6 ways of B2C marketing

Marketing လို့ပြောရင်ကိုယ့် ထုတ်ကုန် (product) ဒါမှမဟုတ် ဝန်ဆောင်မှု (service) တွေကို ဖောက်သည် အသစ်တွေ နဲ့ လက်ရှိ ဝယ်ယူသူတွေဆီသို့ ဖြန့်ဖြူးခြင်း နှင့် ရောင်းချခြင်း စီးပွားရေးလုပ်ငန်း နဲ့ ဝယ်ယူသူတွေကြား ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ပေးရခြင်း တွေပါဝင်ပါတယ်။ 🤝

Marketing ကို ဘာကြောင့်လိုအပ်လာတာလဲ... 🧐

စျေးကွက်ထဲမှာ ရွေးချယ်စရာ တွေ ပိုများလာတဲ့ အခါ လုပ်ငန်းတွေ က အပြိုင်အဆိုင်နည်းဗျူဟာအမျိုးမျိုးသုံးပြီး အရောင်းမြှင့်တင့်ဖို့လိုလာကြတယ်။ 🌟

Marketing ကို B2B နဲ့ B2C ဆိုပြီး နှစ်မျိုးခွဲထားပါသေးတယ်

ဒီကနေ့မှာတော့ B2C ( Business to Customer) စားသုံးသူပေါ် အ ခြေခံ ထားတဲ့ အအောင်မြင်ဆုံး marketing ဗျူဟာ နည်းလမ်း ၆ သွယ်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 🥳

📍Cause Marketing

အကျိုးအမြတ်ရတဲ့ လုပ်ငန်းတစ်ခုနဲ့ အခြား လူမှုအဖွဲ့အစည်းတစ်ခုပူးပေါင်းပြီး နှစ်ဖက်စလုံး အကျိုးရှိစေတဲ့ ဆက်ဆံရေး တည်ဆောက်ကြခြင်းမျိုးပါ။

ကုန်ပစ္စည်းတစ်ခု ကိုဝယ်ယူလိုက်ပြီး နောက်ပိုင်း လူမှု အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်စတယ်ဆိုတဲ့ စိတ်ခံစားချက်ကိုရစေတာပါ။ မြန်မာနိုင်ငံ မှာ သိပ်မတွင်ကျယ် သေးပေမဲ့ U.S ရဲ့ စျေးဝယ်သူ ၉၀℅ က ဒီလို cause- branded တွေ အသားပေး ရွေးချယ်ဝယ်ယူလိုကြပါတယ်။

📍Direct Selling

တိုက်ရိုက်ရောင်းချခြင်း ဆိုတဲ့အတိုင်း အရောင်းကိုယ်စားလှယ်တွေက ဝယ်ယူသူတစ်ယာက်ချင်းစီရဲ့ အိမ်တိုင်ရာရောက် မျက်နှာချင်းဆိုင် ရောင်းခြချင်းပြုကြပါတယ်။

မျက်လုံးထဲမှာမြင်သာအောင် ပြောရရင် တစ်ချိန်ကမိမိအိမ်ဝတံခါးလာခေါက်ပြီး စာအုပ်တို့ အလှကုန်ပစ္စည်းတို့ လာရောက် ရောင်းခြချင်းမျိုးတွေ ပေါ့.နောက်ပိုင်းမှာဒီနည်းလမ်းကသိပ်မတွင်ကျယ်တော့ဖူးလို့ ဆို ရမှာပါ။🕺🏻

📍Co-branding Marketing

ဒီနည်း လမ်း ကတော့ အနည်းဆုံးကုန်ပစ္စည်း အမှတ်တံစိပ် နှစ်ခုပေါင်းစည်းပြီး ပစ္စည်းအသစ် တစ်မျိုးမျိုးကို စျေးကွက်ထဲမှာ ရောင်းချခြင်း မျိုးပါ။ ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကို ရယူထား ပြီးသားလုပ်ငန်း၂ခု ဒီလိုပေါင်းစည်းလိုက်ခြင်းအားဖြင့် ဝယ်ယူမှုကို ယခင်ကထက် ပိုမိုတိုးစေတာပါ။ 🤝

📍Point of Purchase Marketing (POP)

မိမိရဲ့စတိုးဆိုင်ထဲ သို့မဟုတ် စျေးဝယ် website ထဲ ရောက်ရှိနေပြီးသား စျေးဝယ်သူတစ်ယောက်ကို တစ်ခြားပစ္စည်းတွေပါ ဝယ်လိုချင်စိတ်ဖြစ်လာအောင် ပစ္စည်းအပြင်အဆင် ၊ကူပွန်၊ promotion ချတာမျိုးတွေနဲ့ အာရုံဖမ်းစားတဲ့နည်းလမ်းမျိုးပါ။

ကျွန်မတို့ ဆိုင်တစ်ခုထဲ ဝယ်စရာရှိလို့ ဝင်ပြီးရင် လက်ထဲမှာ လိုတာရော မလိုတာရော ဝယ်လိုက်မိတာမျိုး ဖြစ်တက်ကြတယ်မလား။အဲ့ဒါ POP marketing နည်းသုံးထားတာပေါ့။ 🤩

📍Internet Marketing

ဒီနည်းကိုDigital marketing ၊ E-marketing ၊online marketing အမျိုးမျိုးခေါ်ဝေါ်ပြီး အဓိပ္ပါယ်ကအတူတူ ပါပဲ။ Social media ၊website ၊ email တွေအသုံးပြုပြီး ပစ္စည်းရောင်းချခြင်း ကြော်ငြာခြင်းပဲဖြစ်ပါတယ်။

လုပ်ငန်းအတော်တော်များများ internet marketing နဲ့ကင်းလို့ မရပါဘူး။ ဘာလို့လဲဆို ဒီနည်းလမ်းက အကုန်ကျအသက်သာဆုံး ထိရောက်မှုအရှိဆုံးအပြင် target customer က ဘယ်သူတွေဆိုတာ ပါသိနိုင်တာတွေကြောင့်ပဲဖြစ်ပါတယ်။📱

📍Word of Mouth Advertising

တစ်စုံတစ်ယာက်က ဒါလေးကောင်းတယ် သုံးကြည့်ပါဆို ချက်ချင်းဝယ်ချင်စိတ်တွေဖြစ်လာတက်တယ်။ ဒီနည်းလမ်း က ငွေကြေး မကုန်ကျပေမဲ့ အရမ်းကို ထိရောက်ပါတယ်။ ဒါကြောင့် ကိုယ့် product တွေ service တွေကို reviews ကောင်းကောင်းတွေနဲ့ ပဲ လည်ပတ်စေတာကလည်း marketing နည်းလမ်းကောင်းတစ်မျိုးပါ။🗣

ကဲ မိတ်ဆွေတို့ထဲကရော ဘယ်လိုနည်းလမ်းတွေက အဆင်ပြေစေလည်းဆိုတာ comment ပေး၊ အကြံညဏ်ပေးသွားပါဦး 💁‍♀️

#MarketingStrategies
#Bybeatrix

Reference: https://www.weidert.com/…/top-10-most-effective-marketing-s…

Written By
Thiri Yadanar

No photo description available.

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱