Curriculum Vitae ကိုအထာကျကျရေးမယ်✍️




Curriculum Vitae( CV) ကိုအထာကျကျရေးမယ်✍️

အခုခေတ်မှာCVတစ်စောင်ကို သေချာရေးတတ်ဖို့က အရမ်းကို အရေးကြီးလာပါတယ်။ နေရာတိုင်းလိုလိုမှာ CVကို ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်မှ Volunteer ပဲဖြစ်ဖြစ် Internship(အလုပ်သင်) ပဲဖြစ်ဖြစ် လျှောက်ရင် ပိုလွယ်ကူမယ်။ အလုပ်ရဖို့၊  Career moveလုပ်ဖို့လည်း အခွင့်အလမ်းပိုများပါလိမ့်မယ်။🎯

 

ဒါကြောင့်မလို့ Stellaက ဒီနေ့မှာ လူငယ်တွေအတွက် CVတစ်စောင် ကို သေသေချာချာ ဘယ်လို ပြင်ဆင်ရမလဲ

ဆိုတာကို သေချာပြောပြပေးသွားပါမယ်။🙋🏻‍♀️ 

 

✅ နာမည်၊အလုပ်အကိုင်၊နေရပ်လိပ်စာ

(Name,Professional Title & Contact details)

 

ဒီအချက် သုံးချက်က CVတစ်ခုကို ဖတ်လိုက်တဲ့အခါ တန်းမြင်နိုင်တဲ့ ထိပ်ဆုံးမှာရှိနေတဲ့အတွက် သေချာဂရုစိုက်ဖို့ လိုပါတယ်။🔝

 

ကိုယ့်ရဲ့ နာမည်၊ professional title - ကျောင်းသားဆိုရင် (ကိုယ်တက်နေတဲ့ကျောင်း၊ First year or Second year…)

အလုပ်လုပိနေတဲ့သူ ၊ရာထူးရှိပြီးသားသူဆိုရင် (Marketing Assistant or Coordinator…) စသဖြင့်ကို ရှင်းလင်း ပီသစွာ ရေးပါ။✒️

 

Contact detailsမှာ ကိုယ်နေထိုင်ရာနေရာ၊ ကိုယ်သေချာသုံးတဲ့ Email addressနှင့် Phone numberကို ထည့်ပါ။ Linkedin Account ရှိရင် linkလေးနဲ့အတူ ထည့်ပေးလိုက်ရင် ပိုကောင်းပါတယ်။✔️

 

✅ မိမိ၏အကြောင်း(Personal Profile)

 

▪️သင်ကဘယ်သူလဲ? 

 ကိုယ်က ဘယ်သူလဲဆိုတာ ရာထူးကို ပြောတာပါ။ 

( နာမည်ကို ထည့်ခိုင်းတာ မဟုတ်ပါဘူး🙅🏻‍♀️)

 

▪️သင်ဘက်က ဘာပေးနိုင်လဲ?

ကိုယ့်ဘက်က အရည်အချင်းတွေနဲ့ ကုမ္ပဏီအတွက် တိုးတက်အောင် ဘာတွေ လုပ်ပေးနိုင်လဲဆိုတာ ပြောပြ ရပါမယ်။

 

▪️သင့်ရဲ့ရည်ရွယ်ချက်ကဘာလဲ?

သင်ရဲ့ အလုပ်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး

ရှေ့ဆက်သွားဖို့ရှိလဲ။ ဒီ Companyရဲ့ ဘယ်လောက်ရာထူးအထိ တက်ချင်လဲ၊ အတူတူ လက်တွဲပြီး ဘယ်လိုမျိုး ရှေ့ဆက်သွားချင်လဲဆိုတာရေးရမှာပါ။

 

✅အလုပ်အတွေ့အကြုံ

( Experience and Employee History)

 

Employee Historyအကြောင်းရေးရင် Job title (ကိုယ့်ရဲ့ ရာထူးအလုပ်အကိုင်) ကို အရင်ရေးပါ။ ပြီးတော့မှ ဘယ်နေရာမှာ လုပ်ခဲ့တာလဲ၊ အချိန်ဘယ်လောက်ကြာကြာ လုပ်ခဲ့တာလဲဆိုတာကို အတိအကျရေးပါ။⏰

 

ဒီမှာ အရမ်း အရေးကြီးတဲ့အချက်ရှိပါတယ်။

အဲ့ဒါကတော့ ကိုယ်ဒီဟာ မလျှောက်ခင် လုပ်ခဲ့တဲ့ အလုပ်ကို အရင်ဆုံးရေးပါ။ ပြီးမှ ကျန်တဲ့ ကိုယ်လျှောက်တဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ ကိုယ်အတွေ့အကြုံရှိပြီးသား အလုပ်ကို ဖော်ပြပါ။🖇

 

💁🏻‍♀️ဥပမာ ကိုယ့်အရင်အလုပ်က Financial advisorဆိုရင်  ဒီဟာကို ပထမဆုံး အရင်ရေးပါ။ ပြီးမှ ၂၀၁၉မှာ Financial servicesမှာ လုပ်ခဲ့တယ် ပြီးတော့ ၂၀၁၈မှာ ဘာလုပ်တယ်ပေါ့။ 

 

ပြီးရင် Bullet pointsလေးတွေနဲ့ ကိုယ့်ရဲ့ skills၊ achievementsတွေကို ဖော်ပြပါ။🎖

 

✅ပညာအရည်အချငိး(Education & Qualifications)

 

ဒီမှာကတော့ ကိုယ်တက်ခဲ့တဲ့ကျောင်း၊ ရခဲ့တဲ့ဘွဲ့ ကိုယ်က ဘယ်လို Qualification A/ B စသဖြင့် ဖော်ပြရပါမယ်။ ကိုယ်လျှောက်တဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ တခြားသင်တန်းတွေ တက်ထားရင်လည်း ဖော်ပြလို့ရပါတယ်။📚

 

ဒီအချက်မှာ တချို့ကျောင်းသားတွေက အတွေ့အကြုံ သိပ်မရှိတဲ့သူတွေ ရှိပါတယ်။ ဒါဆို Education & Qualificationsကို personal profileပြီးတာနဲ့ တန်းရေးပါ။ ပြီးမှ - Experience & Employment histroy, Additional section အစဥ်လိုက် ရေးသွားပါ။💁🏻‍♀️

 

✅နောက်ထည့်ထပ်ထည့်ချင်တဲ့အကြောင်းအရာ 

(Additional Section) 

 

ကိုယ်က ထည့်ချင်ရင် အလုပ်နဲ့လည်း သက်ဆိုင်ရင် ကိုယ့်ရဲ့ Skills တွေဝါသနာနဲ့ စိတ်ဝင်စားမှု (Hobby and Interests)တွေ ထည့်ပေးလို့ရပါတယ်။🏊

 

✅References

 

နောက်ဆုံးမှာ References are available on requestလို့ ရေးပြီး ကိုယ့် CVကို အချောသတ်လိုက်လို့ရပါပြီ။ Referenceကို တစ်ခါတည်း ထည့်ပေးလိုက်လည်း ရပါတယ်။

 

အရေးကြီးဆုံးအချက်က ❗️

CVဟာ နှစ်မျက်နှာထက် လုံးဝ မကျော်ပါစေနှင့်။ Font Size and Typeကိုလည်း ရိုးရှင်းတာနဲ့ ရေးပါ။

 တခါတစ်လေ Stellaတစ်ခုပြောချင်တာက ကိုယ်ရဲ့ CVမှာ ထည့်လိုက်တဲ့​ အကြောင်းအရာ မှန်သမျှဟာ ကိုယ်လျှောက်တဲ့အလုပ်နဲ့ ကိုက်ညီတဲ့ အရာမျိုးပဲထည့်ပါ။ 

 

ဥပမာ ကိုယ်က လျှောက်လိုက်တာ Content Writerပေါ့ ကိုယ်က ဝါသနာထဲမှာ တောင်တက်ခြင်းလို့ ရေးလိုက်တာထက် စာဖတ်တာဝါသနာပါတယ်၊ Journalingလုပ်တာ ဝါသနာပါတယ် လို့ထည့်ရေးလိုက်ရင် ကိုယ့်လျှောက်ထားတဲ့ အလုပ်နဲ့ပတ်သတ်လို့ စိတ်ဝင်စားမှုရှိတယ်၊ ကိုယ်လုပ်နိုင်မယ်ဆိုတာကို ပြလိုက်တဲ့သဘောပါပဲ။📝

 

Stella အပေါ်က ပြောတဲ့ အချက်တွေအတိုင်း သေချာပြင်ဆင်ရင် ကိုယ့် CVကို ဖတ်လိုက်သူတိုင်းဆီက

ကောင်းမွန်တဲ့ထင်ချက်ချက်တွေကိုရပါလိမ့်မယ်။💕

 

Be Happy & Healthy during covid.🐝

 

Written by

# Stella Pyae

 

https://www.cv-library.co.uk/career-advice/cv/how-to-write-a-cv-tips/

 

 


 

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱