ကိုဗစ်နဲ့တက္ကသိုလ် 🎭
📍၂၃.၃.၂၀၂၀
တက္ကသိုလ်တွေရဲ့ ပထမနှစ်ဝက်စာမေးပွဲ ၄ ရက်မြောက်နေ့
ခါတိုင်းလိုပဲ ညဘက်ရောက်တော့စာကျက်ကြ လိုင်းပေါ်မှာစကားတွေပြော စာတွေမေးကြ ပုံမှန်လိုပဲ ဘာမှထွေထွေထူးထူးတော့မရှိကြပါဘူး 📚
📍ည ၁၁:၄၀
Online ပေါ်မှာသတင်းတွေပျံ့လာပြီ Group chat တွေထဲမှာလည်း conversation တွေတရစပ်များလာပြီ "ကိုဗစ် 19 မြန်မာပြည်ရောက်လာပြီတဲ့"
အဲ့ကျတော့မှ ကျန်းမာရေးဝန်ကြီးဌာနရဲ့ page ထဲဝင်ကြည့်တော့ Confirm case ၂
ခုတွေ့လိုက်ရတယ် ချင်းပြည်နယ်တီးတိန်မှာရယ် ရန်ကုန်မှာရယ်....😦
သိပ်မကြာပါဘူး ဖုန်းသံတွေကြားလိုက်ရတယ် အိမ်တွေကဖုန်းတွေဆက်ပြီး ဆရာ,ဆရာမတွေလည်းဖုန်းတွေခေါ်နေကြပြီ
ကိုယ်က နယ်ကလူဆိုတော့ အဆောင်မှာနေရတယ် အိမ်ကလူတွေဆီဖုန်းဆက် စာမေးပွဲအတွက် ဆရာမတွေဆီလည်းဖုန်းဆက်နဲ့ ပွက်လောကိုညံနေရောပဲ
တစ်ချို့ဆို အိမ်တွေကချက်ချင်းလာခေါ် အထုတ်တွေပြင် ခွင့်စာတွေရေး
တစ်ယောက်နဲ့တစ်ယောက်တောင် သေချာစကားမပြောနိုင်ကြတော့ဘူး ညတွင်းချင်းကို
ပြန်ဖို့ပြင်နေကြပြီ
ကိုယ်ကတော့မနက်ကားနဲ့မှပြန်ရမှာဆိုတော့ တစ်ခန်းထဲနေသူငယ်ချင်းကိုအထုတ်တွေပြင်ပေး တခြားသူတွေကိုကူပေးရင်းပေါ့ 🕰
၁ နာရီလောက်ကြာတော့ အဆောင်ဝင်းထဲကားတွေဝင်လာတယ် Taxi နဲ့ပြန်သူပြန်
အိမ်ကလာခေါ်လို့ပြန်သူပြန်နဲ့ အဆောင်တစ်ခုလုံးညံစီနေရောပဲ
သိပ်မကြာလိုက်ပါဘူး အဆောင်တစ်ခုလုံးပြန်ပြီးတိတ်ဆိတ်သွားတယ်
ကိုယ့်ရဲ့ဘေးခန်းကသူတွေလည်းမရှိတော့ဘူး ကိုယ်အပါအဝင်
ကျောင်းသူအနည်းငယ်ပဲကျန်ခဲ့တယ်
သူငယ်ချင်းတွေကိုနှုတ်ဆက်စကားသေချာမပြောလိုက်ရသလို မျက်နှာတွေတောင်သေချာမကြည့်ဖြစ်လိုက်ကြဘူး 👤
📍မနက်အစောပိုင်း ၄ နာရီလောက်ရောက်တော့ တက္ကသိုလ်စာမေးပွဲတွေရပ်နားလိုက်ပြီဆိုပြီး ကျောင်းအသီးသီးကတရားဝင်သတင်းထုတ်ပြန်လိုက်တယ် 😦
ဒီလိုနဲ့ပဲဟာတာတာနဲ့ အဝေးပြေးကားဂိတ်ရောက်လာခဲ့ရတယ်
ပုံမှန်နွေကျောင်းပိတ်ရက်နဲ့မတူနဲ့ပိတ်ရက်ရှည်တွေကိုဖြတ်သန်းရတော့မယ်
တစ်ညတာအတွင်းမှာဖြစ်ပျက်သွားတာတွေကို မယုံချင်ခဲ့ဘူး
လူငယ်သဘာဝစ,ကြနောက်ကြရင်း ကျောင်းတွေပိတ်ချင်ခဲ့တယ်
စာမေးပွဲတွေဖျက်စေချင်ခဲ့တယ် တကယ်တမ်းလည်းဖြစ်လာရော
တွေးထားသလိုမပျော်နိုင်ခဲ့ဘူး
အိမ်ပြန်ရောက်တော့လည်း ဘာမှမယ်မယ်ရရလုပ်စရာမရှိ ဘယ်မှမထွက်ရနဲ့ နွေပိတ်ရက်တွေကခါတိုင်းထက်ပိုခြောက်ကပ်နေခဲ့တယ် 🍂
📍Confirm case တွေတိုးလာလိုက် သတင်းတွေအမျိုးမျိုးကြားရလိုက်နဲ့ မေလထဲရောက်ပြီး မကြာခင်ကျောင်းတွေဖွင့်မယ့် ဇွန်လကိုရောက်တော့မယ်
ကျောင်းတွေ ပုံမှန်အတိုင်းဖွင့်နိုင်ပါ့မလား?
ပြောနေကြတာတော့ online learning system တဲ့
confirm မဖြစ်သေးပေမယ့် တကယ်ဖြစ်လာရင်ရော အဆင်ပြေနိုင်ပါ့မလား? 😅
စီးပွားရေးအခက်အခဲကြောင့် ဖုန်းဘေတောင်မှန်မှန်မထည့်နိုင်တဲ့သူတွေ,
ဝေးလံတဲ့နယ်အရပ်က ဖုန်းလိုင်းမကောင်းတဲ့သူတွေ,
အဆင့်မြင့်နည်းပညာကိုလက်ခံနိုင်မယ့် ဆက်သွယ်ရေးပစ္စည်းမရှိတဲ့သူတွေ
သူတို့တွေအတွက်ရော အဆင်ပြေနိုင်ပါ့မလား?
Online ပေါ်မှာသင်ကြားခြင်းက စာသင်ခန်းမှာသင်ကြားခြင်းလိုမျိုးရော ထိရောက်နိုင်ပါ့မလား?
တကယ်လို့ online ပေါ်ကမသင်ဘူးဆိုရင်ရော စာနှစ်တစ်နှစ်နောက်ဆုတ်လိုက်ရတော့မှာလား?
"လား" ပေါင်းများစွာနဲ့ရှေ့ဆက်ရမယ့်ရက်တွေကရော ဘာတွေဖြစ်လာမှာလဲ? ❓
ပညာရေးသာမကပဲ စီးပွားရေးအခြေအနေတွေကရော ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲ?
လက်လုပ်လက်စားသမားတွေ နေ့စားသမားတွေ ဝန်ထမ်းတွေအတွက် ရေရှည်စီးပွားရေးကရော ဘာတွေဖြစ်လာမှာလဲ?
အခုဆို ကုမ္ပဏီတစ်ချို့က downsizing ပြုလုပ်နေကြတာကြောင့် အလုပ်လက်မဲ့ဦးရေတွေတိုးများလာကြတယ်
ဝင်ငွေမရှိပဲ ထွက်ငွေတွေချည်းတိုးနေတဲ့ ဒီလိုနေ့ရက်တွေကိုလည်း မြန်မြန်ကုန်ဆုံးချင်လှပြီ
အရင်လိုပဲ စာသင်ခန်းလေးထဲမှာ ဘော်ဒါတွေနဲ့အချိန်တွေကုန်ဆုံးချင်ပြီ
ပုံမှန်နေ့စဉ်လူမှုဘဝကိုပြန်လည်တမ်းတရင်းနဲ့ပဲ ည ၈ နာရီသတင်းကို စောင့်ဆိုင်းရပေဦးမည် ⏳
ထာဝရ

Comments
Post a Comment