Psychological Harassment
လူမှုဆက်ဆံရေးမှာ ကြုံတွေ့ရတတ်တဲ့ Psychological Harassment (သို့) Mobbing ကို ဘယ်လိုကာကွယ်ရမလဲ ... ?🤔
ဒီနေ့မှာတော့ လူအချင်းချင်းပြောဆို ဆက်ဆံရာမှာ ဖြစ်ပွားတတ်တဲ့ Psychological Harassment သို့မဟုတ် Mobbing ကို သတိပြုကာကွယ်ရမယ့်နည်းကို Beatrix ချစ်သူတို့ဆီ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။✌️
ပထမဦးဆုံး Psychological Harassment ရဲ့ အဓိပ္ပါယ်ကိုရှင်းပြပေးပါမယ်။
🔹 Psychological Harassment သို့မဟုတ် Mobbing ဆိုတာက လူတစ်ယောက်ရဲ့အပြုအမူ၊ အခြေအနေကို တစ်ယောက်တည်းဖြစ်စေ၊ အများကဖြစ်စေ၊ ထိုသူကို စိတ်ဓာတ်ကျစေလိုသော ရည်ရွယ်ချက်ဖြင့် တိုက်ရိုက်ဖြစ်စေ၊ ရွဲ့စောင်း၍ဖြစ်စေ ဝိုင်းဝန်းလှောင်ပြောင်ပြစ်တင်ပြောဆိုခြင်းကို ဆိုလိုတာဖြစ်ပါတယ်။
🔹 Psychological Harassment ဟာ လူတစ်ယောက်ကို အလုပ်ကနေထွက်သွားစေချင်တာ၊ ကျောင်းကနေထွက်သွားစေချင်တာ၊ စိတ်ဓာတ်အောက်ဆုံးထိကျသွားစေအောင် စနစ်တကျ ထပ်တလဲလဲ ဝိုင်းဝန်းတိုက်ခိုက်တတ်ကြတာမျိုးဖြစ်ပါတယ်။
ကိုယ့်ကို Psychological Harassment လုပ်ချင်သူတချို့ဟာ သူငယ်ချင်းလို လာပေါင်းတတ်ပြီး အနီးကပ် ထပ်တလဲလဲ ယုံကြည်မှုပျောက်ဆုံးအောင် လုပ်တတ်ကြပါသေးတယ်။ ‼️
🆘Psychological Harassment ကြောင့် ကိုယ့်ကိုကိုယ်အဆုံးစီရင်သူများစွာလည်းရှိနေကြပါတယ်။
ကိုယ့်ကို Psychological Harassment လုပ်ပြီလို့ သတ်မှတ်သင့်တဲ့ အပြုအမူများကတော့ ...
🔸၁။ ကိုယ့်ရဲ့ပြောဆိုဆက်ဆံရေးကို လှောင်ရယ်ပြုတာ။
ဥပမာ - သင့်ကိုယ်သင် မိတ်ဆက်နေတုန်း လူတစ်ယောက်က ဖြတ်ပြောတာ၊ ပေါက်ကရတွေ လိုက်လှောင်နေတာမျိုး၊ သင့်ကိုယ်သင် ယုံကြည်မှုပျက်စေပြီး မိတ်ဆက်နေတာလည်းပျက်စီးသွားစေတာမျိုးဖြစ်ပါတယ်။
🔸၂။ လူမှုဆက်ဆံရေးမှာ ဘေးဖယ်ထားတာ။
ဥပမာ - လူတစ်ယောက်က သင်နဲ့ပြောဆိုဆက်ဆံမှုလုံးဝမလုပ်ဘဲရှောင်နေတာ။ မိတ်ဆက်တဲ့အခါ သင့်ကိုချန်ထားခဲ့တာ၊ သင်ပြောနေတဲ့စကားတွေကို လျစ်လျူရှုတာ၊ ဘာကိစ္စပဲပြောပြော သင့်ကိုဘေးဖယ်ထားတာမျိုးဖြစ်ပါတယ်။
🔸၃။ သင့်ကို ဂုဏ်သတင်းညှိုးနွမ်းအောင်လုပ်တာ။
ဥပမာ - သင်နဲ့ပတ်သက်ပြီး မဟုတ်က၊ ဟုတ်က သတင်းတွေလွှင့်တာ၊ သင်ဘာလုပ်လုပ် လှောင်တာ၊ ပျက်ရယ်ပြုတာ၊ သင့်ကို စော်ကားတဲ့မှတ်ချက်တွေပြုတာမျိုးဖြစ်ပါတယ်။
🔸၄။ သင့်ကို ကျန်းမာရေးအရထိခိုက်အောင်လုပ်တာ။
ဥပမာ - သင်မနိုင်တဲ့ပစ္စည်းတွေ မ ခိုင်းတာ၊ သင့်ကို အလုပ်တာဝန်တွေ ဖိပေးတာမျိုးဖြစ်ပါတယ်။
ဒီလောက်ဆို Psychological Harassment ဟာ သင်မထင်မှတ်ထားတဲ့ အရာတွေကနေလည်း တိုက်ခိုက်နိုင်တယ်ဆိုတာ သိရလို့ ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ သင်ရိပ်မိလောက်ရောပေါ့ ။👎👎
သင့်ကို မပျော်ရွင်စေတဲ့ ပုံမှန်မဟုတ်တဲ့အပြုအမူအားလုံးဟာ Psychological Harassment ဖြစ်ပါတယ်။ ဒါပေမယ့် တချို့အပြုအမူတွေကတော့ သင့်ကို စိတ်ထိခိုက်စေသော်လည်းပဲ အကျိုးရှိစေမယ့်ရည်ရွယ်ချက်ဖြင့် ပွင့်လင်းစွာပြောဆိုတတ်ခြင်းတို့ဟာ Psychological Harassment မှသွေဖယ်နေပါတယ်။
✅ Psychological Harassment မှ သွေဖယ်တဲ့အပြုအမူတွေကတော့…..🤔
၁။ပြင်းပြင်းထန်ထန် ဝေဖန်တာ။
၂။သင့်ကိုတိုက်ရိုက်မဟုတ်တာ ပြောတာမျိုးမဟုတ်ဘဲ အသင်းအဖွဲ့ကိုဖြစ်စေ သင့်အတွက် ညွှန်ကြားချက်တွေပေးနေတာ။
၃။စကားများ ငြင်းခုံကြတာ။
၄။သင့်ကို ခဏခဏ စိတ်မကြည်ဖြစ်စေတာ။
၅။သင့်ရဲ့ လုပ်ရည်ကိုင်ရည်တိုးတက်ဖို့ လိုအပ်ချက်ကို တိုက်ရိုက်ထောက်ပြတာ စတဲ့အပြုအမူတွေပဲ ဖြစ်ပါတယ်။
📌 Psychological Harassment ကို သင့်ကိုယ်သင် ဘယ်လိုကာကွယ်မလဲ?
ဒီအချက် (၇) ချက်ဖြင့် ကာကွယ်လိုက်ပါနော်။🤗
၁။ သူတို့ရဲ့လှည့်ကွက်တွေမှာ မကျရှုံးသွားပါစေနဲ့။ ကြိုမြင်ပါစေ။😈
သင်ဟာ လမ်းသွားနေရင်း သင့်ကိုချော်လဲစေချင်လို့ ငှက်ပျောခွံလာချထားပါစေဦး။ သင်ကြိုမြင်နိုင်မယ်ဆို ကောက်ပြီးအမှိုက်ပုံးထဲပစ်နိုင်မှာဖြစ်ပါတယ်။ သင့်ကိုယ်သင်ကလွဲပြီး ဘယ်သူမှ သိပ်မယုံပါနဲ့။ သင့်အရင်းနှီးဆုံးသူငယ်ချင်းကလည်း သူကိုယ်တိုင်တောင်မသိလိုက်ဘဲ သင့်အပေါ် Psychological Harassment ပုံစံမျိုး မရည်ရွယ်ပဲပြုမူနိုင်ပါတယ်။
၂။ သူတို့ကို သင်မပြောင်းလဲနိုင်ဘူးဆိုတာ လက်ခံပါ။✌️
လူတစ်ယောက်ဟာ မွေးတည်းက သူ့အကျင့်နဲ့သူ ပါလာပြီးသားဖြစ်ပါတယ်။ သင်ကိုယ်တိုင်က အဲ့ဒီအရာကို လက်ခံပြီး သင့်အပေါ်သက်ရောက်လာနိုင်တဲ့ အကျိုးဆက်များကိုသာ အာရုံစိုက်ပြီး ရှောင်ကျဥ်ပါ။
၃။ ထိုသူတွေ ပြောသမျှကို စာရွက်အလွတ်မှာ ရေးချပါ။✍️
သူတို့ပြောသမျှ စကားလုံးတိုင်းမှာ သင့်ကို နောက်ဆုံးဖြစ်သွားစေချင်တဲ့ ရည်ရွယ်ချက်တစ်ခု ပါပါတယ်။အဲ့တာဆို ကြိုမြင်ကြိုရှောင်နိုင်မှာဖြစ်ပါတယ်။
၄။ သင့်ကိုယ်သင်ပြောင်းလဲဖို့မကြိုးစားပါနဲ့။🤘
သင့်ကို တိုးတက်စေချင်လို့ ဝေဖန်တာမျိုးမဟုတ်ဘဲ မနာလိုတိုက်ခိုက်တာမျိုးကြောင့် ကောင်းမွန်နေတဲ့သင့်အပြုအမူတွေကို မရပ်ပစ်လိုက်ပါနဲ့။
၅။ သင့်ရဲ့ ရှေ့ရေးအတွက် ထိုသူကို မင်းမှန်တယ်လို့ပြောလိုက်ပါ။🤥
သင့်ကို Psychological Harassment လုပ်သူဟာ သင်ငြင်းဆိုလေ၊ ရုန်းကန်နေရလေ သူကဝမ်းသာလေ၊ ပိုဖိလေဖြစ်ပါတယ်။ “အေး၊ မင်းမှန်တယ်၊ မင်း သာအတော်ဆုံးပါ၊ ငါက မင်းလောက်မတော်လို့ တောင်းပန်ပါတယ်”လို့ ရဲရဲဝံ့ဝံ့ပြောလိုက်ပါ။
၆။ ထိုသူတွေနဲ့ ခပ်ကင်းကင်းမနေနိုင်ရင် "လူပေါင်း၊ စိတ်ခွာပါ။"🙅♀️
သင့်ရဲ့ငယ်သူငယ်ချင်းဖြစ်လို့ဖြစ်စေ၊ မဖြစ်မနေပတ်သက်နေရလို့ဖြစ်မယ်ဆိုရင် လူကိုပဲပေါင်းပြီး၊ သင့်ရဲ့စိတ်ခံစားချက်ကိုမပြမိပါစေနဲ့။ သင့်ရဲ့အားနည်းချက်ကို ပြသလိုဖြစ်တတ်တာကို သတိထားပါ။
၇။ သင့်ကိုယ်သင် အချိန်ပေးပြီး စကားပြောပေးပါ။😇
သင်အချိန်ရတိုင်း သင့်ကိုယ်သင် ကောင်းမွန်တဲ့မှတ်ချက်တွေ ပေးပစ်ပါ။ သင့်ကိုယ်သင် ချီးကျူးပါ။ သင့်ရဲ့ကောင်းမွန်တဲ့လုပ်ရပ်တစ်ချို့အတွက် ဂုဏ်ယူပါ။
(❗️အထူးသတိပြုစရာ - သင့်ကို လူတစ်ယောက်က ဝေဖန်တိုင်း၊ အပြစ်ပြောတိုင်း Psychological Harassment မဟုတ်ပါဘူးနော်။ သင့်ကို ကောင်းမွန်စေချင်တဲ့ ရည်ရွယ်ချက်မျိုးလည်းဖြစ်စေတာမို့ အရာရာကို Psychological Harassment လို့သတ်မှတ်ပြီး နားပိတ်ထားမယ်ဆို သင်အရင်ဆုံး တစ်ဖက်ပိတ် ဖြစ်လာမှာ ဖြစ်ပါတယ်။)
သင့်ကိုယ်သင်၊ သင့်ရဲ့ခံယူချက်တွေ၊ အပြုအမူတွေကို မကြာခဏ ပြန်ပြန်ဆန်းစစ်ပေးဖို့ကလည်း သင့်ဘဝတိုးတက်စေမယ့် အလိုအပ်ဆုံး စကေးတစ်ခုဖြစ်ပါတယ်။💡
အလုပ်ခွင်မှာဖြစ်စေ၊ ပညာရပ်ဝန်းတစ်ခုမှာဖြစ်စေ ကြောက်စရာကောင်းတဲ့ Psychological Harassment မှာ လူတိုင်းကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုပန်းတိုင်ဆီ လှမ်းလျှောက်နိုင်ကြပါစေလို့ Beatrix မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။🏆🏆
Ref - https://www.epfl.ch/about/respect/harassment-situations/what-is-harassment/psychological-harassment-or-mobbing-a-definition/
https://herway.net/fake-love/emotional-abuse/7-ways-protect-emotional-abuse/
Written By
Khine T. D

Comments
Post a Comment