတယ်။ ⚠️

နောက်ပြီး notifications တွေဟာ သင်လိုက်ရှာရတာမဟုတ်ဘဲ သင့် attention ရအောင် သူ့အလိုလို ပေါ်လာတာပဲ ဖြစ်ပါတယ်။ 


⏺ဒီ social platformsတွေ ကြောင့်သင့် mental health ဘယ်လောက်ထိခိုက် နေပြီလဲ?


▪️မိသားစု ထမင်းဝိုင်းဟာ အရင်လို စကားစမြည်တွေနဲ့ ပြည့်မနေ​တော့ဘဲ တိတ်ဆိတ်နေတတ်တယ်။ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ စနောက်ကျ​​ပြီးစကားတွေ ပြောကြမယ့်အစား ဂိမ်းဆော့တာတို့၊ Selfie ရိုက်တာတို့က နေရာယူသွားတယ်။ 😔


▪️သူများတင်ထားတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး အားကျနေတတ်ကြတယ်။ သူများ ရလဒ်တွေနဲ့ ကိုယ့် ရလဒ်တွေကိုယှဥ်ပြီး စိတ်ဓာတ်တွေကျနေတတ်ကြတယ်။🤦🏻‍♂️


▪️Social Media သုံးရင်ထွက်လာမယ့် dopamine hormone (လုပ်ချင်တာကိုလုပ်လိုက်ရတဲ့ အတွက်ထွက်လာတဲ့ ဟော်မုန်း) ကို လိုချင် တပ်မက်လာတဲ့အတွက်ကြောင့် အမြဲတမ်း ထိတွေ့နေချင်တဲ့ ဆန္ဒတွေပေါ်ထွက်လာမယ်။☢️


▪️တစ်နေ့တစ်နေ့ social media အတွက် ကုန်တဲ့ အချိန်ကတိုးသထက် တိုးလာပြီး ကျန်တဲ့ကိစ္စတွေအပေါ် အာရုံစူးစိုက်မှု လျော့နည်းလာမယ်။ 

အထီးကျန်တာတွေ၊ စိတ်မကျေမနပ်ဖြစ်တာတွေ၊ မနာလိုတာတွေ ဟာ ဒီစက်ဝန်းထဲကို မသိဘဲ ရောက်နေတဲ့ အတွက်ဖြစ်ပါတယ်။🎯


⏺ဒီလောက်ဆို ကိုယ်ကျရောက်နေတဲ့စက်ဝန်း အကြောင်းကို ရှင်းရှင်းလင်းလင်း သဘော ပေါက်ပြီလို့ ထင်ပါတယ်။ ဒီတော့ ဒီစက်ဝန်းထဲက လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲ?


▪️ကိုယ်သုံးနေတဲ့ apps တွေကို အချိန်တွေ ဘယ်လောက်ပေးနေလဲဆိုတာကို အမြဲဆန်းစစ် နေပါ။ ✔️ပြီးရင် တစ်ရက်ကို ဘယ်လောက်အချိန်ဘဲသုံးမယ်ဆိုတာမျိုး၊ သုံးတဲ့အခါမျိုးမှာလည်း ကိုယ်လိုအပ်မယ့် အချက်အလက်တွေကိုဘဲ အာရုံစူးစိုက်မှု ထားပြီး လုပ်မယ်လို့ ဆုံးဖြတ် ထားသင့်ပါတယ်။💬


▪️သူများတကာနဲ့ လိုက်နှိုင်းယှဥ်တာကို ရပ်ပါ။❌ များသောအားဖြင့်လူတွေက ကိုယ့်ရဲ့ ဘဝထဲက အကောင်းဆုံးသော အရာတွေ၊ အကောင်းဆုံးသော ရလဒ်တွေကိုဘဲ ထုတ်ဖော်ပြီး အသိအမှတ်ပြုခံချင်ကြမှာပါ။ လူတိုင်းမှာ ကိုယ့်အချိန်နဲ့ကိုယ့် timeline နဲ့ကိုယ်ရှိတယ်ဆိုတာကိုသိစေလိုပါတယ်။😉


▪️မလိုအပ်တွေ apps တွေကို ဖြတ်သင့် ပါတယ်။ လိုအပ်တာကိုထားမယ်၊ မလိုအပ် တာတွေကိုရှင်းထုတ်ထားမယ်ဆိုရင်လည်း ကိုယ့်အတွက်အများကြီး အကျိုး ဖြစ်စေမှာပါ။📲


​​ဒီစာလေးကတစ်ဆင့် ဗဟုသုတ တွေအများကြီးရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

ကိုယ့်အတွက် မကောင်းမှန်း သိတဲ့စက်ဝန်းထဲကနေ မြန်မြန် လွတ်မြောက်လာပါစေလို့ ဆုတောင်းလျက်....✨


Reference-Netflix Documentary Social Dilemma 

Written by

#အလှလေး





Comments

Popular posts from this blog

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

ဘယ်လုပ်ငန်းအမျိုးအစားမဆို ​အောင်မြင်ဖို့အတွက် သိထားရမယ့် အရေးပါဆုံး Service Management အကြောင်း🏆

Facebook က ကျွန်မတို့ကိုအဆိပ်သင့်စေနေပြီလား🙁