Customer Relationship Management (CRM) အကြောင်း တစ်စေ့တစ်စောင်း 🙌🏻
🔄Business ရှုထောင့်က Customer Lifecycle
Leads or Potential Customer = Customer မဖြစ်ခင်အဆင့်
Customers = မိမိ Product ကို ပထမဆုံးဝယ်ယူပြီး Customer ဖြစ်လာသည့်အဆင့်
Loyal Customer = မိမိ Product နှင့် အဆင်ပြေသည့်အတွက် မိမိ Product ကို ပိုအစဉ်တစိုက် သုံးလာသည့်အဆင့်
Loyal Advocate = အခြား Product ရှိသော်လည်း မိမိ Product ကိုသာ ဝယ်ယူအသုံးပြုပြီး Customer အသစ် တွေကိုပါ မိမိProduct ကောင်းကြောင်းတွေကို ညွှန်းပေးသည့်အဆင့်
❗️ဒီနေရာမှာ လုပ်ငန်းအများစုရဲ့ အမှားက တစ်ခါ Customer ဖြစ်ရင် တစ်သက်လုံး ကိုယ့်Customer အဖြစ်ရှိနေမယ်လို့ ထင်တာပါ။
ဒါဟာ လုံးဝ(လုံးဝ) မှားပါတယ်။ ❌❌
⌛ Leads (သို့) One time Customer ကနေ Loyal Advocates အထိရောက်ဖို့ကို အချိန်ုအကြာကြီး ယူရသလို အဆင့်တွေအများကြီး ဖြတ်ကျော်ရပါတယ်။
⏳ဒါပေမဲ့ Loyal Advocates ကနေ Lead (သို့) Customer Lifecycle ရဲ့ အပေါ်ကနေ အောက်ကို ထိုးဆင်းဖို့က အချိန်ခဏသာလိုပါတယ်။
ဒါကြောင့် လုပ်ငန်းတွေအနေနဲ့ Customer Relationship Management (CRM) ကို အချိန်ပေးပြီး လုပ်ဖို့ အရမ်းအရေးကြီးပါတယ်။
ဒီတော့ CRM ဆိုတာ ဘာလဲ .. 🧐
CRM ကို အများစုက Software တစ်ခုလို့ပဲမြင်ကြပါတယ်။
ဒါက အထိုက်အလျောက် မှန်ပေမဲ့ Customer နဲ့ မိမိ Business ကြားက Relationship ကို ပိုကောင်းအောင်Manage လုပ်တဲ့ Approach လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။
လက်ရှိCustomer တွေနဲ့ Communicate လုပ်တဲ့ Process၊ Customer အသစ်ရှာတဲ့ Process ၊ Potential Customer (သို့) Leads တွေကို ကိုယ့်ရဲ့ Product ကို ဝယ်ယူလာအောင် ဆွဲဆောင်တဲ့ Process နဲ့ Customer Service ကို ပိုကောင်းမွန်လာတဲ့ Process စသဖြင့် CRM မှာ အကြမ်းဖျင်း (၄) ပိုင်းပါဝင်ပါတယ်။
ဒီအပိုင်း(၄) ပိုင်းနဲ့ ဆိုင်တဲ့ အသေးစိတ် Process တွေကို ထည့်သွင်းထားတဲ့ နည်းပညာကိုမှ CRM Software (သို့) System လို့ ခေါ်တာ ပိုမှန်မှာပါ။
👩🏫 CRM အမျိုးအစား (၅) မျိုး
📌1. Operational
Operational အပိုင်းမှာတော့ Marketing ပိုင်းတွေ၊ Sales ပိုင်းနဲ့ Service ပိုင်းတွေ အဓိကပါဝင်ပါတယ်။
📌2. Marketing
CRM ရဲ့ အရေးပါမှုက Customer မဖြစ်လာခင် Leads အဆင့်မှာထဲက အရေးပါပါတယ်။ Marketing Process တွေဖြစ်တဲ့ Social Media Marketing, Email Marketing, Campaign Management, Campaign Execution(Campaign ကို Manage လုပ်ခြင်း), Project/ Event Management တွေက CRM ရဲ့ တစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။
📌3. Sales
Operational CRM ရဲ့ Sales Process မှာတော့ Sales Pipeline တစ်လျှောက် အဆင့်တိုင်းပါပါတယ်။
❗️(Sales Pipeline ဆိုတာ Potential Customer တစ်ယောက် စလာစုံစမ်းတဲ့အဆင့်ကစ ကိုယ့်ရဲ့ Product တွေကို ရှင်းပြတဲ့အဆင့်၊ Customer ဘာလိုချင်လဲဆိုတာ ဆွေးနွေးကြမဲ့အဆင့်၊ အကြမ်းဖျင်း Prouct ကို တင်ပြပြီး စျေးညှိနှိုင်းကြမဲ့အဆင့်၊ နောက်ဆုံး အရောင်းအဝယ်တည့်တဲ့ အဆင့်အထိ တောက်လျှောက်ကို Sales Pipleline လို့ ခေါ်ပါတယ်။)
ဒီလို Sales Pipeline တစ်လျှောက်မှာ Customer နဲ့ အဆက်အသွယ်မပြတ်ပဲ Engage လုပ်တဲ့ Process တိုင်းက CRM ရဲ့ အခွဲ ဖြစ်ပါတယ်။
ဥပမာတချို့ကတော့ Lead Management, Pipeline Management, Cross-selling/Up-selling, Activity Management တွေဖြစ်ပါတယ်။
📌4. Analytical
ဒီအပိုင်းမှာတော့ Customer တွေနဲ့ ပတ်သက်တဲ့ Data တွေပေါ်မူတည်ပြီး Marketing, Sales, Customer Support မှာ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေချတဲ့အပိုင်းဖြစ်ပါတယ်။
Data Mining(Data ရှာခြင်း), Data Collecting (Data စုခြင်း)ကနေ ရလာသမျှကို စုစည်းပြီး Customer တွေရဲ့ Shopping Pattern, New Trend တွေCustomer တွေ ဘယ်လို Product မျိုး အဝယ်များလဲ၊ ဘယ်နှလတစ်ခါ Product အသစ်လာဝယ်တတ်လဲ စတဲ့ အချက်အလက် တွေကို Data Analytics သုံးပြီး ဆန်းစစ်တဲ့ CRM အမျိုးအစားဖြစ်ပါတယ်။ 🙌🏻
📌5. Collaborative
Collaborative CRM မှာတော့ ရရှိလာတဲ့ Data တွေနဲ့ Customer တွေကို လုပ်ငန်းရဲ့ အတွင်းပိုင်း Department တွေနဲ့ ပြင်ပ Agent တွေ၊ Supplier တွေနဲ့ ဖလှယ်ပါတယ်။
ဒီလို Customer နဲ့ ပတ်သက်တဲ့ Data တွေ အချင်းချင်း ပြန်ရှယ်ပေးမှသာ မိမိလုပ်ငန်းက ဘယ်လို Customer တွေနဲ့ အလုပ်လုပ်နေလဲ၊ Customer တွေရဲ့ အကြိုက်တွေ၊ လက်ရှိဘယ်လို Plan တွေရှိထားလဲ၊ Customer တွေရဲ့ လတ်တလော စကားသံ စတာတွေကို Department တွေ အကုန်နားလည်မှာဖြစ်ပါတယ်။
လုပ်ငန်းခွင်တွေမှာ ဖြစ်လေ့ရှိတဲ့ Process နှောင့်နှေးတာတွေ၊ အထင်လွဲမှားမှုတွေ၊ Information အမှားတွေကို ဒီလို Information Sharing လုပ်ခြင်းဖြင့် ရှောင်ရှားနိုင်မှာပါ။ ဒီလို ရှောင်ရှားနိုင်မှလည်း Customer တွေကို ဆက်လက်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။ 🙆🏻♀️
👏CRM ရဲ့ အကျိုးကျေးဇူးတွေကရော ဘာတွေလဲ ..
✅Enhanced Productivity
CRM မှာပါဝင်တဲ့ Proces တွေအားလုံးကို အချိန်ပေးလုပ်တဲ့အခါ ပထမဆုံး Customer တွေနဲ့ ဆက်ဆံရေးက ကောင်းမွန်လာမှာပါ။
ကိုယ့် Product ကို ရောင်းတဲ့အခါ ရောင်းတဲ့အချိန်နဲ့ ပိုက်ဆံယူတဲ့အချိန်ပဲ Customer ပေါ်ကို စိတ်ဝင်စားတာမျိုးထက် Customer ကို သေချာတွေးပေးပြီး ရေရှည်ထိန်းထားနိုင်မယ်ဆိုရင် Customer တွေဆီက ကောင်းမွန်တဲ့ Feedback တွေ ရလာမှာ အမှန်ပါပဲ။
✅ Increased Sale
ဒါကတော့ ပြောစရာကိုမလိုလောက်ပါဘူး။ Customer ဆိုတာ ကျွန်မတို့လုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် သော့ချက်ဖြစ်ပါတယ်။
ကိုယ့်ဘက်ကသာ အားထုတ်ပြီး Customer ကိုဂရုစိုက်ပေးမယ်ဆိုရင် Customer တွေဘက်ကလည်း ကိုယ့် Product တွေသုံးဖို့ ဝန်လေးမှာမဟုတ်ပါဘူး။
ဒါကြောင့် CRM ကနေတဆင့် Customer တွေ ဘာလိုချင်လဲဆိုတာကို အဓိက ထားကြည့်ပါ။ ရောင်းအားက နောက်မှာ အလိုလို လိုက်တက်လာပါလိမ့်မယ်။ ⭐️
✅Enhanced Communication
လုပ်ငန်းခွင်တွေမှာ မကြာခဏတွေ့ရတတ်တဲ့ Conflict တွေကတော့ တိကျတဲ့ Information တွေကို အချိန်မှီ မပြောမိတာမျိုးတွေပါ။
ဥပမာ - Customer တစ်ယောက်နဲ့ ကိုယ့် လုပ်ဖော်ကိုင်ဖက်က စျေးညှိထားပြီးသား၊ ဒါပေမဲ့ ကိုယ်က စျေးညှိထားတဲ့ Information မရထားတဲ့အခါ ကြည့်ပြီး စျေးဖြတ်မိလိုက်တာမျိုး။ ဖြတ်မိလိုက်တဲ့ နောက်ဆုံးစျေးကလည်း စျေးအမှား ဖြစ်နေရင် ပိုရှုပ်ထွေးသွားနိုင်ပါတယ်။ ❌
ဒီလို ပြသနာမျိုးကို CRM Software သုံးပြီး ဖြေရှင်းပေးနိုင်ပါတယ်။ အပေါ်မှာပြောသွားတဲ့ CRM Process တွေအားလုံးကို CRM Software တွေက တစ်နေရာထဲကနေ ထိန်းချုပ်လို့ရတဲ့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို CRM Software တွေကနေ ဝင်ကြည့်လိုက်ရုံပါပဲ။
ဒါကြောင့် Department တွေကြားထဲမှာ Communication ပိုကောင်းလာမှာပါ။
နိဂုံးချုပ်အနေနဲ့ Business တွေရဲ့ အစိတ်အပိုင်းအားလုံးမှာ Customer ကို အဓိကထားသင့်ပါတယ်။
CRM ကို အချိန်ပေးလုပ်ပေးခြင်းဖြင့် Customer နဲ့ ဆက်ဆံရေးပိုကောင်းမွန်လာပြီး ဒီကနေတဆင့် အမြတ်ကလည်း လိုက်တက်လာမှာဖြစ်ပါတယ်။
Customer အခိုင်အမာရှိထားခြင်းကလည်း ရေရှည်မှာ လုပ်ငန်းရဲ့ ပြိုင်ဘက်ကင်းတဲ့ အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။🥳
Written by
Ei Myatnoe Aung
References
https://www.superoffice.com/blog/crm-benefits/
https://www.superoffice.com/blog/what-is-crm/


Comments
Post a Comment