DIGITAL MARKETING ဆိုတာဘာလဲ?
DIGITAL MARKETINGဆိုတာဘာလဲ?
Stellaတို့ အခုခေတ်မှာဆိုရင် ဖုန်းမကိုင်တဲ့သူဆိုတာ အရမ်းရှားသွားပါပြီ။ လူတွေဟာအင်တာနက်ပေါ်ကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် စီးပွါးရေးလုပ်ငန်း တွေကလည်း အရင်တုန်းက Traditional Marketingလိုမျိုး လက်ကမ်းစာစောင်လေးတွေဝေ၊ ကြော်ညာဘုတ်ကြီးတွေ ထောင်လိုက်ရုံနှင့် စီးပွားရေးဟာ မတိုးတက်လာတော့ပါဘူး။
ဒါကြောင့် customersတွေရဲ့ needs and wantsတွေကို ဖြည့်ဆည်းနိုင်အောင်၊ ကုန်ပစ္စည်းတွေ servicesတွေကို upgradeဖြစ်နိုင်အောင် digital toolsတွေနဲ့ အတူ အမှီလိုက်ရပါတော့တယ်။ ⚙️📱
တကယ်တမ်းဟာ Digital Marketingက ရိုးရိုး marketingလိုပါပဲ။ Traditional Marketingနဲ့ ကွဲသွားရခြင်းက Internetကို အဓိကထားပြီး digital toolsတွေနဲ့ သုံးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
အဲ့ဒီနည်းလမ်းသုံးလိုက်ခြင်းဟာ စျေးကွက်ကို ထိုးဖောက်တဲ့ နေရာမှာလည်း အရမ်းကို မြန်ဆန်ပါတယ်။📈
Digital Marketingဟာ အရမ်းကိုကျယ်ပြန့်ပါတယ်။ Digital Marketingလို့ ပြောလိုက်တာနဲ့ Facebook Marketingတစ်ခုတည်း မဟုတ်ပါဘူး။
သူ့မှာ အခွဲတွေ အများကြီးရှိပါတယ်။ ဒါဆို သူ့မှာ ယေဘုယျအားဖြင့် ဘာတွေပါလဲဆိုတာကို Stellaနဲ့အတူတူ ကြည့်ကြည့်ရအောင်။💁🏻♀️
✅Social Media Marketing( SMM)
Social Media Marketingဆိုတာ Facebook တစ်ခုတည်းကို တန်းပြီး ပြေးမမြင်စေချင်ဘူး။🙅
အခြား Instagram, Linkedin, Youtube, Snapchatတို့ကို သုံးပြီးလည်း marketingခင်းကြပါတယ်။ အခုဆိုရင် Tiktokကလည်း ရေပန်းစားနေတာကြောင့် customers တွေကို ဆွဲဆောင်နိုင်အောင် Adsတွေပါလုပ်နေပါပြီ။
✅Search Engine Marketing(SEM)
ကိုယ့်ရဲ့ brandကို လူသိများအောင် ကြော်ငြာတဲ့ marketing ဖြစ်တယ်။ SEMဟာ SEOနဲ့ မတူတဲ့ အဓိကအချက်က paid advertising ဖြစ်တယ်။ 💰
ဒါကြောင့်မလို့ သူများbrandတွေနှင့် ယှဥ်ပြီး Websiteတွေမှာ searchလိုက်တဲ့အခါ ထိပ်ဆုံးနေရာကနေ ကျလာတယ်။ ဥပမာ paper- clickလိုမျိုးဖြစ်ပါတယ်။
✅ Search Engine Optimization(SEO)
သူကတော့ ပိုက်ဆံပေးစရာမလိုဘဲ ကိုယ့်ရဲ့ brandကို websiteတွေမှာ marketingခင်းနည်းမျိုးဖြစ်တယ်။ Stellaတို့ နေ့စဥ်ဘဝမှာ မရှိမဖြစ် လိုအပ်နေတဲ့ Googleကြီးမှာပေါ့။
➡️ပြီးတော့ Yahoo, MSN, Bingတို့လည်း ပါပါတယ်။
✅Mobile Marketing📱
Stellaက ဒီတစ်ခုကို အပေါ်ကအရာတွေနဲ့ ဘာလို့ ခွဲပြောလည်းဆိုရင် tablets, androidတို့ရှိရုံနှင့်
✔️ SMS Marketing,
✔️QR code Marketing,
✔️ Bluetooth Mobile Marketing
✔️Mobile push notifications,
✔️ Mobile appsစသဖြင့် marketingခင်းနည်း အများကြီးရှိပါတယ်။
ဥပမာ GOOGLE Play Store, Shopify…
✅Email Marketing📨
Emailသုံးပြီး ကြော်ငြာတွေပို့ blogတွေလုပ်ပြီး marketingခင်းခြင်းဖြစ်တယ်။
Email Marketingခင်းလို့ကောင်းတဲ့ toolsတွေကတော့ Rejoiner,Hubspot, Convertkitတို့ ဖြစ်တယ်။
✅Bling Bling✨✨
နောက်ဆုံးအချက်အနေနဲ့ Stellaက Bonus tipအနေနဲ့ Digital Marketingဘက်ကို သွားချင်တဲ့သူတွေဟာ Traditional Marketing ရိုးရိုး marketingကို ကျွမ်းကျင်အောင်လုပ်ပြီးမှ သွားသင့်တယ်လို့ အကြံပေးချင်တယ်။ Digital Marketingဘက်ကို တန်းခုန်မကူးစေချင်ဘူး။
အဲ့ဒါမှ မြန်မြန်ဆန်ဆန်နဲ့ professional ကျကျ Digital Marketingကို လုပ်ဆောင်နိုင်မှာပါ။😚
Be Happy & Healthy🐝
Written by
# Stella Pyae






Comments
Post a Comment