COVID-19 ရဲ့ နိုင်ငံတကာ စီးပွားရေးသက်ရောက်မှုများ 🌍👾
COVID-19 ကြောင့် တစ်ကမ္ဘာလုံး ထိခိုက်မှုတွေ အနည်းနဲ့အများရှိမှာပါ။ ဒါကြောင့် ဒီနေ့မှာ အားလုံးလေ့လာလို့ရအောင် နိုင်ငံ(5) နိုင်ငံရဲ့ COVID-19 အတွင်း စီးပွားရေးအခြေအနေတွေကို Share လုပ်ပေးချင်ပါတယ်။ ပြောပြပေးမဲ့ နိုင်ငံ(5) နိုင်ငံကတော့
1) အမေရိကန်🇺🇸
2) တရုတ် 🇨🇳
3) ဂျပန် 🇯🇵
4) ဂျာမနီ 🇩🇪
5) ယူကေ 🇬🇧အကြောင်းပဲဖြစ်ပါတယ်။
🕵️♀️ဒီနိုင်ငံ (5) နိုင်ငံကတော့ နှစ်တိုင်းလိုလို GDP များတဲ့ နိုင်ငံတွေဖြစ်တဲ့အတွက် သူတို့အကြောင်းလေ့လာတာက အထောက်အကူပြုမယ်လို့ထင်လို့ သူတို့ကို ရွေးထားတာပါ။ ဒါ့အပြင် ကျွန်မတို့ဟာ နိုင်ငံအချင်းချင်း အမှီပြုရတဲ့အခါ အင်အားကြီးနိုင်ငံတွေ ထိခိုက်ရင် ကျွန်မတို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေလဲ အခက်တွေ့နိုင်ပါတယ်။
👩💻ဒီနေရာမှာ အများကြီးပြောပြီး မရှုပ်သွားအောင်လို့ နိုင်ငံ(၅) နိုင်ငံကို Economic Indicator 3 ခုနဲ့ လေ့လာမှာဖြစ်ပါတယ်။
📍1) GDP (or) Gross Domestic Product 📦📈
GDP ဆိုတာ အတိုချုံးအားဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ ဝင်ငွေတွေအားလုံးကိုပေါင်းစပ်ထားတာကို ဆိုလိုပါတယ်။
GDP ကနေတဆင့် အဲ့နိုင်ငံရဲ့ ဝင်ငွေ၊ သုံးငွေ တွေကို
တိုင်းတာတဲ့အတွက်ကြောင့် နိုင်ငံရဲ့ GDP က မြင့်လေလေ
စီးပွားရေးပိုအဆင်ပြေလာလောလို့ ပြောလို့၇ပါတယ်။
ဒါပေမဲ့ ဒီနှစ်မကုန်သေးတဲ့အတွက် GDP အစား GDP Growth Rate နဲ့ ရှင်းပြပေးထားပါတယ်။
📍2) Unemployment Rate 👩🎓
Unemployment Rate ဟာဆိုရင်လည်း နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသားတွေ ဘယ်လောက်ပမာဏက အလုပ်မရှိလဲဆိုတာကို တိုင်းတာတာဖြစ်ပါတယ်။
တနည်းအားဖြင့် အလုပ်နေရာတွေ ပိုရှိလာပြီး လုပ်ငန်းတွေ ပိုလည်ပတ်လာတယ်၊
လူတွေ အလုပ်လက်မဲ့ ပိုနည်းလာတယ်ဆိုရင် စီးပွားရေးအင်အားကောင်းတာကို
ဆိုလိုပြီး ဒီလိုပဲ အလုပ်လက်မဲ့ လူဦးရေ များလာပြီဆိုရင်တော့ ဒါဟာ နိုင်ငံက
လုံလောက်တဲ့ အလုပ်နေရာတွေ မဖန်တီးနိုင်လို့၊ နိုင်ငံထဲမှာရှိတဲ့
လုပ်ငန်းရှင်တွေ ဝန်ထမ်းလခတွေ မတတ်နိင်တော့လို Downsizing လုပ်မယ်၊
အလုပ်ခန့်တာ ရပ်တန့်ထားတယ်ဆိုတဲ့ သဘောပါပဲ။ အတိုချုံးပြောရရင်တော့
Unemployment Rate နိမ့်လေလေ Economy ပိုအဆင်ပြေလေလေလို့ တွေးလို့၇ပါတယ်။
📍3) Trade Balance, Import and Export 👨💼
နိုင်ငံရဲ့ Trade Balance မှာ အခြေအနေနှစ်ရပ်ရှိပါတယ်။ Trade Deficit နဲ့ Trade Surplus ပါ။ Trade Deficit ဆိုရင်တော့ အဲ့နိုင်ငံက Import များပြီး Export နည်းတယ်ဆိုတဲ့ သဘောပါ။ Trade Surplus ဟာဆိုရင်တော့ Trade Deficit ရဲ့ ဆန့်ကျင်ဘက် Import နည်းပြီး Export များတာပါ။ နိုင်ငံတစ်နိုင်ငံမှာ Trade Deficit ဖြစ်နေလား၊ Trade Surplus ဖြစ်နေလားဆိုတာကို ကြည့်ပြီး သူ့ရဲ့ စီးပွားရေးအခြေအနေကို ခန့်မှန်းလို့ရပါတယ်။ သူ့နည်းတူ ကျွန်မတို့ အဲ့ဒီ့နိုင်ငံတွေရဲ့ Import Export Statistics တွေကို လေ့လာလို့ ရပါတယ်။

တစ်ပုံချင်းဆီမှာ တစ်နိုင်ငံချင်းဆီရဲ့ အကြောင်းတွေ ဆက်လက် ဖော်ပြထားပါတယ်။ 👇🏻
1) GDP Growth Rate 📦📈
During Last 6 months
2.1%
Latest
0.3%
2) Unemployment Rate 👩🎓
US မှာဆိုရင် 2008 စီးပွားရေးကပ်ဆိုက်တုန်းက US ရဲ့ Unemployment Rate က အဆိုးဆုံးအခြေအနေ ကိုရောက်ပြီးနောက် 2010 က စပြီး ဖြည်းဖြည်းချင်းကျဆင်းလာတာပ
2010 ကနေ ၂၀၁၉ အထိ ၃ % လောက်နားမှာ ရပ်နေပြီး အခု COVID-19 ဖြစ်လာမှ တဟုန်ထိုး ၁၄.၆ % အထိတက်သွားတာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် COVID-19 ဟာ US ရဲ့ အလုပ်ခွင်တွေအပေါ် ဘယ်လောက်တောင် သက်ရောက်မှုကြီးသွားလဲဆိုတာ
3) Trade Statistics 👩💼
COVID-19 ဖြစ်ပြီးနောက်ပိုင်း US ရဲ့ ပို့ကုန်၊သွင်းကုန်ဟာ ထိုးဆင်းသားပါတယ်။ ခရီးသွားလာခွင့် ပိတ်ပင်လိုက်တာကတစ်ကြောင်း အမေရိကန်နိုင်ငံရဲ့ Trade Deficit ဖြစ်တဲ့ ပို့ကုန်သွင်းကုန်ကွာဟမှုဟာ
ပို့ကုန်တွေဟာ အရင်လထက်စာရင် 20 billion လောက် ကျသွားပြီး 187.7 million အထိ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် အရင်နှစ် ဒီလိုအချိန်ကစပြီး ဒီနှစ် February လအထိကို အမေရိကန်ရဲ့ ပို့ကုန်ဝင်ငွေဟာ 200 billion မှာတောက်လျှောက်ရှိနေခဲ့ပါတ

1) GDP Growth Rate of China 📦📈
During Last 6 months
6%
Latest
-6.8%
2) Unemployment Rate 👩🎓👨🍳👨🌾👨🏫👩🏭👨💻
တရုတ်နိုင်ငံမှာဆိုရင်လည်း အခုဆို အလုပ်လက်မဲ့ လူဦးရေ မြင့်တက်လာတာကို ရင်ဆိုင်နေရပါတယ်။ တရုတ်နဲ့ အမေရိကန်ရဲ့ ကုန်သွယ်မှုစစ်ပွဲကနေ အစပြုလိုက်တာ ကိုးဗစ် - ၁၉ ဖြစ်ပွားမှုနောက်ပိုင်း တရုတ်နိုင်ငံရဲ့ အလုပ်လက်မဲ့လူဦးရေဟာ တမဟုတ်ခြင်း တက်လာခဲ့ပါတယ်။
2018 2019 မှာ တရုတ်နိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းက ၅% နားမှာ ရပ်တန့်နေခဲ့ပေမဲ့ 2020 Feb မှာတော့ အလုပ်လက်မဲ့နှုန်းဟာ 6 % အထိ တက်လာခဲ့ပါတယ်။
ဒီလိုပဲ တရုတ်နိုင်ငံရဲ့ အလုပ်လက်မဲ့သူကို ပေးအပ်တဲ့ Insurance ဟာလည်း လွန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ အမြင့်ဆုံးပေးအပ်ရတဲ့ အခြေအနေကို ရောက်ရှိနေတယ်လို့ ဆိုကြပါတယ်။
3) Trade Statistics 👩💼👨💼
တရုတ်ရဲ့ ပို့ကုန်၊ သွင်းကုန်နှုန်းဟာ အရင်နှစ် ဒီအချိန်နဲ့ ယှဉ်ရင် သိသိသာသာလျော့ဆင်းသွားတာကို
ပုံမှန်ဆိုရင် ဇန်နဝါရီလဟာ တရုတ်ရဲ့ အခြေအနေကောင်းဆုံးလပါ။ တရုတ်နှစ်သစ်ကူးအတွက် ပစ္စည်းဝယ်ယူပြီးသိမ်းတာတွေ
သွင်းကုန်ပိုင်းမှာဆိုရင်တေ

1) GDP Growth Rate 📦📈
During Last 6 months
Latest
-0.7%
2) Unemployment Rate 👩🎓👨🍳👨🌾👨🏫👩🏭👨💻
ဂျပန်နိုင်ငံရဲ့ Unemployment Rate ကတော့ စိတ်ဝင်စားစရာပါ။ သမိုင်းတလျှောက်မှာ Unemployment Rate အမြင့်ဆုံးကို ကြုံခဲ့ရာတာ 2009 ခုနှစ် စီးပွားရေး ကပ်ဆိုက်တုန်းက 5.5 % နဲ့ 1970 ခုနှစ်မှာ အနည်းဆုံး 1% အထိ ကြုံဖူးပါတယ်။ သူတို့ရဲ့ Data အရဆိုရင် ဂျပန်နိုင်ငံရဲ့ ပျမ်းမျှ Unemployment Rate ကတော့ 2.4% ပါ။ 2019 ခုနှစ် ယခု အချိန်မှာဆိုရင်တော့ 2.4% ရှိနေပြီး 2020 မှာတော့ 2.5% ထိ တက်လာပါတယ်။ဒါပေမဲ့ November December 2019 တုန်းကဆိုရင် ဂျပန်နိုင်ငံရဲ့ အလုပ်လက်မဲ့ လူဦးရေ 2.2.% မှာရှိပါတယ်။ အဲ့လို ကြည့်မယ်ဆိုရင်တော့ Japan ဟာ အတိုင်းအတာတစ်ခုထိ COVID-19 ဒဏ်ခံရနေပေမဲ့ အဲံလောက်ထိ မဆိုးလှဘူးလို့ ထင်ရပါတယ်။။
3) Trade Statistics 👩💼👨💼
ဂျပန်နိုင်ငံကတော့ အစဉ်အလာအရ Trade Surplus ဖြစ်တဲ့ နိုင်ငံလို့ ပြောရမယ်ထင်ပါတယ်။ ဒါပေမဲ့ အခုတခါမှာတော့ COVID-19 ရဲ့ သက်ရောက်မှုကြောင့် ဂျပန်နိုင်ငံရဲ့ ပို့ကုန်ပမာဏဟာ အတော်ထိခိုက်သွားပါတယ်။ အခြားနှစ်တွေနဲ့ယှဉ်ရင် ယခုတခေါက် ကျဆင်းမှုဟာ အမတ်စောက်ဆုံးလို့ပြော၇လောက
အရင်နှစ် ဒီလိုအချိန်ဆိုရင် ပို့ကုန်ပမာဏဟာ ယန်း 500 billion အထိ ရှိပြီး အခုအချိန်မှာတော့ ယန်း 5 billion နီးနီးသာ ရှိတော့တာဖြစ်ပါတယ်။ ဒါကတော့ ဂျပန်နိုင်ငံရဲ့ အဓိက ပို့ကုန်ပစ္စည်းတွေဟာ လမ်းတံတားဆောက်ဖို့ လိုအပ်တဲ့ ပစ္စည်း၊ စက်မှုပစ္စည်း၊ မော်တော်ကား၊ လျှပ်စစ်ပစ္စည်းတွေ ဖြစ်တဲ့အတွက် COVID-19 အတွင်း ဒီလိုစက်ပိုင်းဆိုင်ရာတွေ ရပ်နားထားရတဲ့အချိန် မှာ အနှုတ်ပြသွားတယ်လို့ ခန့်မှန်းရပါတယ်။
ဇန်နဝါရီလမှာ သွင်းကုန်နှုန်း ယန်း 6.7 billion ကနေ 2020 ဖေဖော်ဝါရီမှာတော့ 5.2 billion အထိ 14% ကျဆင်းသွားပါတယ်။ မတ်လမှာတော့ 6.3 billion အထိတက်လာပေမဲ့ အရင် Market Trend တွေနဲ့ယှဉ်ရင် 9% လောက် နောက်ရောက်နေသေးတယ်ဆိုပါတယ်

1) GDP Growth Rate📦📈
GDP of Germany
During Last 6 months
0.4 – 0.7%
Latest
-2.2%
2) Unemployment Rate 👩🎓
Germany နိုင်ငံဟာဆိုရင်လဲ အခြား နိုင်ငံများနည်းတူ အလုပ်လက်မဲ့ လူဦးရောတက်လာပါတယ်။ ဂျာမနီနိုင်ငံဟာဆိုရင် 2005 ခုနှစ်မှာ အလုပ်လက်မဲ့ လူဦးရောနှုန်း 11.2% ထိ ခံစားခဲ့ရပြီး အနည်းဆုံးကိုတော့ 2019 ခုနှစ်မှာ 3.1% ကို ကြုံတွေ့ခဲ့ရပါတယ်။ COVID-19 ကာလအတွင်းမှာတော့ Jan 2020 မှာ 3.2% ကနေစပြီး အခုထိ အလုပ်လက်မဲ့ လူဦးရေနှုန်းတက်လာလိုက်တာ အခုဆို 3.5% ထိ ရှိနေပြီဖြစ်ပါတယ်။ သူလည်းပဲ ဂျပန်နိုင်ငံလိုပဲ အထိအခိုက်နည်းပြီး ယခုထိ ထိန်းထားနိုင်သေးတယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။
3) Trade Statistics 👩💼
ဂျာမနီရဲ့ Trade Surplus ကတော့ အရင်နှစ် ခုလို အချိန်မှာဆို 22.3 billion ဖြစ်ပြီး အခုတော့ 17.4 billion ကျသွားပါတယ်။ သွင်းကုန်ပမာဏကို ကြည့်မယ်ဆိုလည်း အရင်နှစ်အခုလို အချိန်ထက်စာရင် ဂျာမနီနိုင်ငံရဲ့ ပို့ကုန်ပမာဏဟာ 110 billion ကနေ 108 billion အထိ 7.9% ကျဆင်းသွားပါတယ်။ ဒါပေမဲ့ COVID-19 အတွင်းမှာတော့ အခြားနိုင်ငံလို ရုတ်တရက်ကျဆင်းတာမျိုးတွေ မကြုံတွေ့ရပဲ ဖြည်းဖြည်းချင်း သူ့နှုန်းနဲသူ သွားနေတာကို တွေ့ရပါတယ်။ ဂျာမနီနိုင်ငံတွင်းသို့ ပို့ကုန်နှုန်းကတော့ 2020 ဇန်နဝါရီလမှာ တဟုန်ထိုး ယာယီ 92.9 billion ကနေ 88.6 billion အထိ ကျဆင်းသွားပေမဲ့ မတ်လမှာတော့ အရင်လို 91 billion နားကို ပြန်ကပ်လာခဲ့ပါတယ်။

1) GDP of UK 📦📈
During Last 6 months
0 – 0.5 %
Latest
-2%
2) Unemployment Rate 👩🎓
UK ဟာ ဆိုရင် 1984 မှာ အဆိုးဆုံး အလုပ်လက်မဲ့လူဦးရေနှုန်း 11.9% ကို ရောက်ရှိခဲ့ပြီး အနည်းဆုံးကိုတော့ 1973 ခုနှစ်မှာ 3.4% မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ
3) Trade Statistics 👩💼
UK ရဲ့ Trade Balance ဟာ 2020 မတ်လမှာ British Pound(GBP) 6.68 billion ကနေ April လမှာတော့ အလွန်လျင်မြန်စွာ 1 billion ကို ကျဆင်းသွားခဲ့ပါတယ်။ ပို့ကုန်ပမာဏဟာဆိုရင်လည်း လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အဆိုးဆုံး အခြေအနေကို ရောက်နေပြီလို့တောင် ပြောကြပါတယ်။ Service တွေမရောင်းရဘဲ အခြား ထုတ်ကုန်တွေလည်း တင်ပို့ရောင်းချဖို့ ခက်ခဲတဲ့အတွက် ပို့ကုန်နှုန်းဟာ သိသိသာသာကို 12% ကျဆင်းသွားခဲ့ပါတယ်။ တဘက်မှာတော့ သွင်းကုန်ပမာဏဟာ ပို့ကုန်ထက်တော့ သာတယ်ပြောရပါမယ်။ အရင်နစ်ဒီလို အချိန်နဲ့ယှဉ်ရင်တော့ သွင်းကုန်ဟာ GBP 58 ကနေ GBP ၅၅ ဖြစ်သွားပါတယ်။ ဒါ့အပြင် ဇန်နဝါရီလထက်စာရင်တော့ မတ်လမှာ ၅၅.၀၇ ထိ 3.5 % အထိ ကျဆင်းသွားပါတယ်။

Written by
Ei Myatnoe Aung
Reference
https://tradingeconomics.com/
https://www.statista.com/
Comments
Post a Comment