How to start online store

 


မင်္ဂလာပါ...Beatrix မှ ပြန်လည် ကြိုဆိုပါတယ်။ 

🥳

Online Shop မလုပ်တတ်လို့ စိတ်ညစ်နေပြီလား? ဘယ်ကနေ ဘယ်လိုစလုပ်ရမလဲ မသိဘူး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီစာ​လေးကို ဖတ်ကြည့်လိုက်​တော့​နော်။ 😉

Stellaက Online Shoppingလုပ်ရင် လိုအပ်တဲ့ လွယ်ကူရိုးရှင်း အချက်(၆)ချက်ကို ပြောပြပေးသွားမယ်။

💢1.Choose the product to sell

ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ကိုယ်လည်း စိတ်ဝင်စားတဲ့ပစ္စည်း၊ customersတွေ အတွက်လည်း အသုံးတည့်တဲ့ ပစ္စည်းမျိုးကို ရွေးချယ်ပါ။ ဒါမှ မဟုတ်ရင် အချိန်ကြာသွားတဲ့အခါမှာ စိတ်ညစ်သွားတာမျိုးတွေ၊ စိတ်မဝင်စားတော့ဘဲ ဆက်မရောင်းချင်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ 🤨

တကယ်လို့ ကိုယ်က ဘာရောင်းရမလဲမသိဘူးဆိုရင် provider ကို ရှာပါ။ ဒီနည်းလမ်းက အခုခေတ် လူငယ်တွေ များသောအားဖြင့် လုပ်ကြပါတယ်။ အခြား brandတွေ၊ pageတွေဆီကနေ တစ်ဆင့်ပြန်ရောင်းကြတာမျိုး၊ Agentဝင်တာမျိုး ဖြစ်ပါတယ်။ 👀

💢2. Choose the best E- commerce solution for you

ကိုယ့်လုပ်ငန်းကို web- based softwareတွေနဲ့ လည်ပတ်ပါ။ ဒီနည်းလမ်းက အလုပ်စလုပ်တဲ့သူတွေအတွက် အရမ်းအထောက်အကူပြုပါတယ်။
ကိုယ့်ရဲ့ လုံခြုံရေးတွေကို မြှင့်တင့်တဲ့ ကိရိယာတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်ပါစေ။ အဲ့ဒါမှ cyber crime ကနေ လွတ်မြောက်နိုင်မှာပါ။ 🧐

ကိုယ့်လုပ်ငန်းမှာသုံးမယ့် apps တွေကို ရွေးချယ်ပါ။ eg. Editing apps, ကိုယ့်အဖွဲ့သားအချင်းချင်း လုပ်ငန်းအကြောင်း ဆွေးနွေးရာမှာသုံးမယ့် workplace apps ​တွေကို ​သေချာ​​ရွေးချယ်တတ်ဖို့လိုပါတယ်။ 🤗

💢3. Pick a domain name

လွယ်ကူရိုးရှင်းပြီး မှတ်မိရလွယ်တဲ့ အမည်ကို ဖန်တီးပါ။ လူတွေက ကိုယ့် brand နာမည်ကို မြင်လိုက်တာနဲ့ လွယ်လွယ်ကူကူ သတိထားမိ​စေမယ့် နာမည်မျိုးကို ရွေးချယ်ပါ။😎

ကိုယ့်ရဲ့ နာမည်ကလည်း ထူးခြားတဲ့အဓိပ္ပာယ်ရှိတာမျိုးဖြစ်ပါစေ။ နာမည်တစ်ခုကလည်း brandတစ်ခုအတွက် အရေးကြီးပါတယ်နော်။😉

eg. Stella တို့ page နာမည် beatrix ဆိုတာက​တော့ ပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးတဲ့သူလို့ ဆိုလိုပါတယ်။😊

💢4. Start building for your online store

ကိုယ့်ရဲ့ online pageကို ကုန်ပစ္စည်း အမျိုးအစားတွေ၊ copy writingအရေးအသားတွေ၊ SEO၊ Email marketing စတဲ့ marketingတွေနဲ့ ထူးခြားအောင် တည်ဆောက်ပါ။ 💁‍♀️

ဝယ်ယူသူတွေ အဆင်ပြေအောင် ဘယ်လို Discount၊ promotionမျိုး ပေးမှာလဲ။ ဘယ်လို serviceမျိုး ပေးမှာလဲ စသဖြင့် သတ်မှတ်ပါ။ ဒါမှ ဝယ်ယူသူတွေက ကိုယ့်ရဲ့ website ကို ဝင်ကြည့်တဲ့အခါ ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်နိုင်ပြီး၊ ကိုယ့်ရဲ့ businessက ဘယ်လိုမျိုးလဲဆိုတာ သေချာသိနိုင်မှာပါ။👍

💢5. Decide your packaging designs

ကိုယ့်ရဲ့ ပစ္စည်းကို ဘယ်လိုထုတ်ပိုးမှုစနစ်နဲ့ ဝန်​ဆောင်မှု​ပေးမလဲဆိုတာကို ဆုံးဖြတ်ပါ။
ဥပမာ - စက္ကူနဲ့လား၊ ပလတ်စတစ်လား၊ ဖန်ဘူးနဲ့လား။

နောက်ဆုံးအရေးကြီးဆုံးအချက်က ကိုယ့်ရဲ့ ပစ္စည်းတွေကို အဝေးပို့မယ်ဆိုရင် ပုံစံမပြတ်အောင် ဘယ်လိုမျိုး ထုတ်ပိုးမလဲ စသဖြင့်ကို ထည့်သွင်းစဥ်းစားရပါမယ်။ 🥰

💢6. Get paid

နောက်ဆုံးအချက်အနေနဲ့ ကိုယ်က အားလုံး ပြင်ဆင်ပြီးသွားရင် ကိုယ်ရဲ့ ငွေပေးချေစနစ်ကို ဆုံးဖြတ်ပါ။
credit cardနဲ့လား။ mobile payment systemနဲ့လား၊။ ရိုးရိုးပိုက်ဆံနဲ့လား။ 💰

Stella အရင်က ပြောပြခဲ့တဲ့ Mobile payment systemလေးကို မဖတ်ရသေးရင်လည်း ဒီlinkမှာ ဖတ်ကြည့်နော်။ 👇

https://www.facebook.com/108219754207907/posts/181377106892171/

ဒါဆိုရင် စာဖတ်သူတို့လည်း online ​​​က​နေပစ္စည်း​တွေကို ဘယ်လို​ရောင်းရမလဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။ ဒါ​ကြောင့် ​ဖော်ပြထားတဲ့ အချက်​လေး​တွေအတိုင်း stay home ကာလမှာ အကျိုးရှိမယ့် လုပ်ငန်းတစ်ခုကို စွန့်စားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 🤩

Be productive during covid.😊

Written by
#StellaPyae

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱