လူငယ်တွေနဲ့ 21st Century Skills 🥳
လူငယ်တွေနဲ့ 21st Century Skills 🥳
ခေတ်ကာလတိုးတက်ပြောင်းလဲလာတာနဲ့ အမျှ ကျွန်မတို့လူငယ်တွေရဲ့ အနာဂတ်ဟာ ထင်တာထက်အများကြီး ပိုမိုကောင်းမွန် တိုးတက်မယ်လို့ ခန့်မှန်းလာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ လူငယ်တွေအနေနဲ့ ရင်ဆိုင်ရမယ့် ပြဿနာတွေ၊ စိန်ခေါ်မှုတွေ လည်းများသထက်များလာပြီး ရှေးရိုး နည်းလမ်းအတိုင်း ဖြေရှင်းဖို့ရာ မလွယ်ကူတော့ပါဘူး။🙅🏻♀️
အဲ့ဒါကြောင့် အချိန်နှင့်တပြေးညီတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ကျွန်မတို့ နေ့စဥ်ဘဝမှာပဲဖြစ်ဖြစ်၊အောင်မြင်မှုပန်းတိုင် တွေကို ဆွတ်ခူးနိုင်ဖို့ အတွက် ခေတ်မှီတဲ့ ကျွမ်းကျင်မှု skill တွေ၊ ၂၁ ရာစုမှာ မရှိ မဖြစ်ထားသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကိုယ့်ကိုယ်ကို ပြည့်စုံ အောင်လုပ်နိုင်ဖို့ အရမ်း အရေးကြီး ပါတယ်နော်‼️
ဒီတော့ ၂၁ ရာစုလူငယ်တစ်ယောက်အနေနဲ့ ဘယ်လို skill တွေတတ်မြောက်ဖို့လိုလဲ?🤔
✅(1) Technical Skills (နည်းပညာပိုင်း ဆိုင်ရာကျွမ်းကျင်မှု) 📱
အခုခေတ်မှာနည်းပညာဟာအရမ်းကို ကျယ်ပြန့်လာပြီဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ်ကနည်းပညာပိုင်းကိုအထူးပြုသူမဟုတ်ရင်တောင် နေ့စဥ်ဘဝမှာမဖြစ်မနေလိုအပ်တဲ့ အခြေခံလောက်တော့ကျွမ်းကျင်ဖို့လိုပါမယ်။ အခု covid ကာလဟာဒါကိုသက်သေပြသွား တာပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး Work From Home စနစ်ကိုကျင့်သုံးနေရတာ ဖြစ်ပြီး G Suite Tools တွေ၊ Microsoft Tools တွေ၊ Design ပိုင်း စသဖြင့် အနည်းနဲ့အများ တတ်မြောက်ထားမှ အလုပ်တွေကို အချိန်ကုန် လူပင်ပန်း သက်သာအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။🙇🏻♀️
✅(2) Research and analyzing skills 🕵️♂️
ယခုနောက်ပိုင်းမှာ ပညာရေးအရရော၊ လုပ်ငန်းခွင်မှာကော များသောအားဖြင့် အလုပ်အကိုင်တွေမှာ research-based ရှာဖွေလေ့လာတွေ့ရှိချက်တွေကို သုံးသပ်စစ်ဆေးပြီးမှ လုပ်ကိုင်ကြတာ များပါတယ်။ တက္ကသိုလ်တွေမှာရှိတဲ့ တချို့ဘာသာရပ်တွေမှာဆိုရင် case study သဘောမျိုးသွားတဲ့အခါမျိုးမှာ ဒါနဲ့ ပတ်သက်ပြီး အင်တာနက်တို့၊ youtube တို့ကတစ်ဆင့်လေ့လာ၊ ကိုယ့်ဟာကိုယ် သုံးသပ်ပြီးဖြေရတာမျိုးတွေရှိပါတယ်။ အရောင်းအဝယ်လုပ်ငန်းမှာဆိုရင်လည်း ကိုယ်ရောင်းမယ့်ပစ္စည်းနဲ့ပတ်သက်ပြီး စျေးကွက်ထဲမှာ ဘယ်လိုရှိလဲဆိုတဲ့ အကြောင်း Market Research လုပ်ရတာမျိုးတွေရှိပါတယ်။
အခုဆို လူငယ်တွေကြားခေတ်စားနေတဲ့ content writing မှာဆိုရင်လည်း content ကောင်းတစ်ပုဒ်ဖြစ်ဖို့အတွက် research လုပ်ရတာ၊ ကိုယ်ယူထားတဲ့အချက်အလက် တွေရဲ့ source မှန်မမှန်ကြည့်ရတာအစရှိသဖြင့် research and analyzing skills ဟာလည်းမဖြစ်မနေရှိသင့်တဲ့ skill တစ်ခုထဲမှာပါဝင်ပါတယ်။🧐
✅(3) Communication and adaptability skills 👥💁♂️
ကိုယ်ဘယ်နေရာရောက်ရောက်၊ ဘာပဲလုပ်လုပ် ဆက်ဆံရေးမကောင်းတဲ့ လူတစ်ယောက်ဟာ အောင်မြင်သူ တစ်ယောက်ဖြစ်ဖို့ရာ ခဲယဥ်းပါလိမ့်မယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့အခါ အလိုက်သိပေးတတ်တာ၊ တစ်ခုခုဆို အားပေးချီးမွမ်းတတ်တာ၊ စကားအပြောအဆို ဆင်ခြင်တာ အစရှိသဖြင့် ပြုလုပ်ပေးမယ်ဆိုရင် တစ်ချိန်ချိန်မှာ ကိုယ့်အတွက်အများကြီး အကျိုးဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ လူ့လောကမှာဘယ်သူမှ သီးသန့်တစ်ဦး တည်း ရပ်တည်လို့မရတာဖြစ်တဲ့အတွက် communication ကောင်းတဲ့အပြင် ကိုယ်ရှိနေတဲ့နေရာဒေသအလိုက် ပြုပြင် ပြောင်းလဲ နေတတ်ဖို့လည်း အရမ်းရေးကြီး လှပါတယ်။🗣👥
✅(4) Problem-Solving and Critical Thinking Skills 😵
ပြဿနာဆိုတာဘယ်လိုမှရှောင်တိမ်းလို့မရ တဲ့အရာမျိုးပါ။ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ရ ပြီဆိုရင် လူအများစုက စိတ်လှုပ်ရှားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ အခြေအနေ တွေ၊ အခြားလူတွေအပေါ် blame လုပ်တတ် ကြပါတယ်။ ဒီလိုလုပ်မိတဲ့အခါ ပြဿနာကို ဖြေရှင်းရာမရောက်တဲ့အပြင် နောက်ပြဿနာ တစ်ခုထပ်ရှာရာရောက်ပါတယ်။ ဒီလို အချိန်မျိုးမှာ အရင်ဆုံးစိတ်အေးအေး ထားပြီး Solution-Oriented ဖြစ်တဲ့ စိတ်ဓာတ်ထားရှိပြီး စဥ်းစားဆင်ခြင် ဖြေရှင်းတတ်မှသာအဆင်ပြေမှာဖြစ်ပါတယ်။🤓
✅(5) Health and wellness literacy 🤒
ကျွန်မတို့ ၂၁ ရာစုလူငယ်တွေဟာ အရမ်းကို စိတ်အားထက်သန်ကြပြီး တိုးတက်ချင်စိတ် အပြည့်အဝရှိကြပါတယ်။ ဒီလိုအချိန်မှာ အောင်မြင်မှုတစ်ခုတည်းပေါ်၊ အလုပ်တစ်ခု တည်းပေါ်မှာပဲအာရုံစိုက်နေမယ်ဆိုရင် ကျန်တဲ့အပိုင်းတွေမှာ ထိခိုက်လာနိုင် ပါတယ်။ ဒီ pandemic ကာလအတွင်းမှာ ဆိုရင် အချိန်မှန်မှန်မအိပ်တာတွေ၊ အစားသောက်ပုံမှန်မစားတာတွေ၊ ကျန်းမာရေးလိုက်စားမှုပိုင်းမှာ အားနည်း နေတာအများကြီးတွေ့ရပါတယ်။ ကျန်းမာရေး ထိခိုက်လာတဲ့အခါမျိုးမှာ အလုပ်တွေရေရှည်လုပ်ဖို့ရာ ခက်ခဲသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေး လိုက်စားကြပါလို့ တောင်းဆိုလိုပါတယ်။👩⚕️👨⚕️
📌၂၁ ရာစု skills လို့ပြောလိုက်ရင် မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ အခု post မှာပါဝင်တဲ့ အချက်တွေကတော့ အဓိကအားဖြင့် ရှိသင့်ရှိထိုက်တာတွေကို highlight သွားတာဖြစ်ပါတယ်။💁♀️
လူငယ်တွေအားလုံး အောင်မြင်မှုတွေဆွတ်ခူးနိုင်ကြပါစေလို့ ဆုတောင်းလျက်......🤩🥇
Reference Link:https://www.edglossary.org/21st-century-skills/
Written by
အလှလေး

Comments
Post a Comment