Do and Don`t before blood donation

 

Hello! အားလုံးပဲ မင်္ဂလာပါရှင်။🐝
🔸Beatrixers တွေထဲမှာ အခုမှ ပထမဆုံး သွေးလှူမယ့် အလှူရှင်တွေရှိလား? သွေးတော့လှူချင်တယ် ဆောင်ရန်၊ ရှောင်ရန်တွေမသိဘူးဆိုတဲ့ သွေးလှူရှင်တွေအတွက် ဒီအပတ်မှာတော့ သွေးမလှူဒါန်းခင်နဲ့ သွေးလှူပြီး အချိန်တွေမှာ သိသင့်သိထိုက်တဲ့အကြောင်းအရာတွေ၊ ဆောင်ရန်၊ ရှောင်ရန်တွေ၊သွေးလှူပြီးနောက် ဖြစ်လာနိုင်တဲ့ ခန္ဓာကိုယ်ကတုံ့ပြန်မှုတွေကို ဗဟုသုတရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ အားလုံးပဲ စိတ်ဝင်စားကြမယ်လို့ မျှော်လင့်ပါတယ်။✅
Written by
Pyae
 May be an image of text that says "Do Before Blood Donation Don't Fal VITAMIN C 1 f Beatrix Business Consultant"သွေးမလှူဒါန်းခင် ဘာတွေဆောင်သင့်/ ရှောင်သင့်လဲ❓

▪️သွေးမလှူခင် အင်အားပြည့်ပြည့်ဝဝနဲ့ လန်းဆန်းတက်ကြွမှုရှိစေရန် အိပ်ရေးဝဝအိပ်ဖို့ အရမ်းလိုအပ်ပါတယ်။💤

▪️သွေးလှူတဲ့အခါ ခန္ဓာကိုယ်ကရေဓာတ်တွေဆုံးရှုံးစေနိုင်တဲ့အတွက် မလှူခင် ရေ 16oz (သို့မဟုတ်) ၂ ခွက်ခန့်သောက်သုံးပေးသင့်ပါတယ်။

▪️အရက်သောက်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့် သွေးမလှူခင် ၂၄ နာရီအတွင်း အရက်သေစာ မသောက်သုံးသင့်ပါဘူး။🍻❌

▪️အဆီများတဲ့ အစားအစာတွေဟာ သွေးကိုစစ်ဆေးတဲ့အခါမှာ အနှောင့်အယှက်ဖြစ်စေတာကြောင့် သွေးမလှူခင် အဲ့လိုအစားအစာတွေကို စားသုံးဖို့မသင့်ပါဘူး။

▪️သွေးမလှူခင် ၂ ရက်(သို့မဟုတ်) ၂ ပတ်ခန့် အလိုမှာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ- အမဲသား, ကြက်သား, ငါး,ရွှေဖရုံသီး) ကိုစားသုံးပေးသင့်ပါတယ်။ ဒါမှသာ ခန္ဓာကိုယ်က သံဓာတ်ကို လုံလောက်စွာ သိမ်းဆည်းထားနိုင်ပြီး သွေးလှူပြီးတဲ့အခါ အားနည်းခြင်းမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။✔️

▪️သွေးမလှူခင် ၂ နာရီ (သို့မဟုတ်) ၃ နာရီအလိုမှာ ထမင်း ဒါမှမဟုတ် အခြားအစားအစာတစ်ခုခု စားထားဖို့လိုအပ်ပါတယ်။

▪️Vitamin C ပါဝင်တဲ့ အစားအစာတွေဟာ သံဓာတ်စုပ်ယူမှု အားကောင်းတာကြောင့် များများစားသုံးပေးသင့်ပါတယ်။
May be an image of text that says "After Blood Donation & Don't Do Hydrate Drink plenty of water Drink alcohol for 24 hours Donate blood and sit for about 10minutes Eat consumption of foods that reduce iron production Eat consumption of ron-rich rich foods like Vitamin B2 & B6 Perform heavy lifting or vigorous exercise for 24 hours f Beatrix Business Consultant"သွေးလှူဒါန်းပြီးရင် ဘာတွေဆောင်သင့်/ ရှောင်သင့်လဲ❓

▪️သွေးလှူပြီးပြီးချင်းမှာ ၁၀ မိနစ်ခန့် ထိုင်နေ/ လှဲနေသင့်ပါတယ်။

▪️သွေးလှူပြီးတဲ့အခါ ခန္ဓာကိုယ်ထဲမှာ အရည်ပမာဏ လျော့နည်းသွားတာဖြစ်တဲ့အတွက် ပုံမှန်ထက် ရေများများပြန်သောက်ပေးဖို့ လိုအပ်ပါတယ်။🚰💧

▪️ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေဟာ မူးမော်တာတွေ ဖြစ်စေပြီး သွေးဖောက်ထားတဲ့နေရာမှာ သွေးတွေဆက်ထွက်နေတာမျိုးတွေ ဖြစ်စေတာကြောင့် သွေးလှူပြီးနောက် ၂၄ နာရီအတွင်း အလေးအပင်မတာတွေ၊ လေ့ကျင့်ခန်းတွေ မလုပ်သင့်ပါဘူး။🏋️‍♀️❌

▪️သွေးလှူပြီး ၁၂ နာရီအတွင်း အရက်/ ဘီယာသောက်ခြင်းမျိုးကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

▪️သွေးဆဲလ်တွေကို ထုတ်လုပ်ရာမှာ အဓိကအရေးပါတဲ့ သံဓာတ်စုပ်ယူမှုကို တားမြစ်စေတဲ့ အစားအသောက်တွေ (ဥပမာ- ကော်ဖီ, လက်ဖက်ရည်, ချောကလက်) စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

▪️သွေးနီဥတွေ ထုတ်လုပ်ရာမှာ များစွာအထောက်အကူပြုတဲ့ ဗီတာမင် B2 နဲ့ B6 ပါဝင်တဲ့ အစားအစာတွေ (ဥပမာ- အာလူး, ငှက်ပျောသီး)၊ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ- အသား,ငါး, မြေပဲ, အစေ့အဆံ) ကိုစားသုံးပေးသင့်ပါတယ်။☑️

▪️အပူဟာ ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြောတွေကို ကျယ်စေပြီး သွေးပေါင်ချိန်ကျစေနိုင်တာကြောင့် သွေးလှူပြီးချိန်မှာ ရေပူနဲ့ရေချိုးခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ May be a cartoon of text that says "Physiological Response of Blood Donation f Beatrix Business Consultant"နောက်ဆုံးအနေနဲ့ကတော့ သွေးလှူပြီးရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ခန္ဓာကိုယ်က တုံ့ပြန်မှုတွေကို ပြောပြပေးသွားမှာပါ။⬇️

▪️သွေးလှူပြီး ရုတ်တရက်ထလိုက်တဲ့အခါ (သို့မဟုတ်) သွေးအားနည်းနေတဲ့အခါမှာ မူးဝေတာတွေ၊ မေ့လဲတာတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ စိုးရိမ်စရာ မလိုပါဘူး။ အဲ့လိုတွေဖြစ်ခဲ့ရင် လူကိုလှဲ‌ပေးပြီး ခြေထောက် ၂ ဖက်ကို‌ ထောင်ထားပေးခြင်းဖြင့် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။✅

▪️တစ်ခါတစ်ရံ သွေးဖောက်ထားတဲ့နေရာမှာ အမာရွတ်ဖြစ်သွားနိုင်သလို အညိုအမည်းတွေလည်း ဖြစ်နိုင်ပါတယ်။အဲ့ဒီလိုဖြစ်ခြင်းက ဘာအန္တရာယ်မှ မရှိပါဘူး။ အချိန်အနည်းငယ်ကြာရင် ပျောက်ကင်းသွားနိုင်ပါတယ်။✅

▪️သွေးလှူထားတဲ့ လက်မောင်းမှာ ကိုက်ခဲတာတွေလည်း ဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်လာရင် အကိုက်အခဲပျောက်ဆေး သောက်ပေးရုံနဲ့ ပျောက်ကင်းနိုင်ပါတယ်။✅

ခုဆိုရင်တော့ သွေးလှူရာမှာ ဆောင်ရ၊ ရှောင်ရမှာတွေလည်း သိသွားပြီမို့ အားလုံးပဲ ဒီ covid ကာလအတွင်းမှာ အန္တရာယ်ကင်းကင်းနဲ့ သွေးလှူနိုင်ကြပြီး မွန်မြတ်တဲ့ကုသိုလ်တွေ ရရှိကြပါစေရှင်။🤗
 

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱