Work from Home Tips
Office work တွေကတော့ပိုင်ပြီးသား ✅ Work from home ကော? ပိုင်ပြီလား ?❓
မနေ့က Work from home Tips လေးတွေသဘောကျကြတော့ ဒီနေ့လဲထပ်တင်ဆက်ပေးလိုက်ပါတယ်ရှင်❤️
အခုလို Covid-19 Pandemic ကြောင့်Work From Home လုပ်ရတဲ့သူ တော်တော်များများရှိမယ်လို့ထင်ပါတယ် ။ ထင်သလောက် Work From Home က မလွယ်ဘူးဆိုတဲ့ Comment တွေ ပြန်ကြားရပါတယ် ။
ဒါဆို ဘယ်အရာက Work From Home ကိုခက်ခဲစေတာလဲ? 🤔
Productivity ကြောင့်ပါ ။ 👩💻👨💻
Office Work နဲ့ Work from Home ရဲ့ အဓိကကွာခြားချက်က Office မှာ Productive ဖြစ်ဖို့၊ အာရုံမထွေပြားဖို့ စီစဥ်ထားပြီး အလုပ်ပြီးရမယ်ဆိုတဲ့ Tension လည်း ပိုများပါတယ်။
ဒါပေမဲ့ Work From Home ကတော့ သူ့ရဲ့ဆန့်ကျင်ဘက်ပါ။ Work From Home မှာ Productivity ရော Tension ကို ကိုယ်တိုင်လုပ်ယူလို့ရတဲ့ အပြင် လေးဘက်လေးလံက စိတ်၀င်စားစရာတွေ ပြည့်နေတတ်ပါတယ်။ ဒါကြောင့်လည်း Office Work ထပ် ပိုခက်ခဲနိုင်ပါတယ် ။
ဒါကြောင့် ဒီနေ့မှာ Work From Home နဲ့ အသားကျဖို့ခက်ခဲနေသူတွေ(သို့မဟုတ်)ကိုယ့်ရဲ့ Work From Home Productivity ကို ဒီထပ်ပို မြှင့်တင်ချင်သူတွေ အတွက် Work From Home Tips (၆)ခုကို Share လုပ်ပေးလိုက်ပါတယ် ။
📍1. မိသားစုနဲ့ တိုင်ပင်ပါ။ 👪
ရုတ်တရက် အိမ်မှာ အလုပ်လုပ် ဖို့ ဖြစ်လာတဲ့အခါ ကိုယ့်အတွက်ရော
မိသားစု၀င်အတွက်ပါ Adjust လုပ်ဖို့ခက်ခဲနိုင်ပါတယ်။ အထူးသဖြင့်
မိသားစု၀င်များပြီး Shared Space နည်းတဲ့ Family Type ဆို ပိုပြီး
အခက်တွေ့နိုင်ပါတယ်။
ဒါကြောင့် ကိုယ်အလုပ်မလုပ်ခင်မှာ
ကိုယ်လိုအပ်တာတွေ၊ သူတို့ဖြစ်စေချင်တာတွေကို မိသားစု၀င်တွေနဲ့
အပွင့်လင်းဆုံး တိုင်ပင်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် နောက်ပိုင်းမှာ
အတိုက်အခံဖြစ်တာတွေ လျှော့ချနိုင်ပါတယ်။
📍2. အလုပ်လုပ်ရန်နေရာကန့်သတ်ထားပါ။ 🏠
များသောအားဖြင့် ရုံးမှာ အလုပ်လုပ်ရင် ကျွန်မတို့ ကိုယ်ပိုင်စားပွဲမှာ
လုပ်ရတာများပါတယ်။ ဒါကြောင့် တခြားကို တော်ရုံစိတ် မရောက်ဘဲ
ကိုယ့်အလုပ်မှာပဲ အာရုံစိုက်ဖြစ်ပါတယ်။ အဲ့လိုနေရာမျိုးကို ကိုယ့်ရဲ့
အိမ်မှာ ဖန်တီးပေးပါ။ ဒါပေမဲ့ ခက်တာက ဒီလိုရွေးဖို့ကလည်း
အိမ်အနေအထားပေါ်မူတည်ပါသေးတယ်။ လူတိုင်းမှာတော့ အခန်းပို၊ နေရာပို၊
စားပွဲပိုမရှိနိုင်ဘူးလေ။
ဒါကြောင့်ကိုယ့်ရဲ့ ကိုယ်ပိုင် Work Space ရွေးတဲ့အခါ အောက်ပါ(၅)ချက်ပေါ်မူတည်ပြီး ရွေးပေးလို့ရပါတယ်။
✅အရမ်းသက်တောင့်သက်သာဖြစ်စေမည့်နေရာမျိုးကိုရှောင်ပါ။
✅သဘာ၀ အလင်းရောင်ရတဲ့နေရာ(သို့မဟုတ်)မမှောင်လွန်း၊ မလင်းလွန်းတဲ့ နေရာမျိုးကိုရွေးပါ။
✅အချိန်ကြာရှည်စွာ အလုပ်လုပ် နိုင်ဖို့ Body Posture မှန်အောင် နေရာချပါ။
✅တိတ်ဆိတ်သော(သို့မဟုတ်)အရမ်းမဆူသောနေရာမျိုးရွေးပါ။
အများကြီးမဟုတ်တောင် အပေါ်ကအချက်တွေနဲ့လိုက်ပြီး အလုပ်နေရာရွေးပေးမယ်ဆိုရင် အာရုံစူးစိုက်နိုင်ဖို့ အထောက်အကူပြုပေးမှာပါ။
📍3. Before Office Routine တွေကို အိမ်မှာပဲ လုပ်ဆောင်ပေးပါ။ 🧥🛀
လူတိုင်းကတော့ အိမ်မှာနေရင် သက်တောင့်သက်သာ ဝတ်ချင်၊ နေချင်ကြမှာပါ။
ဒါပေမဲ့ အဲ့လိုဆိုရင် အလုပ်လုပ်ချင်စိတ်ထက် သက်တောင့်သက်သာ ပိုဖြစ်ပြီး
ထင်သလောက် အလုပ်မပြီးနိုင်ပါဘူး။ ဒါကြောင့် Office Routine တချို့ကို
အိမ်မှာလုပ်ပေးကြည့်ပါ။
ဒီနေရာမှာလည်း Routine အတိုင်း
လုပ်၇မယ်ဆိုလို့ လုံး၀ကွက်တိလိုက်လုပ်ရမယ်လို့မဆိုလိုပါဘူး။
ကိုယ်အဆင်ပြေသလောက်လေးလိုက်လုပ်ပေးရင်တောင်ဖြစ်ပါတယ်။ ဥပမာ- ရေချိုးပြီး
သက်တောင့်သက်သာ မဖြစ်တဖြစ် အကျီနဲ့ အလုပ်စလုပ်တာမျိုးဆိုရင်တောင်
အဆင်ပြေပါတယ် ။
အဓိကကတော့ အိမ်မှာ အနားယူတာနဲ့ အလုပ်လုပ်တာကိုကွဲကွဲပြားပြားဖြစ်စေချင်တဲ့ သဘောပါ။ ဒီလိုပြင်ဆင်လိုက်ပြီဆိုရင် အလုပ်စလုပ်တော့မယ်လို့ ကိုယ့်ဦးနှောက် ကို Signal မှတ်ထားစေချင်တဲ့ သဘောပါ။
📍4. To-do lists လုပ်ပေးပါ။ 🗒📆
နေ့စဥ်အလုပ်မလုပ်ခင်မှာ ကိုယ့် Notebook မှာဒီနေ့လုပ်ရမှာလေးတွေ
ကိုလိုရင်းတိုရှင်းနဲ့ ကိုယ်ပြီးနိုင်သလောက်ပမာဏကိုချရေးပါ။ တစ်ခုချင်းဆီ
ပြီးသွားတဲ့အခါမှာလည်း ကိုယ်ပိုင်အမှတ်အသားလေးလုပ်ပြီး မှတ်ထားလိုက်ပါ။
ဒီလိုList ထားရှိခြင်းက ဒီနေ့ဘာလုပ်ရမလဲ ၊ ဘာပြီးသွားလဲ ၊ ဘာလုပ်စရာကျန်သေးလဲကိုရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ တချိန်ထဲမှာလည်း ကိုယ်အလုပ်တွေပြီးသွားတာကိုမြင်ရတဲ့အခါ စိတ်ကျေနပ်စေတဲ့အပြင် နောက်နေ့တွေမှာလည်းအလုပ်လုပ်ချင်စိတ်ဖြစ်ပေါ်စေမှာပါ။
📍5. Short Break လေးတွေ မကြာမကြာယူပါ။
(ဒါမှမဟုတ်) သီချင်းနားထောင်ပြီးအလုပ်လုပ်ပါ ။ 🎧
ရုံးမှာမဟုတ်ဘဲ အိမ်မှာအလုပ်လုပ်ရခြင်းရဲ့ အားသာချက်တစ်ခုကတော့ မကြာမကြာBreak ယူလို့ရခြင်းနဲ့ ပိုလွတ်လပ်ခြင်းပါ။ Short Break အတွင်းမှာ ၀ရံတာ ထွက်ပြီး လေကောင်းလေသန့် ထွက်ရူတာမျိုး မိသားစု၀င်တွေနဲ့ စကားစမြည်ပြောတာမျိုးလုပ်နိုင်သလို အလုပ်လုပ်နေစဥ်မှာလည်း Playlist တွေနားထောင်လို့ရပါတယ်။ Spotify မှာ Mood အလိုက် Playlist တွေရှာလို့ရသလို YouTube မှာလည်း Playlist for Concentration , Playlist for Relaxation တွေအများကြီးရှိပါတယ် ။ ဒီလိုလုပ်ပေးတဲ့အခါမှာ အလုပ်ကို ပိုအာရုံစိုက်နိုင်ပါတယ်။
📍6. လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ်ပေးပါ ။ 🙆♀️🙋♀️🙋♂️🙆♂️💁♂️💁♀️
Work from Home အတွင်းမှာ အရင်လို လုပ်ဖော်ကိုင်ဖက် တွေနဲ့ တွေ့ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ အချိန်ပေးပြီး ဆက်သွယ်ကြည့်ပါ။ ကိုယ်နဲ့တစ်လှေထဲစီးပြီး အတွေးတူတဲ့သူတွေနဲ့ စကားပြောဖြစ်သွားရင် ဒီအခြေအနေကို လူတိုင်းအားတင်းပြီးတော့ အသားကျအောင်လုပ်နေရတယ် ဆိုတာကိုပိုပြီး နားလည်နိုင်ပါတယ်။ ကိုယ့်ကိုကိုယ် နှစ်သိမ့် လို့ရသလို ကိုယ်ကလည်း သူများကို ပြောပြပေးလို့ရပါတယ်။
အမှန်ဆို Work From Home
က အသားကျဖို့ အချိန်ယူ၇ပါတယ်။ ဒါကြောင့် တခါတလေ Productive
မဖြစ်လို့ဆိုပြီး ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့
အခြေအနေမှာ ဘယ်သူမဆို အသားကျဖို့ ခက်ခဲမှာပါ။
ဒါကြောင့်တစိုက်မတ်မတ်နဲ့ အချိန်ပေးပြီးစိတ်ရှည်ပေးမယ်ဆိုရင် Work From
Home စနစ်နဲ့ အသားကျသွားပြီး မကြာခင်မှာ ကိုယ်ဟာ Office Work ရော Work From
Home Culture ရော နှစ်ခုလုံး ပိုင်နိုင်တဲ့သူဖြစ်လာနိုင်ပါတယ် ❤️
Written By
Ei Myatnoe Aung

Comments
Post a Comment