“ထူးခြားသစ်လွင်တဲ့ ကြော်ငြာများ”🗣

လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိဖို့ဆိုတာ ထင်သလောက်မလွယ်လှပါဘူး။ ဒါပေမဲ့ တီထွင်ဉာဏ်ဆန်းသစ်ရင်တော့ ရနိုင်ပါတယ်။

ဒီနေ့တင်ဆက်ပေးမှာကတော့ ကမ္ဘာတစ်လွှမ်းမှာရှိတဲ့ ကုမ္ပဏီတွေ စီးပွားရေးသမားတွေ မိမိကုန်ပစ္စည်းကို လူတွေရဲ့ စိတ်ဝင်စားမှုရအောင် ဘယ်လိုတွေ ကြော်ငြာထားသလဲဆိုတာပဲ ဖြစ်ပါတယ်။ အရမ်းကို ထူးခြားပြီး စိတ်ကူးကောင်းတဲ့ ကြော်ငြာလေးတွေပါ။

ကိုယ့် Brand ကဘာလဲဆိုတာ ရှင်းခနဲ ဖြစ်အောင် ကြော်ငြာနိုင်စွမ်းတွေ ရှိလှပါတယ်။💁🏻‍♂️

ကဲ ဒီထူးခြားတဲ့ကြော်ငြာတွေက ဘာတွေလဲ။ ကြည့်လိုက်ကြရအောင် ☺️

Written By- Kyaw Sandi
Reference- https://blog.bannersnack.com/5-great-advertisement-ideas/

Image may contain: outdoor

၁. FedEx Truck🚚
ဒီပုံလေးက Delivery Service ပေးတဲ့ FedEx ရဲ့ ဆောင်ပုဒ် “အမြဲတမ်း ပထမ”( FedEx is always First ) ဆိုတာနဲ့ ကိုက်ညီလှပါတယ်။ အကုန်အကျလည်း မများဘဲ ဉာဏ်ကောင်းကောင်းနဲ့ Truck ကားပေါ်မှာ နောက်ကားတစ်စင်းကို ဆေးခြယ်ထားတာပါ။ လမ်းပေါ်မှာ သူတို့ ကားဖြတ်သွားတိုင်း လူတွေရဲ့ စိတ်ဝင်စားမှုရမှာ အသေအချာပါပဲ။🎉


No photo description available.

၂. McDonald 🍔
ကြော်ငြာတစ်ခုရဲ့ ရည်ရွယ်ချက်ဟာ လူတွေရဲ့စိတ်ဝင်စားမှုရဖို့ပါ။ McDonald ဟာ လူကူးမျဥ်းကြားကို ကောင်းကောင်းကြီး အသုံးချထားတာတွေ့ရပါတယ်။ 🍹


Image may contain: one or more people, sky and outdoor

၃. Adidas Creative Pop-up Store 👟
ဒီလိုမျိုးလေး လုပ်ထားရင်တော့ ဘယ်သူမဆို စူးစမ်းလိုစိတ်နဲ့ ဝင်ကြည့်မိမှာပဲလေ။ 🏬

Image may contain: sky and outdoor

၄. DHL Billboard Packaging 📦
နာမည်ကြီး DHL Company ကတော့ ကြော်ငြာဆိုင်းဘုတ်ကို ပါဆယ်ထုပ်ပုံစံလုပ်ပြီး ကြော်ငြာထားပါတယ်။ 🤖

Image may contain: one or more people

၅. Kitkat Bench 🧐
Kitkat ကလည်း သူတို့ရဲ့ နာမည်ကြီးတဲ့ “ခေတ္တအနားယူပါ” (Take a Break) ဆိုတဲ့ စာသားနဲ့ ကိုက်ညီစွာပဲ ခုံတန်းပေါ်မှာ ဆေးသုတ်ပြီး သူတို့ရဲ့ Brand ကို ကြော်ငြာထားပါတယ်။ တကယ့် Trend တည်ဆောက်သူ တွေပါပဲ။ 👨🏻‍💻

Image may contain: people sitting, plant and outdoor

၆. Nike Run 👟
Nike ကတော့ လူတွေကို ထိုင်မနေဘဲ အားကစားလုပ်ဖို့ ထိုင်ခုံမှာ ထိုင်တဲ့နေရာ ကိုဖြုတ်ပြီး တိုက်တွန်းထားပါတယ်။ 🏃

No photo description available.

၇. Prestige Strong Handles Billboard 💫
လမ်းဘေးမှာထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကိုလူတွေသတိထားမိအောင် စိတ်ကူးဉာဏ်ကွန့်မြူးထားတဲ့ Prestige ရဲ့ စိတ်ကူးလေးပါ။🧐

No photo description available.

၈. Y+ Yoga Center – Flexibility And Creativity
အကုန်အကျလည်း သက်သာပြီး လူသုံးများတဲ့ ပိုက်မှာ ယောဂ ကြော်ငြာထားတာပါ။ ယောဂကျင့်ရင် ပျော့ပြောင်းလာတာကို ပိုက်အကွေးမှာ ပုံထည့်ထားတော့ ကိုယ့် ထုတ်ကုန် ပေါ်လွင်တာပေါ့နော်။ 🧘‍♀️

No photo description available.

၉. YKM Gym Packaging 💫
တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါ။ အိတ်လည်းထုတ်ပေးရင်း ကိုယ့်ပစ္စည်းကိုလည်း ကြော်ငြာပြီးသား ဖြစ်သွားတာပေါ့။ 🎉

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱