COVID-19 အတွင်းမှာ အလုပ်လုပ်လို့ရမလား၊ ဘာလုပ်ငန်းလုပ်လို့ရနိုင်မလဲ? 🤓

👾အခုလို COVID-19 ကူးစက်ရောဂါဖြစ်လာတဲ့အခါမှာ နေရာတိုင်းမှာ ပြောင်းလဲလာတာကို တွေ့ရမှာပါ။

လူတွေရဲ့ နေ့စဉ်ဘဝ၊ စိတ်နေစိတ်ထား၊ စျေးဝယ်ပုံ၊ အလုပ်လုပ်ပုံ တွေကအစ လုပ်ငန်းတွေ လည်ပတ်ပုံအဆုံး နေ့ချင်းညချင်းဆိုသလို ပြောင်းလဲလာပါတယ်။ ဒါ့အပြင် ဒီလို ရုတ်ချည်းပြောင်းလဲမှုတွေက COVID-19 သာ ပြီးသွားလဲ ဆက်ရှိနေဦးမယ်လို့ ခန့်မှန်းရပါတယ်။

ဒါဆိုရင် လုပ်ငန်းတွေအနေနဲ့ ဒီလို ပြောင်းလဲလာတဲ့ Consume Behavior တွေကို ဘယ်လို အမှီလိုက်မလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ။

ဒါကြောင့် ဒီနေ့မှာ ☝️
COVID-19 Consumer Trend Based Business Idea 11 ခု ကို Share လုပ်ပေးလိုက်ရပါတယ်။

📍1) Delivery and Pickups🚗
Delivery လုပ်ငန်းတွေဟာ အခုလိုအချိန်မှာ အရင်ကထက် ပိုအသုံးပြုသူပိုများပြားလာတာကို ပြောစရာလိုမယ်မထင်ပါဘူး။ အရင်လို ကိုယ်တိုင်ကိုယ်ကျ ပစ္စည်းတွေ ဝယ်ယူဖို့ မလွယ်ကူကြတော့တဲ့အတွက် Delivery တွေကို အားကိုးလာကြပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းက Delivery လုပ်ငန်းလုပ်ကိုင်ဖို့ Resources ရှိမယ်ဆိုရင် လုပ်ကြည့်ဖို့ မဆိုးမဲ့ Idea တစ်ခုလို့ မြင်ပါတယ်။

📍2) Apps and Tech Companies 👩‍💻
အခုအချိန်ကို ပညာရှင်တွေက Digitalization သို့ ကူးပြောင်းကာလ လို့ခေါ်ပါတယ်။ Social Distancing ကြောင့် အိမ်မှာနေရချိန် များလာတဲ့အခါ အချို့ လိုအပ်ချက်တွေကို နည်းပညာနဲ့ ဖြေရှင်းလာကြပါတယ်။ ဒါကြောင့် ဒီလို ကူးပြောင်းကာလမှာ အလိုအပ်ဆုံး ဖြစ်တဲ့ Digital Products တွေ၊ Applications Software တွေ ရဲ့ ဝယ်လိုအားတွေဟာ တဖြည်းဖြည်းနဲ့ တက်လာနိုင်ပါတယ်။

📍3) Digital Marketing Company, Public Relations Agency 💻
COVID-19 ကြောင့် လုပ်ငန်းကို ရပ်ထားရပေမဲ့ Customer နဲ့ Engagement မပျက်အောင်၊ ကိုယ့်ရဲ့ Product တွေကို ဆက်လက် ရောင်းချဖို့ ကြိုးစားရာမှာ အကောင်းဆုံးလက်နက်ကတော့ Digital Marketing ဖြစ်ပါတယ်။ Digital Marketing ရဲ့ အားသာချက်ကတော့ Investment များများ လုပ်စရာမလို၊ လူတွေနဲ့ ထိတွေ့စရာ မရှိသလောက်နည်းပြီး Social Media ကို နားလည်ဖို့နဲ့ Idea ကောင်းတစ်ခုကိုသာ အဓိက လိုအပ်တာကြောင့် ဖြစ်ပါတယ်။

📍4) Youtube Channels 💁‍♀️
အားလုံးက အရင်ကထက် ပိုပြီး Youtube တို့ Facebook တို့မှာ အချိန်ကုန်ဆုံးနေတဲ့အခါ Youtuber ၊ Influencer တွေရဲ့ Role ဟာ ပိုခေတ်စားလာပါတယ်။ ဒါကြောင့် မိမိရဲ့ လုပ်ငန်းကို ဒီလို idea နဲ့ ပေါင်းစပ်လိုက်တာဖြစ်ဖြစ် (သို့) မိမိကိုယ်တိုင် Youtube Chaneel ကို စလုပ်တာဖြစ်ဖြစ်လုပ်မယ်ဆိုရင်လဲ အကြံကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။

📍5) Mobile Services🙋🏻‍♀️
အရင်ကတည်းက ရှိခဲ့တဲ့ Business Type ဆိုပေမဲ့ အခုအချိန်အတွက် ပိုပြီးအံကိုက်ဖြစ်စေမဲ့ Idea ကတော့ Mobile Service တွေပဲဖြစ်ပါတယ်။ Social Distancing ကြောင့် အခြေခံလိုအပ်တဲ့ ဆံပင်ညှပ်တာတို့ ၊ Pet Grooming တို့ Locksmith တို့၊ Mobile/ Laptop Repairing Service တို့၊ Glasses Repairing Services စတဲ့ Service တွေဟာ လိုအပ်ချက်အရ ပိတ်ထားရပါတယ်။ ဒါကြောင့် ဒီလိုအပ်ချက်တွေကို ပြန်ဖြည့်စည်းပေးနိုင်တဲံ Mobile Service Run ပေးမယ်ဆိုရင် ဆန်းသစ်ပြီး လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ပါတယ်။

📍6) Movie Sites like Netflix 🎥
Netflix လို့ မြင်လိုက်တာနဲ့ Netflix and Chill ကို မသိတဲ့သူအတော် ရှားသွားပါပြီ။ COVID-19 အတွင်းမှာဆိုလဲ Netflix ကို စာရင်းသွင်းတဲ့သူ ပိုများလာတယ်လို့လဲ သိရပါတယ်။ ဒါကြောင့် Netflix လိုမျိုး Movie Platform တွေလဲ တစ်ခေတ်ထလာနိုင်တယ်လို့ မြင်မိပါတယ်။ တစ်ခုတော့ရှိပါတယ်။ Netflix လိုမျိုး ထပ်တူလုပ်တာထက်စာရင် ကိုယ်ပိုင် Niche Market ကို ဖန်တီးပေးမယ်ဆိုရင်တော့ ပိုအဆင်ပြေနိုင်ပါတယ်။

📍7) On-Demand Medical Services 👨‍⚕️
COVID-19 ကူးစက်မှုကို သတိထားရတဲ့အခါ ကျွန်မတို့ အရင်လို လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ မခံယူဖြစ်တော့ပါဘူး။ နေမကောင်းဖြစ်ရင်တောင် ဆေးရုံဆေးခန်းတွေကို သွားဖို့ တော်တော်စဉ်းစားရပါတယ်။ ဒါ့အပြင် ဆေးရုံဆေးခန်းတချို့က ပိတ်ထားတာကတကြောင်း၊ အခုချိန်ထိ အသွားအလာ သတိထားနေရတာကတစ်ကြောင်း အရင်လို ဆေးကုသမှုတွေ ခံယူဖို့က ခက်ခဲလာပါတယ်။
ဒီလို အရာတွေကို ဖြေရှင်းပေးနိုင်တာကတော့ On-call medical consultation (သို့) Mobile Medical Service တွေပဲဖြစ်ပါတယ်။ ဒါကြောင့် သင်က Medical Doctor (သို့) Medical လုပ်ငန်းလုပ်ကိုင်နေသူဆိုရင် ဒီလိုလေး လုပ်ဖို့ အကြံပေးချင်ပါတယ်နော်။

📍8) Amateur Cooking, Dessert Business 👨‍🍳
ဒါကတော့ အခုတလော ကျွန်မတို့ Social Media မှာ ပိုမြင်ရလာတဲ့ Business Idea တစ်မျိုးပါ။ အမှန်ဆို အရင်ကတည်းက ဒီ idea က တဖြည်းဖြည်းနဲ့ ခေတ်စားလာတာပါ။ အခုတော့ အိမ်မှာလည်းနေ၊ အချိန်လည်းပိုရှိလာလို့ ထင်ပါတယ် လူကြီးလူငယ်မရွေး ကိုယ်လုပ်နိုင်တဲ့ ဟင်းချက်နည်းလေးတွေနဲ့ တနိုင်တပိုင် လုပ်လာကြပါတယ်။ ဒီလို တနိုင်တပိုင်လုပ်ငန်းတွေဟာလည်း Investment အများကြီး မလိုတဲ့အပြင် Digital Marketing နဲ့ အလုပ်ဖြစ်အောင် လုပ်နိုင်တဲ့အတွက် မဆိုးလှတဲ့ Idea လေးတစ်ခုပါ။

📍9) Indoor entertaining games, furniture 🏘
ကျွန်မတို့ အိမ်မှာ နေတာကြာလာရင် ပျင်းလာပြီး လုပ်စရာတွေလိုက်ရှာတတ်ပါတယ်။ ဖုန်းဆိုတာလည်း အကြာကြီး မကြည့်နိုင်တဲ့အတွက် အခြားလုပ်စရာလေးတွေ၊ Entertainment ပစ္စည်းတွေ၊ Game တွေ ဖန်တီရောင်းချပေးရင် လူတွေအကြိုက်တွေ့နိုင်ပါတယ်။
ဒါ့အပြင် စရိတ်သက်သာတဲ့ Furniture ရောင်းချနိုင်မယ်ဆိုရင်တော့ လူတွေ သဘောကျမှာပါ။ ဘာလို့လဲဆိုတော့ အိမ်မှာနေတဲ့အချိန် များလာတာမို့ သက်တောင့်သက်သာ ပိုနေချင်ကြတဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။

📍10) Indoor plant service, seed service ☘️
ဒီ Idea လေးကလည်း အိမ်မှာကြာကြာနေရတဲ့အခါ entertained ဖြစ်စေဖို့ Idea တစ်ခုပါပဲ။ ပန်းပင်လေးတွေစိုက်ပြီး စိတ်ကျေနပ်စေနိုင်တဲ့အပြင် အချိန်ကုန်လည်းမြန်နိုင်တဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်လည်း ဖြစ်နိုင်ပါတယ်နော်။
ဒါပေမဲ့ ဒီလို Plant Shop လေးတွေကလည်း အရင်လို အသွားအလာနည်းသွားပြီဖြစ်တဲ့အတွက် ဆိုင်မှာ ရောင်းတာထက်စာရင် Mobile Service လေးနဲ့ လိုက်ရောင်းပေးရင် လူတွေအတွက် ပိုအဆင်ပြေမှာပါ။

📍11) Gaming and E-sports Marathon 💻
Gaming and E-sports ကတော့ ဖယ်ထားလို့မရတဲ့ Idea တစ်ခုလို့ထင်ပါတယ်။ Business Idea တစ်ခုထက်စာရင် ဒါကို Marketing Tip အနေနဲ့ အသုံးပြုလို့လည်း ရမယ်ထင်ပါတယ်။ ကိုယ့် လုပ်ငန်းအတွင်း ဝန်ထမ်းတွေ Gaming Marathon လေးတွေ အပျော်သဘော လုပ်ပေးတာမျိုးဆိုလည်း လူစိတ်ဝင်စားခံရနိုင်ပြီး Customer အသစ်တွေကို ဆွဲဆောင်နိုင်ပါတယ်နော်။

နောက်ဆုံးအနေနဲ့ လုပ်ငန်းကို ရပ်ပစ်လိုက်တာထက် အခြားနည်းလမ်းကို ရှာစေချင်ပါတယ်။ မိမိရဲ့ လုပ်ငန်းကို ဘယ်လို Transition လုပ်လို့ရမလဲ။ ဒီကနေ ဘယ်လို Customer အသစ်တွေကို Target လုပ်လို့ရမလဲ။ စတဲ့ Idea လေးတွေ ထုတ်ကြည့်ပါ။ အရှင်းဆုံး ပြောရရင်တော့ Flexible ဖြစ်အောင် ကြိုးစားကြည့်ပါ။ အဆိုးထဲကအကောင်းထွက်လာပြီး မိမိ လုပ်ငန်းကို အရင်ထက်ပို တိုးတက်စေလာနိုင်ပါတယ်။ နောက်ဆုံး မတိုးတက်ဘူးဆိုရင်တောင် အတွေ့အကြုံတစ်ခုရသွားတဲ့အတွက် အရှုံးပဲတော့ မဟုတ်လောက်ပါဘူးနော်🥳

Written by
Ei Myatnoe Aung

No photo description available.

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱