Apple တည်ထောင်သူ Steve Jobs ဆီကနေ သင် ဘာတွေလေ့လာနိုင်သလဲ

📱 Steve Job ဟာတီထွင်ဖန်တီးမှုတွေအတွက်ကြိုးပမ်းဆောင်ရွက်တက်သူ, နည်းပညာလောကမှာရှေ့ဆောင်သူ, စွန့်ဦးတီထွင်မှုမှာ တစ်ဖက်ကမ်းခပ်တော် သူတစ်ယောက်အဖြစ် ဂုဏ်ပြုခြင်းခံထားရသူတစ်ယောက်ပါ.

📱တက်မက်ဖွယ်ကောင်းပြီး လက်တွေ့ကျတဲ့ သူ့ရဲ့ Apple products တွေကြောင့် လူတွေ သူ့ကိုသိလာြကတာပါ.စီးပွားဆိုင်ရာ ဆန်းသစ်တီထွင်မှု တွေမှာ ရှေ့တန်းက ဆရာတစ်ဆူ ပါပဲ.

📱Apple inc ၏ ပူးတွဲ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် နောက်ပိုင်းမှာ Pixar Animation Studio ရဲ့ စီအီးအိုဖြစ်လာတဲ့သူက အများလက်ခံထားတဲ့ ယုံကြည်မှုများကို ဝေဖန်တက်တဲ့ခေါင်းဆောင်တစ်ဦးပါ

📱 ခေတ်ရှေ့ပြေးအမြင်တွေမြင်တဲ့နေရာမှာတော့သိပ်ကိုကျွမ်းကျင်ပါတယ်။ Apple Inc. ကို အံ့သြစရာကောင်းလောက်အောင် အောင်မြင်စေတာ က အကျိုးအမြတ်အများဆုံးရစေမဲ့ customers တွေပေါ် မှာပဲ အာရုံစိုက်တက်ခြင်းနှင့် စိတ်ဝင်စားစရာကောင်းတဲ့အရာသစ်တွေရောင်းချပေးတဲ့ သူ့ရဲ့ဗျူဟာတွေကြောင့်ဆိုရင်မမှားပါဖူး.

📱ထူးချွန်တဲ့ အရောင်းအဝယ်ပညာနဲ့ စိတ်ဆက်တက်တဲ့စီမံခန့်ခွဲမှုပုံစံ များ ကြောင့် လေးစားခြင်းခံရသလို တစ်ချိန်တည်းမှာပဲ ဝေဖန်ခြင်းလည်းခံရပါတယ်.Apple products အားလုံးမှာ သူ့ရဲ့ အေးဆေးသောပင်ကိုစိတ်ထား နှင့်ဒေါသထွက်လွယ်တဲ့စိတ် ကို ထည့်သွင်းထားပါတယ်.
Steve Jobs အတွေ့အကြုံတစ်ချို့ကနေ မိမိရဲ့လုပ်ငန်းပေါ်မှာ အသုံးချလို့ရမဲ့အချက်အနည်းကို ဝေမျှပေးလိုက်ပါတယ်.

📱Stop at nothing to ensure excellence
အကောင်းဆုံးတွေရရှိဖို့ရာဘယ်အရာနဲ့မှ မရပ်တန့်သွားပါနဲ့
Make a full-on, no-holds-barred commitment to customer satisfaction.
ဖောက်သည်တွေစိတ်ကျေနပ်မှုကိုပေးနိုင်ဖို့ဘာကန့်သတ်ချက်မှမထားပဲ အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့လုပ်ဆောင်ပါ

📱Know your customers and give them what they want.
မိမိဖောက်သည်တွေဘာကိုလိုချင်တာလဲဆိုတာသိနားလည်အောင်လုပ်ပြီး အဲ့အရာတွေကိုပေးပါ

📱Don’t be afraid to buck conventional wisdom
သမာရိုးကျနည်းလမ်းတွေကနေဆန့်ကျင်ရတဲ့အခါမျိုးမှာမကြောက်ပါနှင့်

📱Let go of things that aren’t working or aren’t central to your vision.
အဓိကမကျတဲ့ကိစ္စရပ်တွေနဲ့တွေနဲ့ အလုပ်မတွင်မြောက်စေတဲ့အရာတွေကိုလက်လွှတ်လိုက်ပါ

📱Never compromise on quality.
အရည်အသွေးကောင်းတွေနဲ့ပတ်သက်ပြီးညှိနှိုင်း အလျော့ပေးရတာမျိုးမလုပ်ပါနဲ့


🌟အထက်ပါအားလုံးထက်အဓိကျတာကတော့ (Don’t be afraid to blaze a trail) လမ်းကြောင်းသစ်ဖောက်ဖို့ကို မတွန့်ဆုတ်ဖို့ပါ🌟

Written By :
Thiri Yadanar

Reference : https://www.businesstrainingmedia.com/apple-steve-jobs-arti…

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱