Human Resource Managementအတွက်နည်းလမ်းကောင်းများ 👐🏻
ကိုယ့်အနေနဲ့ လုပ်ငန်းတစ်ခုလုပ်မယ် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခု၊ ကုမ္ပဏီခုမှာ လုပ်မယ်ဆိုရင် ဒီအဖွဲ့အစည်းရဲ့ လုပ်ငန်းလည်ပတ်မှုတွေ၊ ဌာနတွေနဲ့ ဆိုင်ရာဆိုင်ရာ အလုပ်တွေ ရှိရမယ့်အရည်အချင်းတွေကို နားလည်ထားဖို့ သိထားဖို့လိုအပ်ပါတယ်နော်။👩💻🏬
ဒါကြောင့် Beatrix ကနေ အဖွဲ့အစည်းတိုင်းမှာ အရေးကြီးဆုံးဖြစ်တဲ့ HR management အတွက် ထိရောက်တဲ့ နည်းလမ်းကောင်းတွေကို ပြောပြပေးသွားမှာပါ။🙋
ကဲ ပထမဆုံး Human Resource Management ဆိုတာဘာလဲ?💁
Human Resource Management- လူ့စွမ်းအားအရင်းအမြစ်စီမဲခန့်ခွဲမှု ဆိုတာ အလုပ်ရှင်နဲ့အလုပ်သမားကြား စီမံခန့်ခွဲမှုပဲဖြစ်ပါတယ်။🤗
ဝန်ထမ်းတွေကို ခန့်အပ်တယ်၊ အလုပ်ဖြုတ်တယ် ဒါတွေ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်စေဖို့အတွက် ကိုင်တွယ်လုပ်ဆောင်ရတဲ့သူပါ။
ပြီးရင် စွမ်းဆောင်ရည်မြင့်မားအောင် trainingတွေပေးတယ်။
အလုပ်ထွက်နှုန်းတွေလျော့ကျအောင် ဖြေရှင်းရတယ်။
ဒီလိုမျိုး ဝန်ထမ်းတွေကို စီမံခန့်ခွဲပေးတဲ့ ပညာရပ်တစ်ခုပါ။ 👩🏫
company တစ်ခုပိုအောင်မြင်လာပြီး ဝန်ထမ်းတွေများလာတာနဲ့အမျှ
ဝန်ထမ်းတစ်ဦးချင်းစီနဲ့ သူဌေး ဒါမှမဟုတ် Board of Directors
တွေနဲ့ထိတွေ့ဆက်ဆံဖို့ ခက်ခဲလာပါပြီ။ ဒါကြောင့် လုပ်ငန်းကြီးလေ
ပိုပြီးလိုအပ်လေပါပဲ။
ခု HR management အတွက် အရေးကြီးတဲ့ tips လေးတွေပြောပြပေးပါမယ်👇
1️⃣ Communicate Effectively
ကိုယ့်ရဲ့ passionတွေ ၊ ဝန်ထမ်းတွေရဲ့ အကြံဉာဏ်တွေ လိုချင်တာတွေကို meeting တွေလုပ်ပြီး ပုံမှန်ဆွေးနွေးရမယ်။💭🤗
Email တွေနဲ့ဆက်သွယ်မယ်။Presentationတွေလုပ်ခိုင်းပြီး feedbackပေးမယ်
အားပေးရပါမယ်။ ကိုယ်ကပဲ အမိန့်တွေပေးမနေပဲနဲ့
သူတို့ရဲ့စကားကိုနားထောင်ပေးရမယ်။ လမ်းပြပေးရပါမယ်။❗ကိုယ့်ရဲ့
လုပ်ငန်းအပေါ်ထားတဲ့စိတ်၊ ပြတ်သားမှု၊ တည်ငြိမ်လေးနက်မှုတွေကို
ပြသပေးရပါမယ်။ ဒါမှသာ ဝန်ထမ်းတွေကလည်းအလုပ်အပေါ် လေးနက်စွာ သဘောထားမှာပါ။👥👥
2️⃣Build Relationship
ဝန်ထမ်းတွေနဲ့ အဆင်ပြေပြေ ဆက်ဆံခြင်းက အလုပ်ကိုလျင်မြန်စွာ
ပြီးစေနိုင်တဲ့အပြင် ပျော်ရွှင်တဲ့ working environmentလေးကို
ဖြစ်စေပါတယ်နော်။ ဒါကြောင့်ကိုယ့်ရဲ့ soft skillsတွေကို
တိုးတက်အောင်အရင်လုပ်ရပါမယ်။🤝🤝
Emotional intelligence ကိုလည်းအရေးပေးလေ့လာရပါမယ်နော်။
IEဖွံ့ဖြိုးခြင်းဟာ တခြားသူတွေရဲ့လိုအပ်ချက်တွေ၊ ခံစားချက်တွေကို
နားလည်စေနိုင်ပါတယ်။ gossip လုပ်တာတွေ အပြစ်တင်တာတွေ ရှောင်ရပါမယ်နော်🙅❌ တစ်ဦးနဲ့တစ်ဦး အမုန်းတွေ ၊မယုံကြည်မှုတွေ တိုးပွားစေပါတယ်။
3️⃣ Appreciate and Reward
ကိုယ့်ကိုကူညီပေးတဲ့ သူတိုင်းကို အသိအမှတ်ပြုကျေးဇူးတင်ရပါမယ်။ သူဌေးကအစ
သန့်ရှင်းရေးအဆုံး သူတို့ရဲ့အလုပ်တိုင်းကို အသိအမှတ်ပြုပေးရပါမယ်။❤️🎉
ပြီးတော့ ကိုယ့်ရဲ့ဝန်ထမ်းတွေကို training တွေ အကောင်းဆုံးပေးရပါမယ်။
projectတစ်ခု အောင်မြင်သွားတိုင်း၊ လေ့ကျင့်မှုတွေကျော်လွှားနိုင်တိုင်းမှာ
သူတို့ရဲ့ အောင်မြင်မှုကို feedbackပေးတာတွေ ချီးမွမ်းဂုဏ်ပြုတာတွေ
လုပ်ရပါမယ်နော်။🏆🎊ဒီလိုမျိုးတွေလုပ်ခြင်းက သူတို့ရဲ့ ကြိုးစားမှုကို တန်ဖိုးထားရာရောက်ပြီး အားတက်စေပါတယ်။
ဒါကြောင့် training and development skills တွေ ရှိနေရပါမယ်
4️⃣ Accept Responsibility
ကိုယ့်ရဲ့အမှားတစ်ခုကို တစ်ခြားသူကို လွှဲမချပါနဲ့။ ❎ကိုယ်ကိုယ်တိုင် တာဝန်ခံမှုရှိပြီး ပြုပြင်ရပါမယ်။ ဝန်ထမ်းတွေဆီက ကူညီမှု၊ တစ်ခြားသူတွေရဲ့ ထောက်ပံ့မှုတွေ ယူပြီး ပြုပြင်နိုင်ပါတယ်။☑️
နောက်တစ်ခါထပ်မဖြစ်အောင်လည်း သင်ခန်းစာယူရပါမယ်။ တကယ်လို့ အဲ့နေရာမှာ
အမှားကို ဝန်မခံခဲ့ဘူး ဆိုရင်တော့ ကိုယ့်ကို အထင်အမြင်သေးလာမယ်။
အများရဲ့ယုံကြည်မှုကိုမရရှိတော့ပဲ ခေါင်းဆောင်ကောင်း ဖြစ်မလာတော့ပါဘူး။🙍
5️⃣ Become a servant leader
ကိုယ်ဟာ လူတွေ၊ projectတွေကို ဦးဆောင်လုပ်နေရတာတင်မဟုတ်ပဲ ဒီအလုပ်အတွက် လိုအပ်ချက်တွေကိုလည်း နားလည်သိရှိရပါမယ်။
✍️Leaderကောင်းတစ်ယောက်ဟာ
အမြဲဦးဆောင်နေတာမဟုတ်ပဲ ဘယ်အချိန်မှာ လမ်းပြပေးရမယ်၊ ဘယ်အချိန်မှာ
followလုပ်ရမယ်၊ ဝန်ထမ်းတွေကို ဘယ်လို ပံ့ပိုးပေးရမယ်။ ဒါတွေကို
သိထားဖို့လိုပါတယ်။ဒါ့အပြင် တစ်ဦးချင်းစီရဲ့ အားသာချက်
အားနည်းချက်တွေကိုလည်း သိဖို့လိုပါတယ်။ ဥပမာ- သူကတော့ယုံကြည်ရတယ်၊သူကတော့
သင်ရလွယ်တယ်၊ သူကတော့ဦးဆောင်နိုင်တယ် စသဖြင့်ပေါ့ဗျာ။ ဝန်ထမ်းတွေရဲ့
performanceကောင်းဖို့ productiveဖြစ်လာဖို့ ကောင်းကောင်းပံ့ပိုးပေးရပါမယ်။👏👏📈
6️⃣ Keep up-to-date and Increase network
ဒါကတော့ ခုလိုခေတ်ကြီးမှာ နောက်ကျမကျန်ဖို့အတွက် အရမ်းအရေးပါ ပါတယ်နော်။
social media တွေသုံးပြီးတော့ သတင်းအချက်အလက်တွေ ရယူနိုင်တယ်။🤳💻
အပြင်ဘက်ကလူတွေနဲ့လည်း အဆက်အသွယ်လုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့
စီးပွါးရေးနယ်ပယ် မှာရှိတဲ့ သတင်းတွေ၊ တခြား ကုမ္ပဏီ တွေကို လေ့လာနိုင်တယ်။
ကိုယ့်အတွက် တိုးတက်ရာတိုးတက်ကြောင်းဖြစ်တဲ့
အချက်အလက်တွေကိုလည်း အမြဲမပြတ် ရှာမှီးနေရပါမယ်။🔍 onlineပေါ်ကနေပဲ အလုပ်လုပ်နိုင်မယ့် ဆက်သွယ်နိုင်မယ့် လုပ်ငန်းသုံး digital tools တွေ သိထားဖို့လိုပါတယ်။
7️⃣ Encourage teamwork
နောက်တစ်ခုက ဝန်ထမ်းတွေကို အသင်းအဖွဲ့နဲ့လုပ်တတ်ဖို့ ဦးစားသင်ကြားပေးပါ။ 👬👭co-workers
အချင်းချင်းပေါင်းပြီး လုပ်ခြင်းဟာ အကြံဉာဏ်တွေ ပိုများလာတယ်။
အသစ်အဆန်းတွေဖန်တနိုင်တယ်။ အလုပ်ပြီးမြောက်လွယ်ပါတယ်။
တစ်ယောက်ဆီကတစ်ယောက်သင်ယူနိုင်ပြီး သူတို့အရည်အချင်းတွေတက်လာနိုင်တယ်။
အခက်အခဲတွေကို အတူတကွဖြေရှင်းရတဲ့အတွက် ဘယ်လိုပေါင်းသင်းဆက်ဆံရမယ် ကူညီရမယ်
စတဲ့ skillsတွေ ရလာနိုင်ပါတယ်။
🤜🤛
လုပ်ငန်းတွေတိုင်းကို လူတွေနဲ့လည်ပတ်နေသမျှ
HR managementက မရှိမဖြစ်ကို လိုအပ်ပါတယ်။✅
နည်းပညာတိုးတက်ပေမယ့်လည်း management skills တွေကို လူတွေပဲ
ကိုင်တွယ်ဖြေရှင်းနေရမှာမို့ အမြဲရပ်တည်နိုင်မယ့် professional career
တစ်ခုပါ။👩🎓
ခုအပေါ်မှာ ပြောခဲ့တဲ့ အချက်လေးတွေကို ဖတ်ပြီး HR management ပိုင်းမှာ
ကိုယ့်ရဲ့လိုအပ်ချက်တွေတိုးတက်ဖို့ နည်းလမ်းလေးတွေကို အကြမ်းဖျဥ်းသိမယ်လို့
ထင်ပါတယ်🙋
ပိုပြီးတော့လေ့လာချင်ရင် အောက်က link မှာသွားကြည့်နိုင်ပါတယ်နော်👇
https://www.1training.org/10-strategies-for-effective-huma…/
Written by
Yoon Ei Tin

Comments
Post a Comment