✨Business planရေးဆွဲခြင်း၏ အကျိုးကျေးဇူးများ📋

Plan ဆိုတာ လူတိုင်း နေ့စဉ်ပြုမူနေကြတဲ့အရာတစ်ခုပါပဲ။ ကျွန်တော်တို့ မိုးလင်းတာနဲ့ ဒီနေ့ ဘာလုပ်ရမလဲ စဉ်းစားပြီး နိုးထကြတယ်။ 🤔ဒီလိုပါပဲ ကျွန်တော်တို့လူငယ်တွေ ငယ်ငယ်ကတည်းက
ပညာသင်ခဲ့တယ် ဘယ်‌လောက်တော်ရမယ် ဘယ်နှစ်ဘာသာဂုဏ်ထူးပါရမယ်။ 🤷ဟော ဆယ်တန်းပြီးပြန်တော့လည်း ဘယ်ကျောင်းတယ်မယ် ဘွဲ့ယူပြီးရင် ဘယ်အလုပ်ကိုရွေးမယ်။🥇📚 ဒီ plan တွေကိုကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် ထပ်တိုးပြီး‌တော့ ဆောင်ရွက်ခဲ့ကြရတယ်။ ဒါမှ ကျွန်တော်တို့ လိုချင်တဲ့နေရာကိုရောက်မှာ မဟုတ်လား။🤓

ဒါဆိုရင် Plan ဆိုတာဘာလဲ ?
📌ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်၊ ရည်မှန်းချက်ကို ရဖို့‌ရောက်ဖို့ လိုတဲ့အရာတွေ၊ လုပ်ရမယ့်တာဝန်တွေကို အကြမ်းဖျဉ်းရေးဆွဲထားတဲ့
guideline တစ်ခုပါ။ 🗒️🗒️

ဒါကြောင့် အလုပ်တစ်ခုလုပ်ရင် plan ဆိုတာရေးဆွဲဖို့ မရှိမဖြစ် လိုအပ်လာပါပြီ။ business plan ရှိတယ်ဆိုရင် ကျွန်တော်တို့လိုချင်တဲ့ goal ကိုတိတိကျကျ သိနိုင်တယ်။ 🧐ပြီးရင် ကျွန်တော်တို့ ကြုံတွေ့နိုင်တဲ့ အခက်အခဲ တွေကို
ရင်ဆိုင်ဖို့ပြင်ဆင်နိုင်မယ်။ လိုချင်တဲ့ဆီကိုရောက်ဖို့ လမ်းကြောင်းတွေ လွဲနေလား ဘာတွေလိုအပ်လဲ ဒါတွေသိလာနိုင်ပါတယ်။ 🙋

ကဲ ဒါဆိုရင် business plan ရေးဆွဲခြင်းရဲ့ benefits တွေကိုကြည့်လိုက်ရအောင်👇👇

See the whole business
ကိုယ့်လုပ်ရမယ့်အလုပ်တွေကို စဥ်းစားပြီး ချရေးထားတဲ့အတွက် ကို့ယ့်ရဲ့ businessတစ်ခုလုံးကို အစအဆုံးပုံဖော်ကြည့်နိုင်တယ်။💭 ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေတွေ့လာနိုင်ပါတယ်။ ဘယ်အချိန်မှာ ဘာလုပ်မယ်။ ဘယ်လိုလုပ်မလဲ။ ဘယ်သူက ဒီနေရာနဲ့သင့်တော်မှာလဲ။ ငါတို့ ဘာအတွက်လုပ်နေရတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိလာနိုင်ပါတယ်။👏👏

Set priorities
ကျွန်တော်တို့ လုပ်ချင်တာ‌တွေကိုတစ်ချိန်ထဲမှာ လုပ်လို့မရပါဘူး။ plan ရေးဆွဲခြင်းက ဘယ်ဟာပိုအရေးကြီးလဲဆိုတာ သိလာရတယ်။ပြီးမှ တစ်ဆင့်ချင်း ပြီးမြောက် အောင်လုပ်ရပါတယ်။ အချိန်တွေ ငွေတွေ စတဲ့ resources တွေကို မှန်မှန်သုံးနေရဲ့လားဆိုတာ သိလာနိုင်တယ်။📍📍

Develop accountability
ကျွန်တော်တို့ နေစဉ်လုပ်ဆောင်နေတဲ့ အရာတွေက လိုချင်တဲ့ဆီကို တည့်တည့်မတ်မတ်သွားနေရဲ့လား။ plan ရေးဆွဲထားတာနဲ့ တကယ့်လက်တွေလုပ်နေတာနဲ့ ကိုက်ညီရဲ့လား။ ဘယ်အဆင့်တွေကို အောင်အောင်မြင်မြင် ဖြတ်ကျော်ခဲ့ပြီးပြီလဲ။ ဘယ်နေရာတွေမှာ အခက်အခဲတွေရှိခဲ့လဲ။ ဒါတွေကို ကျွန်တော်တို့ review ပြန်လုပ်ပြီးတော့ ဆန်းစစ်နိုင်ပါတယ်။📖🧐

Manage cash
Business plan ရှိခြင်းဟာ ကိုယ့်လုပ်ငန်းရဲ့ ငွေဝင်ငွေထွက် ကိုသေချာစီမံနိုင်ပါတယ်။💰 ကုန်ကျစရိတ်၊ အသုံးစရိတ်၊ အမြတ် ၊ရောင်းရငွေ ဒါတွေကို ကျွန်တော်တို့ marked out လုပ်ထားတဲ့နေရာမှာပဲ သေချာစီမံပြီးသုံးတတ်လာပါတယ်။ ဘယ်အချိန်မှာ ဘယ်လောက်သုံးလိုက်မယ်။ ဘယ်နေရာမှာ ဘယ်လောက်ကုန်မယ် စတာတာတွေကို plan ဆွဲကတည်းက ခန့်မှန်းတွက်ချက်ထားတာဖြစ်လို့ ကုန်ကျသင့်တဲ့နေရာမှာပဲ ဂရုတစိုက်သုံးစွဲတတ်စေပါတယ်။🧾💸

Regular reminder
နေ့စဥ်ကျွန်တော်တို့ လုပ်ဆောင်နေတာနဲ့အမျှ တစ်ခါတစ်လေ ပင်ပန်းပြီး လမ်းပျောက်နေတတ်ပါတယ်။ 😪priorityကဘာလဲ ဘယ်ဟာကို focus လုပ်ရမလဲဆိုတာကို သတိမရတတ်ကြပါဘူး။ အဲ့အခါမှာ business plan ကိုကြည့်လိုက်တာနဲ့ ငါတို့ဘာကြောင့်လုပ်နေရတာလဲ။ ဘာအတွက်လုပ်နေရတာလဲဆိုတာကို သတိပေးပြီး motivated ဖြစ်စေပါတယ်။

Business planning ဟာ ကျွန်တော်တို့လိုချင်တဲ့အရာတွေကို ကိုယ်ကိုယ်တိုင် ဖန်တီးယူတတ်စေပါတယ်။ ဖြစ်ချင်တာတွေကို ထိုင်စောင့်မနေပဲ plan အတိုင်း လုပ်ဆောင်တတ်စေပါတယ်။ 👊
ဒါကြောင့် ကိုယ့်ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်ဖို့အတွက် plan ရေးဆွဲပြီး အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်ပါတယ်။🥳🥳

Written by
Yoon Ei Tin

Image may contain: text that says 'BENEFITS OF BUSINESS PLAN'

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱