Skip to main content

lewin's leadership styles နောက်ထပ် (၅) မျိုး 🥳

မင်္ဂလာပါ Beatrix ကနေပြန်လည်ကြိုဆိုပါတယ်။🥳

အရင်နေ့က lewin's leadership styles (၃)မျိုးကို တင်ပြခဲ့ပြီးပါပြီ။ ဒီနေ့မှာလည်း အဖွဲ့အစည်းတွေအတွက် အကျိုးသက်ရောက်မှုရှိတဲ့ နောက်ထပ် (၅) မျိုးကို ဆက်လက်ပြောပြသွားပါမယ်။🙋

သင်ရော ဘယ်လို ခေါင်းဆောင်မျိုးထဲ ပါမလဲ ကြည့်လိုက်ရအောင်နော် ...

💫Transformational leadership

ဒီလိုခေါင်းဆောင်တွေက လက်အောက်ငယ်အားတွေကို တီထွင်ဆန်းသစ်မှုတွေများလာအောင်၊ ပြောင်းလဲမှုတွေ ဖြစ်လာအောင် လှုံ့ဆော်အားပေးတဲ့ ပုံစံမျိုးပါ။

🗣️အသင်းအဖွဲ့နဲ့အလုပ်လုပ်တာကို ဦးစားပေးပြီးတော့ အဖွဲ့ဝင်တွေ အကောင်းဆုံးလုပ်နိုင်မယ်လို့လည်း မျှော်လင့်ကြတဲ့သူတွေပါ။ဝန်ထမ်းတွေကို ကောင်းကောင်သင်ကြားပေးတယ်။အဖွဲ့အစည်းအတွက်သာမက ဝန်ထမ်းတွေအတွက် လုပ်နေကျထက် ပိုကောင်းတဲ့နည်းလမ်းအသစ်သစ်တွေကို ဖန်တီးပေးတဲ့သူတွေဖြစ်ပါတယ်။👏

ရည်မှန်းချက်အသစ်၊အလုပ်အသစ်တွေအတွက် စိတ်ခေါ်မှုဖြစ်တိုင်း ဝန်ထမ်းတွေကလည်း ပိုမိုသင်ယူနိုင်သလို ပြောင်းလဲမှုတွေနောက် အမှီလိုက်နိုင်ပါတယ်။

နောက်ပြီး ဝန်ထမ်းတွေကိုယ်တိုင် ပါဝင်ဆုံးဖြတ်ကြရတဲ့အတွက် သူတို့ကိုယ်တိုင် အရေးပါတဲ့သူတွေအဖြစ်ခံစားရပြီး စိတ်ကျေနပ်မှုရစေပါတယ်။ သေးငယ်တဲ့ လုပ်ငန်းအမျိုးအစားမှာ သင့်တော်ပေမယ့် ကြီးမားအဖွဲ့အစည်းမှာဆိုရင်တော့ အရှုပ်အထွေးတွေဖြစ်လာနိုင်တာကို သတိထားရပါမယ်။✔️

💫Bureaucratic leadership

Bureaucratic leaders တွေက စည်းမျဉ်းစည်းကမ်းတွေ၊ အမိန့်အာဏာအဆင့်ဆင့်တွေပေါ် အခြေခံပြီး ဦးဆောင်ကြပါတယ်။📌

သူတို့တွေဟာ တူညီတဲ့ရလဒ်‌ကောင်းတွေရရှိတာကိုပဲ ကျေနပ်ကြတဲ့သူတွေပါ။ ဒါကြောင့် ပြောင်းလဲမှုတွေဟာလည်း ဒီလိုခေါင်းဆောင်တွေအတွက် စိန်ခေါ်မှုဖြစ်စေပါတယ်။

ဒီလိုမျိုးခေါင်းဆောင်တဲ့ အဖွဲ့အစည်းတွေမှာဆိုရင် ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အခန်းကဏ္ဍ၊ တိကျတဲ့ စည်းမျဉ်းဥပဒေ၊ ဌာ‌နတွေ ၊တာဝန်တွေကိုလည်း သေချာခွဲဝေထားပါတယ်။ပြီးတော့ လုပ်ပိုင်ခွင့်အာဏာနဲ့ ဆုံးဖြတ်‌
ချက်တွေကိုလည်း ရာထူးအဆင့်ဆင့်အလိုက် ကိုင်တွယ်ကြပါတယ်။🔍

ဒါပေမယ့် ဝန်ထမ်းတွေကို စည်းမျဉ်းဥပဒေနဲ့ တစ်သမတ်တည်း ဦးဆောင်တဲ့အတွက် တီထွင်ဆန်းသစ်မှု(သို့) လုပ်ဆောင်နိုင်မှုအပေါ်မှာ ကန့်သတ်သလိုဖြစ်တတ်ပါတယ်။🙅

ကြီးမားတဲ့လုပ်ငန်းအဖွဲ့အစည်းနဲ့ အစိုးရအဖွဲ့အစည်းတွေမှာဆိုရင် bureaucratic leadership style ကိုကျင့်သုံးကြပါတယ်။

💫Chrismatic leadership

Chrismatic leaders တွေဟာ သူရဲ့ အာဏာလုပ်ပိုင်ခွင့်တွေကြောင့် လက်အောက်ငယ်သားတွေရဲ့လိုက်နာခြင်းခံရတာမဟုတ်ပဲခေါင်းဆောင်တွေရဲ့ ပင်ကိုအရည်အချင်း (personality၊ charm) ဆွဲဆောင်မှုကြောင့် လေးစားခံရတဲ့သူတွေဖြစ်ပါတယ်။🤗

သူတို့တွေမှာ ပြတ်သားတဲ့ရည်မှန်းချက်အမြော်အမြင်ရှိတယ်။ အဲ့ရည်မှန်းချက်ကိုရောက်ဖို့အတွက် ရလာမဲ့ risk တွေကိုလည်း ခံယူနိုင်စွမ်းရှိကြပါတယ်။ ဝန်ထမ်းတွေရဲ့ စိတ်ခံစားမှုနဲ့လိုအပ်ချက်တွေကို အရမ်းဦးစားပေးတဲ့လူမျိုးပါ။💭

သူတို့တွေဟာ ဆက်ဆံရေးကောင်းတယ်၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် လုပ်ငန်းကိစ္စတွေကို ရင့်ကျက်တည်ငြိမ်စွာနဲ့ လုပ်ကိုင်ကြပါတယ်။🤗

ကိုယ့်ကိုယ်ကို အကောင်းဆုံးသိမြင်နားလည်ပြီး self-monitoring ဖြစ်တဲ့သူတွေပါ။ ဘာလို့လဲဆိုတော့ သူ့ဆီမှာသင်ယူနေတဲ့လက်အောက်ငယ်သားတွေ ရှိတယ်ဆိုတဲ့အသိကို အမြဲသတိထားပြီး image ကိုထိန်းသိမ်းတဲ့သူတွေဖြစ်ပါတယ်။

ဒါပေမယ့် ခေါင်းဆောင်တွေဟာ သူတို့ရဲ့အမြင်ကိုပဲ အလေးပေးလေ့ရှိတာကြောင့် ဝန်ထမ်းတွေဟာ တွေးခေါ်နိုင်စွမ်းမရှိပဲအမြဲနောက်လိုက်ပဲဖြစ်နေတတ်ပါတယ်။ 🤷တကယ်လို့ အဖွဲ့အစည်းမှာ အဲ့ဒီခေါင်းဆောင်မရှိတော့ဘူးဆိုရင်လည်း ဝန်ထမ်းတွေအတွက် အခက်အခဲတွေရှိလာနိုင်ပါတယ်။

💫Servant leadership

Servant leaders တွေရဲ့ အဓိကပန်တိုင်းက အဖွဲ့အစည်းအတွက် (သို့) တစ်ခြားသူအတွက် ဖြည့်ဆည်းပေးတာပါပဲ။👏👏

ဝန်ထမ်းတွေ အရည်အချင်းတိုးတက်လာအောင် ၊စွမ်းဆောင်ရည်မြင့်မားလာအောင် အကောင်းဆုံးထောက်ပံ့ပေးတဲ့သူတွေဖြစ်ပါတယ်။

သူတို့ အင်္ဂါရပ်တွေက ဘာလဲဆိုရင် တစ်ခြားသူတွေရဲ့ လိုအပ်ချက်ကိုနားလည်တယ်။ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်‌တွေကို နားလည်သွားပြီဆိုရင် ကျွမ်းကျင်မှုရှိလာအောင် ဗဟုသုတနဲ့ လိုအပ်တဲ့ skillsတွေကို သင်ကြားပေးတယ်။

ဒါကြောင့် ဝန်ထမ်းကောင်းတွေက တစ်ဖန်ပြန်ပြီး ခေါင်းဆောင်ကောင်းတွေဖြစ်လာနိုင်ပါတယ်။🥳

ဒီလိုခေါင်းဆောင်တွေက သူတို့ရဲ့ ပတ်ဝန်းကျင် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကိုကောင်းကျိုးချမ်းသာနဲ့ဖွံဖြိုးတိုးတက်မှုရဖို့ကိုပဲ အာရုံစိုက်ကြပါတယ်။

servant leaders တွေက အာဏာပါဝါမသုံးဘဲ စွန့်လွှတ်အနစ်နာခံကြပါတယ်။ သူတို့ဟာ တစ်ခြားသူတွေကိုတွေကို သူတို့သိသမျှ အချက်အလက်တွေမျှဝေတယ်။ အတွေးအခေါ်အကြံဉာဏ်တွေသာမက ငွေကြေးအားဖြင့်လည်း ထောက်ပံ့ပေးကြပါသေးတယ်။💸

ဒါပေမယ့် ဒီလိုခေါင်းဆောင်မှုပုံစံဟာ ဆုံးဖြတ်
ချက်တွေချမှတ်ရင် နှောင့်နှေးတတ်တာကိုတော့ သတိပြုရပါမယ်။

💫Transactional leadership

သူကတော့ ကြီးကြပ်မှုဆိုင်ရာကိစ္စတွေနဲ့လက်အောက်ငယ်သားတွေရဲ့ လုပ်ဆောင်နိုင်မှု‌အပေါ်ကို အာရုံစိုက်တဲ့ ခေါင်းဆောင်မှုမျိုးပါ။💁

ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍနဲ့ လုပ်ရမယ့်တာဝန်တွေကို သေချာလမ်းညွှန်ပေးတယ်။ ဝန်ထမ်းတွေလုပ်ကိုင်နိုင်မှုအပေါ် feedback ပေးခြင်း၊ တော်ရင်တော်သလို ဆုချီးမြှင့်ခြင်း စတဲ့ ဆုပေးဒဏ်ပေးစနစ်ကို သုံး‌လေ့ရှိတဲ့သူတွေဖြစ်တာကြောင့် မိုတီ‌ဗေးရှင်းရရှိစေပြီး လုပ်ဆောင်နိုင်စွမ်း အရည်အချင်းတွေ ပိုတိုးတက်လာစေပါတယ်။🙋

ခေါင်းဆောင်တွေဟာ instructions တွေကို အလေးထားကြပြီးတော့ အပြောင်းအလဲလုပ်ဖို့ ဝန်လေးတတ်ကြပါတယ်။ လက်ရှိ ဖွဲ့စည်းတည်ဆောက်ပုံနဲ့နည်းလမ်းတွေကိုပဲထိန်းသိမ်း
ပြီး ကောင်းတဲ့ရလဒ်တွေပဲရရှိဖို့ အလေးပေးတဲ့သူတွေပါ။📌

ဒါပေမယ့် ဒီလိုပုံစံမျိုးက အမြဲတမ်းထိရောက်မှုမ‌ရှိနိုင်ပါဘူး။ ဥပမာ - ကိုယ့်ရဲ့ personal ကြောင့် အလုပ်မှာမပျော်မွေ့တာ၊ ဖိအားအရမ်းများတာတွေကြောင့်ဆိုရင် bonus ‌ချီးမြှင့်ပြီး ဆွဲဆောင်လို့မရတာတွေရှိပါတယ်။

နောက်တစ်ခုကအရင်နည်းလမ်းသတ်မှတ်ချက်တွေအတိုင်းပဲ ဆက်သွားနေတဲ့အတွက် တီထွင်ဆန်းသစ်မှုတွေလည်း ရှိမလာနိုင်ပါဘူး။🤷

ဒီ‌နေ့ခေတ်မှာဆိုရင် အကျိုးသက်ရောက်မှုအရှိဆုံး style ကတော့ transformational leadership ပဲဖြစ်ပါတယ်။ဒါဆိုရင် leadership styles တစ်ချို့ကို အကြမ်းဖျဉ်းသိသွားပြီလို့ထင်ပါတယ်။🥳

နောက်ထပ် leadership styles တွေကို အောက်က link ထဲမှာ သွားရောက်လေ့လာနိုင်ပါတယ်။👇
https://www.mindtools.com/pages/article/newLDR_84.htm

သင်ရော ဘယ်လိုမျိုး ခေါင်းဆောင်မျိုးလဲ

Written by
Yoon Ei Tin

Image may contain: text that says "Specific leadership styles les By Beatrix Transformational Bureaucratic Chrismatic Servant Servant Transactional"


Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱