Quarantineအတွင်း ကိုယ့်ကိုယ်ကိုတိုးတက်အောင် ဘယ်လိုလုပ်မလဲ? 🤨

Quarantineအတွင်း ကိုယ့်ကိုယ်ကိုတိုးတက်အောင် ဘယ်လိုလုပ်မလဲ? 🤨
Quarantine အတွင်း Productive မဖြစ်လို့ စိတ်ညစ်နေပါသလား? 😔

စိတ်မညစ်ရအောင် Quarantine အတွင်း ကိုယ့်ကိုယ်ကိုတိုးတက်စေမဲ့ နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။ အရမ်းလည်းမခက်ခဲဘဲ တကယ်လည်း လိုက်လုပ်နိုင်လောက်တဲ့ အရာလေးတွေပါ။ အလေ့အကျင့်ကောင်းလေးတွေ လို့လည်းပြောလို့ရပါတယ်။
ဒီနည်းလမ်းလေးတွေက မိမိအရည်အချင်း၊ စွမ်းရည်ကို တိုးတက်စေရုံမျှမက စိတ်ပိုင်းဆိုင်ရာ ကိုလည်း မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့်တတ်နိုင်သမျှ လိုက်လုပ်ကြည့် ကြရအောင်နော်။ 🥳

No photo description available.

၁။ မနက်စောစောထပါ 🌤
Quarantine အတွင်းမှာလည်း ကိုယ်ပုံမှန်ရုံးတက်/ကျောင်းသွားရသလိုမျိုးပဲ စောစောထပါ။ စောစောမထနိုင်ရင်လည်း အရမ်းနောက်မကျစေပါနဲ့။ အချိန်တစ်ခုခုသတ်မှတ်ထားပြီး နေ့တိုင်း အကျင့်လုပ်ပေးပါ။ မနက်အစောထမယ်လို့ အတွေးရှိရင် ညကျညနက်အောင် မနေမိတော့ ပါဘူး။ ထပြီး မနက်စာစား ကိုယ်လက်သန့်စင်ပြီးမှ အလုပ်စတင်လုပ်ပါ။ မှတ်ဥာဏ်အားနဲ့ အာရုံစူးစိုက်မှုအားကောင်းစပွေီး အလုပျလညျးပိုလုပျနိုငျပါလိမ့်မယ်။ 👐🏻


Image may contain: text

၂။ စာဖတ်ပါ 📖
ဦးနှောက်ကို အစာကျွေးဖို့အတွက် တန်ဖိုးရှိတဲ့စာတွေဖတ်ပေးပါ။ မနက်ခင်းမှာ ကော်ဖီခွက် လေး ကိုင်ဆွဲပြီး စာဖတ်ခြင်းဖြင့် ဗဟုသုတတွေတိုးပွားလာနိုင်သလို အတွေးအခေါ်တွေလည်း ကောင်းမွန်လာပါလိမ့်မယ်။အများကြီး ဖတ်စရာမလိုပါဘူး။ တစ်နေ့ နည်းနည်းနဲ့ နေ့တိုင်း စာဖတ်တဲ့ အကျင့်လေး မွေးမြူပေးသင့်ပါတယ်။ အခုအချိန်အတွင်းမှာ ကမ္ဘာအနှံဖြစ်ပွားနေတဲ့ သတင်းတွေ နားထောင်ဖို့လည်း အရေးကြီးပါတယ်။ 📺


No photo description available.

၃။ ဘာသာစကား လေ့လာပါ 📝
အခုလို ပြိုင်ဆိုင်မှုများတဲ့ခေတ်ကြီးမှာ ဘာသာစကား၂မျိုးလောက်ပြောနိုင်ဖို့ လိုအပ်လာပါပီ။ ဘာသာစကားအသစ်တစ်ခုသိခြင်းဟာ မှတ်ဥာဏ်ပိုကောင်းစေပြီး Multitasking လုပ်နိုင်တဲ့ စွမ်းရည်လည်း မြင့်တက်လာစေပါတယ်။ ဘာသာစကားတွေထဲမှာမှ English စကားကို တတ်မြောက်ထားဖို့ အရေးကြီးတယ်လို့ ထင်မိပါတယ်။ Englishဟာ နိုင်ငံ ၅၃နိုင်ငံရဲ့ Official Language ဖြစ်တာကြောင့် Englishစာ တတ်ထားခြင်းအားဖြင့် နိုင်ငံခြားသား တော်တော် များများနဲ့ ဆက်သွယ်နိုင်ပါတယ်။ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်း လည်း ပေါများလာပါလိမ့်မယ်။ ဒါ့ကြောင့် Quarantine အတွင်း အားနေတဲ့အချိန်လေးမှာ ဘာသာစကားအသစ်လေ့လာဖို့တိုက်တွန်းချင်ပါတယ်။ English စကားရယ်လို့မဟုတ်ပါဘူး မိမိစိတ်ဝင်စားရာ ဘာသာစကားကိုလေ့လာပြီး မိမိစွမ်းရည်ကို မြှင့်တင်လိုက်ကြရအောင်။ 💁🏻‍♀️


No photo description available.

၄။ ကိုယ်တိုင်ဟင်းချက်ပါ 🍳
Quarantine အတွင်း ကိုယ်တိုင်ဟင်းချက်ကြည့်ပါ။ အပြင်ကမှာစားတာထက် မိမိဘာသာ ချက်စားရင် ကုန်ကျစရိတ်လည်း ပိုနည်းသလို ကျန်းမာရေးနဲ့လည်း သင့်တော် ပါတယ်။ ဟင်းချက်ခြင်းက စိတ်ကို ငြိမ်းအေးစေပြီး creative လည်းဖြစ်စေပါတယ်။ ကိုယ်က ဟင်းချက်ရတာကြိုက်သွားရင်တော့ အိမ်မှာတင် မုန့်လေးတွေလုပ်ပြီး ရောင်းချရင်လည်း အမြတ်ပဲပေါ့နော်။🍥


No photo description available.

၅။ Online Courseတွေ လေ့လာပါ 🔍
အခုအချိန်ဟာ သင့်ရဲ့ အရည်အချင်းကိုမြှင့်တင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ပိုပြီးအဆင်ပြေ စေတာကတော့ Websites တွေနဲ့ Universitiesတွေက Free Online Certifications, Courses နဲ့ Trainingတွေ ပို့ချပေးနေပါတယ်။ မိမိအခန်းလေးထဲမှာတင် Laptop လေးနဲ့ အေးဆေးစွာ မိမိစိတ်ဝင်စားတဲ့ အရာတွေကို ရှာဖွေလေ့လာလိုက်ကြရအောင်။ 💻


Image may contain: text

၆။ Diary/ Journal ရေးပါ🖌
ကိုယ်တစ်နေ့ ကြုံခဲ့ရတဲ့ အရာတွေကို ညကျ ဒိုင်ယာရီရေးပါ။ ဒါမှမဟုတ် ကိုယ့်ခံစားချက်၊ ရည်မှန်းချက်၊ အခက်အခဲတွေကို ချရေးပါ။ အဲ့လိုရေးခြင်းကနေပြီး စိတ်ကို အေးချမ်းစေပြီး မှတ်ဉာဏ်လည်းတိုးစေပါတယ်။ စာအရေးအသားလည်းတိုးတက်စေသလို Explanation skill, Organization skill တွေလည်း တိုးတက်စေပါတယ်။🗂


No photo description available.

၇။ Daily Checklist လုပ်ပါ📍
Daily Checklistကို စာအုပ်ထဲမှာ ကိုယ့်ဘာကို ဆွဲလို့ရသလို လွယ်လွယ်ကူကူသုံးလို့ရတဲ့ App လေးတွေလည်းရှိပါတယ်။ ဘာလို့ Daily Checklistလုပ်သင့်တာလည်းဆိုတော့ Feeling of Accomplishment ရဖို့ပါ။တစ်နေ့တာ ကိုယ်လုပ်မဲ့ အရာလေးတွေချရေးထားပြီး ညရောက်တဲ့အခါ ကိုယ်ဘာတွေလုပ်ခဲ့သလဲဆိုတာ ပေးခြင်းဖြင့် ဘာတွေလိုသေးသလဲ၊ ဘာတွေထပ် လုပ်သင့်သေးသလဲဆိုတာ သိနိုင်ပါတယ်။ ကိုယ်သတ်မှတ်ထားတာ တော်တော်များများ ပြီးရင်တော့ ကြည့်ပြီး ဂုဏ်ယူရတာပေါ့နော်။🤗


Image may contain: text

၈။ ယောဂကျင့်ပြီး စောစောအိပ်ပါ🛌
ညမအိပ်ခင် ယောဂ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။ သွေးလည်ပတ်အားကောင်းပြီး စောစောလည်း အိပ်ပျော်စေပါတယ်။ လူတစ်ယောက် တိုးတက်ကြိုးစားဖို့ စိတ်ကျန်းမာရေးကို အရင် ကောင်းအောင်လုပ်ရပါတယ်။ ယောဂလုပ်ရင်းဖြစ်ဖြစ်၊ တရားထိုင်ပြီး ဖြစ်ဖြစ် စိတ်ကို တည်ငြိမ်အေးချမ်းအောင် ပြုလုပ်သင့်ပါတယ်။ ဒီနည်းလမ်းတွေကို နေ့တိုင်းအကျင့်ဖြစ်အောင် ပြုလုပ်ပေးခြင်းဖြင့် စိတ်ရောကိုယ်ပါ တိုးတက်အောင် ကြိုးစားလိုက်ကြရအောင်။ ညစောစောအိပ်ဖို့လည်း မမေ့ပါနဲ့နော်။😴

No photo description available.


Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱