“Mental illness အမျိုးအစားများ နှင့် သူတို့ရဲ့ Symptom များ ... " 👁
အားလုံးပဲမင်္ဂလာပါရှင်။ 
ဒီနေ့မှာတော့ ပြည့်က လူတိုင်းနဲ့ဆိုင်တဲ့ လူတိုင်းသိထားသင့်တဲ့ စိတ်နဲ့ဆိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ mental illness လို့ခေါ်တဲ့ စိတ်နဲ့ဆိုင်တဲ့ရောဂါပေါင်း ၃၀၀ နီးပါးရှိပါတယ်။ အဲ့အထဲကမှ အဖြစ်များတဲ့ ရောဂါအကြောင်းတွေကို sharing လုပ်ပေးသွားမယ်နော်။ 
ဒီတော့ ပထမဆုံး mental illness ဆိုတာဘာလဲ 
Mental illness ဖြစ်တာက ပုံမှန်ပဲလား 
လူတစ်ယောက်ကို စိတ်ရောဂါတစ်ခုရှိနေလို့ဆိုပြီး အဲ့လူကို အရူးလို့သွားခေါ်လို့မရပါဘူး။ mental illness ဆိုတာ ရှေးအကျဆုံးလူသားမျိုးနွယ်တွေကစပြီး ဖြစ်ခဲ့တာပါ။ ဆိုတော့ စိတ်ရောဂါဆိုတာ လူသားတွေဖြစ်ကြတဲ့ အခြေအနေတွေ အများကြီးထဲကမှ တစ်စိတ်တစ်ပိုင်းလို့ လက်ခံလိုက်မယ်ဆို ဒီလိုဖြစ်တာကို ကြောက်စရာမလိုတော့သလို စိတ်ရောဂါရှိနေတဲ့ လူတွေကိုလည်း မတူမတန်သလို ခွဲခြားဆက်ဆံစရာ မလိုပါဘူး။
စိတ်ရောဂါရှိနေတဲ့လူတွေဟာလည်း သာမန်လူတွေထဲက လူတစ်ယောက်ဖြစ်တာမို့ သူတို့ကို ဂရုစိုက်ဖို့၊ အားပေးကူညီဖို့၊ လက်ခံဖို့၊ သာမန်လူသားတစ်ယောက်လိုဆက်ဆံဖို့ လိုအပ်ပါတယ်။ စိတ်ရောဂါတစ်ခုခုဖြစ်နေတဲ့ လူတွေကလည်း ဘာမှစိတ်ဓာတ်ကျစရာ၊ စိတ်ညစ်စရာမလိုပါဘူး။ ကိုယ့်ကိုယ်ကို သေချာဆန်းစစ်ကြည့်ပြီး တတ်ကျွမ်းနားလည်တဲ့ psychologist တွေ၊ therapist တွေနဲ့ သေချာကုသမှု ခံယူလို့ရပါတယ်။ ဒါတွေက လုံးဝရှက်စရာ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကလေးကျန်းမာနေဖို့သာ အဓိကကျတာမို့ ဒီလို therapy တွေ ခံယူတာကလည်း normal ပါပဲ။
ကဲ...ဒီတော့ အောက်မှာ အဖြစ်များတဲ့ mental illness တွေကို symptoms တွေနဲ့အတူ သေချာရှင်းပြပေးထားပါတယ်။ စိတ်ဝင်စားတယ်ဆို ဆက်ပြီးဖတ်ကြည့်ပေးနော်။
Written by
Pyae
https://www.psychologytoday.com/.../7-types-loneliness...

1.Bipolar disorder
Bipolar disorder ဆိုတာကတော့ mood တွေနဲ့ဆိုင်တဲ့ ရောဂါတစ်ခုပါ။ Bipolar ဆိုတဲ့အတိုင်းပဲ စိတ်အတက်နဲ့ အကျဆိုတဲ့ အစွန်းနှစ်ဖက် ဖြစ်နေတာမျိုးပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက် တွေ စွမ်းအင်တွေ၊ အာရုံစူးစိုက်နိုင်စွမ်းတွေ၊ အလုပ်လုပ်နိုင်စွမ်းတွေဟာ ပုံမှန်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ပြောင်းလဲနေတာကို ခေါ်ပါတယ်။
ဖြစ်စေတဲ့ အကြောင်းရင်းကို သေချာတော့ မသိရှိသေးပေမယ့် မျိုးရိုးဗီဇကြောင့်လို့ ယူဆထားကြပါတယ်။ Bipolar သမားတွေရဲ့ mood swings ဟာ သာမန်လူတွေ ဖြစ်နေကျလိုမဟုတ်ဘဲ အရမ်းကိုပြင်းထန်တာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ ဆက်ဆံရေးတွေကို ထိခိုက်စေပါတယ်။ Bipolar ဖြစ်တဲ့လူတွေဟာ မှန်ကန်တဲ့ therapy တွေ ကုသမှုတွေခံယူထားရင် သာမန်လူတွေလိုပဲ ပျော်ရွှင်အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ မကုသဘဲထားရင် ရက်ပိုင်းကနေ လပေါင်းများစွာအထိ ကြာတတ်ပါတယ်။
Bipolar disorder မှာ အခြေအနေ (၄)မျိုး ရှိပါတယ်။
Manic episodes (feeling high)
-ဒီ state မှာဆိုရင်တော့ လူဟာ သာမန်ထက်ပိုပြီး အရမ်းကို တက်ကြွနေမယ်။ ကိုယ့်မှာ စွမ်းအားတွေ၊ creativity တွေအရမ်းပြည့်လာသလို ခံစားရမယ်။ အချိန်နည်းနည်းပဲအိပ်ပြီး တစ်နေကုန်လန်းဆန်းနေတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ဒါကိုကြည့်ရင်တော့ ကောင်းတယ်လို့ထင်ရပေမယ့် ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘဲ မလုပ်သင့်တဲ့အရာတွေ လုပ်မိတတ်ပါတယ်။
ဥပမာ- မလိုအပ်တဲ့စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံလိုက်တာ၊ ကိုယ့်မှာရှိတဲ့ငွေထက် ပိုပြီးလောင်းကစားလုပ်တာ၊ရန်ဖြစ်တာ အစရှိသဖြင့်ပေါ့။ ပြင်းထန်တဲ့ case တွေမှာဆိုရင်တော့ delusions တွေ hallucinations တွေအထိ ဖြစ်နိုင်ပါတယ်။အပြင်မှာတကယ်မရှိတဲ့ အရာတွေကို မြင်နေ၊ ကြားနေရတာမျိုးပါ။
Mania ရဲ့ symptoms တွေကတော့ -
-အရမ်းပျော်ပြီး မထိန်းချုပ်နိုင်လောက်အောင် စိတ်လှုပ်ရှားမယ်။
-ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲမယ်။
-စကားတွေအများကြီးပြောမယ်/ အမြန်ပြောမယ်။
-နည်းနည်းပဲအိပ်တာ/ လုံးဝမအိပ်တာဖြစ်မယ်။
-အာရုံမစူးစိုက်နိုင်ဘူး။
-အတွေးတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်တွေးမယ်။
-ရန်လိုမယ်။
-ဖြစ်လာမယ့် အကျိုးဆက်ကိုမစဉ်းစားဘဲ စိတ်ထင်ရာလုပ်မယ်။
Hypomania
-Manic state နဲ့ဆင်တူပေမယ့် သူကပိုအချိန်တိုပြီး mania လောက် မပြင်းထန်ပါဘူး။ Hypomanic state မှာဆိုလည်း စွမ်းအားပြည့်တာတွေ၊ ပျော်နေသလိုတွေ ခံစားရမှာပေမယ့် ကိုယ့်ရဲ့ နေ့စဉ်အလုပ်တာဝန်တွေကိုတော့ လက်တွေ့ကျကျ ဆက်ပြီး လုပ်နိုင်နေဦးမှာပါ။ ဒါပေမယ့် ဆုံးဖြတ်ချက်အမှားတွေ ဖြစ်စေနိုင်ပြီး ကိုယ့်ရဲ့ အလုပ်အကိုင်၊ relationship တွေအပေါ် ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။
Depressive episodes (feeling low)
-သူကတော့ hypomania ရဲ့နောက်ဆက်တွဲ state ပါ။ mania ထက်ပိုပြီး ကိုင်တွယ်ဖို့ခက်ပါတယ်။ သာမန် depression နဲ့ bipolar depression ဟာ တူညီသလိုရှိပေမယ့် မတူတဲ့အချက်တွေလည်း ရှိနေပါသေးတယ်။ Bipolar depression မှာဆိုရင် လူဟာ ပိုပြီးဒေါသထွက်လွယ်မယ်။ mood swing တွေကလည်း ခန့်မှန်းလို့မရအောင် အမျိုးမျိုးပြောင်းနေမယ်။ မောပန်းနေသလို ခံစားရမယ်။ ကိုယ့်ကိုယ်ကို လက်တွေ့ဘဝနဲ့ ကင်းကွာလာသလို ခံစားရမယ်။
Bipolar depression ရဲ့ symptom တွေကတော့ -
-ဝမ်းနည်းမယ်/ မျှော်လင့်ချက်မဲ့နေမယ်။
-အရင်ကလုပ်လို့ ပျော်တာတွေလည်း မလုပ်ချင်တော့ဘူး။
-ယုံကြည်မှုတွေ ပျောက်ဆုံးနေမယ်။
-ဝိတ်တက်တာ/ ဝိတ်ကျတာတွေဖြစ်မယ်။
-နည်းနည်းပဲစားတာ/ အရမ်းစားတာဖြစ်မယ်။
-ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့ ခံစားလာရမယ်။
-အာရုံစူးစိုက်နိုင်မှုတွေ၊ မှတ်ဉာဏ်တွေလျော့ပါးလာမယ်။
-အိပ်ရတာခက်မယ်/ အရမ်းအိပ်မယ်။
-ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်မယ်။ နောက်ဆုံး suicide လုပ်ဖို့အထိ အတွေးတွေ ဝင်တတ်ပါတယ်။
Mixed episodes
-ဒီ state ကတော့ mania, hypomania, depression (၃) မျိုးလုံးကို ခံစားနေရတာပါ။ အဲ့ (၃) မျိုးက တစ်ပြိုင်နက် ဒါမှမဟုတ် တစ်ခုပြီးတစ်ခု ပြောင်းလဲနေတာပါ။ ကိုယ့်ကိုယ်ကို ဘာခံစားနေရလဲဆိုတာတောင် သေချာမသိနိုင်တော့ပါဘူး။ အဓိက symptom တွေကတော့ စိတ်တိုလွယ်မယ်၊ anxiety များမယ်၊ စိတ်ရှုပ်ထွေးမယ်၊ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ ဒီ state ဟာ အတက်နဲ့ အကျ နှစ်မျိုးလုံး ရောနေတာကြောင့် suicide လုပ်ဖို့ risk အများဆုံးပါပဲ။

2.GAD (Generalized Anxiety Disorder)
Anxiety disorder အမျိုးပေါင်း (၆) မျိုးလောက်ရှိပေမယ့် ဒါကတော့ အဖြစ်အများဆုံး တစ်ခုပါ။
GAD ကဘာလဲဆိုရင် အရာအားလုံးအပေါ်မှာ မလိုအပ်ဘဲ သာမန်ထက်ပိုပြီး စိုးရိမ်ပူပန်နေတာပါ။
အရင်တုန်းက ဆိုးဆိုးရွားရွား အခြေအနေတွေ ကြုံခဲ့ဖူးတာ၊ မိသားစုအတွင်းမှာ
ပြဿနာတွေရှိနေတာ၊ ကလေးဘဝမှာ အနိုင်ကျင့်ခံရတာ၊ ကိုယ့်အတွက် အရေးပါတဲ့
တစ်စုံတစ်ယောက်ကို ဆုံးရှုံးရတာ၊ ဖိအားများတဲ့ ပတ်ဝန်းကျင်မှာနေရတာ
ဒါတွေအားလုံးဟာ GAD ကို ဖြစ်စေနိုင်တဲ့ အချက်တွေပါပဲ။
မိသားစုထဲမှာ GAD ရှိဖူးတယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။ Generalized လို့ ဆိုတဲ့အတွက်ကြောင့် ဘယ်အရာပေါ်မှာ စိုးရိမ်တယ်ရယ်လို့ အတိအကျမရှိဘဲ အရာအားလုံးအပေါ် စိုးရိမ်ပူပန်နေတာပါ။ ကိုယ့်ကို stress မပေးတဲ့ နေ့စဉ်အရာလေးတွေ အပေါ်မှာတောင် anxiety တွေ များနေတတ်ပါတယ်။ တစ်ခြားဘာမှကို မတွေးနိုင်ဘဲ စိုးရိမ်သောကတွေနဲ့ပဲ ပူပင်နေရတာမျိုးပါ။ GAD ဖြစ်ရင် အနည်းဆုံး (၆) လလောက် ကြာတတ်ပါတယ်။
GAD ရဲ့ symptoms တွေကတော့ -
-မူးမော်မယ်။
-နှလုံးခုန်မြန်မယ်။
-ခြေတွေလက်တွေတုန်မယ်။
-နှုတ်ခမ်းခြောက်မယ်။
-ချွေးထွက်များမယ်။
-အသက်ရှူလို့မဝဘူး။
-အာရုံစူးစိုက်လို့မရဘူး။
-ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်မယ်။
-အိပ်ရေးမဝဘူး။
3.Sleeping disorders
Sleeping disorder ဆိုတာကတော့ ကိုယ့်ရဲ့ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ အပြောင်းအလဲတွေပဲ ဖြစ်ပါတယ်။ အိပ်မရတာ၊ အိပ်မပျော်တာ၊ အရမ်းအိပ်ချင်နေတာ စတဲ့ အခြေအနေတွေအားလုံးဟာ sleeping disorder ထဲမှာအကျုံးဝင်ပါတယ်။ Sleeping disorder ဖြစ်ရင် ကိုယ့်ရဲ့ ကျန်းမာရေး၊ လုပ်ကိုင်နိုင်စွမ်းတွေကို ကျစေပြီး တစ်ခြားရောဂါတွေ အဖြစ်များလာနိုင်ပါတယ်။
Sleeping disorder တွေကလည်း အမျိုးပေါင်း များစွာရှိပါတယ်။ အဲ့အမျိုးအစားတွေပေါ် မူတည်ပြီး ဖြစ်တဲ့ symptoms တွေကလည်း ကွဲသွားပါတယ်။ အဲ့ထဲကမှ လူတော်တော်များများမှာ ဖြစ်တတ်တဲ့ disorder (၂) မျိုးဖြစ်တဲ့ insomnia နဲ့ narcolepsy အကြောင်းကို ပြောပြပေးသွားပါမယ်။
Insomnia
Insomnia ဆိုတာကို အလွယ်ပြောရရင် အိပ်မပျော်တဲ့ ရောဂါပါ။ အိပ်ပျော်ဖို့ အချိန်အကြာကြီး ယူရတယ်။ အိပ်ပျော်သွားပြန်ရင်လည်း ခဏလေးနဲ့ ပြန်နိုးလာတယ်။ နိုးပြီးရင် ပြန်အိပ်မပျော်တော့ဘူး။
အဲ့ဒါကို insomnia လို့ခေါ်ပါတယ်။
လူတော်တော်များများမှာ အဖြစ်အများဆုံးပါပဲ။ ပတ်ဝန်းကျင်အခြေအနေ၊ depression ၊ ခရီးသွားရတာ၊ ညဂျူတီချိန်တွေရှိတာ၊ caffeine များများသောက်တာ၊ ဆေးတွေ စတာတွေအားလုံးဟာ insomnia ကို ဖြစ်စေပါတယ်။
Insomnia မှာအဖြစ်များတဲ့ type (၃) မျိုးရှိပါတယ်။
Acute insomnia
-ဒါကတော့ အပျော့ဆုံး insomnia ဖြစ်ပြီး အချိန်ကလည်း အများဆုံး (၃) လလောက်အထိပဲ ကြာတတ်ပါတယ်။ စာမေးပွဲရှိလို့၊ လုပ်စရာတွေမပြီးသေးလို့ စတာတွေကြောင့် stress တွေရလို့ အိပ်မပျော်တာပါ။ အချိန်တစ်ခုအထိ ကြာပြီးတဲ့အခါ တဖြည်းဖြည်း ကိုယ်ကလည်း လုပ်စရာရှိတာတွေလုပ်ပြီးပြီ၊ stress ဖြစ်စေတဲ့အရာတွေ မရှိတော့ဘူးဆို ပြန်ကောင်းသွားနိုင်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပြီးတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ရာသီသွေးဆုံးခါနီးအချိန်ဆို ပိုဖြစ်တတ်ပါတယ်။
Transient insomnia
-သူကတော့ အများဆုံး (၁) ပတ်လောက်ပဲ ကြာတတ်ပါတယ်။ ဖြစ်ပြီးရင်လည်း ထပ်မဖြစ်ပါဘူး။ အကယ်၍ ခဏခဏ ဆက်ဖြစ်ခဲ့ရင်တော့ chronic insomnia အဆင့်ရောက်နေပါပြီ
ကိုယ်အိပ်တဲ့ပတ်ဝန်းကျင် မတူတော့တာ၊ ပူလွန်း၊ အေးလွန်းတာ၊ depression တွေ၊ stress တွေကြောင့် ဖြစ်နိုင်ပါတယ်။
Chronic insomnia
-အချိန်ကာလ တော်တော်ကြာကြာ အိပ်မရဖြစ်နေတာမျိုးပါ။ (၁) လထက် ပိုကြာတတ်ပါတယ်။ လူတစ်ယောက်ဟာ (၁) ပတ်ကို (၃) ညလောက်အိပ်မပျော်တာမျိုး (၃) လဆက်တိုက်ဖြစ်နေပြီဆို chronic insomnia လို့ သတ်မှတ်လို့ရပါတယ်။
အိပ်ချိန်မမှန်တာတွေ၊ stress တွေ၊ အိပ်မက်ဆိုးမက်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကိုယ့်မှာ physically ရောဂါအခံရှိရင်ဖြစ်စေ၊ တစ်ခြား mental illness ရှိနေရင်ဖြစ်စေ chronic insomnia ဖြစ်တတ်ပါတယ်။ Acute insomnia လိုပဲ အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်
Insomnia ရဲ့ symptoms တွေကတော့ -
-အိပ်ပျော်ဖို့ ခက်မယ်။
-ညဘက်တွေမှာ ခဏခဏနိုးမယ်။
-အိပ်ရာနိုးလာတဲ့အခါ မောပန်းနေမယ်။
-နိုးလာတဲ့အခါ ပြန်အိပ်မပျော်ဘူး။
-ပင်ပန်းနေပေမယ့်လည်း နေ့လည်ဘက် ပြန်အိပ်လို့မရဘူး။
-တစ်နေကုန်ပင်ပန်းပြီး အသက်ရှူရ ပုံမှန်မဟုတ်ဘူး။
-အာရုံမစူးစိုက်နိုင်ဘူး။
Narcolepsy
Narcolepsy ဆိုတာကတော့ သာမန်ထက် ပို အိပ်ချင်နေတာမျိုးပါ။ ညဘက် အိပ်ရေးဝဝ အိပ်ထားရင်တောင် နေ့အချိန်တွေမှာပါ အိပ်ချင်နေတတ်ပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ချက်ချင်းကို အိပ်ပျော်သွားနိုင်ပါတယ်။
ဥပမာ-တစ်ယောက်ယောက်နဲ့ စကားပြောနေရင်း ခေါင်းငိုက်စိုက်ကျပြီး အိပ်ပျော်သွားတာမျိုးပါ။ တက်ကြွလန်းဆန်းမှု မရှိဘဲ အမြဲလိုလို နုံးနေတတ်ပါတယ်။ Narcolepsy ဖြစ်စေတဲ့အကြောင်းအရာကို သေချာမသိရပေမယ့် မိသားစုအတွင်းမှာ narcolepsy ရှိတဲ့လူပါရင် ဖြစ်နိုင်ချေ ပိုများပါတယ်။ တစ်နည်းပြောရရင် မျိုးရိုးဗီဇကြောင့်ပေါ့။
Narcolepsy ရဲ့ အဓိက symptom (၅) ခုရှိပါတယ်။
Excessive daytime sleepiness(EDS)
-အပေါ်မှာပြောခဲ့သလိုပဲ ညဘက်အိပ်ရေးဝရင်တောင် နေ့ဘက်တွေမှာပါ အိပ်ချင်နေတာပါ။ အာရုံစူးစိုက်ဖို့ခက်မယ်။ မောပန်းမယ်။
Sleep paralysis
-အိပ်ပျော်နေချိန် ဒါမှမဟုတ် နိုးလာတဲ့အချိန်မှာ မိနစ်ပိုင်းလောက် မလှုပ်နိုင်၊ စကားမပြောနိုင် ဖြစ်တာပါ။ အဲ့အချိန်အတွင်းဆို နှလုံးခုန်မြန်လာပြီး ချွေးတွေ အရမ်းထွက်လာမယ်။ အသက်ရှူရခက်ခဲပြီးတော့ လှုပ်ဖို့အရမ်းရုန်းကန်ရပါတယ်။
Hallucinations
-အိပ်နေတုန်း အိပ်မက်လိုလို၊ အပြင်မှာတကယ်ဖြစ်တာလိုလို အဖြစ်အပျက်တွေ မြင်ရ၊ ကြားရတာမျိုးပါ။ တကယ်လို့ထင်ရပြီးတော့ ကြောက်ဖို့ကောင်းပါတယ်။ အိပ်ပျော်နေချိန်မှာ ဖြစ်တတ်သလို နိုးနေချိန်မှာလည်း ဖြစ်တတ်ပါတယ်။
Cataplexy
-ရုတ်တရက် ကြွက်သားတွေ မလှုပ်ရှားနိုင်တော့ဘဲနဲ့ အားနည်းသွားတာပါ။ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ - အံ့ဩတာ၊ ဒေါသဖြစ်တာ၊ ရှက်ရွံ့တာတွေကနေ ဖြစ်တတ်ပါတယ်
ဥပမာ-လမ်းလျှောက်နေရင်း ခြေထောက်ခွေကျသွားတာ၊ ခေါင်းငိုက်စိုက်ကျသွားတာတွေပါ။ Narcolepsy ရှိတဲ့လူတိုင်း cataplexy မဖြစ်ပေမယ့် cataplexy ဖြစ်နေတဲ့လူတိုင်းကတော့ narcolepsy ရှိပါတယ်။ ဒါကြောင့် ကိုယ့်မှာ cataplexy ဖြစ်နေပြီဆို narcolepsy ဖြစ်ဖို့ chance များပါတယ်
Disrupted nighttime sleep(DNS)
-တစ်ညကို တစ်ကြိမ်လောက် အိပ်နေရင်းနိုးလာတာက ပုံမှန်ပါ။ ဒါပေမယ့် ကိုယ့်မှာ narcolepsy ရှိနေပြီဆိုရင် မြန်မြန်နဲ့ အိပ်ပျော်ပြီး တစ်ညလုံး မကြာခဏ နိုးလာတတ်ပါတယ်။
4.Schizophrenia
ဒီရောဂါကိုတော့ လူတော်တော်များများ ကြားဖူးမယ်ထင်ပါတယ်။ မြန်မာလိုပြောရရင်တော့ စိတ်ကစဉ့်ကလျားရောဂါပါ။ Schizophrenia ဟာ နာတာရှည်ပြင်းထန်တဲ့ စိတ်ရောဂါတစ်ခုဖြစ်ပြီးတော့ တစ်ခြား mental disorder တွေလို common မဖြစ်ပါဘူး။
Schizophrenia ဆိုတာကို အရှင်းဆုံး ပြောရရင် လက်တွေ့ဘဝကို ပုံမှန်မဟုတ်တဲ့နည်းနဲ့ deal လုပ်နေရတာပါ။ Schizophrenia ရှိတဲ့လူရဲ့ စဉ်းစားတွေးခေါ်ပုံ၊ အပြုအမူတွေဟာ လုံးဝကိုမူမမှန်ဘဲနဲ့ အကျိုးဆက်တွေကတော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ စိတ်ကူးနဲ့ လက်တွေ့ဟာ သူတို့စိတ်ထဲမှာ ရောထွေးနေပြီး လက်တွေ့ဘဝနဲ့ ကင်းကွာနေသလိုခံစားရပါတယ်။
Schizophrenia ဟာ ဗီဇနဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်သလို သာမန်ဦးနှောက်ဖွဲ့စည်းပုံနဲ့ မတူညီတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။
Schizophrenia မှာ positive symptoms နဲ့ negative symptoms ဆိုပြီး (၂) မျိုးရှိပါတယ်။
Positive
symptoms ဆိုတာ ကောင်းတဲ့ symptoms လို့ပြောချင်တာ မဟုတ်ပါဘူးနော်။
ဒီနေရာမှာ positive ဆိုတာ presence ကိုဆိုလိုပါတယ်။ တစ်ခြားသူတွေမှာ
မရှိတာတွေ သူတို့မှာရှိနေတယ်လို့ထင်နေခြင်းပါ။ ဘယ်လိုမျိုးတွေလဲဆိုရင်
hallucinations လို့ခေါ်တဲ့ သူများတွေ မမြင်နိုင်၊ မကြားနိုင်တဲ့
တကယ်မရှိတဲ့အရာတွေကို မြင်နေ၊ ကြားနေ၊ ခံစားနေရတာပါ။ 
လေတိုးသံလို အသံတွေ ကြားရမယ်၊ အလင်းတန်းတွေ၊ သေပြီးသားလူတွေကို ပြန်မြင်နေတာမျိုးတွေပါ။
နောက်တစ်မျိုးက delusions တွေပါ။ ထင်ယောင်ထင်မှား ဖြစ်တာတွေပေါ့။ သူတို့ကိုယ်သူတို့ စွမ်းအားတွေရှိတယ်လို့ ထင်လာတာ၊ သူတို့ဦးနှောက်ကို တစ်ယောက်ယောက်က ထိန်းချုပ်ထားတယ်လို့ ယူဆထားတာ၊ သူတို့ကိုယ်သူတို့ သမ္မတကြီးလို့ ထင်လာတာ စသဖြင့်ပေါ့။ ပြီးတော့ တစ်ခြားလူတွေ နားမလည်တဲ့ စကားလုံးတွေ၊ အပြုအမူတွေ လုပ်တတ်တယ်။ နောက်ပြီး တစ်ခုခုကို အာရုံစူးစိုက်လို့မရ ဖြစ်တတ်ပါတယ်။
Negative
symptoms တွေ ဆိုတာကတော့ တစ်ခြားသူတွေမှာ ရှိနေတဲ့ဟာတွေ
သူတို့မှာမရှိတော့တာပါ။ ပျော်စရာရှိတာတွေကို ပျော်တယ်လို့မခံစားရတော့ဘူး။
တဖြည်းဖြည်း ခံစားချက်တွေမဲ့လာမယ်။ ကိုယ်ဘာဖြစ်နေတာလဲ မပြောပြတတ်တော့ဘူး။
အရယ်အပြုံးမရှိတော့ဘူး။ စကားပြောရင်လည်း ကျောက်ရုပ်ကြီးလို
တောင့်တောင့်ကြီးဖြစ်နေမယ်။ တစ်နေရာတည်းမှာ အကြာကြီးရပ်နေမယ်။ တစ်ယောက်တည်း
ရယ်ချင်လည်း ရယ်နေမယ်။ ရေချိုးတာ၊ ထမင်းစားတာလို နေ့စဉ်လုပ်ရမယ့်
အရာတွေကိုတောင် မလုပ်တော့ဘူး။ စထားတဲ့ အလုပ်တွေကိုလည်း
ပြီးအောင်မလုပ်တော့သလို တစ်ခြားဘာကိုမှလည်း လုပ်ချင်ကိုင်ချင်စိတ်
မရှိတော့တာမျိုးတွေပါ။
5.Chronic loneliness
ဒါကတော့ လူတိုင်းဖြစ်ဖူးကြမယ် ထင်ပါတယ်။ အထီးကျန်ခြင်းပါ။ Lonely ဖြစ်တာဟာ mental illness တစ်ခုတော့ မဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီအထီးကျန်ခြင်းဟာ စိတ်ကျန်းမာရေးကို ထိခိုက်လာပြီး တစ်ခြားစိတ်ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။
လူတွေဘာကြောင့် အထီးကျန်ကြတာလဲ
ကိုယ့်ကိုယ်ကို
ယုံကြည်မှုမရှိတာ၊ ကိုယ့်တန်ဖိုးကိုယ် နှိမ့်ချရာက စပါတယ်။ "ငါက
သူ့လောက်မှ မတော်တာ၊ ငါ့ကိုခင်ချင်မှာလည်း မဟုတ်ပါဘူးလေ" ဆိုတဲ့
အတွေးမျိုးတွေပေါ့။ တစ်ခြားလူတွေရဲ့ စိတ်ဝင်စားမှု၊ အာရုံစိုက်မှု
မခံရလောက်ပါဘူးဆိုပြီး တဖြည်းဖြည်းနဲ့ လူ့အသိုင်းအဝိုင်းထဲကနေ ခွဲထွက်ရာကနေ
တစ်ယောက်တည်းဖြစ်လာပြီး အထီးကျန်တော့တာပါပဲ။ အထီးကျန်နေတဲ့သူဟာ
မပျော်ရွှင်နိုင်ဘူး။ အထီးမကျန်ဖို့ဆို လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရမယ်။
"ငါလည်းလူထဲကလူပဲ၊ သူများတွေလို ငါလည်း ငါ့ကိုတန်ဖိုးထားတာခံချင်တယ်"
ဆိုတဲ့အတွေးနဲ့ ကိုယ့်စိတ်ဓာတ်ကို ပြန်လည်ပြင်ဆင်ရမယ်။ လူတိုင်းမှာ
အထီးကျန်ရတဲ့ အကြောင်းပြချက်တွေ မတူကြပါဘူး။ အဲ့လိုအများကြီးထဲကမှ
ဖြစ်လေ့ရှိတဲ့ type (၇) မျိုးကို ပြောပြပေးသွားပါမယ်။
ပတ်ဝန်းကျင်အသစ်ကြောင့် အထီးကျန်ခြင်း
-ကိုယ်နေတဲ့မြို့ကနေ အခြားမြို့ကို ပညာရေးကြောင့်ဖြစ်စေ၊ အလုပ်ကိစ္စကြောင့်ဖြစ်စေ ပြောင်းရပြီပဲဆိုပါစို့။ သင်တစ်ခါမှမမြင်ဖူးတဲ့ လူတွေ၊ တစ်ခါမှမသိတဲ့ လူတွေအလယ်မှာ ရောက်သွားတဲ့အခါ တစ်ယောက်တည်း အားငယ်ပြီး အထီးကျန်ခြင်းကို ခံစားရပါလိမ့်မယ်။
ကိုယ်ကသူများတွေနဲ့မတူလို့ အထီးကျန်ခြင်း
-ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေကို တစ်ခြားသူတွေနဲ့ sharing မလုပ်ရတဲ့အခါမှာ ကိုယ်တစ်ယောက်တည်း သီးသန့်ဖြစ်လာတတ်ပါတယ်။ ပြောရရင် ကျောင်းအသစ်ကိုပြောင်းသွားတယ်။ ကိုယ်ကဘာသာရေးကိုစိတ်ဝင်စားလို့ လူအသစ်တွေနဲ့ ဆွေးနွေးချင်တယ်။ ဒါပေမယ့် ဘာသာရေးဟာ သူတို့အတွက် အရေးမကြီးတော့ ဆွေးနွေးလို့မရဘူး။ အဲ့လိုပဲ ကိုယ်က အပြင်ထွက်ရတာမကြိုက်ဘူး။ တစ်ခြားသူတွေက အပြင်ပဲထွက်ပြီး ပျော်ပါးရတာ ကြိုက်တယ်ဆို ကိုယ်တစ်ယောက်တည်းကွဲထွက်နေပြီး အထီးကျန်လာတာပါ။
ချစ်သူရည်းစားမရှိလို့အထီးကျန်ခြင်း
-လူတော်တော်များများ ဖြစ်ကြမယ်ထင်ပါတယ်။ ကိုယ့်ဘေးမှာ မိသားစုတွေ၊ သူငယ်ချင်းတွေ ဘယ်လောက်ပဲရှိနေပါစေ ကိုယ်နဲ့ အတူတူသွားလာမယ့်၊ စိတ်ချင်းရင်းနှီးတဲ့ partner တစ်ယောက်တော့ လိုချင်ကြတာပဲမလား? အဲ့လိုလူမျိုးမရှိတဲ့အခါ အထီးကျန်ကြပါတယ်။ တစ်ချို့ကလည်း ချစ်သူရှိရဲ့သားနဲ့ နှစ်ဦးကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိတဲ့အခါ အထီးကျန်ကြပါတယ်။
တိရစ္ဆာန်လေးတွေမရှိလို့ အထီးကျန်ခြင်း
-တစ်ချို့လူတွေက ခွေးလေးတွေ၊ ကြောင်လေးတွေ လိုချင်ကြပါတယ်။ များသောအားဖြင့် တစ်ကိုယ်တည်းသမားတွေဆို ပိုဆိုးပါတယ်။ ဒီလိုဆက်ဆံရေးဟာ လူတွေနဲ့ အစားထိုးလို့မရပါဘူး။ သူတို့ဘဝမှာ အဲ့လိုအကောင်လေးတွေ မရှိတာဟာ တစ်စုံတစ်ခု လစ်ဟာနေသလို ခံစားနေရမှာပါ။
ကိုယ့်အတွက် အချိန်မပေးနိုင်ကြလို့ အထီးကျန်ခြင်း
-ကိုယ့်ဘေးနားမှာ သူငယ်ချင်းတွေ အများကြီးရှိနေပေမယ့်လည်း သူတို့က သူတို့အလုပ်ကိစ္စတွေနဲ့ ရှုပ်နေတဲ့အခါ ကိုယ့်ကို အချိန်မပေးနိုင်ကြတော့တာမျိုး၊ ကိုယ့်ဘက်က သူတို့နဲ့ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ချင်ပေမယ့် သူတို့ဘက်က စိတ်ဝင်စားတဲ့ပုံ မပြတာမျိုးတွေကြောင့် ကိုယ်တစ်ယောက်တည်း အထီးကျန်လာတတ်ပါတယ်။
သူငယ်ချင်းတွေအပေါ် သံသယဝင်တာကြောင့် အထီးကျန်ခြင်း
-ဘယ်လိုအချိန်မျိုးမှာဖြစ်လဲဆိုရင် ကိုယ့်သူငယ်ချင်းတွေဟာ တကယ်ရော ကိုယ့်ကိုခင်ရဲ့လား? ယုံကြည်ရရဲ့လား? စတဲ့သံသယတွေဝင်လာတဲ့အခါမှာပါ။ Friendship တစ်ခုမှာ အရေးအကြီးဆုံးဟာ ယုံကြည်မှုဖြစ်တာကြောင့် အဲ့ဒါမရှိတော့တဲ့အခါ ကိုယ်တစ်ယောက်တည်း အထီးကျန်လာတတ်ပါတယ်။
လစ်ဟာမှုကြောင့် ဖြစ်လာတဲ့အထီးကျန်ခြင်း
-တစ်ခါတစ်ရံ ကိုယ့်ဘေးမှာ လူတွေအများကြီးရှိနေရက်နဲ့ အရင်က အတူတူရှိခဲ့ဖူးတဲ့ လူတစ်ယောက်မရှိတော့လို့ တစ်ယောက်တည်း ကျန်ခဲ့တဲ့အခါ အထီးကျန်တတ်ကြပါတယ်။ မိသားစုဝင်တစ်ယောက် မရှိတော့တာ၊ အခန်းဖော်မရှိတော့တာ စသဖြင့်ပေါ့။ အဲ့လိုမျိုးရှိနေကျ တစ်ခုခုမရှိတော့တဲ့အခါ သူတို့နေရာမှာ ငြိမ်သက်ခြင်းတွေပဲကျန်ခဲ့တာ။ အဲ့အခါမှာ အထီးကျန်တာပါပဲ။
ကိုယ့်ကိုယ်ကို
ဘာကြောင့်အထီးကျန်နေလဲဆိုတာ သိဖို့အရေးကြီးပါတယ်။ သိပြီးတာနဲ့
ဖြေရှင်းနိုင်မယ့် solution ကိုရှာပြီးတော့ အထီးကျန်ခြင်းကို အမြန်ဆုံး
စွန့်လွှတ်သင့်ပါတယ်။
အခု ပြည့်ပြောပြသွားတဲ့ mental illness တွေဟာ စိတ်ဝင်စားဖို့ကောင်းပြီး ဗဟုသုတတွေ အများကြီး ရရှိမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကြီး ကျန်းမာနေဖို့၊ လှပဖို့ ဂရုစိုက်သလို ကိုယ့်စိတ်ကလေး ကျန်းမာအောင်လည်း သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အားလုံးပဲ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာနဲ့ အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။

Bipolar disorder ဆိုတာကတော့ mood တွေနဲ့ဆိုင်တဲ့ ရောဂါတစ်ခုပါ။ Bipolar ဆိုတဲ့အတိုင်းပဲ စိတ်အတက်နဲ့ အကျဆိုတဲ့ အစွန်းနှစ်ဖက် ဖြစ်နေတာမျိုးပါ။ ကိုယ့်ရဲ့ စိတ်ခံစားချက် တွေ စွမ်းအင်တွေ၊ အာရုံစူးစိုက်နိုင်စွမ်းတွေ၊ အလုပ်လုပ်နိုင်စွမ်းတွေဟာ ပုံမှန်မဟုတ်ဘဲ ပြင်းပြင်းထန်ထန် ပြောင်းလဲနေတာကို ခေါ်ပါတယ်။
ဖြစ်စေတဲ့ အကြောင်းရင်းကို သေချာတော့ မသိရှိသေးပေမယ့် မျိုးရိုးဗီဇကြောင့်လို့ ယူဆထားကြပါတယ်။ Bipolar သမားတွေရဲ့ mood swings ဟာ သာမန်လူတွေ ဖြစ်နေကျလိုမဟုတ်ဘဲ အရမ်းကိုပြင်းထန်တာကြောင့် နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ ဆက်ဆံရေးတွေကို ထိခိုက်စေပါတယ်။ Bipolar ဖြစ်တဲ့လူတွေဟာ မှန်ကန်တဲ့ therapy တွေ ကုသမှုတွေခံယူထားရင် သာမန်လူတွေလိုပဲ ပျော်ရွှင်အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါတယ်။ မကုသဘဲထားရင် ရက်ပိုင်းကနေ လပေါင်းများစွာအထိ ကြာတတ်ပါတယ်။
-ဒီ state မှာဆိုရင်တော့ လူဟာ သာမန်ထက်ပိုပြီး အရမ်းကို တက်ကြွနေမယ်။ ကိုယ့်မှာ စွမ်းအားတွေ၊ creativity တွေအရမ်းပြည့်လာသလို ခံစားရမယ်။ အချိန်နည်းနည်းပဲအိပ်ပြီး တစ်နေကုန်လန်းဆန်းနေတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ ဒါကိုကြည့်ရင်တော့ ကောင်းတယ်လို့ထင်ရပေမယ့် ကိုယ့်စိတ်ကိုယ် မထိန်းနိုင်ဘဲ မလုပ်သင့်တဲ့အရာတွေ လုပ်မိတတ်ပါတယ်။
ဥပမာ- မလိုအပ်တဲ့စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံလိုက်တာ၊ ကိုယ့်မှာရှိတဲ့ငွေထက် ပိုပြီးလောင်းကစားလုပ်တာ၊ရန်ဖြစ်တာ အစရှိသဖြင့်ပေါ့။ ပြင်းထန်တဲ့ case တွေမှာဆိုရင်တော့ delusions တွေ hallucinations တွေအထိ ဖြစ်နိုင်ပါတယ်။အပြင်မှာတကယ်မရှိတဲ့ အရာတွေကို မြင်နေ၊ ကြားနေရတာမျိုးပါ။
-အရမ်းပျော်ပြီး မထိန်းချုပ်နိုင်လောက်အောင် စိတ်လှုပ်ရှားမယ်။
-ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲမယ်။
-စကားတွေအများကြီးပြောမယ်/ အမြန်ပြောမယ်။
-နည်းနည်းပဲအိပ်တာ/ လုံးဝမအိပ်တာဖြစ်မယ်။
-အာရုံမစူးစိုက်နိုင်ဘူး။
-အတွေးတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်တွေးမယ်။
-ရန်လိုမယ်။
-ဖြစ်လာမယ့် အကျိုးဆက်ကိုမစဉ်းစားဘဲ စိတ်ထင်ရာလုပ်မယ်။
-Manic state နဲ့ဆင်တူပေမယ့် သူကပိုအချိန်တိုပြီး mania လောက် မပြင်းထန်ပါဘူး။ Hypomanic state မှာဆိုလည်း စွမ်းအားပြည့်တာတွေ၊ ပျော်နေသလိုတွေ ခံစားရမှာပေမယ့် ကိုယ့်ရဲ့ နေ့စဉ်အလုပ်တာဝန်တွေကိုတော့ လက်တွေ့ကျကျ ဆက်ပြီး လုပ်နိုင်နေဦးမှာပါ။ ဒါပေမယ့် ဆုံးဖြတ်ချက်အမှားတွေ ဖြစ်စေနိုင်ပြီး ကိုယ့်ရဲ့ အလုပ်အကိုင်၊ relationship တွေအပေါ် ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။
-သူကတော့ hypomania ရဲ့နောက်ဆက်တွဲ state ပါ။ mania ထက်ပိုပြီး ကိုင်တွယ်ဖို့ခက်ပါတယ်။ သာမန် depression နဲ့ bipolar depression ဟာ တူညီသလိုရှိပေမယ့် မတူတဲ့အချက်တွေလည်း ရှိနေပါသေးတယ်။ Bipolar depression မှာဆိုရင် လူဟာ ပိုပြီးဒေါသထွက်လွယ်မယ်။ mood swing တွေကလည်း ခန့်မှန်းလို့မရအောင် အမျိုးမျိုးပြောင်းနေမယ်။ မောပန်းနေသလို ခံစားရမယ်။ ကိုယ့်ကိုယ်ကို လက်တွေ့ဘဝနဲ့ ကင်းကွာလာသလို ခံစားရမယ်။
-ဝမ်းနည်းမယ်/ မျှော်လင့်ချက်မဲ့နေမယ်။
-အရင်ကလုပ်လို့ ပျော်တာတွေလည်း မလုပ်ချင်တော့ဘူး။
-ယုံကြည်မှုတွေ ပျောက်ဆုံးနေမယ်။
-ဝိတ်တက်တာ/ ဝိတ်ကျတာတွေဖြစ်မယ်။
-နည်းနည်းပဲစားတာ/ အရမ်းစားတာဖြစ်မယ်။
-ကိုယ့်ကိုယ်ကို တန်ဖိုးမရှိဘူးလို့ ခံစားလာရမယ်။
-အာရုံစူးစိုက်နိုင်မှုတွေ၊ မှတ်ဉာဏ်တွေလျော့ပါးလာမယ်။
-အိပ်ရတာခက်မယ်/ အရမ်းအိပ်မယ်။
-ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်မယ်။ နောက်ဆုံး suicide လုပ်ဖို့အထိ အတွေးတွေ ဝင်တတ်ပါတယ်။
-ဒီ state ကတော့ mania, hypomania, depression (၃) မျိုးလုံးကို ခံစားနေရတာပါ။ အဲ့ (၃) မျိုးက တစ်ပြိုင်နက် ဒါမှမဟုတ် တစ်ခုပြီးတစ်ခု ပြောင်းလဲနေတာပါ။ ကိုယ့်ကိုယ်ကို ဘာခံစားနေရလဲဆိုတာတောင် သေချာမသိနိုင်တော့ပါဘူး။ အဓိက symptom တွေကတော့ စိတ်တိုလွယ်မယ်၊ anxiety များမယ်၊ စိတ်ရှုပ်ထွေးမယ်၊ အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ ဒီ state ဟာ အတက်နဲ့ အကျ နှစ်မျိုးလုံး ရောနေတာကြောင့် suicide လုပ်ဖို့ risk အများဆုံးပါပဲ။

Anxiety disorder အမျိုးပေါင်း (၆) မျိုးလောက်ရှိပေမယ့် ဒါကတော့ အဖြစ်အများဆုံး တစ်ခုပါ။
GAD ကဘာလဲဆိုရင် အရာအားလုံးအပေါ်မှာ မလိုအပ်ဘဲ သာမန်ထက်ပိုပြီး စိုးရိမ်ပူပန်နေတာပါ။
မိသားစုထဲမှာ GAD ရှိဖူးတယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။ Generalized လို့ ဆိုတဲ့အတွက်ကြောင့် ဘယ်အရာပေါ်မှာ စိုးရိမ်တယ်ရယ်လို့ အတိအကျမရှိဘဲ အရာအားလုံးအပေါ် စိုးရိမ်ပူပန်နေတာပါ။ ကိုယ့်ကို stress မပေးတဲ့ နေ့စဉ်အရာလေးတွေ အပေါ်မှာတောင် anxiety တွေ များနေတတ်ပါတယ်။ တစ်ခြားဘာမှကို မတွေးနိုင်ဘဲ စိုးရိမ်သောကတွေနဲ့ပဲ ပူပင်နေရတာမျိုးပါ။ GAD ဖြစ်ရင် အနည်းဆုံး (၆) လလောက် ကြာတတ်ပါတယ်။
-မူးမော်မယ်။
-နှလုံးခုန်မြန်မယ်။
-ခြေတွေလက်တွေတုန်မယ်။
-နှုတ်ခမ်းခြောက်မယ်။
-ချွေးထွက်များမယ်။
-အသက်ရှူလို့မဝဘူး။
-အာရုံစူးစိုက်လို့မရဘူး။
-ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာတွေ ဖြစ်မယ်။
-အိပ်ရေးမဝဘူး။

Sleeping disorder ဆိုတာကတော့ ကိုယ့်ရဲ့ အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ အပြောင်းအလဲတွေပဲ ဖြစ်ပါတယ်။ အိပ်မရတာ၊ အိပ်မပျော်တာ၊ အရမ်းအိပ်ချင်နေတာ စတဲ့ အခြေအနေတွေအားလုံးဟာ sleeping disorder ထဲမှာအကျုံးဝင်ပါတယ်။ Sleeping disorder ဖြစ်ရင် ကိုယ့်ရဲ့ ကျန်းမာရေး၊ လုပ်ကိုင်နိုင်စွမ်းတွေကို ကျစေပြီး တစ်ခြားရောဂါတွေ အဖြစ်များလာနိုင်ပါတယ်။
Sleeping disorder တွေကလည်း အမျိုးပေါင်း များစွာရှိပါတယ်။ အဲ့အမျိုးအစားတွေပေါ် မူတည်ပြီး ဖြစ်တဲ့ symptoms တွေကလည်း ကွဲသွားပါတယ်။ အဲ့ထဲကမှ လူတော်တော်များများမှာ ဖြစ်တတ်တဲ့ disorder (၂) မျိုးဖြစ်တဲ့ insomnia နဲ့ narcolepsy အကြောင်းကို ပြောပြပေးသွားပါမယ်။
Insomnia ဆိုတာကို အလွယ်ပြောရရင် အိပ်မပျော်တဲ့ ရောဂါပါ။ အိပ်ပျော်ဖို့ အချိန်အကြာကြီး ယူရတယ်။ အိပ်ပျော်သွားပြန်ရင်လည်း ခဏလေးနဲ့ ပြန်နိုးလာတယ်။ နိုးပြီးရင် ပြန်အိပ်မပျော်တော့ဘူး။
လူတော်တော်များများမှာ အဖြစ်အများဆုံးပါပဲ။ ပတ်ဝန်းကျင်အခြေအနေ၊ depression ၊ ခရီးသွားရတာ၊ ညဂျူတီချိန်တွေရှိတာ၊ caffeine များများသောက်တာ၊ ဆေးတွေ စတာတွေအားလုံးဟာ insomnia ကို ဖြစ်စေပါတယ်။
-ဒါကတော့ အပျော့ဆုံး insomnia ဖြစ်ပြီး အချိန်ကလည်း အများဆုံး (၃) လလောက်အထိပဲ ကြာတတ်ပါတယ်။ စာမေးပွဲရှိလို့၊ လုပ်စရာတွေမပြီးသေးလို့ စတာတွေကြောင့် stress တွေရလို့ အိပ်မပျော်တာပါ။ အချိန်တစ်ခုအထိ ကြာပြီးတဲ့အခါ တဖြည်းဖြည်း ကိုယ်ကလည်း လုပ်စရာရှိတာတွေလုပ်ပြီးပြီ၊ stress ဖြစ်စေတဲ့အရာတွေ မရှိတော့ဘူးဆို ပြန်ကောင်းသွားနိုင်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပြီးတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ရာသီသွေးဆုံးခါနီးအချိန်ဆို ပိုဖြစ်တတ်ပါတယ်။
-သူကတော့ အများဆုံး (၁) ပတ်လောက်ပဲ ကြာတတ်ပါတယ်။ ဖြစ်ပြီးရင်လည်း ထပ်မဖြစ်ပါဘူး။ အကယ်၍ ခဏခဏ ဆက်ဖြစ်ခဲ့ရင်တော့ chronic insomnia အဆင့်ရောက်နေပါပြီ
-အချိန်ကာလ တော်တော်ကြာကြာ အိပ်မရဖြစ်နေတာမျိုးပါ။ (၁) လထက် ပိုကြာတတ်ပါတယ်။ လူတစ်ယောက်ဟာ (၁) ပတ်ကို (၃) ညလောက်အိပ်မပျော်တာမျိုး (၃) လဆက်တိုက်ဖြစ်နေပြီဆို chronic insomnia လို့ သတ်မှတ်လို့ရပါတယ်။
အိပ်ချိန်မမှန်တာတွေ၊ stress တွေ၊ အိပ်မက်ဆိုးမက်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကိုယ့်မှာ physically ရောဂါအခံရှိရင်ဖြစ်စေ၊ တစ်ခြား mental illness ရှိနေရင်ဖြစ်စေ chronic insomnia ဖြစ်တတ်ပါတယ်။ Acute insomnia လိုပဲ အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်
-အိပ်ပျော်ဖို့ ခက်မယ်။
-ညဘက်တွေမှာ ခဏခဏနိုးမယ်။
-အိပ်ရာနိုးလာတဲ့အခါ မောပန်းနေမယ်။
-နိုးလာတဲ့အခါ ပြန်အိပ်မပျော်ဘူး။
-ပင်ပန်းနေပေမယ့်လည်း နေ့လည်ဘက် ပြန်အိပ်လို့မရဘူး။
-တစ်နေကုန်ပင်ပန်းပြီး အသက်ရှူရ ပုံမှန်မဟုတ်ဘူး။
-အာရုံမစူးစိုက်နိုင်ဘူး။
Narcolepsy ဆိုတာကတော့ သာမန်ထက် ပို အိပ်ချင်နေတာမျိုးပါ။ ညဘက် အိပ်ရေးဝဝ အိပ်ထားရင်တောင် နေ့အချိန်တွေမှာပါ အိပ်ချင်နေတတ်ပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ချက်ချင်းကို အိပ်ပျော်သွားနိုင်ပါတယ်။
ဥပမာ-တစ်ယောက်ယောက်နဲ့ စကားပြောနေရင်း ခေါင်းငိုက်စိုက်ကျပြီး အိပ်ပျော်သွားတာမျိုးပါ။ တက်ကြွလန်းဆန်းမှု မရှိဘဲ အမြဲလိုလို နုံးနေတတ်ပါတယ်။ Narcolepsy ဖြစ်စေတဲ့အကြောင်းအရာကို သေချာမသိရပေမယ့် မိသားစုအတွင်းမှာ narcolepsy ရှိတဲ့လူပါရင် ဖြစ်နိုင်ချေ ပိုများပါတယ်။ တစ်နည်းပြောရရင် မျိုးရိုးဗီဇကြောင့်ပေါ့။
-အပေါ်မှာပြောခဲ့သလိုပဲ ညဘက်အိပ်ရေးဝရင်တောင် နေ့ဘက်တွေမှာပါ အိပ်ချင်နေတာပါ။ အာရုံစူးစိုက်ဖို့ခက်မယ်။ မောပန်းမယ်။
-အိပ်ပျော်နေချိန် ဒါမှမဟုတ် နိုးလာတဲ့အချိန်မှာ မိနစ်ပိုင်းလောက် မလှုပ်နိုင်၊ စကားမပြောနိုင် ဖြစ်တာပါ။ အဲ့အချိန်အတွင်းဆို နှလုံးခုန်မြန်လာပြီး ချွေးတွေ အရမ်းထွက်လာမယ်။ အသက်ရှူရခက်ခဲပြီးတော့ လှုပ်ဖို့အရမ်းရုန်းကန်ရပါတယ်။
-အိပ်နေတုန်း အိပ်မက်လိုလို၊ အပြင်မှာတကယ်ဖြစ်တာလိုလို အဖြစ်အပျက်တွေ မြင်ရ၊ ကြားရတာမျိုးပါ။ တကယ်လို့ထင်ရပြီးတော့ ကြောက်ဖို့ကောင်းပါတယ်။ အိပ်ပျော်နေချိန်မှာ ဖြစ်တတ်သလို နိုးနေချိန်မှာလည်း ဖြစ်တတ်ပါတယ်။
-ရုတ်တရက် ကြွက်သားတွေ မလှုပ်ရှားနိုင်တော့ဘဲနဲ့ အားနည်းသွားတာပါ။ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ - အံ့ဩတာ၊ ဒေါသဖြစ်တာ၊ ရှက်ရွံ့တာတွေကနေ ဖြစ်တတ်ပါတယ်
ဥပမာ-လမ်းလျှောက်နေရင်း ခြေထောက်ခွေကျသွားတာ၊ ခေါင်းငိုက်စိုက်ကျသွားတာတွေပါ။ Narcolepsy ရှိတဲ့လူတိုင်း cataplexy မဖြစ်ပေမယ့် cataplexy ဖြစ်နေတဲ့လူတိုင်းကတော့ narcolepsy ရှိပါတယ်။ ဒါကြောင့် ကိုယ့်မှာ cataplexy ဖြစ်နေပြီဆို narcolepsy ဖြစ်ဖို့ chance များပါတယ်
-တစ်ညကို တစ်ကြိမ်လောက် အိပ်နေရင်းနိုးလာတာက ပုံမှန်ပါ။ ဒါပေမယ့် ကိုယ့်မှာ narcolepsy ရှိနေပြီဆိုရင် မြန်မြန်နဲ့ အိပ်ပျော်ပြီး တစ်ညလုံး မကြာခဏ နိုးလာတတ်ပါတယ်။

ဒီရောဂါကိုတော့ လူတော်တော်များများ ကြားဖူးမယ်ထင်ပါတယ်။ မြန်မာလိုပြောရရင်တော့ စိတ်ကစဉ့်ကလျားရောဂါပါ။ Schizophrenia ဟာ နာတာရှည်ပြင်းထန်တဲ့ စိတ်ရောဂါတစ်ခုဖြစ်ပြီးတော့ တစ်ခြား mental disorder တွေလို common မဖြစ်ပါဘူး။
Schizophrenia ဆိုတာကို အရှင်းဆုံး ပြောရရင် လက်တွေ့ဘဝကို ပုံမှန်မဟုတ်တဲ့နည်းနဲ့ deal လုပ်နေရတာပါ။ Schizophrenia ရှိတဲ့လူရဲ့ စဉ်းစားတွေးခေါ်ပုံ၊ အပြုအမူတွေဟာ လုံးဝကိုမူမမှန်ဘဲနဲ့ အကျိုးဆက်တွေကတော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ စိတ်ကူးနဲ့ လက်တွေ့ဟာ သူတို့စိတ်ထဲမှာ ရောထွေးနေပြီး လက်တွေ့ဘဝနဲ့ ကင်းကွာနေသလိုခံစားရပါတယ်။
Schizophrenia ဟာ ဗီဇနဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်သလို သာမန်ဦးနှောက်ဖွဲ့စည်းပုံနဲ့ မတူညီတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။
လေတိုးသံလို အသံတွေ ကြားရမယ်၊ အလင်းတန်းတွေ၊ သေပြီးသားလူတွေကို ပြန်မြင်နေတာမျိုးတွေပါ။
နောက်တစ်မျိုးက delusions တွေပါ။ ထင်ယောင်ထင်မှား ဖြစ်တာတွေပေါ့။ သူတို့ကိုယ်သူတို့ စွမ်းအားတွေရှိတယ်လို့ ထင်လာတာ၊ သူတို့ဦးနှောက်ကို တစ်ယောက်ယောက်က ထိန်းချုပ်ထားတယ်လို့ ယူဆထားတာ၊ သူတို့ကိုယ်သူတို့ သမ္မတကြီးလို့ ထင်လာတာ စသဖြင့်ပေါ့။ ပြီးတော့ တစ်ခြားလူတွေ နားမလည်တဲ့ စကားလုံးတွေ၊ အပြုအမူတွေ လုပ်တတ်တယ်။ နောက်ပြီး တစ်ခုခုကို အာရုံစူးစိုက်လို့မရ ဖြစ်တတ်ပါတယ်။

ဒါကတော့ လူတိုင်းဖြစ်ဖူးကြမယ် ထင်ပါတယ်။ အထီးကျန်ခြင်းပါ။ Lonely ဖြစ်တာဟာ mental illness တစ်ခုတော့ မဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒီအထီးကျန်ခြင်းဟာ စိတ်ကျန်းမာရေးကို ထိခိုက်လာပြီး တစ်ခြားစိတ်ရောဂါတွေကိုပါ ဖြစ်စေနိုင်ပါတယ်။
လူတွေဘာကြောင့် အထီးကျန်ကြတာလဲ
-ကိုယ်နေတဲ့မြို့ကနေ အခြားမြို့ကို ပညာရေးကြောင့်ဖြစ်စေ၊ အလုပ်ကိစ္စကြောင့်ဖြစ်စေ ပြောင်းရပြီပဲဆိုပါစို့။ သင်တစ်ခါမှမမြင်ဖူးတဲ့ လူတွေ၊ တစ်ခါမှမသိတဲ့ လူတွေအလယ်မှာ ရောက်သွားတဲ့အခါ တစ်ယောက်တည်း အားငယ်ပြီး အထီးကျန်ခြင်းကို ခံစားရပါလိမ့်မယ်။
-ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေကို တစ်ခြားသူတွေနဲ့ sharing မလုပ်ရတဲ့အခါမှာ ကိုယ်တစ်ယောက်တည်း သီးသန့်ဖြစ်လာတတ်ပါတယ်။ ပြောရရင် ကျောင်းအသစ်ကိုပြောင်းသွားတယ်။ ကိုယ်ကဘာသာရေးကိုစိတ်ဝင်စားလို့ လူအသစ်တွေနဲ့ ဆွေးနွေးချင်တယ်။ ဒါပေမယ့် ဘာသာရေးဟာ သူတို့အတွက် အရေးမကြီးတော့ ဆွေးနွေးလို့မရဘူး။ အဲ့လိုပဲ ကိုယ်က အပြင်ထွက်ရတာမကြိုက်ဘူး။ တစ်ခြားသူတွေက အပြင်ပဲထွက်ပြီး ပျော်ပါးရတာ ကြိုက်တယ်ဆို ကိုယ်တစ်ယောက်တည်းကွဲထွက်နေပြီး အထီးကျန်လာတာပါ။
-လူတော်တော်များများ ဖြစ်ကြမယ်ထင်ပါတယ်။ ကိုယ့်ဘေးမှာ မိသားစုတွေ၊ သူငယ်ချင်းတွေ ဘယ်လောက်ပဲရှိနေပါစေ ကိုယ်နဲ့ အတူတူသွားလာမယ့်၊ စိတ်ချင်းရင်းနှီးတဲ့ partner တစ်ယောက်တော့ လိုချင်ကြတာပဲမလား? အဲ့လိုလူမျိုးမရှိတဲ့အခါ အထီးကျန်ကြပါတယ်။ တစ်ချို့ကလည်း ချစ်သူရှိရဲ့သားနဲ့ နှစ်ဦးကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိတဲ့အခါ အထီးကျန်ကြပါတယ်။
-တစ်ချို့လူတွေက ခွေးလေးတွေ၊ ကြောင်လေးတွေ လိုချင်ကြပါတယ်။ များသောအားဖြင့် တစ်ကိုယ်တည်းသမားတွေဆို ပိုဆိုးပါတယ်။ ဒီလိုဆက်ဆံရေးဟာ လူတွေနဲ့ အစားထိုးလို့မရပါဘူး။ သူတို့ဘဝမှာ အဲ့လိုအကောင်လေးတွေ မရှိတာဟာ တစ်စုံတစ်ခု လစ်ဟာနေသလို ခံစားနေရမှာပါ။
-ကိုယ့်ဘေးနားမှာ သူငယ်ချင်းတွေ အများကြီးရှိနေပေမယ့်လည်း သူတို့က သူတို့အလုပ်ကိစ္စတွေနဲ့ ရှုပ်နေတဲ့အခါ ကိုယ့်ကို အချိန်မပေးနိုင်ကြတော့တာမျိုး၊ ကိုယ့်ဘက်က သူတို့နဲ့ ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ချင်ပေမယ့် သူတို့ဘက်က စိတ်ဝင်စားတဲ့ပုံ မပြတာမျိုးတွေကြောင့် ကိုယ်တစ်ယောက်တည်း အထီးကျန်လာတတ်ပါတယ်။
-ဘယ်လိုအချိန်မျိုးမှာဖြစ်လဲဆိုရင် ကိုယ့်သူငယ်ချင်းတွေဟာ တကယ်ရော ကိုယ့်ကိုခင်ရဲ့လား? ယုံကြည်ရရဲ့လား? စတဲ့သံသယတွေဝင်လာတဲ့အခါမှာပါ။ Friendship တစ်ခုမှာ အရေးအကြီးဆုံးဟာ ယုံကြည်မှုဖြစ်တာကြောင့် အဲ့ဒါမရှိတော့တဲ့အခါ ကိုယ်တစ်ယောက်တည်း အထီးကျန်လာတတ်ပါတယ်။
-တစ်ခါတစ်ရံ ကိုယ့်ဘေးမှာ လူတွေအများကြီးရှိနေရက်နဲ့ အရင်က အတူတူရှိခဲ့ဖူးတဲ့ လူတစ်ယောက်မရှိတော့လို့ တစ်ယောက်တည်း ကျန်ခဲ့တဲ့အခါ အထီးကျန်တတ်ကြပါတယ်။ မိသားစုဝင်တစ်ယောက် မရှိတော့တာ၊ အခန်းဖော်မရှိတော့တာ စသဖြင့်ပေါ့။ အဲ့လိုမျိုးရှိနေကျ တစ်ခုခုမရှိတော့တဲ့အခါ သူတို့နေရာမှာ ငြိမ်သက်ခြင်းတွေပဲကျန်ခဲ့တာ။ အဲ့အခါမှာ အထီးကျန်တာပါပဲ။
အခု ပြည့်ပြောပြသွားတဲ့ mental illness တွေဟာ စိတ်ဝင်စားဖို့ကောင်းပြီး ဗဟုသုတတွေ အများကြီး ရရှိမယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကြီး ကျန်းမာနေဖို့၊ လှပဖို့ ဂရုစိုက်သလို ကိုယ့်စိတ်ကလေး ကျန်းမာအောင်လည်း သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အားလုံးပဲ စိတ်ကျန်းမာ၊ ကိုယ်ကျန်းမာနဲ့ အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။

Comments
Post a Comment