Covid-19 Wishes

အခုချိန်အတောအတွင်း ကိုယ်လည်းလုပ်စရာအလုပ်မယ်မယ်ရရမရှိ‌လေတော့ ဟိုတွေးဒီတွေးစဉ်းစားမိတယ်
အခုလိုကာလမျိုးမှာ ဘယ်သူတွေအဆင်ပြေပြီး ဘယ်သူတွေကြပ်တည်းနေလဲ???
ဘယ်လိုလူတွေချောင်လည်ပြီး ဘယ်လိုလူတွေကဘယ်လောက်ရုန်းကန်နေရသလဲ???
ကိုယ်တိုင်ကကျောင်းသူဆိုတော့ ကိုယ်နဲ့နီးစပ်တဲ့ပတ်ဝန်းကျင်ကိုပဲ လေ့လာကြည့်မိတယ်

ပထမဆုံး တက္ကသိုလ်ဆရာဆရာမတွေ
ဒီလိုပိတ်ရက်ရှည်ကြီးမှာသူတို့ဘာတွေလုပ်နေရလဲ? ပုံမှန် ၁၀တန်းစာစစ်ပါတဲ့ ဆရာတွေလည်းဒီနှစ်နားနေရတယ် စာမေးပွဲစစ်နေရင်းတန်းလန်းနဲ့ကျောင်းပိတ်လိုက်ရတာဆိုတော့ အမှတ်တွေလည်းစစ်နေတုန်းတန်းလန်းတွေ။
အဲ့လိုဆိုတော့ သူတို့နားရလားမေးတော့ အရင်နှစ်တွေကထက်တောင်ပိုပင်ပန်းတယ်လို့ပြောရမလားပဲ 😔
online learning အတွက်ပြင်ရတယ် အဲ့ဒါအတွက်ပို့ချချက်တွေတက်ရတယ် ဘယ်လိုသင်ရင်အဆင်ပြေမယ် ဘယ်လိုလေးသင်ရင်ကျောင်းသားတွေပိုနားလည်မယ် စ,တာတွေတွေးရ ရွေးရပြီ စာသင်နှစ်အတွက်ခါတိုင်းထက်ကိုပိုပြင်ဆင်နေရပြီ 💪🏼

ရုံးအလုပ်သမားတွေမှာလည်း ကုမ္ပဏီတွေက downsizing လုပ်နေကြတော့ အလုပ်ပြုတ်တဲ့သူကပြုတ် တချို့အလုပ်ကြတော့ အလုပ်ချိန်တွေလျှော့ပစ်တော့ လစာတွေကပုံမှန်ထက်နည်းသွားကြတယ် ဒီကြားထဲ အလုပ်ကိုသက်စွန့်ဆံဖျား လိုင်းကားတိုးစီးပြီးလာရ နှာခေါင်းစည်းတပ် လက်သန့်ဆေးသုံးရနဲ့ ထမင်းတစ်နပ်အတွက်ရုံးကန်နေကြရတယ် 😶

Taxi ယာဉ်မောင်းဆရာတွေ လိုင်းကားဆရာတွေ 👮သူတို့တွေမလည်း ခရီးသည်ကိုကြောက်ရ ခရီးသည်ကကိုယ့်ကြောက်ရနဲ့
ဆီဈေးတွေကျပြန်တော့လည်း သွားလာတဲ့သူနည်းတာကြောင့်ထင်သလောက်အလုပ်မဖြစ်ပြန်ဘူး တစ်နေကုန်အပြင်မှာလူပေါင်းစုံနဲ့ထိ‌တွေ့လုပ်ကိုင်ရတော့ အိမ်ပြန်တဲ့အခါကိုယ်က salient carrier များဖြစ်နေမလားဆိုပြီးစိုးပူနေရတယ်
ကျောင်းသားတွေကတော့ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေကြတယ်
စာမေးပွဲကလည်း ဖြေနေရင်းတန်းလန်းပိတ်လိုက်ရတော့ ကျန်တဲ့ဘာသာတွေဆိုတာလည်း ခုချိန်မှာအစ,တောင်ရှာမရတော့သလိုပဲ
ဘယ်နေ့ပြန်ဖြေရမယ် ဘယ်နေ့ကျောင်းပြန်ဖွင့်မယ်ဆိုတာရယ်, online learning system ဆိုတာရယ်နဲ့ ကျောင်းသားတွေခမျာ ဂယောင်ခြောက်ခြားဖြစ်နေရတယ် 👤

ဒါပေမယ့် ဒီကာလမှာအဆင်ပြေတယ်လို့ပြောနိုင်လောက်တဲ့ လူတစ်စုကတော့ online class တွေပဲ
အများစုကတော့ ဘာသာစကားသင်ကြတာဖြစ်ပြီး အသုံးများတဲ့ language တွေဖြစ်တဲ့ English, Korean, Japanese, Chinese စတာတွေကို တစ်နိုင်တစ်ပိုင် Fb Acc ကနေဖြစ်ဖြစ် Page ‌က‌နေဖြစ်ဖြစ်သင်ကြတယ် ကိုယ်ပိုင်အသုံးစရိတ်ကိုလည်းအိမ်ကနေရှာနိုင်သလို သင်ယူလိုသူတွေအတွက်လည်း အားလပ်ချိန်ကိုအကျိုးရှိရှိအသုံးချနိုင်တာဆိုတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့အလုပ်လို့ပြောလို့ရပါတယ် 👐🏻

တချို့ကျောင်းသူတွေလည်း online shop တွေလုပ်နေကြတာ တွေ့ရမှာပါ
အားလပ်ချိန်မှာကိုယ်ဝါသနာပါတာတွေကိုလုပ်ရင်း တစ်ဖက်ကလည်းဝင်ငွေရတာဆိုတော့ အဆင်ပြေတယ်လို့ ပြောရသလောက်ပါပဲ👏🏻
Work form home လုပ်ခွင့်ရတဲ့ဝန်ထမ်းတွေကတော့ အတိုင်းထက်အလွန်ပေါ့ အိမ်မှာနေရင်း အလုပ်လုပ်နိုင်တာဆိုတော့ ဝင်ငွေအတွက်ရော ရောဂါကာကွယ်ရေးအတွက်ပါ စိတ်ချရပြီ‌လေ ဒါပေမယ့် သူတို့မှာလည်း work from home နဲ့ပက်သက်လို့အခက်အခဲတွေကတော့ ရှိနေလိမ့်မယ် ထင်မိပါတယ်

ကိုယ်ပိုင်အတွေးကိုယ်စီ အကြောင်းကိုယ်စီနဲ့ဖြတ်သန်းနေရတဲ့ ဒီကိုဗစ်ကာလကြီးလည်းမြန်မြန်ပြီးခါမှ လူတွေလည်း ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်နဲ့ ပုံမှန်နေ့စဉ်ဘဝကို ပြန်လည်ဖြတ်သန်းခွင့်ရကြမှာဖြစ်တာကြောင့် ကကပ်ရောဂါကြီးအမြန်ပြီးပျောက်ပါစေလို့ ဆန္ဒပြုရင်း... 💓

ထာဝရ

Image may contain: cloud, sky, nature and outdoor

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱