ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုဘာလို့ဂရုစိုက်ဖို့လိုတာလဲ🌻

 ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဘာလို့ ဂရုစိုက်ဖို့လိုတာလဲ🌻


Beatrix စာဖတ်ပရိသတ်ကြီးတို့ရေ....


စိတ်ကျန်းမာရေးက သင်တို့ရဲ့ နေ့စဉ်ဘဝမှာ အရေးပါတယ်လို့ထင်ပါသလား ❓


စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာဆိုရင် အခြားသော ခန္ဓာကိုယ်ကျန်းမာရေးတွေလို လူတိုင်းအတွက်အထူးဂရုပြုရမယ့် အရာပဲဖြစ်ပါတယ်။

 စာရေးသူတို့အများစုဟာဆိုရင် ကိုယ့်ရဲ့ မျက်နှာအလှအပ၊ ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်အတွက်ပဲ ငွေတွေရင်းနှီး၊ အချိန်တွေပေးပြီး ပြုပြင်ဂရုစိုက်တတ်ကြပေမယ့် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုတော့ လျစ်လျူရှုထားတတ်ကြပါတယ်။🤷‍♀️


အထူးသဖြင့် အခုလို ကပ်ရောဂါကြီးဖြစ်တဲ့ကာလမှာဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ပိုပြီးတော့ ဂရုစိုက်ပေး သင့်ပါတယ်။ ကပ်ရောဂါကဖြစ်၊ ကုန်စျေးနှုန်းတွေ ကလည်းတက်၊ အလုပ်အကိုင်တွေ ကလည်းပျက်၊ အလုပ်ရှာမရတော့ လူတွေရဲ့စိတ်တွေက စိတ်ပျက် အားလျော့တာတွေဖြစ်လာပါတော့တယ်။ အဲ့ဒီကနေမှတဆင့် ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်တာတွေ အစပြုလာပါတယ်။😞


Beatrix စာဖတ်ပရိသတ်ကြီးတို့ စာရေးသူတို့ရဲ့ စိတ်ကျန်းမာရေးဟာဆိုရင် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကောင်းမွန်ခြင်း၊ စိတ်ခံစားချက်ကောင်းမွန်ခြင်းနဲ့ လူနေမှုဘဝကောင်းမွန်မျှတခြင်းတွေအပေါ် များစွာ အကျိုးသက်ရောက်မှုတွေရှိနေပါတယ်။🌻


ဒါကြောင့် လူတိုင်း လူတိုင်းရဲ့ စိတ်ကျန်းမာရေးက ဘာကြောင့်အရေးကြီးတယ်၊ ဘယ်လိုတွေဂရုစိုက်ရမယ်ဆိုတာကို အောက်မှာ ဆက်ဖတ်ကြည့်ရအောင်နော်။ 



🌻ဘာကြောင့် စိတ်ကျန်းမာရေးက နေ့စဉ်ဘဝမှာ အရေးကြီးတာလဲ❓


▪️စာဖတ်သူတို့ရဲ့ ဘဝမှာဆိုရင် emotional နဲ့ mental health က အလွန်အရေးပါတဲ့ ကဏ္ဍမှာ ပါဝင် ပတ်သက်နေပါတယ်။ 


▪️ဘာဖြစ်လို့လဲဆိုတော့ တို့ရဲ့ အတွေးတွေ၊ ခံစားချက်တွေ၊ အမူအကျင့်တွေဟာဆိုရင် ကိုယ့်ရဲ့ စိတ်ကြောင့် ဖြစ်ပေါ်လာရတာတွေ ချည်းပါပဲ။ 

ကိုယ်က ပျော်နေမယ်ဆိုရင် အကြံဉာဏ်ကောင်းတွေရမယ်၊ ဘာလုပ်လုပ် လုပ်ကိုင်ရတာ အားနဲ့ အင်နဲ့ ဖြစ်နေမယ်။ 


▪️အဲ့လိုမဟုတ်ဘဲ စိတ်ညစ်နေမယ်၊ မပျော်ဘူးဖြစ်နေရင်တော့ အပေါ်ကပြောထားတာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေမှာပေါ့နော်။


▪️လူဆိုတာက စိတ်ချမ်းသာမှ ကိုယ်ကျန်းမာမယ်။ ကိုယ်ကျန်းမာမှ ကိုယ်လုပ်ကိုင် ကြံစည်ထားသမျှတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်တာမလို့ စိတ်ကျန်းမာရေးဟာ လူတိုင်းအတွက် အလွန်အရေး ကြီးပါတယ်။


🌻ဒီလို ဝေဒနာတွေ ဘာကြောင့် ခံစားရတာလဲ❓


▪️သင်စိုးရိမ်ပူပန်တာတွေ၊ စိတ်ဖိစီး စိတ်ဓာတ်ကျ နေရတဲ့အကြောင်းရင်းတွေဟာဆိုရင် အလုပ်ကနေ အထုတ်ခံရတာ၊ လုပ်ငန်းခွင်မှာ အဆင်မပြေတာ၊ အလုပ်ရှာမရတာ၊ ကိုယ့်ရဲ့ လူမှုဆက်ဆံရေး၊ အချစ်ရေးမှာ အဆင်မပြေတာ အစရှိသဖြင့်တွေကြောင့် ဖြစ်တတ်ပါတယ်။ 


▪️ငယ်ငယ်တုန်းက ကြုံခဲ့ရတဲ့ စိတ်ထိခိုက်စရာ အဖြစ်အပျက်တွေ၊ အနိုင်ကျင့်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေဟာဆိုရင်လည်း တစ်ခါတစ်လေ စိတ်ထဲမှာ စွဲပြီး ကျန်နေတတ်ပါတယ်။


▪️လူမှုရေး၊ စီးပွားရေး ပြဿနာတွေရင်ဆိုင်ရတာတွေ၊ နာတာရှည်ရောဂါဝေဒနာ ခံစားရတာ၊ အမျိုးမျိုးသော ကိစ္စရပ်တွေကြောင့် စိတ်ပျက် ဝမ်းနည်း၊ စိတ်ဓာတ်ကျဝေဒနာ ခံစားကြရပါတယ်။


▪️ဒါပေမယ့် ဒီအရာတွေကို  သင့်ရဲ့ စိတ်ကျန်းမာရေး ထိခိုက်နိုင်လောက်တဲ့အထိ ဆိုးဆိုးရွားရွားအဖြစ်ခံပြီး ဘဝကို လွယ်လွယ်နဲ့အရှုံးမခံပါနဲ့။



🌻စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးရဲ့ လက္ခဏာတွေက ဘာတွေလဲ❓


▪️စိတ်ဓာတ်ကျလာမယ်၊ 


စိတ်ဖိစီးမှုတွေရှိလာမယ်၊အထီးကျန်လာမယ်၊ အကောင်းမြင်စိတ်တွေ ကုန်ခမ်းလာမယ်၊ အရာအားလုံးကို မကောင်းတဲ့ရှုထောင့်ကနေပဲ တွေးတတ်၊မြင်တတ်လာမယ် စသဖြင့် အရာတွေကို ခံစားနေရပြီဆိုရင် ဒါဟာ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ပတ်သတ်ပြီး ပြဿနာရှိနေပြီဆိုတဲ့ လက္ခဏာတွေပါ။ 


▪️အဲ့ဒီလိုတွေခံစားလာရပြီဆို ကိုယ်ဘာလုပ်လုပ် ဘာမှအဆင်မပြေဖြစ်နေပြီးဘယ်သူနဲ့မှလဲ စကားပြောဆိုချင်စိတ်မရှိတော့တာမျိုးဖြစ်နေပါတော့တယ်။


▪️အပေါ်မှာဖော်ပြထားတဲ့ အရာတွေသင့်မှာဖြစ်လာပြီဆိုရင် ကိုယ့်စိတ်ကျန်းမာရေးကို ကုစားဖို့အတွက် အကောင်းဆုံးနည်းလမ်းကို ရှာဖွေသင့်ပါတယ်။ မဟုတ်ရင် ထိုအရာကြီးဟာ သင့်ဘဝ တစ်လျောက် လုံး အရိပ်မည်း ကြီးလို ကပ်ပါလာပါလိမ့်မယ်။ 


🌻သင့် စိတ်ကျန်းမာရေး အခြေနေကောင်းမွန်နေအောင် ဘယ်လို ဂရုစိုက်မလဲ❓


▪️သင့်ရဲ့အနားက မကောင်းတဲ့အရာတွေ၊ သင့်ပတ်ဝန်းကျင်က အဆိပ်အတောက် ဖြစ်စေတဲ့လူတွေ၊ သင့်ကို စိတ်ဓာတ်ကျစေတဲ့ အကြောင်းရင်းတွေကို သင့်ဘဝထဲက ဖယ်ရှားပစ်ပါ။ 


▪️နောက်ပြီး ဖြစ်လာသမျှအကြောင်းအရာတွေကို အကောင်းဘက်က တွေးပြီးဖြေရှင်းကြည့်ပါ။ ဖြစ်လာသမျှအရာအားလုံးက သင်ဘယ်လို စဉ်းစားပြုမူလဲပေါ်ကို မူတည်ပြီး ဖြစ်လာတာပါ။


▪️ဒါ့အပြင် လိုအပ်တဲ့အခါ ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်တာ မျိုးတွေလုပ်ပြီး ကုသမှုခံယူပါ။


▪️သင်နဲ့ ရင်းနှီးတဲ့ ယုံကြည်ရတဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီမှာ အကူအညီတောင်းပြီး သူတို့နဲ့ အချိန်ပေးတာတွေ ၊ ရင်ဖွင့်တာမျိုးတွေ လုပ်ကြည့်ပါ။

ကိုယ့်ပတ်ဝန်းကျင်မှာ အဲ့လိုလူမျိုးတွေရှိနေရင်လည်း လျစ်လျူမရှုပါနဲ့။ ကိုယ်တတ်နိုင်သလောက် ကူညီဖေးမ ပေးပါ။


▪️ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေအနေနဲ့ 

အိပ်ရေးဝဝအိပ်ပါ။🛌 

အာဟာရပြည့်ဝတဲ့အစာတွေစားပါ။🧆

 အားကစားလုပ်ပါ။🏋️‍♀️ 

ကိုယ်ခံအားကောင်းအောင်နေပါ။⚡️

ကိုယ်စိတ်ပျော်တာလေးတွေလုပ်ပြီး ကိုယ့် စိတ်ထွက်ပေါက်ကို ဖွင့်ပေးပါ။ 👏🏽

ကိုယ့်စိတ်ကို ပေါ့ပေါ့ပါးပါး ဖြစ်အောင်ထားပါ။🧘‍♂️


▪️အချိန်ယူပြီး ကိုယ့်စိတ်ကိုယ် အနားပေးပါ။ သင့်ကိုယ်သင် အပြစ်တင်တဲ့စိတ်တွေ အသုံးမကျဘူးထင်တာတွေကို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီး ကိုယ်လုပ်နိုင်တယ်ဆို တဲ့စိတ်ကိုထား အကောင်းဆုံးလုပ်ဆောင်မယ်ဆိုရင် စိတ်နှလုံး အေးချမ်းငြိမ်သက်မှုသာမက အောင်မြင်မှုကိုပါ တွေ့ရှိလာမှာပါ။🏆


Beatrix စာဖတ်ပရိသတ်ကြီးအားလုံးလဲ Covid-19 ဘေးကကင်းလွတ်ပြီး စိတ်ရော၊ ကိုယ်ပါ ကျန်းမာနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် 🐝


Reference: https://thriveglobal.com/stories/why-is-it-necessary-to-take-care-of-your-mental-health/


By,



Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱