Quarantine ကာလမှာကိုယ့်ကိုကိုယ်တိုးတက်အောင် ဘယ်လိုလုပ်သင့်လဲ??? 👏🏻
ဒီမေးခွန်းလေးကိုတော့ Social media ပေါ်မှာ
တော်တော်များများရေးလေ့ရှိကြပါတယ်. အခုလို ကိုဗစ်ကာလမျိုးမှာဆိုရင်
ကျောင်းတွေပိတ် အလုပ်တွေနားနဲ့ အိမ်မှာပဲအချိန်တွေကုန်ဆုံးနေရပါတယ် 😔
ဒီလိုအချိန်တွေကို အလဟဿကုန်တာမျိုးမဖြစ်ရလေအောင်ဘာတွေလုပ်ရမလဲ???
ဒီအချိန်တွေမှာ ကိုယ့်ကိုကိုယ်အကျိုးရှိအောင် တိုးတက်အောင်ဘာတွေလုပ်ရမလဲ???🧐ကိုယ်တိုင်ကလည်းလူငယ်တစ်ယောက်ဖြစ်တာကြောင့် လူငယ်တွေကိုပဲအဓိကရည်ညွှန်းချင်ပါတယ်
အခုလို Quarantine ကာလမှာ မိမိကိုယ်ကိုကိုယ်တိုးတက်အောင်လုပ်ဖို့ဆိုတာ
မဖြစ်နိုင်ဘူးထင်ပေမယ့် တကယ်ကနည်းလမ်းတွေရှိပါတယ်
ကိုယ်တိုင်လိုက်လုပ်နိုင်ဖို့, လိုက်လုပ်ချင်တဲ့စိတ်ရှိဖို့ပဲလိုပါတယ် 🥳
📍ပထမဆုံးအချက်အနေနဲ့ "သင်ယူပါ" 👩💻
အခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာ အားလုံးရဲ့နောက်မှာ
နောက်ကောက်ကျန်မနေဖို့ဆိုရင် သင်ယူမှုကိုရပ်ပစ်လိုက်လို့မရပါဘူး
ဘာသာစကားအသစ်တွေသင်မလား, soft skill, hard skill တွေလေ့လာမလား???
Oxford University, British Cambridge စ,တဲ့ပညာရေးနယ်ပယ်တွေကနေ အခမဲ့
online class တွေဖွင့်လှစ်ပေးနေပါတယ် Business Management, Hotel and
Tourism, Finance စတဲ့ပညာရပ်တွေကိုလည်း သက်ဆိုင်ရာနယ်ပယ်တွေက certificate
တွေပါရနိုင်မယ့် online class တွေကို
အမြောက်အများဖွင့်လှစ်သင်ကြားပေးနေပါတယ်
ဒါတွေကနေတစ်ဆင့် ကိုယ့်ရဲ့ဝါသနာ, စိတ်ဝင်စားရာဘာသာရပ်တွေကို လေ့လာနိုင်မှာဖြစ်ပါတယ်
📍"စာဖတ်ပါ" 👩🏫
ဒါကတော့ ယနေ့ခေတ်လူငယ်အများစုမေ့လျော့နေကြတဲ့ အလေ့အကျင့်တစ်ခုပါ
လူငယ်တွေဟာ နေ့စဉ်နဲ့အမျှကျောင်းစာတွေ
လုပ်ငန်းတာဝန်တွေကြားမှာပဲနစ်မြုပ်ပြီး စာဖတ်ဖို့ကိုမေ့လျော့နေတတ်ကြပါတယ်
အခုလိုနားနားနေနေ နေရတဲ့အချိန်မျိုးဟာ ကိုယ်လစ်ဟင်းခဲ့တဲ့စာဖတ်ချိန်တွေကို
ပြန်ဖြည့်ဖို့အတွက် အခွင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်
📍"ပြန်လည်သုံးသပ်ပါ" 💭
ဒါကတော့ အားလပ်ချိန်တွေမှာ တောင်စဉ်ရေမရတွေးတောနေမယ့်အစား
ကိုယ်ဖြတ်သန်းခဲ့တဲ့အချိန်တွေ, လုပ်ခဲ့တဲ့လုပ်ဆောင်ချက်တွေကို
ပြန်လည်ဆင်ခြင်သင့်ပါတယ်
ကိုယ်ဘာတွေလုပ်ခဲ့လဲ???
ဘာတွေလုပ်နေလဲ???
ဘာတွေဆက်လုပ်ဖို့လိုအပ်လဲ???
ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ သင့်လျော်တဲ့အရည်အချင်းကိုယ့်မှာရှိပြီလား???
တကယ်လို့မရှိသေးဘူးဆိုရင်ရော ရှိလာအောင်ဘာတွေဆက်လုပ်ရမလဲ???
📍"အလှတရားကိုမွေးမြူပါ" 💁
ဒါကတော့ ကိုယ့်ဘဝရဲ့အောင်မြင်မှု, တိုးတက်မှုအတွက်
အဓိကအရေးကြီးတဲ့အချက်မဟုတ်ပေမယ့် တစ်ထောင့်တစ်နေရာကနေ
ကူညီပေးတယ်လို့ပြောရင် မှားမယ်မထင်ပါဘူး
အခုလိုအိမ်မှာနေနေရတဲ့အခါမျိုးမှာ လူတော်တော်များက ကိုယ့်ရဲ့ကျန်းမာရေး, အလှအပရေးတွေကိုမေ့နေတတ်ကြပါတယ်
အိပ်ချိန်စားချိန်မမှန်တာတွေ, ကိုယ်လက်လှုပ်ရှားမှုမရှိတာတွေက အများစုမှာဖြစ်နေတတ်ပါတယ်
ဒါကြောင့် ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်ပေးတာတွေ, ယောဂ ဒါမှမဟုတ်
Aerobic ဆော့တာတွေ, အသားအရည်ထိန်းသိမ်းတာတွေကို ပုံမှန်လုပ်ပေးသင့်ပါတယ်
📍"အချိန်ပေးပါ" ⏰
အရင်က ကျောင်းကိစ္စ, အလုပ်ကိစ္စ, လူမှုရေးကိစ္စတွေကြောင့်
အချိန်မပေးနိုင်ခဲ့တဲ့ ကိုယ့်ရဲ့မိသားစု, မိတ်ဆွေ, သူငယ်ချင်းတွေကို
အချိန်ပေးပါ
အခုလိုအားလပ်ရက်ရှည်ရနေတဲ့အခိုက်မှာ
မိသားစုနဲ့စကားလက်စုံပြောတာ မိတ်ဆွေအပေါင်းအဖော်တွေနဲ့
အဆက်အသွယ်လုပ်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်
မိမိကိုယ်ကိုအတွက်လည်း အားလပ်ချိန်ပေးတာမျိုး စိတ်ကိုအနားပေးတာမျိုးလည်း လုပ်ပေးသင့်ပါတယ်
အခုပြောခဲ့တာတွေကတော့ Quarantine ကာလမှာ ကိုယ့်ကိုကိုယ်ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာတွေထဲက အချက်အချို့ပဲဖြစ်ပါတယ် 🥳
အားလုံးပဲဘေးကင်းစွာနဲ့ ကပ်ရောဂါကိုကျော်ဖြတ်နိုင်ပါစေလို့ဆန္ဒပြုလိုက်ရင်း....❤️
ထာဝရ

Comments
Post a Comment