အားလုံးပဲမင်္ဂလာပါ 🤗
ဒီ တစ်ခေါက်မှာတော့ မြန်မာနိုင်ငံမှာ အောင်မြင်မှုရနေတဲ့ Start Up
လုပ်ငန်း ၅ အကြောင်းကို သိပြီးသူတွေရော မသိသေးတဲ့သူတွေရော အတုယူစရာရော
ဗဟုသုတရော ရအောင် Beatrix မှ မျှဝေပေးလိုက်ပါတယ်ရှင် 💁♀
တစ်ပုံချင်းစီမှာ အသေးစိတ်ဖော်ပြထားပါတယ်ရှင်။ 👇🏻

1. Expa.AI 🌟
ဒီ Start Up လုပ်ငန်း ကတော့ AI နည်းပညာသုံးပြီး Customer တွေရဲ့
တိုင်တန်းမှုတွေ မေးခွန်းတွေ အမြဲမပြတ် တဲ့လုပ်ငန်းကြီးတွေမှာ Customer
Support ကို အွန်လိုင်း ကနေ လျှင်လျှင်မြန်မြန် နဲ့
အလိုအလျောက်ဖြေပေးတဲ့စနစ်ကို ဝန်ဆောင်မှုပေးတယ် .ပြီးတော့ မကြာခင်ကပဲ အသေးစားနဲ့ အလတ်စား စီးပွားလုင်ငန်းတွေဖြစ်ဖြစ် တစ်ဦးချင်းစီဖြစ်ဖြစ် Viber , Messenger စတဲ့ messaging app တွေဒီ နည်းပညာ ကို အခမဲ့သုံးလို့ရအောင်လည်း ပြုလုပ်ပေးထားပါသေးတယ်.စမ်းကြည့်ချင်တယ်ဆိုရင်တော့ website https://www.expa.ai/
ကနေတစ်ဆင့်သွားရောက် လေ့လာနိုင်ပါတယ်.2017 မှစတင်ခဲ့ပြီး အခုလက်ရှိ ဒီ
service သုံးစွဲသူ တွေထဲမှာ Samsung Oppo The Pizza Company Said Said kam
Lang စတဲ့လုပ်ငန်းကြီးတွေလည်း ပါ၀င်ပါတယ်

2. RecyGlo Myanmar 🌏🍀
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့်ပတ်သက်တဲ့ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု recycling နှင့်ပတ်သက်တာတွေကို ကူညီပံ့ပိုးပေးတဲ့အဖွဲ့အစည်းတစ်ခုပါ recycle အမှိုက်ပုံးတွေထောက်ပံ့ပေးတာ တွေ စွန့်ပစ်ပစ္စည်းတွေကိုစက်ရုံတွေဆီပို့ပေးတာ
အပြင် အသိပညာပေး သင်တန်း awareness training လုပ်ပေးတာမျိုး အစရှိတဲ့
ဝန်ဆောင်မှုတွေပေးပါတယ်. ဖန်တီးရာ 2017 Start Up challenge မှာအနိုင်ရ
ပြီးကတည်းက ဆု အများအပြားနဲ့ စီးပွားဖက်အဖြစ် ကမ်းလှမ်းမှုတွေလည်း
ရခဲ့ပါတယ်.ကမ်းလှမ်းမှုတွေထဲမှာ နယူးဇီလန် အစိုးရနဲ့ အလီဘာဘာ လည်းအပါအဝင်ပါ .Website: https://www.recyglo.com/

3.MMTutors👩🏫👩🎓
အွန်လိုင်းကနေ ကျောင်းသားတွေကိုအရည်အချင်းပြည့်မီ တဲ့ ဆရာ ဆရာမတွေရှာပေးတာ အပြင် နည်းပြတွေဂိုက်တွေကိုလည်း မိမိသင်လိုတဲ့ ဘာသာရပ် အတွက်ကျောင်းသားတွေနဲ့ချိတ်ဆက်ပေးတဲ့ website တစ်ခုဖြစ်ပါတယ်.အခြေခံပညာကျောငျးပညာ သာမက ဘာသာစကားတှအေပွငျ လုပျငနျးခှငျ အတှကျလေ့ကငြျ့ပေးတဲ့ သငျကွားရေးဝနျဆောငျမှုတှပေေးနေတာပါ.2018
မှာ ဖန်တီးရာ မှစိတ်တူကိုယ်တူ လူငယ်၃ယောက်က စတည်တည်ထောင်ခဲ့တာဖြစ်ပြီး
အခုအချိန်မှာ ရင်းနှီုးမြုပ်နှံ မှု များလည်းလက်ခံရရှိထားပါသေးတယ်.Website : www.mmtutors.com

4.Shwe Bite 🍴🍱
အိမ်ချက်ထမင်းဟင်းတွေ အိမ်တိုင်ရာရောက်ပို့ဆောင်ခြင်းနှင့် ဧည့်ခံပွဲများမှာအကျွေးအမွေးတာဝန်ယူ ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတစ်ခုပါ.လုပ်ငန်းစတည်ခဲ့တဲ့ 2018 ကစပြီး တစ်နှစ်အတွင်း ထမင်းဘူးပေါင်း ၃သောင်းကျော် ကို ပို့ဆောင်ပေးလျက်ရှိပါတယ်.အဓိကရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေနဲ့ အိမ်ထောင်ရှင်မတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းပိုမိုဖန်တီးလိုခြင်းဖြစ်ပါတယ်
လို့ CEO ကိုမိုးထက်ကပြော ပါတယ်.ကျပ်၁၀ သန်းကျော် အထိဝင်ငွေရှိပြီး
Android Application ကနေမှ ဟင်းပေါင်း ၄၀၀ကျော်အထိရွေးချယ်
ဝယ်ယူစားသုံးနိုင်ပါတယ်.ဂျာမနီ စင်္ကာပူ အင်ဒိုနီးရှား အစရှိတဲ့ နိုင်ငံတွေကပေးအပ်တဲ့ Startup ဆုတွေလည်းအသီးသီးရထားပါတယ်.Facebook Page : https://www.facebook.com/shwebitehomecook/

5.Klenic⛑
မြန်မာနိုင်ငံမှာ ၉၅% သော်ဆေးခန်းတွေက လူနာမှတ်တမ်း ကို
စာအုပ်နဲ့ပဲမှတ်ပါတယ်. အဲ့လိုဆို လူနာရဲ့ Medical records
တွေပျောက်ဆုံးသွားနိုင်တဲ့အတွက်
ကြောင့် လူနာမှတ်တမ်း တွေကို စာအုပ် တွေ စာရွက်တွေအစား Software
နဲ့အစားထိုး ပေးတဲ့ SAAS ( Software As a Service )လို့ခေါ်တဲ့ နည်းပညာ
Startup တစ်ခုဖြစ်ပါတယ်.လူနာနဲ့ပတ်သက်တဲ့အချက်အလက်တွေကို လုံခြုံစွာသိမ်းဆည်းပေးနိုင်လို့ ခန လေးအတွင်း ဆေးအခန်းအတော်များများ ဒီပုံစံ ကျင့်သုံးလာကြပါတယ် .နည်းပညာစွန့်ဦးတီထွင်ပြိုင်ပွဲမှာဆုရရှိထားပြီး
အနာဂတ်မှာ ကျန်မာရေးဝန်ကြီးဌာန နဲ့ လက်တွဲလုပ်ဆောင်ဖို့
ရည်ရွယ်ထားတယ်လို့လည်း CEO kieran ကပြောပြထားပါတယ်. Website : www.klenic.com
Written by
Thiri Yadanar
Comments
Post a Comment