Posts

Psychological Harassment

Image
လူမှုဆက်ဆံရေးမှာ ကြုံတွေ့ရတတ်တဲ့ Psychological Harassment (သို့) Mobbing ကို ဘယ်လိုကာကွယ်ရမလဲ ... ?🤔 ဒီနေ့မှာတော့ လူအချင်းချင်းပြောဆို ဆက်ဆံရာမှာ ဖြစ်ပွားတတ်တဲ့ Psychological Harassment သို့မဟုတ် Mobbing ကို သတိပြုကာကွယ်ရမယ့်နည်းကို Beatrix ချစ်သူတို့ဆီ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။✌️ ပထမဦးဆုံး Psychological Harassment ရဲ့ အဓိပ္ပါယ်ကိုရှင်းပြပေးပါမယ်။ 🔹 Psychological Harassment သို့မဟုတ် Mobbing ဆိုတာက လူတစ်ယောက်ရဲ့အပြုအမူ၊ အခြေအနေကို တစ်ယောက်တည်းဖြစ်စေ၊ အများကဖြစ်စေ၊ ထိုသူကို စိတ်ဓာတ်ကျ‌စေလိုသော ရည်ရွယ်ချက်ဖြင့် တိုက်ရိုက်ဖြစ်စေ၊ ရွဲ့စောင်း၍ဖြစ်စေ ဝိုင်းဝန်းလှောင်ပြောင်ပြစ်တင်ပြောဆိုခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ 🔹 Psychological Harassment ဟာ လူတစ်ယောက်ကို အလုပ်ကနေထွက်သွားစေချင်တာ၊ ကျောင်းကနေထွက်သွားစေချင်တာ၊ စိတ်ဓာတ်အောက်ဆုံးထိကျသွားစေအောင် စနစ်တကျ ထပ်တလဲလဲ ဝိုင်းဝန်းတိုက်ခိုက်တတ်ကြတာမျိုးဖြစ်ပါတယ်။  ကိုယ့်ကို Psychological Harassment လုပ်ချင်သူတချို့ဟာ သူငယ်ချင်းလို လာပေါင်းတတ်ပြီး အနီးကပ် ထပ်တလဲလဲ ယုံကြည်မှုပျောက်ဆုံးအောင် လုပ်တတ်ကြပါသေးတယ်။ ‼️ 🆘Psychological Harassment ကြောင့် က...

How to start online store

Image
  မင်္ဂလာပါ...Beatrix မှ ပြန်လည် ကြိုဆိုပါတယ်။   Online Shop မလုပ်တတ်လို့ စိတ်ညစ်နေပြီလား? ဘယ်ကနေ ဘယ်လိုစလုပ်ရမလဲ မသိဘူး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီစာ​လေးကို ဖတ်ကြည့်လိုက်​တော့​နော်။  Stellaက Online Shoppingလုပ်ရင် လိုအပ်တဲ့ လွယ်ကူရိုးရှင်း အချက်(၆)ချက်ကို ပြောပြပေးသွားမယ်။ 1.Choose the product to sell ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ကိုယ်လည်း စိတ်ဝင်စားတဲ့ပစ္စည်း၊ customersတွေ အတွက်လည်း အသုံးတည့်တဲ့ ပစ္စည်းမျိုးကို ရွေးချယ်ပါ။ ဒါမှ မဟုတ်ရင် အချိန်ကြာသွားတဲ့အခါမှာ စိတ်ညစ်သွားတာမျိုးတွေ၊ စိတ်မဝင်စားတော့ဘဲ ဆက်မရောင်းချင်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။  တကယ်လို့ ကိုယ်က ဘာရောင်းရမလဲမသိဘူးဆိုရင် provider ကို ရှာပါ။ ဒီနည်းလမ်းက အခုခေတ် လူငယ်တွေ များသောအားဖြင့် လုပ်ကြပါတယ်။ အခြား brandတွေ၊ pageတွေဆီကနေ တစ်ဆင့်ပြန်ရောင်းကြတာမျိုး၊ Agentဝင်တာမျိုး ဖြစ်ပါတယ်။  2. Choose the best E- commerce solution for you ကိုယ့်လုပ်ငန်းကို web- based softwareတွေနဲ့ လည်ပတ်ပါ။ ဒီနည်းလမ်းက အလုပ်စလုပ်တဲ့သူတွေအတွက် အရမ်းအထောက်အကူပြုပါတယ်။ ကိုယ့်ရဲ့ လုံခြုံရေးတွေကို မြှင့်တင့်တဲ့ ကိရိယာတွေကို ကျွ...

အကြောက်တရားကို ဘယ်အရာနဲ့တွန်းလှန်ကြမလဲ ... 🧐

Image
လူတိုင်းမှာ အကြောက်တရား (Fear) နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု (Confidence) တို့ဟာဆိုရင် ဒွန်တွဲပြီး ရှိနေတတ်ကြပါတယ်။  အကြောက်တရားဆိုတာ ကိုယ့်ရဲ့စိတ်ကို မလုံခြုံဖြစ်စေတယ်။ ကိုယ့်ကို အားနည်းစေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို လျော့ကျစေပြီးတော့ အောင်မြင်မှုကို တားဆီးထားတဲ့ အရာဖြစ်ပါတယ်။  အကြောက်တရားဟာဆိုရင် ကိုယ့်ဘဝရဲ့ ရည်မှန်းချက်တွေ၊ ပျော်ရွှင်မှုတွေ၊ နှစ်လများစွာ တည်ဆောက်ခဲ့ရတဲ့အရာတွေကို ခဏလေးအတွင်းမှာ ဆွဲယူသွားနိုင်ပါတယ်။ ဒါကြောင့်မိမိတို့ရဲ့ ဘဝမှာ အကြောက်တရားက ကိုယ့်ကို အနိုင်ယူသွားတာမျိုး အဖြစ်မခံပါနဲ့။  ဒီအကြောက်တရားကို တွန်းလှန်ဖို့အတွက် အကောင်းဆုံးလက်နက်ကတော့ မိမိကိုယ်ကို ယုံကြည်ချက် ရှိတာပါပဲ။  လူတိုင်း ကြောက်စိတ်ရှိတယ်ဆိုတာ သဘာဝပါပဲ။ ဒါပေမယ့် အဲ့ဒီစိတ်ကြီးကိုတော့ တစ်သက်လုံး ပွေ့ပိုက်သွားလို့မရဘူးလေ။ ဒါကြောင့်မလို့ ကိုယ့်ရဲ့အကြောက်တရားကို ကိုယ်တိုင်တွန်းလှန်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတည်ဆောက်ပါ။ လူတွေဟာ ယုံကြည်ချက်ရှိလာပြီဆိုရင် လုပ်ဆောင်သမျှအရာတွေက အကောင်းဆုံးဖြစ်လာပါတယ်။  အကြောက်တရားကို တွန်းလှန်ပြီး မိမိကိုယ်ကို ယုံကြည်မှု တည်ဆောက်ဖို့ နည်းလမ်းကောင်း...