စားသောက်ဆိုင်များအတွက် Marketing Idea 7 ခု ... 🙆🏻♀️
Covid ကာလပြီးတော့ စားသောက်ဆိုင်အများစုလည်း ပြန်ဖွင့်နေကြပြီဆိုတော့ အခုအချိန်မှာ မားကတ်တင်း အိုင်ဒီယာကောင်းကောင်းတွေလိုနေမှာ အသေအချာပဲနော်။🤔
စားသောက်ဆိုင်တွေက လည်းမြို့တိုင်းမှာလို လို တစ်နေ့ ထက် တစ်နေ့ များလာတာဆိုတော့ သူ့ထက်ငါအပြိုင်အဆိုင်ပါပဲ။
ဒါကြောင့် ဒီကနေ့မှာ စားသောက်ဆိုင်ပိုင်ရှင်များကို မိမိလုပ်ငန်းတိုးတက်စေလိုပြီး အစားအသောက်ခုံမင်သူတွေလည်းသတိထားမိစေအောင် online အသုံးပြုပြီးဘယ်လို နည်းလမ်းတွေနဲ့ လုပ်နိုင်မလဲ ဆိုတာ ဝေမျှပေးလိုက်ပါတယ်။🥳
📍၁။ စွဲမယ်ဖွယ်ရာအစားအသောက်ပုံလေးတွေနဲ့ ဖမ်းစားမယ်။ 🍗
ဆိုင် menu တွေကို menu book မှာပေါ် ပဲ သိမ်းထားမဲ့အစား အရည်အသွေးကောင်းကောင်း ဓာတ်ပုံတွေကို facebook instagram မှာတင်ပြီး customer တွေသိအောင်လုပ်လို့ရပါတယ်။🍝
📍၂။ Food Delivery Application နဲ့ ချိတ်ဆက်မယ်။ 📱
လူတိုင်းသတိထားမိတဲ့ Food Delivery App တွေဖြစ်တဲ့ Food panda၊ Food 2 U၊ Yangon Door 2 Door အစရှိတဲ့ အစားအသောက် ပို့ဆောင်တဲ့ app တွေပေါ်မှာ မိမိဆိုင်ကို register လုပ်ထားမယ် ဆို ဆိုင်လည်း လူသိများမှာဖြစ်သလို လုပ်ငန်းဝင်ငွေလည်းတိုးစေမှာပါ။ 💵
📍 ၃။ Google Account ဖွင့်ထားမယ်။💻
အချို့လူတွေက တစ်ခုခုရှာချင်တယ်ဆို Facebook ထက် google ဘက်ကိုပိုသွားကြပါတယ်။
ကိုယ့်အနားမှာ ရှိတဲ့ စားသောက်ဆိုင် google မှာ ရှာတဲ့အခါ list ထဲ သင့်ဆိုင် ပါလာအောင် Google account၊ လိပ်စာ၊ ဆိုင်ဖွင့်ချိန်ပိတ်ချိတ်၊ ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်ပါ ထည့်ထားပေးတယ်ဆို အကောင်းဆုံးပါပဲ။ 📞
အရင်ကလို လိပ်စာကတ်လူတစ်ကာပေးစရာမလိုတော့ပါဖူး။ ဒါပေမဲ့ လည်း ဒီလို လိပ်စာကတ်ပေးတာ ကလည်း ကိုယ့်ဆိုင်မှာ လာတဲ့သူကို တန်ဖိုးထားပြီးအသိပြုတယ်ဆိုတဲ့ သဘော သက်ရောက်ပါတယ်။
📍၄။ စားသုံးသူအပေါ် အခြေခံတဲ့အကြောင်းအရာတွေ မိမိpageမှာ များများတင်ပေးမယ်။ 🙆🏻♀️
ဒီနည်းလမ်းက စားသုံးသူနဲ့ ရင်းနှီးမှုရစေတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်.ဥပမာ သင့်ဆိုင် က ဘယ် အစားအေသာက်ကို အကြိုက်ဆုံးလဲဆိုတာ နဲ့ပတ်သက်ပြီးဓာတ်ပုံနဲ့အတူ review ရေးခိုင်းပြီး ပြိုင်ပွဲလေးလုပ်ပေးပြီးမဲဖောက်တာမျိုး၊ မဲပေါက်တဲ့သူကို အစားအသောက် ပွဲ၁ပွဲဘက်ဆောင်ပို့တာမျိုး ဒါမှမဟုတ်အခြား ဆုလက်ဆောင်ပေးတာမျိုးတွေ။ ⭐️
📍၅။ Customer တစ် ယောက်ချင်းစီတိုင်းရဲ့ feedback ကို ကိုင်တွယ်တက်ပါစေ။👥
Online ကနေပဲ ကိုယ်ဆိုင်နာမည် ကြီးတက်သလို online ကပဲ ကိုယ့်ဆိုင်နာမည်လည်းပျက်တက်ပါတယ်။
Negative feedback တွေရတဲ့အခါမှာလည်း ကျွမ်းကျင်သူတွေပြုမူသလို ယှဉ်ယှဉ်ကျေးကျေးအနေအထားနဲ့ private message bocx မှာဖြေရှင်းသင့်ပါတယ်။ Positive review တွေကို လည်း ပြန်လည်း share ပေးသင့်ပါတယ်။
📍၆။ သင့်ရဲ့ဝန်ထမ်းတွေကိုကြွားဝါပါ။🤩
ပျော်ရွှင်ပြီး ပြုံးပျော် နေတဲ့ သင့်ရဲ့ ဝန်ထမ်းတွေ စားဖိုမှုးတွေ ဘယ်လို အကောင်းဆုံးကိုလုပ်ဆောင်နေတယ်ဆိုတာ ကို social media မှာ ဖော်ပြဖို့လဲ မမေ့ပါနဲ့။
📍၇။ Food Blogger တွေနဲ့ လည်း ချိတ်ဆက်ပါ။⭐️
အကယ်ရျ် သင့်စားသောက်ဆိုင် က ဖွင့်ထားတာ မကြာသေးဖူး လူသိမများသေးဖူးဆို food blogger တွေကို ဖိတ်ခေါ်ပါ။ သူတို့ကို ယှဉ်ကျေးစွာနဲ့ မေးကြည့်ပါ။ သင့်ဆိုင်က လက်ရာကို မြည်းစမ်းပြီး အတွေ့အကြုံ ဝေမျှပေးချင်သလားဆိုတာနဲ့ပတ်သက်ပြီးတော့ပေါ့။
ဒါတွေကတော့ ခေတ်နောက်မကျအောင် ဆောင်ရွက်သင့်တဲ့ Marketing Idea တွေပါ။ 🥳
Written By
Thiri Yadanar
Reference : https://www.wordstream.com/…/2015/01/14/restaurant-marketing

Comments
Post a Comment