“ဆယ်ကျော်သက်များနှင့် တည်ငြိမ်ရင့်ကျက်မှု”🧐
“ဆယ်ကျော်သက်များနှင့် တည်ငြိမ်ရင့်ကျက်မှု”🧐
အခုခေတ်ဆယ်ကျော်သက်အရွယ်တွေ၊ လူငယ်တွေကို ကြည့်လိုက်မယ်ဆိုရင် အရင်ကထက်အများကြီး ပိုတော်တာ၊ ပိုထက်မြက်တာ၊ အများကြီးပိုသိကြတာကို သတိထားမိပါလိမ့်မယ်။ 🙇🏻♀️
📌အင်တာနက်နဲ့ အခြားနည်းပညာပိုင်းဆိုင်ရာတိုးတက်မှု တွေကြောင့် လူငယ်တွေရဲ့ ဦးနှောက်ဟာ အချက်အလက်တွေ၊ ဗဟုသုတတွေနဲ့ ပြည့်စုံလျက်ရှိပါတယ်။💁♀️
ဒါပေမယ့် လေ့လာတွေ့ရှိချက်တွေအရ ဆယ်ကျော်သက်တွေ ဟာစိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုပိုင်းမှာ အားနည်းနေကြပါတယ်။ အခုခေတ် ဆယ်ကျော်သက်တွေဟာဆိုရင် အသက် အရွယ်အရ သိသင့်သိထိုက်တာထက် အများကြီး ပိုသိနေတာ၊ ကြိုသိနေတာ ဖြစ်ပါတယ်။ ဒါဟာကောင်းတယ်ထင်ရ ပေမယ့် ဒီဘက်ပိုင်းမှာ အာရုံစိုက်ဖြစ်နေတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးတဲ့ အပိုင်းမှာ လစ်ဟာနေတာတွေ့ရပါတယ်။😨
📌သင်ဘယ်လောက်ရင့်ကျက်လည်းမရင့်ကျက်ဘူးလည်းဆိုတာ အသက်အရွယ်ထက်စာရင် ကိုယ့်ပတ်ဝန်းကျင်ရယ်၊ ကိုယ်ထမ်းဆောင် ရတဲ့တာဝန်တွေနဲ့ အများကြီးပိုဆိုင်ပါတယ်။ သိပ္ပံသဘောအရကြည့်မယ်ဆိုရင် လူ့ဦးနှောက်ဟာ ကလေးငယ်တစ်ယောက် ဦးနှောက်အသွင်ကနေ လူကြီးတစ်ယောက်ရဲ့ ဦးနှောက်အသွင်ပြောင်းတဲ့အခါမှာ ဦးနှောက်ရဲ့ အားနည်းနေတဲ့ ဆဲလ်တွေ၊ အသုံးမဝင်တော့တဲ့ အစိတ်အပိုင်းတွေကိုကိုယ်တိုင်ဖယ်ရှားပါတယ်။🙆♂️
📌ဦးနှောက်ရဲ့အရှေ့ပိုင်းမှာဖွံ့ဖြိုးတဲ့ ဆုံးဖြတ်ချက် ချတတ်မှု၊ အကြောင်းအရာဆက်စပ်မှုတွေ ဆိုရင် အသက် ၂၀ အစောပိုင်းအထိ ၁၀၀ ရာခိုင်နှုန်းလုံးမဖွံ့ဖြိုးဘူးလို့ဆိုပါတယ်။ 💭
ဒါ့ကြောင့်လည်း လူငယ်တွေအခုသိသင့် သိထိုက်တာတွေထက်ပိုတဲ့အခါ သူတို့အမြင် မှာတော့ ဒီ information တွေကို ဦးနှောက်က ကောင်းကောင်းဆုပ်ယူနိုင်တယ် ထင်ရပေမယ့် တကယ်တမ်းကျတော့ စိတ်ပိုင်းဆိုင်ရာအရ ဒါတွေကိုသိဖို့ အဆင်သင့်မဖြစ်ကြသေးပါဘူး။ 😰
📌ဒီတော့ရင့်ကျက်တဲ့လူတစ်ယောက်မှာ ဘယ်လိုစိတ်ထားမျိုးတွေ၊ ဘယ်လို လုပ်ဆောင်မှုမျိုးတွေရှိလဲဆိုတာကို ကြည့်ရင်းနဲ့ ငါကော ဘယ်အတိုင်းအတာထိ ရင့်ကျက်နေပြီလဲဆိုတာကို စမ်းစစ် ကြည့်ရအောင်…..🙌
✔️(1)ရင့်ကျက်သူတွေက အကြောင်းအရာတစ်ခုခုအပေါ်မှာ ရေရှည်စွဲစွဲမြဲမြဲ လုပ်ဆောင်တတ်ကြပါတယ်။✊💪
ပတ်ဝန်းကျင်မှာ အလုပ်ဆိုလည်း ခဏခဏပြောင်းလုပ်တာမျိုးတွေ၊ စိတ် အပြောင်းအလဲအရမ်းမြန်တဲ့ လူမျိုးတွေ တွေ့ဖူးကြမှာပါ။ ရင့်ကျက်တဲ့သူတွေကတော့ အဲ့လို ခဏခဏပြောင်းလဲလုပ်ဆောင် ရတာကို သိပ်သဘောမကျတတ်ပါဘူး။ 🤥
✔️(2)ပတ်ဝန်းကျင်ရဲ့အမြင်တွေပေါ်မှာ အရမ်း လိုက်မခံစားတတ်ကြဘူး။🙅🏻♀️
ငယ်ရွယ်တဲ့အချိန်မှာဆိုရင် ဟိုလူကငါ့ကို ဒီလိုပြောတာ၊ ဒီလူကဒီလိုချီးကျူးတာဆိုပြီး သတိထားနေပေမယ့် ရင့်ကျက်လာတဲ့ အခါကျ ကိုယ်နဲ့ကိုက်ညီသင့်လျော်တဲ့ အခြေအနေတစ်ခုနဲ့ပဲ သွားကြရတာဖြစ်တဲ့ အတွက် ပတ်ဝန်းကျင်အမြင်ကိုသိပ် ခေါင်းထဲမထည့် တတ်ကြပါဘူး။
✔️(3) ကြွားဝါလိုစိတ်လျော့နည်းလာပြီးhumbleပိုဖြစ်လာပါတယ်။😊
ပုံမှန်ဆိုရင်ကိုယ့်ရလဒ်တွေအကြောင်းကို အားပါးတရ ဂုဏ်ယူပြောဆိုတတ်ကြပေမယ့် ရင့်ကျက်လာလေလေ modest ပိုဖြစ် လာလေလေပါ။
✔️(4) ခံစားချက်တွေထက် လုပ်သင့်တယ်လို့ ထင်ရတဲ့အပြုအမူတွေနောက်သာ လိုက်တော့တယ်။🤷♀️
ဘယ်ရင့်ကျက်သူမဆို ကိုယ်သတ်မှတ်တဲ့စံနှုန်းတွေအတိုင်း နေထိုင်ကြတာ ဖြစ်ပါတယ်။ ကိုယ်က ဒီလိုလုပ်လို့ ကောင်းတယ်ထင်ရင်လုပ်ချင်ချင် မလုပ်ချင်ချင် လုပ်လိုက်ပါတယ်။ ဥပမာ - စောစော အိပ်တာကကျန်းမာရေးအတွက် ကောင်းတယ် လို့ယူဆထားတဲ့အတွက် အိပ်ချင်နေတာ မဟုတ်ပေမယ့်လည်း "ကျန်းမာရေးသည်သာ အဓိက" ဆိုတဲ့ခံယူချက်အရ အိပ်လိုက်တယ် ဆိုတာမျိုးကို ဆိုလိုပါတယ်။ 😴
✔️(5) ကိုယ့်မှာမရှိတဲ့အရာတွေထက် ရှိနေပိုင်နေတာတွေကို ပိုဂရုစိုက်တန်ဖိုးထားတတ်တယ်။🤗
ကလေးတစ်ယောက်က လိုချင်တဲ့အရုပ် မရရင် ဂျည်တိုက်တာတို့၊ ငိုတာတို့ လုပ်ပြီး စိတ်ညစ်တတ်ကြတယ်။ အခုလို iphone အသစ်ထွက်လို့ လိုချင်တဲ့အတွက် မရရအောင်လိုက်ဝယ်ကြတယ်။ မရရင် သူငယ်ချင်းတွေကြားထဲ ရှက်တယ်ရွံ့တယ် အစရှိသဖြင့် ဖြစ်တတ်ကြပါတယ်။ ရင့်ကျက်သူတွေမှာတော့ ကိုယ့်မှာရှိတဲ့ ဖုန်းဟာကိုယ်လိုအပ်တာတွေအားလုံးကို သုံးဖို့အဆင်ပြေနေတယ်ဆိုရင်ကိုကျေနပ် နေတတ်ကြတဲ့လူမျိုးတွေဖြစ်ပါတယ်။💁♂️
(❗️ကိုယ်ဘယ်လောက်ရင့်ကျက်လည်း မရင့်ကျက်ဖူးလည်းဆိုတာ ကိုယ့်အသက် အရွယ်ထက် တခြားသောအရာတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ အပေါ်က အချက်အလက်တွေအပြင် သင့်ရဲ့ တည်ငြိမ်ရင့်ကျက်မှု တိုင်းတာတဲ့ နောက်ထပ်အချက်အလက်တွေလည်းအများကြီး ရှိပါတယ်။)
👉ကိုယ့် maturity level ကိုတိုင်းတာချင်တယ်ဆိုရင် အင်တာနက်က တစ်ဆင့် Maturity level test တွေအများကြီး ဖြေကြားပြီးဆန်းစစ်နိုင်ပါတယ်။😉
သူငယ်ချင်းတို့အားလုံးအတွက် ဒီ post လေးကတစ်ဆင့်ဗဟုသုတတွေအများကြီး ရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။🤩
Reference Link: https://www.psychologytoday.com/us/blog/artificial-maturity/201211/the-marks-maturity
Written by
အလှလေး


Comments
Post a Comment