စွန့်ဦးတီထွင်လုပ်ငန်းရှင် ဆိုတာဘာလဲ❓

ကျွန်မတို့ အခုခေတ်မှာ Entrepreneur ဆိုတဲ့စကားလုံးလေးကိုခနခန ကြားဖူးကြပါလိမ့်မယ်.လူတွေက လည်းအမျိုးအမျိုးအဓိပ္ပါယ်ဖွင့်ကြပါတယ်. အဲ့ထဲကမှခြုံငုံပြီး အဓိပ္ပါယ်ဖွင့်မယ် ဆိုရင် (Entrepreneur)စွန့်ဉီးတီထွင်လုပ်ငန်းရှင်ဆိုတာ စီးပွားလုပ်ငန်းသစ်တစ်ခုကို စွန့်စားမှုကြားကနေဖန်တီးသူ၊သာရင်စံ နာရင်ခံ တက်သူ တစ်ယောက်ဖြစ်ပါတယ် .လူအများစုက သူတို့ကို တီထွင်သူအဖြစ်လည်းမြင်တက်ကြပါတယ် 🙋🏻‍♀️


💫စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်၏လက္ခဏာ

အောင်မြင်တဲ့စွန့်ဦးသူတစ်ယောက်ဟာ အခွင့်အလမ်းကောင်းကိုအသုံးချပြီးအကျိုး
အမြတ်ရတဲ့လုပ်ငန်းအဖြစ်ပြောင်းနိုင်တဲ့ စွမ်းရည်မျိုးရှိတက်ကြတယ်. Idea ကောင်းကောင်း ထုတ်တက်ပြီး အမြော်အမြင်ရှိတက်ကြတယ်.
📍ဥပမာ ကမ္ဘာကျော်တွေထဲမှာ ဆို Microsoft Company ဥက္ကဌ Bill Gate ၊
Amazon တည်ထောင်သူ Jeff Bezoz ၊
Space X ဥက္ကဌ Elon Musk

📍မြန်မာ 🇲🇲 မှာဆို Tint Tint Myanmar တည်ထောင်သူ ဒေါ် တင့်တင့်လွင်၊
Giantpay ရဲ့ ပူးတွဲတည်ထောင်သး ကို ထက်အာကာကျော်၊
360ed စီအီးအို ဒေါ်လှလှဝင်း .


🙍စွန့်ဦးတီထွင် လုပ်ငန်းရှင်Vs အသေးစားစီးပွား လုပ်ငန်းရှင် 🙍‍♂️

လုပ်ငန်း၂မျိုးလုံးကတော အမြတ်အစွန်းပေါ် အ ခြေခံတယ်ဆိုပေမဲ့ အသေးစားစီးပွားလုပ်ငန်းအများစုက စတိုးဆိုင် ၊ကုန်ဆုံဆိုင် လိုမျိုး မိသားစုပိုင်လုပ်ငန်းတွေ ဖြစ်ပြီး ကိုယ့်ဒေသခံတွေကိုပဲ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဖြန့်ဖြူးရောင်းချပေးတာပါ

စွန့်ဦးတီထွင်သူတွေကျတော့ ဆန်းသစ်တဲ့အတွေး အခေါ်တွေနဲ့ Start-Up လုပ်ငန်းတွေတည်ထောင်ကြပြီး လုပ်ငန်းချဲ့ထွင်ဖို့အိမ်မက် တွေရှိကြပါတယ်.ပစ္စည်းဖြစ်စေဝန်ဆောင်မှုဖြစ်စေ နိုင်ငံအနှံ့ ကမ္ဘာအနှံ့ မှာ ရောင်းချကြပါတယ်.


ဒါဆို Entreprenurတစ်ယောက်ဖြစ်ခြင်းရဲ့အားသာချက်နဲ့အချက်နဲ့ အားနည်းတဲ့အချက်ကဘာတွေဖြစ်မလဲ🤔

ကောင်းကျိုးတွေကတော့
ကိုယ်ပိုင်ဆုံးဖြတ်တွေချနိုင်ခြင်း

ကိုယ့်ထက်တော်တဲ့သူတွေနဲ့တွေ့ပြီးလက်တွဲလုပ်ဆောင်နိုင်ခြင်း

ဝင်ငွေအကန့်အသတ်မရှိခြင်း

ကိုယ်ပိုင်လွတ်လပ်မှုရခြင်း

အားနည်းချက်တွေကတော့
ဝန်ထမ်း တစ်ယောက်မဟုတ်တဲ့အတွက်
📍အလုပ်အချိန်တွေ ပိုမိုလာခြင်း

📍စိတ်ဖိစီးမှုတိုးလားခြင်း

📍Phone Call တွေအ မြဲဝင် နေခြင်း

📍 ဘဏ္ဍာရေးဆိုင်ရာနစ်နာမှုရံဖန်ရံခါရှိမယ်

Amazon ဥက္ကဌ Jeff Beroz ကတော့ “အကယ်ရျ် သင်သိရှိတဲ့အရာတွေလုပ်မှပဲ အောင်မြင်မယ်ဆုံးဖြတ်ထားရင်တော့ အခွင့်အရေးတွေအများကြီးလက်လွှတ်လိုက်ရတာပဲ လို့ ပြောကြားထားပါတယ်"

Written by
Thiri Yadanar

Image may contain: text that says 'entrepeneur OFFICE Entrepreneur ဆိုတာဘာလဲ?'

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱