Why should we take risks ?
အားလုံးပဲမင်္ဂလာပါ 
Beatrix က ဒီနေ့မှာတော့ “လူတွေဟာ ဘဝမှာတစ်ခါလောက်ပဲဖြစ်ဖြစ် ဘာလို့စွန့်စားမှုတွေကို လုပ်သင့်တာလဲ” ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာပဲဖြစ်ပါတယ်
လူတော်တော်များများက risk ယူရမှာကို ကြောက်လေ့ရှိကြပါတယ်၊ ကိုယ်အပါအဝင်ပေါ့။
riskယူခြင်းက ကိုယ့်ကိုတိုးတက်စေမှာလား ဒါမှမဟုတ် ပျက်စီးစေမှာလား ဆိုတာ
ဘယ်သူမှမပြောနိုင်လို့ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် riskမယူ
ခင်မှာ “ငါဒီဟာကို riskယူဖို့ ထိုက်တန်ရဲ့လား”ဆိုပြီး
ဖြစ်နိုင်ခြေတွေအားလုံးကို ကြောင်းကျိုးဆက်စပ်စဉ်းစားဖို့
အလွန်ပဲအရေးကြီးပါတယ်
ဒါပေမဲ့လည်း အလုပ်တစ်ခုက ကိုယ်ငယ်ငယ်တည်းက
လုပ်ချင်နေခဲ့တာပဲဖြစ်ဖြစ်၊ ကိုယ့်ဘဝ ပြောင်းလဲဖို့ အတွက်
ဆုံးဖြတ်ချက်ချရာပဲဖြစ်ဖြစ်၊ တိုးတက်ဖို့ကို ရည်မှန်းတယ်
ဆိုရင် အဲ့အလုပ်အပေါ်မှာ risk ယူကြည့်လိုက်တာ အကောင်း
ဆုံးပါ။ riskယူလိုက်ခြင်းအားဖြင့် ဆိုးကျိုးဖြစ်ကောင်းဖြစ်
သွားနိုင်သော်လည်း ကောင်းကျိုးအများကြီးကို ခံစားရမှာ
သေချာပါတယ်
ဒါဆိုရင် ဘာလို့စွန့်စားမှုတွေကိုလုပ်သင့်တာလဲ၊တစ်ခုခုကို
စွန့်စွန့်စားစား လုပ်ကြည့်လိုက်ခြင်းအားဖြင့် ကိုယ့်အတွက်
ဘာတွေ အကျိုးရှိသွားနိုင်မလဲဆိုတာကို ကြည့်လိုက်ကြ
ရအောင်
တစ်ခုခုကို သေချာစဉ်းစားတွက်ချက်ပြီး စွန့်စားမှုပြုလုပ်
လိုက်ခြင်းအားဖြင့် သင့်အတွက် အခွင့်အလမ်းသစ်တွေ
အများကြီး ပေါ်ပေါက်လာစေပါတယ်။ ဥပမာ သင်က
ငယ်ငယ်တည်းက လုပ်ချင်နေတဲ့အလုပ်တစ်ခုကို စွန့်စား
ပြီး လုပ်ကြည့်လိုက်တယ်ဆိုပါစို့… သင်မလုပ်ခင်က အဲ့အလုပ်
နဲ့ပတ်သက်ပြီး မျှော်လင့်ထားတာတွေထက်ပိုပြီး
အဲ့အလုပ်အကြောင်းကို ပိုသိလာမယ်၊ သင်က ဘယ်နေရာမှာ တော်တဲ့သူတစ်ယောက်လဲ စသဖြင့်ပိုသိလာမယ့်
အပြင် သင့်ရဲ့ကောင်းကွက်၊ ဆိုးကွက်တွေကိုပါ ထောက်ပြ
ပေးသလိုဖြစ်မှာမို့ သင်နဲ့ပိုသင့်တော်တဲ့ အလုပ်တွေကိုပါ
သိရှိလာမှာ ဖြစ်ပါတယ်
လူတစ်ချို့က ကိုယ်အမှန်တစ်ကယ် လုပ်ချင်တဲ့အရာတွေ
ရှိသော်လည်း အဲ့ဒါတွေလုပ်လိုက်ခြင်းအားဖြင့် ကိုယ်နာကျင်
ခံစားရမှာလား၊ စိတ်ပျက်ရမှာလား၊ အဲ့အရာက မအောင်မမြင်
ဖြစ်သွားမှာလား စသဖြင့် ကြောက်ရွံ့ပြီး မလုပ်ဘဲနေလိုက်
ကြပါတယ်။ ဒါပေမဲ့ risk ယူပြီး လုပ်ကြည့်လိုက်ခြင်းအား
ဖြင့် အဲ့ဒီကြောက်ရွံ့မှုတွေကိုပါ ကျော်လွှားနိုင်မှာပဲဖြစ်ပါ
တယ်
အလုပ်တစ်ခုကို အရဲစွန့်ပြီး စမ်းလုပ်ကြည့်လိုက်တဲ့အခါမှာ
အောင်မြင်သွားတာလဲရှိသလို တစ်ခါတည်းနဲ့မအောင်မြင်
သေးတာမျိုးလည်း ရှိတယ်မဟုတ်လား။ အဲ့ဒါကြောင့်
အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ
နောက်တစ်ခါ ပိုကောင်းအောင်၊ ပိုတိုးတက်အောင် လုပ်ဖို့
အတွက် သင်ခန်းစာရစေမှာပါ
စွန့်စားပြီးတစ်ခုခုကို လုပ်ကြည့်လိုက်ခြင်းအားဖြင့်
မအောင်မြင်ဘဲ ကျရှုံးခဲ့ရင်တောင်မှ သင့်မှာ အတွေ့အကြုံ
တွေရလာပါလိမ့်မယ်၊ အဲ့ဒီအတွေ့အကြုံတွေက သင့်ကို
ပိုတော်တဲ့လူတစ်ယောက်ဖြစ်အောင် ပြောင်းလဲပေးပါ
လိမ့်မယ်
Comfort zone ထဲက မထွက်ဘဲ သင့်ရဲ့ရည်မှန်းချက်တွေ
အကြောင်း တွေးပဲတွေးနေတယ်၊ အကောင်အထည်ဖော်ဖို့
မလုပ်ရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး၊ အဲ့ဒါကြောင့်
Risk ယူပြီး လုပ်ကြည့်လိုက်ပါ၊ ဒါပေမဲ့ သေချာစဉ်းစား
ဆုံးဖြတ်ပြီးမှ riskယူဖို့တော့ လိုတာပေါ့၊ မအောင်မြင်ခဲ့
ရင်တောင်မှ နောက်တစ်ကြိမ်အတွက် ခွန်းအားတွေ၊ သင်ခန်း
စာတွေ၊ အတွေ့အကြုံတွေ ရစေမှာပါ
ဒီအချက်တွေကိုဖတ်ပြီး အသိပညာတစ်ခုခုရသွားစေဖို့
မျှော်လင့်ရင်း Beatrixက ဒီနေ့တော့ ဒီလောက်နဲ့ပဲ
နှုတ်ဆက်လိုက်ပါတယ်
Reference link-
Written by
TTZ

Comments
Post a Comment