သင့် Facebook page ကို Promote လုပ်ဖို့ အကြံညဏ် (၇) ချက် ...🌟
အရင်အပတ်ရဲ့ Facebook Algorithm Content ကို ကြည့်မယ်ဆိုရင် Facebook Algorithm ပြောင်းလဲသွားတယ်ဆိုတာ သတိထားမိမှာပါ။ 💡
Facebook အနေနဲ့ Business Post၊ Media Post တွေထက်စာရင် User တွေ စိတ်ဝင်စားတဲ့ Post တွေကို Newsfeed မှာ ပိုဦးစားပေးပြီး ပြမှာ ဖြစ်လို့ပါ။ 📱
ဒီလို ပြောင်းလဲမှုတွေက Facebook User တွေအတွက် သတင်းကောင်းဖြစ်နိုင်ပေမဲ့ Business တွေအတွက်တော့ Facebook Marketing လုပ်ဖို့အတွက် ပိုခက်လာနိုင်ပါတယ်။
ဥပမာ - အရင်က Business Post တွေ တင်ပြီဆိုရင် Reach အယောက် 100 လောက်ရောက်ထား၊ အခုဆို အယောက် 80 လောက်ပဲ Organic Reach ထွက်လာနိုင်ပါတယ်။ ☹️
ဒါပေမဲ့လည်း ခက်တယ်ဆိုပြီး လက်လျှော့ရအောင်လည်း Facebook က ရေပန်းအစားဆုံး Social Marketing Platform ဖြစ်နေပါသေးတယ်။ 🤨
ဒါကြောင့် ဒီနေ့မှာတော့ Facebook Algorithm ကန့်သတ်ချက်တွေကြားထဲမှာ မိမိရဲ့ Facebook Page ကို ထိရောက်စွာ Promote လုပ်နိုင်မဲ့ Tips (၇) ခုကို ရှယ်လုပ်ပေးချင်ပါတယ်။ 🔥🤓
✔️ ၁။ ကိုယ့်ရဲ့ Page ကို ပြည့်စုံအောင် လုပ်ပါ။
ဒါက အခြေခံအကျဆုံး အချက်တစ်ခုဖြစ်ပါတယ်။ အချက်အလက်တွေ ပြည့်စုံပြီး အချိန်မှန်မှန် Update လုပ်တဲ့ Page က ဘာမှမပြည့်စုံတဲ့ Page တွေထက် လူတွေရဲ့ ယုံကြည်မှုကို ပိုရနိုင်ပါတယ်။
Facebook Algorithm အရလည်း ဒီလို ပြည့်စုံပြီး ယုံကြည်စိတ်ချရတဲ့ Page ပိုပြီး Promote လုပ်ပေးပါတယ်။ 🧐
ဒီလို ကိုယ့် Page ကို ပြည့်စုံအောင် လုပ်တဲ့ နည်းလမ်း (၂) ခုရှိပါတယ်။
📍တစ်ခုကတော့ Facebook မှာ ထည့်သွင်းလို့ရတဲ့ အချက်အလက်တွေ အားလုံးကို ပြည့်ပြည့်စုံစုံ ထည့်ထားပါ။
ဘာတွေပါမလဲဆိုရင် Cover Photo ၊ Profile Photo ၊ Description ၊ Opening/Closing Hours စသဖြင့် အားလုံးပါပါတယ်။ တစ်ခုခုပြောင်းသွားပြီဆိုရင်လည်း အချိန်မီ Update လုပ်ပေးရပါတယ်။
Page မှာ Post တင်ပြီဆိုရင်လည်း ပုံမှန် တင်ပေးပါ။ တစ်ပတ်မှာ 3 ခါ တင်မယ်ဆိုရင်အမြဲ ပုံမှန် အဲ့လို တင်ပေးရမှသာ Page ရဲ့ Flow မပျက်မှာဖြစ်ပါတယ်။
တင်လိုက်မတင်လိုက်နဲ့ အချိန်မမှန်တဲ့ Page တွေကို Facebook Algorithm က Promote လုပ်တာနည်းပါတယ်။ ဒါကြောင့် Page နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စုံစုံလင်လင် ထည့်ထားပေးပါ။ Post တင်တဲ့အခါလည်း အချိန်မီ၊ အချိန်မှန် တင်ပေးပါ။⏰
📍နောက်တစ်နည်းကတော့ Facebook Feature တစ်ခုဖြစ်တဲ့ Blue Badge ကို သုံးလို့ရပါတယ်။
တချို့ Page တွေရဲ့ နာမည်ဘေးမှာ တခါတလေ အပြာရောင် (သို့) မီးခိုးရောင် အမှန်ခြစ်လေးတွေ ပါပါတယ်။
Page တွေမှာ အဲ့လို Badge လေးတွေပါတယ်ဆိုရင် Facebook က ဒီ Page ကိုစစ်ဆေးပြီးသာဖြစ်ပြီး Page က မှန်ကန်ပြီး ယုံကြည်လို့ရတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။
ဒါပေမဲ့ Badge ရဖို့အတွက်ကို Facebook ရဲ့ ခွင့်ပြုချက်လိုပါတယ်။
ဒီနည်းလမ်းရဲ့ အားသာချက် နောက်တစ်ခုကတော့ Badge ရထားတဲ့ Page တွေကို Facebook Algorithm က နေရာပိုပေးပါတယ်။
User က ရှာတဲ့အခါမှာ ဒီလို Badge ပါတဲ့ Page တွေက အပေါ်ဆုံးမှာ တွေ့ရတတ်ပါတယ်။ 🔍
✔️ ၂။ Niche Market Collaboration
ကိုယ့် Page ရဲ့ Niche Market (သီးသန့်စျေးကွက်) ကို သေချာ ရွေးချယ်ပေးပါ။ ပြီးရင် Market ထဲမှာ ရှိတဲ့ အခြား page တွေ၊ Bloggers တွေနဲ့ ပူးပေါင်းပါ။ 🤝
👩💻ဒီလို Cross-promotional Strategy အသုံးပြုခြင်းက အခြား Page တွေနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ရာရောက်တဲ့အပြင် page နှစ်ခုလုံးရဲ့ ပရိသတ်တွေကို ကာမိတဲ့အတွက် Engagment တွေ ပိုတက်လာနိင်ပါတယ်။
နောက်ပြီး Page နှစ်ခုကြား Collaborate လုပ်တာဖြစ်တဲ့အတွက် Content တွေက ပိုစိတ်ဝင်စားဖို့ကောင်းနိုင်ပါတယ်။ မတူညီတဲ့ Concept လေးတွေ စမ်းကြည့်လို့ရတဲ့အတွက် Engagement တွေလဲပိုတိုးလာနိုင်ပါတယ်။
✔️ ၃။ Post သေချာတင်ပါ။
ကိုယ့် Page ရဲ့ Customer တွေက ဘယ်အချိန်မှာ Active အဖြစ်ဆုံးလဲဆိုတာကို Facebook Insights မှာ သေချာလေ့လာပါ။
Active ဖြစ်တဲ့အချိန်တွေမှာ များများတင်ပေးပါ။ တင်တဲ့အခါမှာလည်း တစ်နေ့မှာ ၃၊ ၄ ခု Engagement များချင်လို့ ဆက်တိုက်တင်တာထက်စာရင် သေချာ Plan လုပ်ထားတဲ့ Post တစ်ခု (သို့) နှစ်ခုလောက် အများဆုံးတင်တာက ပိုသက်ရောက်မှုရှိပါတယ်။
✔️ ၄။ Feedback တွေကို လေ့လာစန်းစစ်ပါ။
Facebook Algorithm သဘောအကျဆုံး Post အမျိုးအစားက User အများကြီး ဝင်ပြီးဆွေးနွေးကြတဲ့ Post မျိုးဖြစ်ပါတယ်။
ဒါကြောင့် Content တွေကို စီစဉ်တဲ့အခါ Customer တွေစိတ်ဝင်စားပြီး သူတို့ကိုယ်တိုင်ပါဝင်လာအောင် လှုံ့ဆော်နိုင်တဲ့ Content မျိုးကို ပိုထည့်သွင်းပေးပါ။ 🌟
ဥပမာ - အကြံညဏ်တောင်းတဲ့ Post မျိုး၊ Option နှစ်ခုပေးပြီး တစ်ခုရွေးခိုင်းတာမျိုး၊ Quiz လေးတွေ ဖြေခိုင်းတာမျိုး၊ Giveaway တွေ၊ ပေါ့ပေါ့ပါးပါး ပြိုင်ပွဲလေးတွေ ကျင်းပပေးတာမျိုး အဓိက Customer တွေ ကိုယ်တိုင် သူတို့ဆန္ဒရှိပြီး ပါဝင်ချင်လာအောင် လှုံ့ဆော်ပါ။
🗣Customer တွေဘက်က Comment တွေပေးလာပြီဆိုရင် ကိုယ်တိုင်ဝင် ဆွေးနွေးပါ။
Customer ရဲ့ Comment ကို Reply ပြန်ပေးတာမျိုး၊ ကိုယ်တိုင်ကဝင်ပြီး ပေါ့ပေါ့ပါးပါး ဝင်Comment ပေးတာမျိုးလေးတွေ လုပ်ပေးပါ။
ဒီလို ပါဝင်ဆွေးနွေးခြင်းက Customer တွေရဲ့ အထင်အမြင်တွေကို လေ့လာနိုင်သလို၊ Customer တွေကိုလည်း သူတို့ရဲ့ အမြင်တွေကို နားထောင်နေတယ်ဆိုတဲ့အကြောင်း ပြနိုင်ပါတယ်။ 👂🏻
ဒါ့အပြင် Customer တွေရဲ့ Reviews တွေကိုလည်း သေချာဖြေကြားပေးဖို့လိုပါတယ်။ Customer တွေရဲ့ Review တွေကနေတဆင့် မိမိရဲ့ အပေါ် Customer တွေရဲ့ သဘောထားကို သိနိုင်သလို Commnet တွေကနေတဆင့် Customer တွေ ဘယ်လို Content တွေ စိတ်ဝင်စားလဲဆိုတာ လေ့လာနိုင်ပါတယ်။
✔️၅။ Content တွေ အပေါ် အာရုံစိုက်ပါ။
Business page တစ်ခုရဲ့ အသက်က Content ဆီမှာပါ။
အရင်ဆုံး ကိုယ့်ရဲ့ Target Audience နဲ့ ကိုယ့် Business Market ကို သေချာသတ်မှတ်ဖို့ လိုပါတယ်။
ပြီးမှ ကိုယ့်ရဲ့ Target Audience လည်း စိတ်ဝင်စားမယ်၊ ကိုယ့်ရဲ့ Business Market ကနေလည်း ခွဲထွက်မသွားမဲ့ Content မျိုး တင်ပေးရပါမယ်။ 🧐
⚖️တကယ်တော့ Content တင်တဲ့နေရာမှာ Balance မျှဖို့လည်း လိုအပ်ပါတယ်။
အမြဲတမ်း အရောင်း Post တွေပဲတင်တယ်ဆိုရင် Customer တွေဘက်က တဖြည်းဖြည်း စိတ်ဝင်စားမှု ကျလာပါလိမ့်မယ်။
ဒီလိုပဲ ကိုယ့် Brand Business အကြောင်း ကို လုံးဝမတင်ပဲနဲ့ အခြား Content တွေ ဆက်တိုက်တင်နေရင်လည်း Customer တွေက မိမိ Business အကြောင်းကို တဖြည်းဖြည်း သတိမထားမိတာမျိုး ဖြစ်သွားနိုင်ပါတယ်။ 🥺
🔥ဒီလို Content တွေကို Balanced ဖြစ်အောင် စီစဉ်တဲ့နေရာမှာ အသုံးဝင်တဲ့ Social Media Rule တစ်ခုကတော့ 5-3-2 Rule ဖြစ်ပါတယ်။
ဥပမာ - Page မှာ ၁၀ ခု Post တင်တယ်ဆိုပါစို့။ ၅ ခုကိုတော့ ကိုယ့် Customer တွေ စိတ်ဝင်စားမဲ့ အခြား Source တွေက Post တွေအကြောင်းတင်ပေးပြီး ၃ ခုကိုဆိုရင် ကိုယ်တိုင် ဖန်တီးထားတဲ့ Customer တွေ သိချင်မယ့်အကြောင်းအရာတွေ Post တွေတင်ပေးလို့ရပါတယ်။
နောက်ကျန်တဲ့ Post ၂ ခုမှာတော့ ကိုယ့် Brand နဲ့ပတ်သက်တဲ့ Content တွေကို ပေါ့ပေါ့ပါးပါးလေး တင်ပေးလို့ရပါတယ်။
ပြောရရင်တော့ ဘယ်လို Post ပဲတင်တင် Customer ဘာလိုချင်လဲဆိုတာကို အဓိကထားပြီး စဉ်းစားရပါမယ်။ Post တင်တဲ့အခါမှာလည်း လိုတာထက်ပိုပြီး Promote လုပ်တာတွေကို လည်း တတ်နိုင်သလောက် ရှောင်ပေးရပါမယ်။ ❌
✔️ ၆။ Live Video တွေအသုံးပြုပါ။
Live Video တွေက Engagement နဲ့ User တွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ပုံမှန် Video တွေထက် ၆ ဆ ပိုထိရောက်ပါတယ်လို့ Facebook က ပြောထားပါတယ်။
ဒါကြောင့် Business Post တင်တဲ့အခါ ရံဖန်ရံခါတော့ Customer တွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မဲ့ Live Video တွေကို အသုံးပြုသင့်ပါတယ်။ 📱
✔️၇။ Boost တွေနဲ့ ပံ့ပိုးပါ။
ကိုယ့် Business Page ကနေ Post ကို တင်လိုက်ပြီဆိုတာနဲ့ အချိန်တစ်ခုကို စောင့်ကြည့်ပါ။
Customer တွေဆီက Engagement အလားအလာကောင်းတယ်လို့ မြင်ရင် Boost လုပ်တာမျိုးလဲ လုပ်ကြည့်ပါ။ 💸
🧐တင်သမျှ Post တိုင်းကို Boost လုပ်ပြီး Paid Ads သုံးတာထက်စာရင် Content ကို စိတ်ဝင်စားစရာကောင်းအောင် အရင်လုပ်ပြီး Organic Reach ကို အရင်များအောင် လုပ်သင့်ပါတယ်။
ပြီးမှ Customer တွေ ဘယ်လောက်အားပေးလဲပေါ် မူတည်ပြီး နောက်ထပ် Paid Ads တွေ၊ Boost တွေနဲ့ ပြန်လိုက်တာက ပိုများတဲ့ Customer ဆီကို ကိုယ့် post ရောက်နိုင်ပါတယ်။
🧐Facebook ကနေ လုပ်လိုက်တဲ့ ပြောင်းလဲမှုတွေက Business တွေအတွက် ခက်ခဲစေနိုင်ပါတယ်။
ဒါပေမဲ့ အထက်ပါ အကြံညဏ်တွေကို သုံးပြီး ကိုယ့်ရဲ့ Business Page ရဲ့ Organic Reach များအောင် ကြိုးစားလို့ရပါတယ်။
ပြီးမှ Paid Ads တွေနဲ့ ပြန်လိုက်ခြင်းဖြင့် ခန့်မှန်းထားတဲ့ Engagement Goal ရောက်နိုင်ပါတယ်နော်။🥳
Written by
Ei Myatnoe Aung
References
https://sproutsocial.com/insig…/facebook-marketing-strategy/
https://blog.hootsuite.com/how-to-get-more-likes-on-facebo…/

Comments
Post a Comment