Hierarchy of needs in business ❕

Maslow ရဲ့ A Theory of Human Motivation မှာဆိုရင် လူတွေဟာ basic physiological needs တွေဖြစ်တဲ့ စား၊ ဝတ် ၊နေ ရေးတွေကို အရင် ရအောင်ဖြည့်ဆည်းကြတယ်။
ပြီးမှ Safety needs, Social needs, Self-esteem, Self-actualization ဒီလိုအပ်ချက်တွေကို တစ်ဆင့်ချင်းစီ ရအောင်ကြိုးစားကြတယ် ဆိုပြီးတော့ ပြောဆိုခဲ့ပါတယ်။ 📈

ဒီလိုပဲ business တစ်ခုလုပ်မယ် သူ့ရဲ့ needs တွေ ကိုစဉ်းစားမယ် ဘာလုပ်မလဲ ဘယ်ကစလုပ်မလဲ ငါတို့ရဲ့ goal ကဘာလဲ ဘယ်အထိရောက်အောင်သွားရမလဲ ဒါတွေကျွန်တော်တို့ လေ့လာနေရတယ်။
အကုန်လုံးကိုပြန်သုံးသပ်တဲ့အခါ business တစ်ခုကို လုပ်ရင်လည်း hierarchy of needs အတိုင်း ကျွန်တော်တို့ လုပ်ကြရတယ်။
လုပ်ငန်းသေးသေးလေး ကနေ အကြီးကြီး ဖြစ်ဖို့ တစ်ဆင့်ချင်းစီ ကြိုးစားကြရတယ်။ ဒါကြောင့် hierarchy of Human needs နဲ့ နည်းနည်းတူပါတယ်။ 🧐

Survival needs
ကျွန်တော်တို့လူတွေအတွက် အခြေခံလိုအပ်ချက်‌
တွေဖြစ်တဲ့ စားစရာ၊ အဝတ်အထည် တွေရှိမှ ရှင်သန်နိုင်သလိုပါပဲ။ စီးပွါးရေးတစ်ခုလုပ်မယ်ဆိုရင်လည်း အဓိက အရင်ဆုံးလိုအပ်တာကတော့ ငွေပါ။ ကိုယ်တိုင်ရင်းနှီးရမယ့်ငွေ ဒါမှမဟုတ် ချေးငွေယူပြီး လုပ်ငန်းမတည်ငွေကိုလိုအပ်ပါတယ်။ ပြီးရင်တော့ ရောင်းမယ့် product and service ပေါ့။ နောက် consumer , customer ဒါတွေကတော့ လုပ်ငန်း တစ်ခု ရှင်သန် ဖို့အတွက် အခြေခံလိုအပ်ချက်တွေ တွေပါပဲ။ 💰

Development needs
လူတွေမှာ physiological needs တွေရှိသွားရင် safety and securityဆိုတာလိုလာပါပြီ။
အဲ့လိုပါပဲ ကိုယ့်ရဲ့ လုပ်ငန်းကစ လည်ပတ်နေပြီဆိုတာနဲ့ စျေးကွက် မှာရေရှည်တည်တံ့တဲ့ ၊ Customer တွေနဲ့ ပိုပြီးဆက်ဆံလာနိုင်တဲ့ လုပ်ငန်းဖြစ်ဖို့လိုအပ်လာပါပြီ။ ဒီအဆင့်မှာဆိုရင် sales, marketing နဲ့ business management ဒီအပိုင်းတွေမှာ အသိပညာ နဲ့ ဗဟုသုတ တွေရှိဖို့ အရေးကြီးလာပါတယ်။💡

Relationship needs
ကျွန်တော်တို့ဟာ မိသားစုတွေ သူငယ်ချင်းတွေ ကိုယ်ချစ်တဲ့သူတွေနဲ့ ပေါင်းသင်းဆက်ဆံ‌နေကြ
ရသလိုပဲ ပိုပြီးတိုးတက်တဲ့၊ ပိုပြီး အကျိုးအမြတ်များတဲ့ လုပ်ငန်း တစ်ခုကို တည်ဆောက်ဖို့ interpersonal skills ဆိုတာ‌တွေ လိုအပ်လာပါပြီ။ Employee-Employer relationship, Employee-Customer relationship ဒါမှမဟုတ် business partner တွေနဲ့ စသဖြင့်
Internal or external relationship တွေ အရေးကြီးလာပြီ။ ဒီလို ဆက်ဆံရေးတွေဟာလည်း တစ်ဦးနဲ့တစ်ဦး ကောင်းကောင်း ဆက်ဆံပေါင်းသင်း နိုင်တဲ့အပေါ် မူတည်ပါတယ်။ ဒါကြောင့် communication skills တွေလည်း လိုအပ်လာပါတယ်။🗣

Structural needs
ဒါကတော့ ကိုယ့် လုပ်ငန်းရဲ့ department system တွေ reporting system တွေကို ပြောချင်တာပါ။ လုပ်ငန်းက ပိုမိုတိုးတက်လာပြီ၊ ဝန်ထမ်းတွေ များလာပြီ ဆိုတာနဲ့ စီမံခန့်ခွဲမှု တွေလိုအပ်လာပြီ။ ဌာနတွေကို တိတိကျကျ တည်ဆောက် ဖို့လိုအပ်လာပါပြီ။ ကျွမ်းကျင်မှုဆိုင်ရာ တူတဲ့သူတွေ ဌာန တစ်ခုလား ဥပမာ- marketing ဆို marketing department ။ နောက် ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်သူတွေ တစ်ယောက်ချင်းစီ ပေါင်းထားတဲ့ ဌာန လား ဥပမာ- department တစ်ခုထဲမှာပဲ marketing ၊ production ၊ HR အဲ့လိုတစ်ယောက်ချင်းစီ ပေါင်းစည်းထားတဲ့ အဖွဲ့ အနေနဲ့ သွားမလားပေါ့။ ⚙️

Recognition needs
ဒီအဆင့်ကတော့ achievement, status, reputation တွေပါဝင်လာပါပြီ။ စျေးကွက် ထဲဝင်ရောက်ပြီးပြီ၊ လိုအပ်တဲ့ structure, systemတွေအားလုံးကို ဖန်တီးပြီးရင် စီးပွါးရေးနယ်ပယ် ထဲမှာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့လိုလာပါပြီ။ နေရာတွေ ချဲ့လာမယ်။ ကိုယ့် product တွေ diverse လုပ်လာမယ်။ Brand တစ်ခုအနေနဲ့ ဈေးကွက်မှာ ပိုပြီးအောင်မြင်ဖို့အတွက် ထပ်ပြီး ကြိုးစားရပြန်ပါတယ်။ နောက်ပြီး employee engagement အပေါ်မှာလည်း အရမ်းကိုအကျိုးသက်ရောက်ပါတယ်။ ⭐️

Self-actualization needs
ဒါကတော့ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်း ဟာ ကောင်းကောင်းမွန်မွန် လည်ပတ်နေပြီ ။ လူသိလည်းများနေပြီ ။
ပြောရရင် ကိုယ်ရဲ့ အဆုံးစွန် စိတ်ကူး အမြော်အမြင်အတိုင်း လက်တွေ့ တကယ် ဖြစ်လာတဲ့ အဆင့်ပါ။ ဒီအဆင့်ကိုရောက်ဖို့ကတော့ အရမ်းခက်ခဲပါတယ်နော်။ လုပ်ငန်း
တိုင်းမှာတော့ အခက်အခဲတွေကရှိတတ်စမြဲပါပဲ။
ပြီးခဲ့တဲ့အဆင့်တွေမှာ ရှိတဲ့ အခက်အခဲတွေကို
အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မှသာ
ဒီနောက်ဆုံး အဆင့် ကိုရောက်မှာပါ။ 💯

ခုပြောပြပေးသွားတဲ့ အကြောင်းအရာလေးကိုဖတ်ကြည့်ပြီး အကျိုူတစ်ခုခုရလိုက်မယ်လို့ မျှော်လင့်ပါတယ်။ အာလုံးပဲ Stay-Home ကာလမှာ အကျိုး ရှိရှိနေထိုင်ကြရအောင်။ 🥳

❤️အိမ်မှာပဲ နေကြပါ
❤️လက်ဆေးကြပါ
❤️ကျန်းမာစွာ နေထိုင်စားသောက်ကြပါ

Written by
Yoon Ei Tin

Image may contain: text

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱