ဆယ်ကျော်သက် လူငယ်တွေ အလုပ်လုပ်သင့်ပါသလား .. 🧐
အချိန်ပိုင်းအလုပ်တွေ၊ freelance အဖြစ်လုပ်ကိုင်တာတွေဟာ လူငယ်တွေကြားမှာရေပန်းစားကြပါတယ်။
ကိုယ်တတ်ကျွမ်းတဲ့ပညာရပ်၊သင်ယူထားတဲ့ဘာသာရပ်တွေကိုအသုံးချပြီး study guide လုပ်တာ၊ Translator၊ Interpreter ၊ Content Writer စတာတွေကတော့ လူငယ်တွေအတွက် သင့်လျော်တဲ့လုပ်ငန်းခွင်တွေပဲဖြစ်ကြပါတယ် 👩💻
ဒါဆို ဒီလိုမျိုး ပညာသင်ချိန်မှာအလုပ်လုပ်တာဟာ အကျိုးရောရှိရဲ့လား ... ❓
ငယ်ရွယ်ချိန်မှာ ဘာလို့အလုပ်လုပ်သင့်တာလဲ ..❓
✅ ကိုယ့်ရဲ့ဆယ်ကျော်သက်ဘဝကို ပိုပြီးအထောက်အပံ့ပေးပါတယ်။
လူငယ်တွေ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေဟာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှစလို့ လုပ်ငန်းခွင်ကို ဝင်ကြည့်သင့်ပါတယ် 👩💻
ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်လုပ်ကိုင်ကြည့်မှ
ပိုက်ဆံရဲ့တန်ဖိုးကိုသိလာပြီး ကိုယ့်ရဲ့အိမ်၊
ကိုယ့်ရဲ့တစ်ကိုယ်ရည်အသုံးစရိတ်အတွက် ဘယ်လောက်ကုန်ကျမှု ရှိတယ်ဆိုတာကို
နားလည်သဘောက်ပေါက်လာနိုင်မှာဖြစ်ပါတယ်။
ဆယ်ကျော်သက်ဆိုတာ ကလေးလိုနေလို့မရတော့ဘူးနော် 👀
✅ အတွေ့အကြုံတွေရရှိနိုင်ပါတယ်
ဘွဲ့ရလို့ တကယ့်လုပ်ငန်းခွင်ကိုဝင်တဲ့အခါ လုပ်ငန်းအတွေ့အကြုံဆိုတာ သေချာပေါက် လိုအပ်တဲ့အရာတစ်ခုပါ။
ဒါကြောင့် ကျောင်းတက်စဉ်ကတည်းက အားလပ်ချိန်မှာ အလုပ်လုပ်ကိုင်ခြင်းဟာ ကိုယ့်ရဲ့ future carrier အတွက် တကယ်ကို အထောက်အပံ့ပေးနိုင်ပါတယ် 😇
✅ အဆက်အသွယ်ကောင်းတွေရလာနိုင်ပါတယ်။
Part time အလုပ်တွေ လုပ်ကိုင်ခြင်းဟာဆိုရင် အချိန်အနည်းငယ်အတွင်းမှာ လုပ်ငန်းတော်တော်များနဲ့ ထိစပ်ခွင့်ရတာကြောင့် မတူညီတဲ့လုပ်ဆောင်ချက်တွေ၊ ကွဲပြားတဲ့လုပ်ငန်းခွင်ကလူပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံခွင့်ရမှာပါ 👤
ဒါတွေဟာ သင့်ရဲ့အနာဂတ်မှာလုပ်ဆောင်ရမယ့်လုပ်ငန်းကိုင်ခန်းတွေအတွက်တော့ သေချာပေါက်အထောက်အကူပြုပေးနိုင်မှာပဲဖြစ်ပါတယ်။
✅အချိန်ကိုစီမံခန့်ခွဲတတ်လာပါမယ်။
နိုင်ငံတကာက ကျောင်းသားအများစုဟာဆိုရင် သူတို့ရဲ့အချိန်ကိုသူတို့ဘာသာ စိတ်တိုင်းကျစီမံခန့်ခွဲရတာဖြစ်ပါတယ် ...
အလုပ်ချိန်, ကျောင်းတက်ချိန်၊ အားလပ်ချိန် စ,တဲ့ နေ့စဉ်ဘဝတွေကို ကိုယ်တိုင်ကိုယ်ကျ ထိန်းချုပ်ရတာဖြစ်ပါတယ် ⏰
မြန်မာနိုင်ငံမှာရှိကြတဲ့ လူငယ်အများစုကတော့ မိဘအိမ်ကနေကျောင်း၊ ကျောင်းကနေ မိဘအိမ် ကူးလူးနေကြတဲ့အတွက် အချိန်ကိုစီမံခန့်ခွဲတဲ့အခါ၊ ကိုယ့်ရဲ့နေ့စဉ်ဘဝကို ကိုယ်တိုင်ကိုင်တွယ်ဆုံးဖြတ်ရတဲ့အခါ အခက်အခဲတွေရှိလာနိုင်ပါတယ်။
ဒါကြောင့် ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ကြည့်ပါ ...
အစပိုင်းမှာခက်ခဲနိုင်ပေမယ့် တဖြည်းဖြည်းနဲ့ အဆင်ပြေလာမှာပါ 😉
✅ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာစေပါတယ်။
အလုပ်လုပ်နေရတဲ့ လူငယ်တစ်ယောက်ဟာ လုပ်ငန်းခွင်မှာ လူကြီးတစ်ယောက် လိုပြုမူနေထိုင်ရပါတယ်။
လုပ်ငန်းကိစ္စစကားပြောတာ၊ ကိုယ့်ရဲ့အထက်လူကြီးနဲ့ ပြောဆိုဆက်ဆံနေရတာတွေကြောင့် နေ့စဉ်လူမှုဘဝမှာ တခြားသူတွေထက် စကားပြောဆိုတဲ့နေရာမှာ သာမက အပြုအမူတွေကပါ တည်ငြိမ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိလာစေမှာဖြစ်ပါတယ် 👩💼
စာအုပ်ထဲက ပညာတစ်ခုတည်းနဲ့ မလုံလောက်တဲ့ ယနေ့ခေတ်ကြီးမှာ အတွေ့အကြုံတွေ၊ လက်တွေ့ဆောင်ရွက်နိုင်မှုတွေဟာ အမှန်တကယ်ကိုလိုအပ်နေတဲ့အရာတွေပဲဖြစ်ပါတယ် 💯
ကိုယ်ပိုင်ဝင်ငွေရှိမယ်ဆိုရင် ကိုယ်လိုအပ်မယ့်သင်တန်းတက်တာတွေ၊ ကိုယ့်ဘဝအတွက်လိုအပ်တဲ့နေရာမှာ အသုံးပြုတာတွေ၊ယုတ်စွအဆုံး ကိုယ့်ရဲ့အသုံးစရိတ်ကိုပါ မိဘဆီကလက်ဖြန့်တောင်းစရာမလိုပဲ ကိုယ့်ရဲ့မိသားစုကိုပါ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်မှာဖြစ်ပါတယ်👨👩👧
ဒါကြောင့် လူငယ်တွေကို ကောင်းမွန်ပြီး ကိုယ့်အတွက် တက်လမ်းရှိမယ့် အလုပ်မျိုးကို လုပ်ကိုင်ကြပါလို့ အကြံပြုချင်ပါတယ် 💁
သာယာဖြောင့်ဖြူးတဲ့ ဘဝခရီးလမ်းကို ပိုင်ဆိုင်ကြပါစေလို့ ဆန္ဒပြုရင်း .....
ထာဝရ

Comments
Post a Comment