Applications for Work from home
အာလုံးပဲမင်္ဂလာပါနော် 😍
ခုလို crisis ကာလကြီးမှာ လုပ်ငန်းတွေကိုonlineပေါ်ရွှေ့
ပြီး work from homeလုပ်နေကြရပြီမလားဗျ?🤔
ဒါဆိုရင် ကိုယ့်လုပ်ငန်းအတွက် အသုံးဝင်မယ့်အပြင် onlineပေါ်ကပဲ အဆင်ပြေပြေလုပ်နိုင်ဖို့အတွက် digital
tools တွေကို မဖြစ်မနေသိဖို့လိုလာပြီနော် ။👩💻
Digital tools တွေဟာဆိုရင် အချိန်ကို save ဖြစ်စေပြီး ငွေကုန်ကြေးကျသက်သာစေတယ်ဗျ။ ဒါကြောင့် ဒီနေ့
Beatrix ကနေdigital workplace tools တွေထဲက ၅ ခုအကြောင်း ပြောပြပေးသွားပါမယ်။
အောက်မှာပြောပြထားတဲ့ tools တွေဟာဆိုရင်
အားလုံးက free ဖြစ်ပြီး laptop, PC, Smartphone ဘယ် electronic device နဲ့မဆို လွယ်ကူစွာ အသုံးပြု
နိုင်ပါတယ်။ Apps တွေကို sign in လုပ်ဖို့ Gmail account တော့ရှိရပါမယ်နော်။
ကဲ ဒါဆိုရင် ဆက်ကြည့်လိုက်ရအောင်👇
ပထမဆုံး ပြောပြပေးမှာကတော့ Zoom app ဖြစ်ပါတယ်။
Zoom app ဆိုတာဘာလဲ?
✅ဒါကတော့ Meeting & conferencing အတွက် အရေးပါတဲ့app တစ်ခုဆို မမှားဘူးဗျ။
individualဖြစ်ဖြစ် group နဲ့ပဲဖြစ်ဖြစ် online ပေါ်ကနေmeetingတွေ trainingတွေပြုလုပ်နိုင်ပါတယ်။
✅Participants ကတော့ up to 100ထိ free သုံးနိုင်တယ်။ ဒါပေမယ့် meeting တစ်ခုကို duration က 40min အထိပဲ limit လုပ် ထားလို့ 40 min ပြည့်ရင်တော့ နောက်တစ်ခါပြန်ဝင်ပေးရပါတယ်။
Zoom app ရဲ့ features တွေကရော?
✅သူ့ရဲ့ features တွေကတော့ audio call , video call , screen sharing, instant messaging တွေပါဝင်ပြီးတော့ meeting လုပ်နေစဉ်မှာပဲ screen recording လုပ်ထားနိုင်ပါတယ်။
image ရော file တွေပါ share နိုင်တယ်လို့ သိရပါတယ်။
နောက်တစ်ခုကတော့ အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Google drive ပါ။
Google drive ဆိုတာဘာလဲ?
✅ ဒီapp ကတော့ online ပေါ်မှာပဲ data တွေ file တွေကို သိမ်းဆည်းပေးတဲ့ cloud storage တစ်ခုဖြစ်ပါတယ်။ သိမ်းဆည်းထားတဲ့ file တွေကို အခြား devices တွေနဲ့လည်း sync လုပ်နိုင်တဲ့အတွက် computer ရော phoneနဲ့ပါ file တွေကို အသုံးပြုလို့ရပါတယ်။
Google drive ရဲ့ features တွေကရော ?
✅ ဘယ်ဖိုင်အမျိုးအစားမဆို Google drive မှာ store လုပ်နိုင်ပြီးတော့ offline အနေနဲ့လည်း ပြန်ကြည့်လို့ရပါတယ်။
✅ email attachment ,video နဲ့ photo တွေကိုလည်း drive ထဲမှာပဲ save လုပ်ထားနိုင်ပါတယ်။
✅file တွေပြန့်ကျဲနေရင်လည်း drag လုပ်ပြီး folderထားနိုင်ပါသေးတယ်။ ဒီလိုမျိုး file တွေ သိမ်းဆည်းတဲ့အခါ Gmail account တစ်ခုကို storage 15 gb free ပေးထားပါတယ်။
✅ file တွေကို private အနေနဲ့ထားနိုင်သလို public နဲ့ share ချင်လည်းရပါသေးတယ်။
✅နောက်ပြီး google driveနဲ့ ချိတ်ဆက်နေတဲ့
>Google docs
>Google sheets
>Google slides
>Google forms တွေကိုလည်း သုံးနိုင်ပါသေးတယ်။ ဒါတွေဟာ online ကနေ co-workers တွေ teammates တွေနဲ့ တူတူလုပ်ဆောင်ဖို့ လွယ်ကူတာမို့လို့ အသုံးများကြပါတယ်။
ခုပြောမှာကတော့ Todoist ဆိုတဲ့ tool တစ်ခုပါ🗒️
ကဲ Todoist ဆိုတာဘာလဲ?
✅ဒီ app လေးက personal planningအတွက် အရမ်းအသုံးဝင်ပြီး productiveဖြစ်စေပါတယ်
Future task တွေ project တွေကို organize လုပ်ဖို့ plan ချဖို့ ဒါမှမဟုတ် collaborate လုပ်ဖို့အတွက် အသုံးပြုနိုင်တဲ့ to-do list app တစ်ခုပါ
✅သူကတော့ up to 80 projects ထိ freeဖြစ်ပါတယ် featuresတွေပိုစုံချင်ရင်တော့ premium or business for teams တွေကို upgradeလုပ်နိုင်ပါတယ်
Todoist နဲ့ဘာတွေလုပ်နိုင်လဲ?
✅ Todoist app ဟာဆိုရင် task management app တစ်ခုဖြစ်ပါတယ် လုပ်ရမယ့် တာဝန်တွေကို list လုပ်နိုင်ပြီး upcoming days တွေအတွက်လည်း plan လုပ်ထားနိုင်ပါသေးတယ် task တွေကို priority level တွေခွဲထားတော့ အရမ်းအသုံးဝင်တယ်ဗျ
✅PDFs , Spreadsheet ,Photo တွေကို attached လုပ်ထားနိုင်ပြီးproject template တွေကိုလည်း save လုပ်ပေးနိုင်ပါတယ်
✅ email တွေကိုလည်း gmail integrationနဲ့ tasks အဖြစ်ပြောင်းလဲသိမ်းဆည်းနိုင်ပါတယ်
✅ automatic backup ပါဝင်ပြီးသားမလို့ restore လုပ်ဖို့လည်းလွယ်ကူတယ်
✅နောက်ပြီး deadline တွေ due dateတွေအတွက် text message or email ကနေတစ်ဆင့်
remind လုပ်ပေးပါတယ်
✅လုပ်ဆောင်လို့ ပြီးသွားတဲ့ project တွေကို reviewလုပ်ပေးပြီး productivity ကိုလည်း track လုပ်ပေးလို့ improve ဖြစ်မဖြစ် သိနိုင်တယ်ဗျ📊
နောက်ပြောမယ့် digital tool တစ်ခုကတော့ Slack ပါ။
Slack ဆိုတာဘာလဲ?
✅ဒီ app ကတော့ တစ်နေရာထဲမှာပဲ လူအများကြီးနဲ့ Communication & collaboration လုပ်နိုင်တဲ့ app တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့အဖွဲ့ကို တာဝန်တွေခွဲတာ စီမံပေးတာတွေမှာ သုံးတဲ့ tool တစ်ခုဖြစ်ပါတယ်။
✅ start-up business ရော large business တွေအတွက်ပါ အသုံးဝင်ပြီး အချိန်ကို save ဖြစ်စေပါတယ်။
Slack ရဲ့ features တွေကဘာလဲ?
✅ workspace ကို join နိုင်ပြီး တစ်ခြားသူတွေနဲ့ documents, files စတာတွေကို sharing and editing လုပ်နိုင်တယ်။
✅ Individual or group နဲ့ messaging , video calling တွေလုပ်ပြီး team membersတွေနဲ့ project ကို ပူးပေါင်းလုပ်ဆောင်နိုင်ပါတယ်။
✅ နောက်ပြီး channelတွေလည်း create လုပ်နိုင်တယ်။ အဲ့လိုလုပ်ပြီး private အနေနဲ့ထားနိုင်သလို public အနေနဲ့လည်း လျှင်မြန်စွာ share နိုင်ပါတယ်။
✅ deadline တွေ meeting တွေ အခြားအရေး
ကြီးတဲ့ tasks တွေအတွက် မမေ့ရအောင် set reminder လုပ်နိုင်ပါသေးတယ်နော်။ online ပေါ်ကနေပဲ ကိုယ့်ရဲ့အဖွဲ့ဝင်တွေနဲ့အတူ တစ်နေရာထဲမှာ information တွေ sharing လုပ်နိုင်လို့ အရမ်းအဆင်ပြေပါတယ်။
နောက်ဆုံးပြောပြမှာကတော့ Microsoft 365 ပဲဖြစ်ပါတယ်။
Microsoft 365 ဆိုတာဘာလဲ?
✅Microsoft 365 ဆိုတာ ကိုယ့်ရဲ့ organization ကို cloud computing ထဲမှာ run လုပ်နိုင်တဲ့ subscription တစ်ခုဖြစ်ပါတယ်။
Microsoft 365 မှာ ဘာတွေပါဝင်လဲ?
✅ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ် electronic device နဲ့မဆို အခြားသူတွေနဲ့ connect လုပ်နိုင်တဲ့ tools တွေ up-to-date apps တွေပါဝင်ပါတယ်။
✅ cloud storage and file sharing အတွက် One drive , SharePoint တွေနဲ့လွယ်ကူစွာ သုံးနိုင်တယ်။
✅ Productivity app တွေဖြစ်တဲ့ Word , Excel, PowerPoint တွေနဲ့ data တွေ documentsတွေကို organize လုပ်နိုင်ပါတယ်။
✅ Video conferencing , conversations နဲ့ meeting တွေအတွက်ဆိုရင် Skype for business , Microsoft teams စတာတွေကို အသုံးပြုပြီး teammates တွေနဲ့အဆက်အသွယ်မပြတ် လုပ်ဆောင်နိုင်ပါတယ်
✅ ဒီလိုမျိုး desktop apps, online service apps တွေနဲ့ business apps တွေကို provide လုပ်ပေးနိုင်တာမလို့ လုပ်ငန်းခွင်မှာ မရှိမဖြစ် အသုံးဝင်ပါတယ်။
Written by
Yoon Ei Tin
Reference:https://clockify.me/blog/apps-tools/work-from-home-apps/
Comments
Post a Comment