Work from Home Tips
ဒီတစ်ခေါက်မှာတော့ Work from Home လုပ်မယ့်သူတွေအတွက် Tips လေးပေးချင်ပါတယ်။ 😍
အခုလို Covid-19 ကာလမျိုးမှာဆိုရင် လုပ်ငန်းအများစုက အိမ်မှာပဲ work from home ပြုလုပ်ကြပါတယ် 🏡
တစ်ချို့မြို့နယ်တွေမှာဆိုရင် lockdown ပြုလုပ်တာတွေ stay home
တင်းကြပ်တာတွေရှိလာတော့ မလိုအပ်ပဲ အပြင်မထွက်ကြတော့ပဲ
အိမ်ကနေပြီးအလုပ်တွေလုပ်လာကြတယ် 🏡
ဒီလို ကာလမျိုးမှာ work from home ပြုလုပ်နေရတဲ့သူတွေအတွက် အသုံးဝင်မယ့်အချက်တချို့ကို မျှဝေပေးချင်ပါတယ် 🙋🏻♀️
📍(၁) အချိန်ကိုစီမံခန့်ခွဲပါ ⏰
အချိန်ဇယားပြုလုပ်ထားပါ ...
ဒါဟာ သင်အိမ်မှာနေတဲ့အချိန်အတွင်းမှာ ဘယ်အချိန်အလုပ်လုပ်မယ်,
ဘယ်အချိန်အနားယူမယ်ဆိုတဲ့ အလုပ်ချိန်နဲ့အားလပ်ချိန်ကို မျှတဖို့
ကူညီပေးပါလိမ့်မယ် ⏳
အဝေးကနေအလုပ်လုပ်ရတယ်ဆိုတာ တကယ်တော့ကောင်းတဲ့အချက်ပါ ...
ဘာလို့လဲဆိုတော့ သင်ရဲ့တစ်နေ့တာအလုပ်ချိန်ကို သင်ကိုယ်တိုင်စိတ်ကြိုက်စီမံခန့်ခွဲနိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် ...
သို့ပေမယ့် အစည်းအဝေးရှိတဲ့အချိန်မျိုး, deadline အမီလုပ်ရမယ့်အလုပ်မျိုးကိုတော့ လုံးဝ နောက်မကျစေနဲ့နော် ❌
📍(၂) သင့်ရဲ့ပတ်ဝန်းကျင်ကလူတွေနဲ့ အခြေခံစည်းမျဉ်းလေးတွေသတ်မှတ်ထားပါ 👫👫
ဒါဟာ work from home ပြုလုပ်သူတွေအတွက် အရေးပါတဲ့အချက်တစ်ခုပဲဖြစ်ပါတယ် ...
အထူးသဖြင့် သူငယ်ချင်းတွေစုပြီးအိမ်ငှားနေတဲ့သူတွေ, မိသားစုဝင်များပြီး
ကလေးငယ်တွေရှိတဲ့သူတွေဆိုရင် ဒါဟာတကယ်ကိုအရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်
... 🙇🏻♀️
Meeting လုပ်နေချိန် ဘေးမှာအသံတွေကြားရတာမျိုး, ကလေးအော်သံ
ငိုသံတွေကြားနေရမယ်ဆိုရင် ကိုယ့်ရဲ့ colleagues တွေကို
အနှောင့်အယှက်ဖြစ်စေမှာအမှန်ပါပဲ ...
ဒါကြောင့် အိမ်မှာအတူနေတဲ့သူတွေနဲ့ သေချာညှိနှိုင်းထားသင့်ပါတယ် 💁🏻♀️
📍(၃) ကိုယ်ပိုင်ရုံးခန်းနေရာတစ်ခုကိုဖန်တီးပါ 👨🏻💻
ဒါကတော့ မဖြစ်မနေပြုလုပ်ရမယ့်အရာမဟုတ်ပေမယ့် ကိုယ့်ရဲ့စိတ်အပြောင်းအလဲဖြစ်စေဖို့အတွက် ရည်ရွယ်တာဖြစ်ပါတယ်
လိုအပ်တဲ့အသုံးအဆောင်တွေ (ဥပမာ Computer, Laptop, Phone,File ...)
စ,တာတွေကို စနစ်တကျစီစီရီရီထားပြီး ကိုယ့်အလုပ်လုပ်မယ့်နေရာလေးကို
decoration အနည်းငယ်ပြုလုပ်လိုက်ခြင်းက တကယ့်အလုပ်ခွင်ကိုရောက်နေသလို
ခံစားစေရမှာဖြစ်ပြီး အလုပ်တွေကို
စိတ်ပါဝင်စားစွာပြုလုပ်နိုင်ဖို့ကူညီပေးနိုင်မှာဖြစ်ပါတယ် 📱
📍(၄) အားလပ်ရက်ယူပါ 🏖
အခုလို stay home ကာလမျိုးဟာဆိုရင် အပြင်မထွက်ရလို့,
ဟိုဟိုဒီဒီမသွားရလို့ဆိုပြီး သက်တော့သက်သာဖြစ်တယ်လို့ထင်ရပေမယ့်
တကယ်တမ်းကျလူရောစိတ်ပါ ပင်ပန်းနွမ်းနယ်ရပါတယ် 😔
တစ်နေကုန်အိမ်ထဲမှာအခန်းထဲမှာနေပြီး အလုပ်တွေလုပ်ရ, နားတော့လည်းအိမ်ထဲမှာပဲဆိုတော့ ကြာလာတဲ့အခါငြီးငွေ့ရတတ်ပါတယ် ...
ရာသီဥတုကလည်း စံချိန်တင်အောင်ပူနေတဲ့ ဒီလိုအချိန်မျိုးဟာ စိတ်မလန်းတာတွေ,
နုံးပြီးပင်ပန်းတာတွေဖြစ်တတ်တာကြောင့် ကိုယ့်ရဲ့စိတ်အခြေအနေမကောင်းဘူး,
ပင်ပန်းတယ်လို့ခံစားရတဲ့အခါမျိုးမှာ ခွင့်ယူတာ,
နားချိန်ပေးတာမျိုးလုပ်ပေးသင့်ပါတယ် ... 🌼
စိတ်မကြည်ပဲအတင်းလုပ်ယူနေရတဲ့အခါမျိုးမှာ အမှားပါတတ်ဖို့က ရာနှုန်းမြင့်တတ်တာကြောင့် ဂရုပြုသင့်ပါတယ်
📍(၅) အဝတ်အစားဝတ်ပါ 👕
ဒါကတော့ အတော်ကိုကတ်သီးကတ်သတ်နိုင်တဲ့အချက်လို့ပြောလို့ရပါတယ် ...
အိမ်မှာနေရင်းအလုပ်လုပ်ရတာဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးဝတ်စားတာမျိုးက
ပြဿနာသိပ်မရှိလှပေမယ့် ကိုယ့်ရဲ့ client တွေနဲ့ အရေးကြီးတဲ့ meeting
ပြုလုပ်တဲ့အခါမျိုး, presentation ပေးတဲ့အခါမျိုးမှာဆိုရင်တော့
သင့်လျော်တဲ့အဝတ်အစား အပြင်အဆင်ကိုရွေးချယ်ကြဖို့လိုအပ်ပါတယ် ...
မဟုတ်ရင်တော့ stay home ကာလမှာပြောစမှတ်တွင်စရာဖြစ်သွားမယ်နော် 😋
အခုဖော်ပြပေးတဲ့အချက်လေးတွေဟာဆိုရင် work from home ပြုလုပ်ကြတဲ့သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ် ❤️
Stay Safe And Sound
ထာဝရ

Comments
Post a Comment